News @ M-Media

Blog

  • အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဆိုမာလီစစ်သား ၂၀ ကျော် သေဆုံး

    အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ဆိုမာလီစစ်သား ၂၀ ကျော် သေဆုံး

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    somali

    – နိုင်ငံမြောက်ပိုင်းတွင် အမေရိကန်က ပြုလုပ်သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း မိမိတို့၏ စစ်သား ၂၂ ဦး သေဆုံးခဲ့သည်ဟု ဆိုမာလီအစိုးရက ပြောကြားလိုက်ပြီး အမေရိကန်မှာ မိမိတို့ကို လှည့်စားနေသည်ဟု စွပ်စွဲလိုက်သည်။

    တိုက်ခိုက်မှုမှာ ဂါလ်မူဒတ်ဒေသတွင် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးဝန်ကြီး အွတ်စ်မန် အီစာက ပြိုင်ဘက် ပွန့်လန်းဒေသက ၎င်းတို့၏စစ်သားများကို အလ်ရှာဘတ် စစ်သွေးကြွများဖြစ်သည်ဟု လိမ်ညာက လေကြောင်းမှ တိုက်ခိုက်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပွန့်လန်းကနေ အမေရိကန်ကို သတင်းမှားပေးခဲ့တဲ့အတွက်ကြောင့် ကျွန်တော်တို့တပ်ဖွဲ့တွေကို ဗုံးကြဲခဲ့တာပါ”

    ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ဂျက်ဖ် ဒေးဗစ်က မိမိအနေဖြင့် လက်လုပ်ဗုံးကွန်ယက်တစ်ခုကို ရပ်တန့်ရန် ကြိုးစားစဉ် ဆိုမာလီစစ်သားများက တိုက်ခိုက်ရေးသမားများဘက်မှ ပစ်ခတ်ခဲ့သောကြောင့် မိမိတို့အနေဖြင့် မိမိတို့ကိုယ်ကို ကာကွယ်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    ယင်းတိုက်ခိုက်မှုဖြင့် အလ်ရှာဘတ်ကေဒါ ၉ ယောက်ကို သတ်နိုင်ခဲ့ကြောင်း ဒေးဗစ်ကဆိုပြီး၊ ခြားသူများ သေဆုံးခဲ့သည်ဆိုသော သတင်းများကို အတည်ပြုရန် စုံစမ်းသွားမည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဆက်ဆံရေး ပျက်ပျယ်ဖွယ်ရှိနေ

    ဖိလစ်ပိုင်-အမေရိကန် မဟာမိတ်ဆက်ဆံရေး ပျက်ပျယ်ဖွယ်ရှိနေ

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    duter

    – မူးယစ်နှိမ်နှင်းမှုတွင် တရားလက်လွတ်သတ်ဖြတ်မှုများရှိသည်ဟု အပြင်းအထန် ဝေဖန်ခံခဲ့ရပြီးနောက် ဖိလစ်ပိုင်သမ္မတ ရော်ဒရီကို ဒူတာတေးက ၎င်းအနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင်မှုအားလုံးကို မကြာခင် ရပ်တန့်တော့မည်ဟု ပြောကြားလိုက်သည်။

    ဖိလစ်ပိုင်နှင့် အမေရိကန်တို့မှာ ကာလရှည် မဟာမိတ်ဖြစ်ခဲ့သော်လည်း ဒူတာတေးက အိုဘားမားအား ပြီးခဲ့သည့်လအတွင်း ဆဲရေးတိုင်းထွာခဲ့ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

    ဗီယက်နမ်သို့ ၂ ရက်တာအလည်ပတ်ခရီးအဖြစ် ရောက်ရှိစဉ် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သည့် မိန့်ခွန်း၌ ဒူတာတေးက လာမည့်လတွင် ပြုလုပ်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော် ခင်ဗျားတို့ကို အခုပဲ အသိပေးလိုက်ပါတော့မယ်။ အခုတစ်ခေါက် စစ်ရေးလေ့ကျင့်မှုဟာ ဖိလစ်ပိုင်နဲ့ အမေရိကန်အကြား နောက်ဆုံးအကြိမ် ဖြစ်ပါတယ်”

    Phiblex ဟု အမည်ပေးထးသည့် ဖိလစ်ပိုင်-အမေရိကန် ကြည်း-ရေ စစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာ ၄ ရက်မှ ၁၂ ရက်ထိ ဖိလစ်ပိုင်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပြီးခဲ့သည့် ဧပြီလက ပြုလုပ်ခဲ့သည့် Balikatan စစ်ရေးလေ့ကျင့်မှုတွင် နှစ်ဖက် တပ်ဖွဲ့အင်အား ၈၀၀၀ ကျော် ပါဝင်ခဲ့သည်။

    ၎င်းတို့ မဟာမိတ်နှစ်နိုင်ငံမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အပြန်အလှန် တုန့်ပြန်ပြောဆိုမှုများ ရှိခဲ့ပြီး လာအို၌ပြုလပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ဒူတာတေးမှာ သမ္မတ အိုဘားမားအား စော်ကားပြောဆိုခဲ့ကာ မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံတောင်ပိုင်းမှ အမေရိကန် အထူးတပ်ဖွဲ့များကိုလည်း ဆက်လက်ထားရှိမှုမဟုတ်ဟု ပြောကြားခဲ့သည်။

    Ref; Bangkokpost

  • ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ – ၁ (အေဒီ ၁၉၀၀ မတိုင်မီ)

    ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ – ၁ (အေဒီ ၁၉၀၀ မတိုင်မီ)

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    japan-1
    – ဂျပန်ရဲ့ ပညာတန်ဆောင်ခေတ်လို့ဆိုရမယ့် မေဂျီအုပ်ချုပ်ရေးကာလကို ၁၈၆၈ ခုနှစ်မှာ စတင်တယ်။ အဲ့ဒီခေတ်ကာလအတွင်း အာရှတိုက်ထဲမှာ လွတ်လပ်ရေးအရသာ အပြည့်အ၀ခံစားရတဲ့ နိုင်ငံနှစ်ခုတည်း ရှိပါတယ်။ အော်တိုမန်အင်ပါယာနဲ့ ဂျပန်ပါ။

    အဲ့ဒီ နှစ်နိုင်ငံစလုံးက အနောက်နိုင်ငံများရဲ့ဖိအားတွေ ခံလာရတဲ့အတွက် သူတို့နှစ်နိုင်ငံဟာ အချင်းချင်း ရင်းနှီးတဲ့ဆက်ဆံရေးကို ထူထောင်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ချစ်ကြည်ရေးဖလှယ်ခရီးစဉ်တွေကို စတင်ပြုလုပ်လာကြတယ်။ ဒီခရီးစဉ်များအနက် ခရီးစဉ်တစ်ခုဟာ အလွန်ကို အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာတယ်။ တူရကီဘုရင် အဗ်ဒုလ်ဟာမစ်(၁၈၇၆-၁၉၀၉)က ၁၈၉၀ ခုနှစ်မှာ ရေတပ်ဗိုလ်ချုပ် အုဆ်မာန်းပါးရှား ဦးဆောင်တဲ့ အရာရှိနဲ့စစ်သည် ၆၀၀ ကို Ertugrul သင်္ဘောပေါ်တင်ဆောင်ပြီး ဂျပန်ကို စေလွှတ်ခဲ့တယ်။

    japan-2
    မေဂျီ ဧကရာဇ် (၁၈၅၂ – ၁၉၁၂)

     

    ဂျပန်ကိုသွားရောက်တဲ့ ဒီမစ်ရှင်ကို အောင်မြင်အောင်ဆောင်ရွက်ပြီး ဋ္ဌာနီပြန်ခရီးလမ်းမှာ ဂျပန်ရေပိုက်နက်ထဲရှိနေစဉ် ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုနဲ့ ကြုံရတယ်။ စုလ်တာန်ဘုရင်ရဲ့ ညီတော်အပါအ၀င် သင်္ဘောမှာပါလာတဲ့ လူပေါင်း ၅၅၀ ကျော် သေဆုံးခဲ့တယ်။

    ဒီဖြစ်ရပ်အပေါ် နှစ်ဖက်စလုံးက ထိခိုက်ကြေကွဲကြတယ်။ ရှင်သန်ကျန်ရစ်သူများကိုတော့ ဂျပန်သင်္ဘောနှစ်စီးက အစ္စတန်ဘူလ်ဆီ ပို့ဆောင်ပေးခဲ့တယ်။ ကွယ်လွန်သွားသူများကို ဒီဖြစ်ရပ်ဆိုး ကြုံတွေ့ရတဲ့ အရပ်ဒေသမှာ မြှုပ်နှံလိုက်ကြပြီး မနီးမဝေးနေရာမှာ ပြတိုက်တစ်ခု တည်ဆောက်ခဲ့တယ်။ အုပ်ချုပ်သူအစိုးရ အစဉ်အဆက် ပြောင်းလဲလာသော်လည်း ဂျပန်နဲ့ တူရကီ နှစ်ဖက်စလုံးက ယနေ့ထိ ဒီဖြစ်ရပ်ဆိုးအထိမ်းအမှတ်ကို ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်လေ့ရှိတယ်။

    အသက်ဘေးကလွတ်မြောက်လာသူတို့ရဲ့ ဋ္ဌာနီပြန်ခရီးလမ်းအတွင်း တိုရာဂျီရို နိုဒါ အမည်ရှိ ဂျပန်လူငယ်လေးတစ်ဦးလည်း သင်္ဘောပေါ် လိုက်ပါလာခဲ့တယ်။ သူဟာ ကွယ်လွန်သူများရဲ့မိသားစုတွေအတွက် ဂျပန်မှာ အလှူငွေ/၀တ္ထုပစ္စည်းကို ကမကထပြု ကောက်ခံခဲ့သူတစ်ဦးဖြစ်တယ်။ အစ္စတန်ဘူလ်ရောက်တဲ့အခါ သူက ဒီလှူဖွယ်ပစ္စည်းအစုစုကို တူရကီအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တဲ့အပြင် စုလ်တာန် အဗ်ဒုလ် ဟာမစ်(၂) နဲ့လည်း တွေ့ဆုံခွင့် ရခဲ့တယ်။ စုလ်တာန်ဘုရင်က သူ့ကို တူရကီမှာနေထိုင်ပြီး အော်တိုမန်အရာရှိတွေကို ဂျပန်ဘာသာစကားသင်ကြားပေးဖို့ တောင်းဆိုခဲ့တယ်။ နိုဒါ အစ္စတန်ဘူလ်မှာ နေထိုင်နေစဉ် Abdullah Guillaume ဆိုသူနဲ့ ဆုံခဲ့တယ်။ Guillaume ဟာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်က ရောက်လာတဲ့ အင်္ဂလိပ်လူမျိုးမွတ်စ်လင်မ်တစ်ဦးဖြစ်ပြီး နိုဒါကို အစ္စလာမ်အကြောင်း ထိတွေ့သိရှိစေခဲ့သူဖြစ်တယ်။ သူတို့နှစ်ဦးရဲ့ ကာလရှည်တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း နိုဒါက အစ္စလာမ်သာသနာကို လက်ခံလိုက်ပြီး အဗ်ဒုလ် ဟလင်းမ် ဆိုတဲ့ ဘွဲ့အမည်ကို ရွေးချယ်ရယူခဲ့ပါတယ်။

    japna-4
    ပထမဆုံး ဂျပန်မွတ်စ်လင်မ်အဖြစ် ထင်ရှားသူ အဗ်ဒုလ် ဟလင်းမ် တိုရာဂျီရို နိုဒါ

    အဗ်ဒုလ် ဟလင်းမ် နိုဒါကို ပထမဆုံး ဂျပန်လူမျိုး မွတ်စ်လင်မ်အဖြစ် သတ်မှတ်ကြပါတယ်။ အဲ့ဒီနောက်ပိုင်း များမကြာမီ နောက်ထပ်ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ ယာမာဒါက ၁၈၉၃ ခုနှစ်မှာ အစ္စတန်ဘူလ်ကို ရောက်ရှိလာပြန်တယ်။ အထက်ပါဖြစ်ရပ်ကွယ်လွန်သူများရဲ့ တူရကီမိသားစုတွေအတွက် အလှူဒါန သွားရောက်ပေးအပ်တာပါ။ သူလည်းပဲ အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်လာတဲ့အတွက် ဒုတိယမြောက် ဂျပန်မွတ်စ်လင်မ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ သူရဲ့အမည်ကို ခလီးလ်(အဗ်ဒုလ် ခလီးလ်)လို့ ပြောင်းလဲခဲ့တယ်။ စီးပွားရေးလုပ်ငန်းနဲ့ အစ္စတန်ဘူလ်မှာ နှစ်အတန်ကြာနေထိုင်ခဲ့တယ်။ ဂျပန်ပြန်လာပြီးနောက် ကွယ်လွန်ချိန်အထိ တူရကီတွေနဲ့ အလွန်နွေးထွေးရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။

    အစ္စလာမ်ကို တတိယမြောက်လက်ခံခဲ့တဲ့ ပုဂ္ဂိုလ်ကတော့ အဟ်မဒ် အရီဂါ အမည်ရှိ ခရစ်ယာန်ဘာသာဝင် ဂျပန်ကုန်သည်တစ်ဦးဖြစ်ပါတယ်။ ၁၉၀၀ ခုနှစ်မှာ အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ကို ရောက်သွားတဲ့အခါ ဗလီဝတ်ကျောင်းတစ်ခုရဲ့ လှပတင့်တယ်မှုက သူ့ကို ညှို့ယူဆွဲဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် သူဟာ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ကြောင်း အဲ့ဒီမှာ သွားရောက်ကြေညာထွက်ဆိုခဲ့တယ်။ အဲ့ဒီအချိန်ကာလအတွင်း တိုကျို၊ ယိုကိုဟားမားနဲ့ ကိုဘေးမှာ အိန္ဒိယမွတ်စ်လင်မ်ကုန်သည်တွေ အထိုက်အလျောက် နေထိုင်မှု ရှိနေကြပါပြီ။ သူတို့ကို ဂျပန်နိုင်ငံရဲ့ ပထမဆုံး မွတ်စ်လင်မ်လူ့အစုအဝေးအဖြစ် သုံးသပ်ဖော်ပြထားပါတယ်။

    ++++++++++++++++++++++

    ဂျပန်အစ္စလာမ်စင်တာဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Salih Mahdi S. Al Samarrai ၏ Islam in Japan Before 1900 ကို မင်းထွဋ်ခေါင်မှ ပြန်ဆိုသည်။

    japn-3
    ကွန်စတန်တီနိုပယ်၌ ကျောက်ချထားသော Ertugrul သင်္ဘောကို တွေ့ရစဉ်

    ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ

    အပိုင်း-၁ ဖတ်ရန် Link

    အပိုင်း၂  ဖတ်ရန်  Link,

    အပိုင်း ၃ ဖတ်ရန် Link

    အပိုင်း ၄ ဖတ်ရန် Link

  • ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ရနိုင်သည်ဟု စခိုးလ် ဟောကိန်းထုတ်

    ပရီးမီးယားလိဂ်ဖလားကို လီဗာပူးလ် ရနိုင်သည်ဟု စခိုးလ် ဟောကိန်းထုတ်

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    liver

    – ရာသီအဖွင့်ကို ခြေစွမ်းကောင်းများဖြင့် စတင်ခဲ့သည့် လီဗာပူးလ်အသင်းမှာ ယခုနှစ် ပရီးမီးယားလိဂ်ကို ရရှိနိုင်သည်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ဟောကိန်းထုတ်လိုက်သည်။

    ယာဂန်ကလော့၏ လီဗာပူးလ်မှာ ပထမဆုံး ၆ ပွဲတွင် ၁၃ မှတ်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စက်တင်ဘာလအကုန်တွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။ စခိုးလ်ကမူ လီဗာပူးလ်အသင်း၏ သွင်းဂိုးများက ပရီးမီးယားလိဂ်ဖလားကို အမှန်တကယ် စိန်ခေါ်နိုင်လောက်သည့် ပမာဏမျိုး ဖြစ်သည်ဟု ဆိုသည်။

    “လီဗာပူးလ်က ပရီးမီးယားလိဂ် ရနိုင်တဲ့အသင်းပုံစံမှာ ရှိနေပါတယ်။… သူတို့ရဲ့ ခံစစ်နဲ့ပတ်သက်ပြီး ကျွန်တော် နည်းနည်း စိုးရိမ်ပေမယ့် သူတို့ လက်ရှိပြသနေတဲ့ တိုက်စစ်အရည်အသွေးကတော့ ဘယ်အသင်းနဲ့မဆို ဂိုးသွင်းနိုင်မယ့် ပုံပါပဲ” ဟု စခိုးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အင်ဒိုက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို အင်ဒိုက သေဒဏ်နှင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    စက်တင်ဘာ ၃၀၊ ၂၀၁၆
    M-Media

    indo-2

    – အင်ဒိုနီးရှားတွင် ကျောင်းသူတစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သည့် ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ကို အင်ဒိုနီးရှားတရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်ခဲ့ပြီး ကျန်ပါဝင်သူများကိုလည်း နှစ်ရှည်ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်ဟု သိရသည်။

    လူငယ် ၈ ဦး အပါအ၀င် လူ ၁၄ ယောက်ပါဝင်သည့် အဆိုပါဂိုးဏ်မှာ ဆူမားတြားကျွန်း အနောက်ဘက်တွင် ဧပြီလက အသက် ၁၄ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်ဖြစ်သူ ဇိုင်နယ်အား တရားရုံးက သေဒဏ်ချမှတ်ခဲ့ကာ၊ အခြား ၄ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ခြင်ဖြစ်သည်။

    အမျိုးသမီးများနှင့် မိန်းလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုမှာ အင်ဒိုနီးရှားတွင် ဖြစ်လေ့ဖြစ်ထရှိသော်လည်း အုပ်စုဖွဲ့ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုမှာ ဖြစ်ခဲသည်။

    ယခုဖြစ်ရပ်က ကမ္ဘာ့ စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားကို အထိတ်တလန့်ဖြစ်စေခဲ့ပြီး၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးခြင်း၊ ဓာတုဗေဒနည်းဖြင့် သင်းကွပ်ခြင်းတို့အပါအ၀င် ပိုမိုကြီးလေးသော အပြစ်ဒဏ်များကို ပေးအပ်နိုင်မည့် ဥပဒေကို သမ္မတ ၀ီဒိုဒိုက လက်မှတ်ထိုးစေသည်အထိ ဖြစ်ခဲ့သည်။

    ယခု အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုတွင် အသက်အငယ်ဆုံးမှာ ၁၃ နှစ်အရွယ်ရှိပြီး ၎င်းတို့ ၁၄ ဦးမှ ၇ ဦးကို ထောင်ဒဏ် ၁၀ နှင့် ချမှတ်ခဲ့ကာ တစ်ဦးကိုမူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် အမိန့်ပေးခဲ့သည်။ တစ်ဦးမှာမူ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။

    သေဆုံးသွားသူ မိန်းကလေးငယ်၏ မိသားစုများကမူ အဆိုပါ ပြစ်ဒဏ်မှာ လုံလောက်ခြင်းမရှိဟု ပြောကြားခဲ့သည်။

    Ref : Reuter