News @ M-Media

Blog

  • ဘာသာပေါင်းစုံမှ ပြည်သူများ ဘာသာကြီးလေးခု ဝတ်ပြုကျောင်းများသို့ သွားရောက် လေ့လာ

    ဘာသာပေါင်းစုံမှ ပြည်သူများ ဘာသာကြီးလေးခု ဝတ်ပြုကျောင်းများသို့ သွားရောက် လေ့လာ

    စက်တင်ဘာ ၂၅ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    14457267_345362075803535_2418658067852065742_n
    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၂၅ ရက်နေ့တွင်  ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက် (PCN) မှ ဦးဆောင်၍ ဘာသာပေါင်းစုံလူငယ်များပါဝင်ပြီး ဘာသာကြီးလေးခုဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့ ဝတ်ပြုကျောင်းများသို့ သွားရောက် လေ့လာမှုပြုလုပ်ခဲ့သည်။

    ပထမဆုံး ၉၄ လမ်းရှိ ဟိန္ဒူဘုရားကျောင်းသို့သွားရောက်ရာ ဘုရားကျောင်း ဥက္ကဌ ဦးရဂူးနေမြင့်နှင့် အဖွဲ့က လည်းကောင်း၊ အထက်ပန်းဆိုးတန်းလမ်းရှိ စိန့်အန်ထော်နီခရစ်ယာန်ဘုရားကျောင်းသို့ သွားရောက်ရာမှာ  ဘုရားကျောင်း ဥက္ကဌ နှင့် အဖွဲ့က လည်းကောင်း၊  အထက်ပန်းဆိုးတန်းလမ်းရှိ သမိုင်းဝင်တစ်ခြမ်းပဲ့ဗလီဝတ်ကျောင်းတော် သွားရောက်ရာမှာတော့ ဗလီဂေါပကနှင့် အဖွဲ့က လည်းကောင်း၊  ဗိုလ်တထောင် ကျိုက်ဒေးအပ်စေတီတော်သို့သွားရောက်လှည့်လည်ကြည့်ရှုရာမှ  စေတီတော် ဂေါပက အဖွဲ့ တို့ အသီးသီး ကြိုဆို ကျပြီး မိမိတို့ဘာသာအကြောင်းများကို ရှင်းပြခဲ့ကြတယ်သို့ သိရှိရသည်။
    14462803_345361652470244_8640575854711392686_n
    တခြမ်းပဲ့ ဗလီသို့ သွားရောက်လေ့လာစဉ် နေ့လည်ဝတ်ပြုချိန်နှင့်တိုက်ဆိုင်နေ၍ ၀တ်ပြုဖိတ်ခေါ်သံနှင့် ၀တ်ပြုခြင်းအစအဆုံးကို လေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများမှ အသေးစိတ် ရှင်းလင်း ဖြေကြားခဲ့တယ်လို့ သိရှိရပါသည်။

    14441032_345362102470199_7126301115177745855_n

    လိုက်ပါလာသူ အစ္စလာမ်ဘာသာဝင်မဟုတ်သော ဘာသာအသီးသီးမှ ဆရာတော်များနှင့် လူငယ်များက ၄င်းတို့အမြင်ကို ပြန်လည်တင်ပြကြရာ ၄င်းတို့အပြင်တွင် ကြားနေရသောအကြောင်းအရာများနှင့် မျက်မြင်အခြေအနေတို့မှာ လုံးဝတက်တက်စင် လွဲမှားနေကြောင်းနှင့် အမုန်းစကားဖြန့်ချိမှုများသည် လုပ်ကြံဖန်တီးထားမှုများဖြစ်ကြောင်း၊ ပယောဂတစ်ခုခုပါဝင်နေကြောင်း ရှင်းလင်းထင်ရှားစွာတွေ့ မြင်ရပြီဖြစ်၍ မိမိတို့ကိုယ်တိုင်လည်း မယုံကြည်တော့ကြောင်းနှင့် တခြားသူများကိုလည်း ပြန်လည်ရှင်းပြမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါသည်။
    c39a60bd415c412a84e56261e7e4a0f9_18
    ” ယနေ့ကြုံတွေ့လိုက်ရတဲ့ ဘာသာတရားတွေရဲ့ ယုံကြည်မှု ဝတ်ပြုကိုးကွယ်မှုတွေကတော့ အံ့မခန်းပါပဲ အကြားနဲ့ဆုံးဖြတ်မယ်ဆိုရင်တော့ အမှားကြီးမှားပါလိမ့်မယ် အထူးသဖြင့် အစ္စလာမ်ဘာသာတွေရဲ့ အဆောက်အဦးတွေနဲ့ ဝတ်ပြုကိုးကွယ်မှုတွေကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရလို့ပဲ ဦးဇင်းရင်ထဲမှာ အမြင်တွေရှင်းသွားပါပြီ သံသယတွေကင်းသွားပါပြီ ခုလိုလာရောက်လေ့ခွင့်ရတဲ့အတွက်လဲ အစ္စလာမ်ဝင်တွေကို အထူးပဲကျေးဇူးတင်ပါတယ်” ဟု ဦးဇင်းနဂါးမှပြောကြားခဲ့ကြောင်း PCN အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အဆိုပါ ခရီးစဉ်သို့  ဗုဒ္ဓဘာသာမှ ဆရာတော် ၂ ပါး၊ အစ္စလာမ်ဘာသာမှ ဆရာတော် ၂ပါး၊ ခရစ်ယာန်ဘာသာမှ ဆရာတော် ၂ပါး၊ ဟိန္ဒူဘာသာမှ ဆရာတော်၂ပါးတို့လည်း ပါဝင်အားဖြည့်လိုက်ပါခဲ့ကြောင်း သိရသည်။

    Photo and ref- PCN FB

    14370405_345259565813786_7281678521148524449_n

  • အာဖရိကမှာ လူမျိုးရေးခွဲခြားသူအဖြစ် ရှုမြင်ခံရတဲ့ မဟတ္တမ ဂန္ဒီ

    အာဖရိကမှာ လူမျိုးရေးခွဲခြားသူအဖြစ် ရှုမြင်ခံရတဲ့ မဟတ္တမ ဂန္ဒီ

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    gd

    – ဂါနာနိုင်ငံရှိ Ghana တက္ကသိုလ်တွင် ထားရှိသော အကြမ်းမဖက် ငြိမ်းချမ်းရေးသမား မဟတ္တမ ဂန္ဓီ၏ ရုပ်ထုကို ဖယ်ရှားရန် ဂါနာ ပညာရှင်များ၊ ကျောင်းသားများ၊ အနုပညာရှင်များက ဆော်သြနေကြပြီး အိန္ဒိယ၏ လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်ကြီးမှာ လူနည်းစုများအပေါ် လူမျိုးရေးခွဲခြားသူတစ်ဦးအဖြစ် သမုတ်ခံရသည်။

    (၁၈၉၃ ခုနှစ်မှ ၁၉၁၄ ခုနှစ်အထိ) တောင်အာဖရိကတွင် ၂၁ နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုဒေသတွင်နေထိုင်သည့် အိန္ဒိယပြည်သူများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် ဂန္ဒီ၏ ရုပ်ထုကို အိန္ဒိယသမ္မတ ပရာနဘ် မူခါဂျီ ဂါနာသို့လာရောက်စဉ် ပြီးခဲ့သည့် ဇွန်လက ထိုတက္ကသိုလ်ဝင်းအတွင်း ထားရှိခဲ့ခြင်းဖြစ်သည်။

    အွန်လိုင်းမှ ဖြန့်ဝေနေသည့် တိုက်တွန်းစာတစ်စောင်တွင် Ghana တက္ကသိုလ်ရှိ ပါမောက္ခများက ဂန္ဒီကြီး တောင်အာဖရိကတွင်ရှိနေစဉ် ရေးသားခဲ့သော စာများကို ထောက်ပြ၍ ၎င်းမှာ ‘လူမျိုးရေးခွဲခြားမှု အမှတ်သညာ’ ဟု စွပ်စွဲကြသည်။

    အိန္ဒိယသားများကို လူမည်းအာဖရိကန်များထက် ပိုမိုသာမြတ်သည်ဟု သဘောသက်ရောက်သည့် ရေးသားမှုများ၊ လူမည်းများကို ခွဲခြားနှိမ့်ချသည့် အခေါ်အဝေါ်ဖြစ်သော Kaffir ဟု သုံးစွဲမှုများကို ၎င်းတို့က အထောက်အထားပေးကြသည်။

    ၎င်းတို့၏ တိုက်တွန်းစာတွင် ထုတ်နှုတ်ပြထားသည့် ဂန္ဒီ၏ ရေးသားမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

    “ဥရောပသားတွေကို ငါတို့အပေါ်မှာ သတ်မှတ်ဖို့ကြိုစားနေတဲ့ နှိမ့်ချမှုကို ငါတို့က ဆက်လက်တွန်းလှန်နေရသူတွေ ဖြစ်တယ်။ အဲဒီဥရောပသားတွေက အမဲလိုက်ပြီး မိန်းမတင်တောင်းဖို့ ရည်ရွယ်ချက်နဲ့ ကျွဲနွားတွေ စုဆောင်းကာ သူတို့ရဲ့ ဘ၀တွေကို အပြင်းထူထူ၊ ၀တ်လစ်စလစ် ကုန်ဆုံးတတ်တဲ့ အရိုင်းအစိုင်း ကက်ဖ်ဖီရ် (Kaffir) တွေလို အဆင့်မျိုးမှာ ငါတို့ကို ထားချင်နေတာ”

    တောင်အာဖရိကမှ ဆန့်ကျင်ဆန္ဒပြမှု

    ၁၈၆၉ ခုနှစ်တွင် မွေးဖွားခဲ့သည့် မိုဟန်ဒက်ဇ် ကာရမ်ချန် ဂန္ဒီမှာ ၎င်း၏ အကြမ်းမဖက်ခုခံရေး သဘောတရားကြောင့် နိုင်ငံတကာတွင် လူသိများပြီး၊ ဗြိတိသျှအုပ်ချုပ်မှုလက်အောက်တွင် နှစ် ၂၀၀ ကျော်နေခဲ့ရသည့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအတွက်လည်း ရှေ့တန်းမှ ပါဝင်ခဲ့သူဖြစ်သည်။

    သန်းပေါင်းများစွာသော အိန္ဒိယပြည်သူများကတော့ ၁၉၄၈ ခုနှစ်တွင် လုပ်ကြံခံခဲ့ရသည့် ၎င်းအား မဟတ္တမ (ကြီးကျယ်မြင့်မြတ်သူ) ဟု ခေါ်ဆိုကြပြီး ငြိမ်းချမ်းရေးဖြင့် နိုင်ငံရေး၊ လူမှုရေးကိစ္စများကို ဖြေရှင်းနိုင်ခဲ့သူ ခေါင်ဆောင်ကြီးအဖြစ် မှတ်ယူကြသည်။

    သို့ရာတွင် ဂါနာတွင် ဂန္ဒီ၏ရုပ်ထိုကို ဖြုတ်ချရန် တိုက်တွန်းခဲ့သူများကတော့ ဂန္ဒီအား ထိုသို့ အသိအမှတ်မပြုဘဲ၊ တောင်အာဖရိက၌ ရှိနေစဉ် ဗြိတိသျှနယ်ချဲ့များ၏ ဘက်တော်သားအဖြစ် လူမည်းများ၏ အကျိုးစီးပွားကို အရေးမစိုက်ဟု စွပ်စွဲခဲ့သည်။

    “ကျွန်တော်တို့တက္ကသိုလ်မှာ ရုပ်ထုကြီးထုပြီး သူတို့ ဂုဏ်ပြုထားတာ မြင်နေရရင် ဂန္ဒီဟာ လူမည်းမျိုးနွယ်အပေါ်မှာ မမျှတတဲ့ သဘောထားမျိုး ရှိတယ်ဆိုတာကို သမိုင်းပညာရှင်တွေက ဘယ်လိုလုပ်သင်မလဲ။ ရှင်းပြမလဲ” ဟု Ghana တက္ကသိုလ်မှ ကထိကတစ်ဦးဖြစ်သူ အပီယဂ်ျယီ-အတူဝါက ဂန္ဒီရုပ်ထုဖယ်ရှားရေး လှုံ့ဆော်စာတွင် ရေးသားခဲ့ပြီး အခြား ထင်ရှားသူ ၄ ဦးကလည်း ထိုစာတွင် လက်မှတ်ရေးထိုးခဲ့သည်။

    တောင်အာဖရိကတွင် ဂန္ဒီ၏သမိုင်းက မကြာခဏ မေးခွန်းထုတ်ခံရသည်။

    ပြီးခဲ့သည့်နှစ်က #GandhiMustFall ဟူသည့်ခေါင်းစဉ်ဖြင့် ဂန္ဒီဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ရာ တောင်အာဖရိကပြည်သူများ၏ ထောက်ခံမှု ရရှိခဲ့ပြီး “လူမျိုးရေးခွဲခြားသူ ဂန္ဒီ ကျဆုံးပါစေ” ဟူသော ပိုစတာများကိုကိုင်ကာ ပြုလုပ်သည့် ဆန္ဒပြတွင် ပါဝင်သူများက ဂျိုဟန်နစ္စဘတ်ရှိ ၎င်း၏ ရုပ်ထုကို ခဲများဖြင့် ထုခဲ့ကြသည်။

    မဟတ္တမဂန္ဒီ၏ မြေးတော်စပ်ပြီး တာင်အာဖရိက အာဏာရပါတီ African National Congress ကိုယ်စားပြု လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည့် အီလာဂန္ဒီက သူမ၏အဖိုးဖြစ်သူ သုံးနှုန်းခဲ့သည့် ‘kaffir’ ဟူသော စကားလုံးမှာ ယခုခေတ်တွင် အလွန်စော်ကားသည့် စကားလုံးဖြစ်သော်လည်း ထိုစဉ်အချိန်က ကြမ်းတမ်းသော သို့မဟုတ် နှိမ့်ချလိုသော သဘောမျိုး မရှိဘဲ ဂန္ဒီမှာ ထိုစကားလုံးဖြင့် အာဖရိကပြည်သူများအား ရိုင်းစိုင်းသူ၊ အိန္ဒိယပြည်သူများထက် နိမ့်ကျသူအဖြစ် ရည်ညွှန်း သည်ဟု လိုရာစွဲပြော၍မရဟုလည်း ပြောကြားခဲ့သည်။

    “ကိုယ် ဂုဏ်တက်ဖို့အတွက် အခြားသူတွေကို ဘာ့ကြောင့် ဝေဖန်ပုတ်ခတ်နေတာလဲဆိုတာကို ကျွန်မတို့ မေးရမယ်ရှင့်။ ဒီလိုဝေဖန်ပုတ်ခတ်မှုတွေဟာ အခြေအမြစ်မရှိပါဘူး။ သူ့ရဲ့ နောက်ပိုင်းဘ၀မှာ ဂန္ဒီ ဖြန့်ဖြူးခဲ့တဲ့ အယူအဆတွေက ဇာတ်၊ အဆင့်အတန်း၊ လူမျိုး စတာတွေအားလုံးကို လေးစားဖို့ပါ” ဟု အီလာက ပြောကြားခဲ့ပြီး ဂန္ဒီအား ဆန့်ကျသူများ၏ စွပ်စွဲမှုများနှင့် ‘လုံးဝ ဆန့်ကျင်ဖက်’ ဖြစ်နေသည့် ဂန္ဒီ၏ ‘အခြားသဘောထား အမြောက်အများ’ ရှိနေသည်ဟုလည်း ဆိုသည်။

    “သူတို့က သူ့ရဲ့ရုပ်ထု မရှိချင်ဘူးဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီး ဖယ်ရှားပါ။ ဒါပေမယ့် အကြမ်းမဖက်ရေးအယူဆ၊ ချစ်ခြင်းမေတ္တာ၊ လူသားချင်းစာနာထောက်ထားမှု၊ လူသားတွေ၊ သဘာဝတရားတွေ၊ စင်္ကြာဝဠာကြီးတစ်ခုလုံးအပေါ် လေးစားတန်ဖိုးထားမှုတွေကိုတော့ မဖယ်ရှားဖို့ ကျွန်မ ရိုးသားစွာ တောင်းဆိုပါရစေ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါတွေဟာ ဂန္ဒီကြီး မားမားမတ်မတ် ရပ်တည်ခဲ့တဲ့၊ အသက်ပေးခဲ့ရတဲ့ သဘေားထားအယူအဆတွေ ဖြစ်လို့ပါပဲ”

    မငြင်းနိုင်သည့် အမှန်တရား

    ‘တောင်အာဖရိက ဟိန္ဒူ မဟာ ဆဘ်ဟာ’ အသင်း၏ ဥက္ကဌဖြစ်သူ အက်ရှ်ဝင် တရီကမ်ဂျီက ဂန္ဒီအပေါ် လူမျိုးရေးခွဲခြားမှု စွပ်စွဲချက်များမှာ ယခုမှ ဖြစ်လာခဲ့ခြင်းမဟုတ်ဟု ဆိုသည်။

    “ဒီလိုစွပ်စွဲမှုတွေကို ကျွန်တော်တို့ အရင်ကလည်း ကြားဖူးပါတယ်။ သိသာထင်ရှားတာတစ်ခုက ဂန္ဒီကြီးဟာ တောင်အာဖရိက က လူမည်းတွေနဲ့အတူ နေထိုင်ဖို့နဲ့ လူဖြူလူမည်းခွဲခြားမှုကို အထူတကွ တွန်းလှန်ဖို့ ရွေးချယ်ခဲ့တာပါပဲ။ သူဟာ တောင်အာဖရိကသားတွေအားလုံးရဲ့ လေးစားမှုကို ရရှိခဲ့ပြီး အထူးသဖြင့် (ယခင်) သမ္မတဟောင်း နဲလ်ဆင် မင်ဒဲလားနဲ့ အာဖရိကအမျိုးသားကွန်ဂရက် ပါတီ ANC ရဲ့ ချီးမွမ်းထောပနာပြုမှုကို အထူး ရရှိခဲ့ပါတယ်” ဟု တရီကမ်ဂျီက ပြောကြားခဲ့သည်။

    ဒါဘန်မြို့ရှိ လမ်းတစ်ခုအား ၎င်း၏အမည် ပေးထားမှုကို ထောက်ပြ၍ ဂန္ဒီမှာ ‘တောင်အာဖရိကနိုင်ငံသား အားလုံး၏ လေးစားအားကျဖွယ် အမှတ်သညာ’ ဖြစ်ပြီး ‘ဂန္ဒီ၏ အကြမ်းမဖက်မှု သဘောတရားမှာ တောင်အာဖရိကတွင် အမှန်တကယ်ကြီးမားသည့် သက်ရောက်မှု ရှိခဲ့ကာ လူဖြူလူမည်း ခွဲခြားမှုကို ဆန့်ကျင်ရာတွင် တွန်းအားဖြစ်စေခဲ့သည်’ ဟုလည်း တရီကမ်ဂျီက ပြောကြားခဲ့သည်။

    ဂျိုဟန်နစ္စဘတ် တက္ကသိုလ်မှ လူမှုဗေဒ ပါမောက္ခဖြစ်ပြီး The South African Gandhi : Stretcher-Bearer of Empire စာအုပ်ကို ပူးတွဲရေးသားသူ အက်ရှ်ဝင် ဒီစိုင်းက အာဖရိကပြည်သူများက ၎င်းတို့အား ခွဲခြားဆက်ဆံမှု၊ ကျွန်ကဲ့သို့ အခြေအနေမျိုးဖြင့် မိုင်းတွင်းများတွင် အလုပ်လုပ်ရမှုတို့ကို တွန်းလှန်ခဲ့ရသည့် ရှည်လျားသော သမိုင်းကြောင်းကို ဂန္ဒီက မည်သည့်အခါကမှ အသိအမှတ်မပြုခဲ့ဟု ဆိုသည်။

    “ဂန္ဓီကို ဂုဏ်တင်ပြီး ကမ္ဘာလုံးဆိုင်ရာလူသား၊ တောင်အာဖရိကရဲ့ ပထမဆုံးနဲ့ အစောဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူအဖြစ် ဖော်ပြချင်ကြတဲ့ သမိုင်းပညာရှင်တွေ ရှိနေပြီး ဒါတွေဟာ မှားယွင်းတဲ့ ဖော်ပြမှုပါပဲ” ဟု အက်ရှ်ဝင် ဒီစိုင်းက ပြောကြားခဲ့ပြီး ဂန္ဒီမှာ လူမည်းများအပေါ် လူမျိုးရေးခွဲခြားသည့် အမြင်များ ရှိခဲ့သည်ဆိုသည့် သမိုင်းမှတ်တမ်း မြောက်များစွာ ရှိသည်ဟု ပြောကြားခဲ့သည်။

    “သိပ်အမွှမ်းတင်လွန်တာတွေကို ရင်ဆိုင်ဖြေရှင်းရပါမယ်။ တောင်အာဖရိက ဂန္ဒီနဲ့ပတ်သက်တဲ့ အမှန်တရားကတော့ သိပ်ကျေနပ်စရာ ဖြစ်မှာ မဟုတ်ပါဘူး။ ဂန္ဒီရဲ့ ရုပ်ထုကို ဖယ်ရှားချင်တဲ့ သူတွေအနေနဲ့ တောင်အာဖရိကမှာ အာဖရိကန်တွေရဲ့ရုန်းကန်ခဲ့ရမှုတွေအပေါ် အလေးမထားတဲ့ လူတစ်ယောက်ရဲ့ ရုပ်ထုကို ဖယ်ရှားဖို့ဆိုတဲ့ ပုံးစံမျိုးနဲ့သာ အာရုံစိုက် လုပ်ဆောခဲ့ပါတယ်”

    ဂုဏ်ပြုရမည့် အာဖရိက သူရဲကောင်းများ

    ဂန္ဒီ၏ရုပ်ထုအား ဖယ်ရှားရန် ရည်ရွယ်၍ #GandhiForComeDown အမည်ဖြင့် ဂါနာနိုင်ငံတွင် ပြုလုပ်နေသည့် အွန်လိုင်း လှုပ်ရှားမှုမှာ ပြီးခဲ့သည့်နှစ်က တောင်အာဖရိကနိုင်ငံတွင် ‘ရိုဒက်င်္ဇ ကျဆုံးရမည်’ (Rhodes Must Fall) ဟူသည့် လှုပ်ရှားမှုနှင့် နှိုင်းယှဉ် ဖော်ပြခံရသည်။

    တောင်အာဖရိကတွင် ပြုလုပ်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုမှာ ဗြိတိသျှ နယ်ချဲ့သမားနှင့် လူမျိုးကြီးဝါဒီ စီစီလ် ရိုဒက်ဇ်အား ဂုဏ်ပြု၍ Cape Town တက္ကသိုလ်တွင် ထုတ်လုပ်ထားသည့် ရုပ်ထုအား ဖယ်ရှားရန်ဖြစ်သည်။

    ယခုတစ်ပတ် အစောပိုင်းမှာပင် ဂန္ဒီရုပ်ထုအား ဖယ်ရှားရေး တောင်းဆိုစာတွင် လက်မှတ်ပေါင်း ၁၀၃၀ ရရှိခဲ့ပြီး ထိုလှုပ်ရှားမှုကို စီစဉ်သူများကမူ လူမျိုးရေးခွဲခြားသူများ၏ ရုပ်ထုများကို ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်များက ဖယ်ရှားမှုများကို ထောက်ပြ၍ Ghana တက္ကသိုလ်ရှိ ဂန္ဒီရုပ်ထုအား ဖယ်ရှားရန် ပညာရေးအာဏာပိုင်းများအား တိုက်တွန်းခဲ့သည်။

    “မကြာခင်မှာပဲ ဒီရုပ်ထုကို ဖယ်ရှားပြီး ဖြစ်မှာပါ” ဟု Ghana တက္ကသိုလ်ရှိ အာဖရိကရေးရာ လေ့လာရေးဌာနမှ သုတေသန ပညာရှင်တစ်ဦးဖြစ်သူ အိုဘာဒီလီ ကမ်ဘွန်က ၎င်းတို့၏ လှုပ်ရှားမှု ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

    “နောက်ပိုင်းမှာတော့ ကျွန်တော်တို့ဟာ အာဖရိကန်/လူနည်းတွေရဲ့ ဂုဏ်သိက္ခာအတွက် ကမ္ဘာတစ်ဝှမ်း ဆက်စက်လှုပ်ရှားမှုပေါင်းများစွာနဲ့ ဆက်သွယ်လုပ်ကိုင်ချင်ကြောင်း ကျွန်တ်ာတို့ ပြသသွားမှာပါ” ဟု အွန်လိုင်းတွင် လူမည်းအရေး ဆောင်ရွက်မှုများဖြစ်သော #RhodesMustFall၊ #BlackLivesMatter၊ #ICantBreathe နှင့် #ColinKaepernick လှုပ်ရှားမှုများကို ရည်ညွှန်း၍ ဒီစိုင်းက ပြောကြားခဲ့သည်။

    ဂန္ဒိ၏ရုပ်ထုကို တက္ကသိုလ်ဝင်းအတွင်းမှ ဖယ်ရှားချင်သူများက ထိုရုပ်ထု၏နေရာတွင် အာဖရိက သူရဲကောင်း အမျိုးသားများ၊ အမျိုးသမီးများကို အစားထိုးရန် တိုက်တွန်းနေကြသည်။

    “ကျွန်တော်တို့ သူရဲကောင်းတွေ ရုပ်ထုကို မထားဘဲနဲ့ တစ်ခြားလူမျိုးရဲ့ သူရဲကောင်းရုပ်ထုကို ဘာ့ကြောင့် ကျွန်တော်တို့ထားရမှာလဲ။ ဒီလိုထားတာမျိုးဟာ ကိုယ်ပိုင်အုပ်ချုပ်မှု၊ အသိအမှတ်ပြုမှု၊ လေစားမှုတွေရရှိဖို့ ကျွန်တော်တို့ရဲ့ ရုန်းကန်ကြိုးစားခဲ့ရတာကို သဲထဲရေသွန်သလို လုပ်ပစ်လိုက်တာပါပဲ” ဟု ဂန္ဒီရုပ်ထုဖယ်ရှားရေး လက်မှတ်ရေးထိုးသူတစ်ဦးက ပြောကြားခဲ့လေသည်။

    Ref: Aljazeera

    (Aljazeera ၏ Ghana: Call to remove Gandhi statue over ‘racist views’ ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင်
    ဘာသာပြန်ဆိုသည်။)

  • အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    အင်ဒို-ပါကစ္စန် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    indo

    – အင်ဒိုနီးရှား၏ နိုင်ငံရေး၊ လုံခြုံရေးနှင့် တရားဥပဒေဆိုင်ရာ ညှိုနှိုင်းရေးဝန်ကြီး ၀ီရန်တိုက ပါကစ္စတန်လက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်နှင့် တွေ့ဆုံခဲ့ပြီး သတင်းအချက်အလက်နှင့် လက်နက်ဖလှယ်ရေးတို့ အပါအ၀င် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ဆွေးနွေးခဲ့သည်ဟု သိရသည်။

    “လက်နက်တင်ဆင်ထားတဲ့ Anoa ကား၊ မောင်းပြန်ရိုင်ဖယ်နဲ့ CN-235 တိုက်လေယာဉ်တို့အပါအ၀င် ကျွန်တော်တို့ရဲ့ကာကွယ်ရေး လက်နက်ကိရိယာတွေကို ပေးဖို့ သူတို့ကို ကမ်းလှမ်းထားပါတယ်” ဟု ၀ီရန်တိုက အင်္ဂါနေ့တွင် ပြုလုပ်သည့် အစည်းအဝေးအပြီး၌ ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားနှင့် ပါကစ္စတန်အကြား ပူးပေါင်းဆောင်ရွက်မှုမှာ နှစ်အတော်ကြာပြီဖြစ်ပြီး ကျောင်းသားများနှင့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးများ အပြန်အလှန်စေလွှတ်ရေးသာမက အမျိုးသားကာကွယ်ရေးဌာန အဖွဲ့ဝင်များ ဆွေးနွေးဖလှယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

    “နှစ်နိုင်ငံကြား စစ်တပ်တွေရဲ့ အပြန်အလှန်ဆက်သွယ်ရေးက အလွန်နီးကပ်မှုရှိပါတယ်။ ဗိုလ်ချုပ်ကြီး ရာရှဒ် မာမွတ်က အဲ့ဒီဆက်ဆံရေး တည်တံ့ဖွံ့ဖြိုးအောင် ထိန်းသိမ်းဖို့တောင်းဆိုထားပါတယ်” ဟု ၀ီရန်တိုက ထည့်သွင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှားကြည်းတပ်၏ ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သူ ၀ီရန်တိုက အာဆီယံဒေသတွင်း ငြိမ်းချမ်းရေး၊ ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွှတ်စေရန် အားထုတ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် အင်ဒိုနီးရှားအစိုးရက စိတ်အားထက်သန်လျက်ရှိသည်ဟု အလေးထား ပြောကြားခဲ့သည်။

    Ref : IINA

  • ဟိဂျဗ်ပ၀ါဆောင်းခွင့် တိုက်ပွဲ စပိန်တွင် အောင်ပွဲဆင်နိုင်ခဲ့

    ဟိဂျဗ်ပ၀ါဆောင်းခွင့် တိုက်ပွဲ စပိန်တွင် အောင်ပွဲဆင်နိုင်ခဲ့

    စက်တင်ဘာ ၂၄ ၊ ၂၀၁၆
    M-Media
    d72c6ef80a92fa90582878de9098b973
    ဒီသီတင်းပတ်အတွင်းမှာပဲ နယူးယောက် ဖက်ရှင်ရှိုးရက်သတ္တပတ်ရဲ့ ပထမဦးဆုံး အံ့အားသင့်စရာ ပွဲဦးထွက်အစီစဉ်မှာ ခေါင်းစည်းပုဝါနဲ့ အစ္စလာမ့်ဝတ်စားဆင်ယင်မှု့တွေကို ဖက်ရှင်လျှောက်ပြသနေစဉ်မှာ၊ ဟိဂျဗ်ပုဝါဆောင်းလိုက်ဖို့ ရွေးချယ် ခဲ့ကြတဲ့  စပိန်အမျိုးသမီးတွေကတော့ သူတို့ရဲ့ သိပ်မကြီးကျယ်လှတဲ့ အောင်ပွဲကို မြင်တွေ့ခဲ့ရပါတယ်။

    အသက်-၂၂ နှစ်အရွယ်၊ သက္က၀ါရီဂျဗ် (Takwa Rejeb )လို့ခေါ်တဲ့ ခရီးသွားလုပ်ငန်းဘာသာရပ်ကို သင်ကြားနေတဲ့ တက်ကြွတဲ့ ကျောင်းသူတစ်ဦးဟာ ပ၀ါဆောင်းမလာဖို့ တားမြစ်ခဲ့တဲ့ စပိန်အရှေ့ဖျားဒေသမှ ၊ ဗလင်စီယာမြို့က ကျောင်း တစ်ကျောင်းကို လူသိရှင်ကြား ရှုံ့ချပြီးတဲ့အခါမှာ နိုင်ငံတလွှားက သတင်းစာခေါင်းကြီးတိုင်းမှာ ဖေါ်ပြခြင်းကို ခံခဲ့ရပါတယ်။

    ” တက်ရမဲ့အတန်းကို ကျွန်မ ရှာမတွေ့ခဲ့ပါဘူး၊ ဒါကြောင့် ကျောင်းအုပ်ကြီး ရုံးခန်းကိုပဲ ကျွန်မ တိုက်ရိုက်သွားလိုက်ပါတယ်။ သူအဲဒီမှာ ရှိတယ်လေ။ သူပြောတာက ကျွန်မရဲ့ အတန်းတွေက နေ့လည်နေ့ခင်းဖက်မှာပါ။ ” ဒီနောက်တော့ သူက ခုလို ဆက်ပြောပါတယ်။” မင်းအခုသိတဲ့အတိုင်း၊ မင်းအဲဒါနဲ့ ကျောင်းလာတက်လို့မရပါဘူးတဲ့” “ဘာနဲ့လဲ?” လို့ ကျွန်မက ဆက် မေးတော့ သူက “မင်းဆောင်းထားတဲ့ ပုဝါနဲ့ပေါ့ ” လို့ လွန်ခဲ့တဲ့ သောကြာနေ့မှာ ရီဂျဗ်က သတင်းသမားတွေကို ပြန်ပြောပြ ခဲ့ပါတယ်။

    သူမ တက်နေတဲ့ ဘန်လီယာ အထက်တန်းကျောင်း (Benlliure High School)ကတော့ သူမအပြင် ဒါမျိုးဖြစ်နေတဲ့ ကျောင်းသူသုံးယောက်ကိုလည်း ဟိဂျဗ်ပုဝါဆောင်းပြီး ကျောင်းတက်ခွင့်မပေးပါဘူးလို့ ပြောခဲ့ပေမဲ့၊ သူမကတော့ ဒါဟာ သူမရဲ့ အခွင့်ရေးကို ချိုးဖေါက်ခံရတာပဲလို့ ခံစားလိုက်မိလို့၊ ကျောင်းထွက်ဖို့နဲ့၊ ကျောင်းပြောင်းဖို့အစား သူမ ဆက်လက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

    လူမျိုးရေး-ခွဲခြားမှု့ကို ဆန့်ကျင်တဲ့အုပ်စုတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ အဖွဲ့စည်း တစ်ခုဖြစ်တဲ့ အက်စ်-အို-အက်စ် ရာစစ်မိုက ရှေ့နေတစ်ယောက်နဲ့အတူ သူမဟာ အဲဒီအမှု့ကို ဗလင်စီယာ ပညာရေးဌာနသို့ အတူတကွ ယူဆောင်သွားရောက်ခဲ့ ပါတယ်။ ဒီလို ၀တ်စားဆင်ယင်မှု့ ဆုံးဖြတ်ချက်တွေဟာ ကျောင်းနဲ့ပဲ သက်ဆိုင်တယ်လို့ ဗလင်စီယာ အုပ်ချုပ်ရေး အာဏာ ပိုင်တွေက EI Pais သတင်းဌာနကို အစောပိုင်းက ပြောခဲ့ပါသေးတယ်။

    EI Pais သတင်းဌာနရဲ့ အဆိုအရ ဘန်လီယာ ကျောင်းအုပ်ကြီး ပြောတာက အဲဒီအမိန့်ဟာ ကျောင်းသူကျောင်းသား တွေ အားလုံးကိုယ်တိုင်က အကျိုးကြောင်းဆီလျော်လို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားပြီးဖြစ်တယ်။ ဦးထုပ်/ခေါင်းဆောင်း ဆောင်းတာဟာ အားလုံးကို တားမြစ်ထားတာဖြစ်လို့ တရားမျှတမှု့ရှိကြောင်း ပြတဲ့အနေနဲ့လည်း ” တသားတည်းဖြစ်ရမည် နှင့် ကျန်းမာရေး ” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သူက ကိုးကားပြခဲ့ပါတယ်။

    ဒါပေမဲ့ ဗလင်စီယာ အာဏာပိုင်တွေဟာ ရုတ်ခြည်းဆိုသလို  သူတို့ပြောသမျှကို ကျောခိုင်းလိုက်ကြပြီး ” ကျောင်းသားတိုင်း ကျောင်းတက်ခွင့်ရှိပါတယ် “လို့ တနင်္လာနေ့မှာ ပြန်ကြေညာလိုက်ပါတယ်။ အင်္ဂါနေ့မှာတော့၊ ဗလင်စီယာ အုပ်ချုပ်ရေး အာ ဏာပိုင် တစ်ယောက်က ဗလင်စီယာ အစိုးရမှ ငွေကြေးထောက်ပံ့ထားတဲ့ ဘယ်ကျောင်းမျိုးကိုမဆို ဟေဂျဗ်-ပုဝါဆောင်း ပြီး ကျောင်းတက်ခွင့်ရှိကြောင်း အုပ်ချုပ်ရေးနယ်မြေတွေက အာမခံပေးရလိမ့်မယ်လို့ EI Pais သတင်းဌာနကို ဆိုပါတယ်။ ဒါဟာ အောင်ပွဲပါဘဲ။

    ‘သူမ အမိန့်၊အာဏာနဲ့ စည်းမျဉ်းတွေကို ပြောင်းလဲခဲ့ပါပြီ’

    “သူမ လုပ်ဆောင်ပြခဲ့တာတွေက တကယ့်ကို အမိုက်စားပါဘဲ။ သူမက အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ပြောင်း လဲနိုင်ခဲ့တယ်။ ဒီလိုကိစ္စမျိုး ဒါ နောက်ဆုံး တစ်ကြိမ်ဖြစ်ဖို့ ကျွန်မ အရမ်းပဲ မျှော်လင့်မိပါတယ်။ ” လို့ စပိန်နိုင်ငံရှိ ဆေးဝါး ရောင်း ပိုင်ရှင်နှင့် ခေါင်းမြီးခြုံ- ဖက်ရှင် ဘလော့ဂါတစ်ဦး ဖြစ်သူ ဖွသွေမာ အလ် အာရိုးဒီက ဆိုပါတယ်။

    သူမဟာ စပိန်မှာ ဘာသာရေးခွဲခြားမှု့တွေကို သူမကိုယ်တိုင်လိုက်ပြီး တိုက်ပွဲဝင်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

    သူမ ပြောတာက- သူမ ကျောင်းပြီးဖို့ လက်တွေ့ဆင်းရတဲ့အခါမှာ၊ နေရာတွေ တော်တော်များများမှာ သူမကို လက်တွေ့ သင်တန်းဆင်းဖို့ ငြင်းပယ်ခဲ့ကြတယ်။ သူမရဲ့ အုပ်ထိန်းသူ ဆရာကလည်း သူမခေါင်းမှာ ပုဝါခြုံနေသမျှကာလပတ်လုံး နေ ရာရှာ မပေးဖူးလို့ ပြောပါတယ်။

    ” ကျွန်မသူငယ်ချင်း တစ်ခြားကျောင်းသားတွေကတော့ သတင်းပတ်တွေအတွင်းမှာပဲ လက်တွေ့ သင်တန်းဆင်းဖို့ နေရာ ရှာ တွေ့ခဲ့ပေမယ့်၊ ကျွန်မကတော့ နောက်ထပ်တစ်နှစ်ထိအောင် လိုက်ရှာနေရပါသေးတယ် ” လို့ သူမ ပြောခဲ့ပါတယ်။

    ” ခေါင်းစည်း-ပုဝါဟာ နောက်ထပ် ကျက်သရေတစ်ခုဖြစ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ တကယ်တော့တဲ့ မိန်းကလေးတွေဟာ ခွဲခြားဆက်ဆံခံနေရတာတွေကြောင့် အလုပ်မရပဲ ချောင်မှာသွားခွေနေရပါတယ်။ လူတွေ ထင်ကြတာကတော့ ခေါင်းစည်း ပုဝါခြုံတယ်ဆိုရင် ကျွန်မတို့ စိတ်ကိုခြုံလိုက်တယ်လို့ ထင်ကြပါတယ်၊ ဒါပေမဲ့-ကြည့်ပါ။ ကျွန်မတို့ ဆံနွယ်စလေးပဲ ဖုံးရုံလောက်ပါပဲ ” လို့ ဖွသွေမာ ကပြောခဲ့ပါတယ်။

    စပိန်မှာတော့ ခေါင်းစည်းပုဝါ မခြုံရလို့ ဥပဒေမရှိပါဘူး။ ဒါပေမဲ့၊ ဒီ အထူးဥပဒေက ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရ အဖွဲ့စည်း ဆယ့်ခုနစ်ခုက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

    စပိန်နိုင်ငံရဲ့ နေရာဒေသ အသီးသီးက- ကျောင်းတွေမှာ၊ လူစည်ကားရာ နေရာတွေမှာ၊ အလုပ်ရုံတွေမှာတော့ သာမန် မွတ်စလင် အ၀တ်အစားတွေအပါအ၀င် ဘာသာရေးဆိုင်ရာ အထိန်းမှတ်လက္ခဏာတွေကို ဘယ်လိုတွေ လေးစားလိုက် နာရမယ် ဆိုတာကို လမ်းညွှန်စာအုပ်တွေ ပေးဝေခဲ့ပြီးဖြစ်ပါတယ်။ လူ့အသိုင်းဝိုင်းပေါ်မူတည်ပြီး၊ တစ်ချို့ အသင်းအဖွဲ့တွေ က ၀တ်ပုံစားပုံနဲ့ ပတ်သတ်လို့ သူတို့ရဲ့ ကိုယ်ပိုင် သီးခြားစံတွေကို သတ်မှတ်ပြဌာန်းထားပါတယ်။” ဥပဒေတွေ၊ စံတွေဟာ အဓိပ္ပါယ်နှစ်ခွ ဖြစ်နေပြီး၊ မွတ်စလင်တွေရဲ့ ခေါင်းစည်းပုဝါဆောင်းဖို့ အမိန့်နဲ့ပတ်သတ်လာရင် အသိုင်းဝိုင်းတစ်ခုလုံးမှာ လုံးဝကို အာဏာရှင်ဆန်ဆန်ပြုမူဖို့ ခွင့်ပြုထားပါတယ်” လို့ ဘာစီလိုနာမြို့က အော်တိုနိုမတ် ယူနီဗာစီတီက မနုဿဗေဒ ပါမောက္ခ၊ ဆီလ်ဗီးယား ကာရက်စ်ကို ပွန် က ပြောပါတယ်။
    မဒရစ်မြို့မှာတော့ အလားတူ ကိစ္စရပ်မျိုးဟာ ကွဲပြားတဲ့ရလာဒ်တစ်ခုနဲ့ အဆုံးသတ်သွားခဲ့ရပါတယ်။ ၂၀၁၃-ခုနှစ်က မက်ဒ ရစ်မြို့ရဲ့ တရားရုံးချုပ်မှာ ခေါင်းစည်းပုဝါဆောင်းချင်တဲ့ ၁၆-နှစ်အရွယ် ကလေးမလေးကို သူမ ဆောင်းမဲ့ခေါင်းစည်း ပုဝါဟာ ဦးထုပ်ဆောင်းသလိုပဲ ကျောင်းရဲ့ ၀တ်စားဆင်ယင်မှု့ စည်းကမ်းနဲ့မကိုက်ညီလို့ ကျောင်းဘက်ကမှန်တယ်ဆိုပြီး အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

    အဲဒီ ကလေးမလေးကတော့ ခေါင်းစည်းပုဝါဆောင်းဖို့ ခွင့်ပြုထားတဲ့ ကျောင်းကို ပြောင်းသွားခဲ့ရပါတယ်။

    ဒီလိုမျိုးတွေဟာ စပိန်ရဲ့တစ်ခြားနေရာ တော်တော်များများမှာလည်း ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၀၉-ခုနှစ်မှာဆိုရင် ဇော်ဘေဒါ ဘာရခ် အဒ်ဒီက ဟေဂျဗ်ပုဝါဆောင်းထားတဲ့အတွက်ကြောင့်မို့ သူမကို တရားရုံးရဲ့ သက်သေထွက်ဆိုပေးရမဲ့ နေရာမှာ ၀င်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဒါမျိုးက သူမအတွက် တရားရုံးမှာ ဖြစ်ခဲ့တာ တစ်ကြိမ်လည်းမကတော့ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ် မှာတော့ ဒီဆုံးဖြတ်ချက်ဟာ စံနှုန်းတွေနဲ့ ဆန့်ကျင်ခဲ့တယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။

    ” စပိန်မှာ ဥပဒေတွေက ရှင်းရှင်းလင်းလင်းရယ်လို့ မရှိပါဘူး။ ဒီလိုကိစ္စမျိုတွေက အမြဲတမ်းကို ပေါ်ပေါက်နေတာပါပဲ။ ကျနော်တို့က တိကျတဲ့ ဥပဒေတွေနဲ့ အာဏာရှင်ဆန်ဆန်အပြုမူတွေကို လျော့သွားအောင်လို့ တရားဝင် ဒီဘိတ်တွေ လုပ် သင့်တယ်ဗျ  .. မိန်းမတွေရဲ့ ကိုယ်ခန္ဓာဟာ အတွေးမြင်ပိုင်းဆိုင်ရာမှာ စစ်တလင်း မဖြစ်သင့်ပါဘူး” လို့ ကာရက်စကိုက ပြောကြားခဲ့ပါတယ်။

    ဥပဒေတွေ အမျိုးမျိုးရှိပေမဲ့လို့ စပိန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း-၁၄ မှာ ပြောထားတာက ” စပိန်ပြည်သူ/ပြည်သား တိုင်းဟာ ဥပဒေရဲ့ ရှေ့မှောက်မှာ မွေးရာဇာတိ၊လူမျိုး၊ လိင်၊ ဘာသာ၊ ယုံကြည်ချက်၊(သို့) တစ်ခြား မိမိ ကိုယ်ရေးကိုယ် တာ (သို့) လူမှု့ရေး အခြေအနေတွေ အပေါ်မူတည်ပြီး ခွဲခြားဆက်ဆံခံရခြင်း အလျဉ်းမရှိစေရ” လို့ ရေးသားထားပါတယ်။

    ” ကျွန်မအတွက်တော့၊ ခေါင်းစည်းပုဝါဆောင်းတာဟာ ဘာသာရေးပဲ။ ဒါဟာ ဖက်ရှင်လည်းဖြစ်မယ်၊ ယဉ်ကျေးမှု့လည်း ဖြစ်မယ်ဆိုခဲ့လို့ရှိရင် ကျွန်မကတော့ မတူကွဲပြားတဲ့အမြင်နဲ့ နားလည်ရပါလိမ့်မယ်။ ဒါပေမဲ့ ကုရ်အာန်မှာက ခေါင်းစည်း ပုဝါဆောင်းဖို့ အမိန့်တော်ပညတ်ထားတယ်လေ” လို့ စပိန် လူငယ်မွတ်စလင်များ၏ အထွေထွေအတွင်းရေးမှူး နှင့် သတင်းစာ ဆရာဖြစ်တဲ့ ရဖ်ကတ် အလ် ဟီခြူးက ပြောပါတယ်။

    ” ခေါင်းစည်းပုဝါဆောင်းတာနဲ့ ပတ်သတ်လို့ ဘယ်အချိန်မှာ မဆို ကျွန်မတို့ အသံအမျိုးမျိုးကို ကြားနေရပါတယ်။ ဒါဟာ မိန်းမတွေကို နိမ့်ချတာ၊ ဒါမျိုး ၀ိဝါဒကွဲစေတာလို့ အမြဲတမ်း စကားစပ်ပြောခြင်းကို ခံနေရတယ်။ ဒါပေမဲ့ လူတွေသိထားဖို့က ခေါင်းစည်းပုဝါဆောင်းတဲ့ သူတွေထဲမှာ နံမည်ကြီး သတင်းထောက်တွေ၊ ဗိသုကာ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ တောင် ပါလာကြသေးတာပဲ၊ ကွဲပြားစုံလင်မှု့ကတော့ ရှိရမယ်လေ၊ ဒါပေမဲ့ အားလုံး ဒီလို တိုးတက်မှု့ကိုတော့ သတင်း အနေနဲ့ ဖြစ်မလာခဲ့ပါဘူး။ ”

    Source : Anadolu
    Madrid: Muslim women gained their right to wear hijab ဆောင်းပါးကို ရဲသူရိန်  ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

  • နိုင်ငံခြားမှ မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို နိုင်ငံသားပြုခွင့် ပြန်ပေးထား

    နိုင်ငံခြားမှ မြန်မာနိုင်ငံသား ၁၄၀ ကျော်ကို နိုင်ငံသားပြုခွင့် ပြန်ပေးထား

    စက်တင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    myanmar

    – မြန်မာအစိုးရမှာ ယခင်နိုင်ငံသားဟောင်း ၁၄၃ ဦးကို ဥပဒေနှင့်အညီ နိုင်ငံသားပြုခွင့် ပြန်ပေးခဲ့ပြီး ဖြစ်သည်ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းဆွေက ယနေ့တွင် လွတ်တော်၌ ပြောကြားခဲ့သည်။

    လွှတ်တော်အမတ်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့် ပြန်ရရန် လျှောက်ထားသူ ၁၉၈ ဦးမှ ၁၄၃ ဦးကို နိုင်ငံသား ပြန်ပေးခဲ့ခြင်းကာ ကျန်ရှိသူများကို စီစစ်ဆဲဖြစ်သည်ဟု ဆိုသည်။

    ယခင်ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံရပ်ခြား၌ နိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသားများကို နိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့် ရရှိစေသည့် PR လုပ်ငန်းစဉ်တစ်ခုကို ဖော်ဆောင်ပေးခဲ့သည်။

    ထိုစနစ်မှာ နိုင်ငံရပ်ခြား ပညာရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အကြုံးဝင်ကြောင်း၊ အဆိုပါ အမြဲတမ်းနေထိုင်ခွင့်စနစ်ဖြင့် နေထိုင်ရန် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှစ၍ ယခုနှစ်သြဂုတ်လအထိ လျှောက်ထားသူ ၃၁၉ ဦးရှိပြီး ၂၆၄ ဦးကိုခွင့်ပြုထားကြောင်း ဦးသိန်းဆွေက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : business-starndard