News @ M-Media

Blog

  • အိန္ဒိယဆယ်ကျော်သက် အမျိုးသမီးတစ်ဦး ၎င်း၏လျှာကို ဖြတ်၍ ကာလီမယ်တော်အား ပူဇော်

    အိန္ဒိယဆယ်ကျော်သက် အမျိုးသမီးတစ်ဦး ၎င်း၏လျှာကို ဖြတ်၍ ကာလီမယ်တော်အား ပူဇော်

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    india 3

    – အိန္ဒိယမှ အသက် ၁၉ နှစ်အရွယ် ကောလိပ်ကျောင်းသူတစ်ဦးမှာ ဟိန္ဒူနတ်ဘုရားမ ကာလီမယ်တော်ကို လှူဒါန်းပူဇော်သည့်အနေဖြင့် ၎င်း၏လျှာကို ဓားဖြင့်ဖြတ်ပစ်ခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမျိုသမီးငယ်မှာ မဒ်ယာပရာဒက်ရှ်ပြည်နယ် TRS ကောလိပ်၌ တက်ရောက်နေသည့် အာတီဒူဘေးဆိုသူဖြစ်သည်။

    သူမကမူ ကာလီမယ်တော်က သူမဖြစ်ချင်သည့် ဆန္ဒအားလုံးကို ဖြည့်ဆည်းပေးမည်ဖြစ်သောကြောင့် အလဲအလှယ်အနေဖြင့် သူမ၏လျှာကို တောင်းဆိုခဲ့သည်ဟု အိပ်မက်မြင်မက်ပြီး နောက်တစ်ရက်တွင် ယခုလို ပူဇော်ခဲ့ခြင်း ဖြစ်သည်ဟု သူမက ပြောကြားခဲ့သည်။

    သူမအကိုဖြစ်သူ ဆာချင်ဒူဘေးက ညီမဖြစ်သူမှာ ထိုအစီအစဉ်အား မိမိကို ပြောခဲ့သော်လည်း မိမိအနေဖြင့် ဟာသလုပ်သည်ဟုသာ မှတ်ယူခဲ့သည်ဟု ဆိုသည်။

    ထိုကဲ့သို့ဖြစ်ရပ်များမှာ အိန္ဒိယရှိ ပညာမတတ်သော အသိုင်းအ၀ိုင်းများတွင်သာ ဖြစ်ပေါ်လေ့ရှိပြီး ယခုအဖြစ်အပျက်အတွက် အာတီ၏ မိသားစုက တုန်လှုပ်ခြောက်ခြားနေသည်။

    “ဘုရားရှင်ကျေနပ်ဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပေးလှူတယ်ဆိုတဲ့ စာမတတ်၊ အယူသည်းသမားတွေရဲ့ ဖြစ်ရပ်ကို ကျနော် ကြားဖူးပါတယ်၊ ဒါပေမယ့် ကျနော့်ရဲ့ ကောလိပ်ကျောင်းတက်နေတဲ့ ညီမကိုယ်တိုင်က ဒီလောက်အယူသည်းလိမ့်မယ်ဆိုတာကိုတော့ ဘယ်တုန်းကမှ မတွေးမိပါဘူး” ဟု ဆာချင်က ပြောကြားခဲ့သည်။

    အာတီဒူဘေးမှာ ရီဗာမြို့ရှိ ကာလီမယ်တော်ဘုရားကျောင်းတွင် သူမ၏ လျှာအား ဖြတ်ကာ လှူဒါန်းပူးဇော်ပြီးနောက် သတိလစ်ကာ လဲကျသွားခဲ့သည်။ သို့သော်လည်း ဟိန္ဒူဘုန်းကြီးတစ်ဦးနှင့် ဘုရားဖူးလာရောက်ကြသူများမှာ ဆရာဝန်ခေါ်ခြင်းမရှိဘဲ အာတီ၏ကိုယ်အား အ၀တ်ဖြင့်ထုတ်ကာ သူ့အတွက် ဆုတောင်းခဲ့ကြသည်။

    သူမမှာ ၅ နာရီကြာ သတိလစ်ခဲ့ပြီးနောက် ပြန်လည်သတိရလာသည့်အခါ ထိုကဲ့သို့ သတိလစ်ခြင်းမှာ ကာလီမယ်တော်က ကောင်းချီးပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် ဆရာဝန်များနှင့် ရဲများ အခင်းဖြစ်ရာနေရာသို့ ရောက်ရှိလာကာ အာတီ၏ အခြေအနေကို စစ်ဆေးခဲ့ကြသည်။

    ပြီးခဲ့သည့်နှစ်ကလည်း ခရစ်ကတ်ပရိတ်သတ်တစ်ဦးမှာ ခရစ်ကတ်ကမ္ဘာ့ဖလား ဆီးမီးဖိုင်နယ်တွင် အိန္ဒိယအသင်းက သြစတေးလျအသင်းအား အနိုင်ရရှိစေရန် ရည်စူး၏ ၎င်း၏လျှာကို ဖြတ်ကာ နတ်ဘုရားများအား လှူဒါန်းခဲ့သော်လည်း အိန္ဒိယမှာ ရှုံးနိမ့်သွားခဲ့သည်။

    Ref : RT

  • အိုင်အက်စ် စစ်သွေးကြွများ မြန်မာပြည် ရောက်နေသည် ဆိုခြင်းမှာ ကောလာဟလဟုဆို

    အိုင်အက်စ် စစ်သွေးကြွများ မြန်မာပြည် ရောက်နေသည် ဆိုခြင်းမှာ ကောလာဟလဟုဆို

    13886465_1146280485444646_9218220696528434591_n
    အိုင်အက်စ်စစ် သွေးကြွအဖွဲ့များ မြန်မာပြည် ရောက်ရှိနေသည် ဆိုသည်မှာ မဟုတ်မှန်ဘဲကောလာဟလသာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားလိုက်သည်။
    .
    ‘‘အိုင်အက်စ် အဖွဲ့တွေ ရောက်ရှိတယ်ဆိုတဲ့သတင်း ပြန် လည် စိစစ်တဲ့အခါမှာ မှားယွင်းမှုဖြစ်ပါတယ်။ ကောလာဟလဖြစ် ပါတယ်’’ဟု ဦးတင်မြင့်က သြဂုတ်၁၆ ရက်တွင် ပြုလုပ်သည့် အစိုးရ သစ်ရက် ၁၀၀ သတင်းစာ ရှင်း လင်းပွဲ၌ ပြောကြားခဲ့သည်။
    .
    လက်ရှိအချိန်ထိ အိုင် အက်စ်စစ်သွေးကြွများ ရောက်ရှိ လာသည့် သတင်းမရရှိသေးဘဲ မိမိတို့အနေဖြင့် လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပြီး နယ်စပ်ဒေသများကိုလည်း အမြဲမပြတ် စောင့်ကြည့်နေကြောင်း ၎င်းကဆိုသည်။
    .
    ပြည်ပနိုင်ငံများတွင် အိုင် အက်စ်များ လုပ်ကြံသည့်ဖြစ်စဉ် များကြောင့် မြန်မာနိုင်ငံ အတွင်း အိုင်အက်စ်အဖွဲ့များ ဝင်ရောက် လာနိုင်ကြောင်း သတိထားရန် ခရိုင်၊ မြို့နယ်အဆင့်မှ ရပ်ကျေး အဆင့်ထိ ညွှန်ကြားချက် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။
    .
    ‘‘အိုင်အက်စ်တွေ မြန်မာ ပြည်ဝင်ရောက်လာနိုင်တယ်။ အရေးကြီးအခမ်းအနားတွေနဲ့ ပွဲ လမ်းသဘင်၊ လူစည်ကားတဲ့နေ ရာတွေမှာ သတိထားစောင့်ကြည့် နိုင်အောင် ညွှန်ကြားချက် ထုတ် တာ၊ အဲဒါကို တိုင်းရင်းသားလည်း ဖြစ်တော့ ဘာသာစကားအရ အိုင်အက်စ်တွေ ရောက်လာနိုင် တယ်ဆိုတဲ့ အစား ဝင်ရောက်နေ ပြီဆိုပြီး မှားယွင်းသွားတာပါ’’ဟု ဦးတင်မြင့်က ပြောသည်။
    .
    ရှမ်းပြည်နယ် ဖယ်ခုံမြို့တွင် အိုင်အက်စ်အဖွဲ့များ ရောက်ရှိနေ သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး နောက် အဆိုပါ သတင်းကြောင့် ပြည်သူများအနေဖြင့် စိုးရိမ်မှုများမြင့်တက်လာခဲ့ကြသည်။
    .
    အိုင်အက်စ်စစ်သွေးကြွ အဖွဲ့က မလေးရှားအစိုးရထံသို့ပေး ပို့ခဲ့သည့် ခြိမ်းခြောက်စာ တစ်စောင် တွင် မြန်မာအစိုးရ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြား ရေး ဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်ကိုလည်း ပစ်မှတ်စာရင်း၌ ထည့်သွင်းထားခဲ့သည်။

    7Day မှ ကူးယူဖော်ပြသည်။
    http://www.7daydaily.com/story/72981

  • မလေးရှားတွင် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း သိသိသာသာ တိုးတက်

    မလေးရှားတွင် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း သိသိသာသာ တိုးတက်

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    malaysia

    – မလေးရှားနိုင်ငံရှိ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများမှာ သိသိသာသာ တိုးတက်လာနေပြီး လက်ရှိတွင် နိုင်ငံ ဘဏ်လုပ်ငန်း၏ ၂၇ ရာခိုင်နှုန်းအထိ ရှိနေကာ မလေးရှားဗဟိုဘဏ်၏ ဘဏ္ဍာရေးစီမံကိန်းအောက် ရည်မှန်းချက်ဖြစ်သော ၂၀ ရာခိုင်နှုန်းကိုပင် ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။

    ဗဟိုဘဏ်၏ ယမန်နေ့ထုတ်ပြန်ချက်တွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်ပြီး အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ မလေးရှား ဘဏ္ဍာရေးနစ်၏ အဓိကအစိတ်အပိုင်း ဖြစ်နေသည်ဟုလည်း ဆိုသည်။

    “ဒီလိုဖြစ်လာတာဟာ အခြေခံအဆောက်အဦး၊ အသင်းအဖွဲ့ဆိုင်ရာနဲ့ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းတွေ၊ ပြီးတော့ ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကြပ်မတ်ထားတဲ့မူဘောင်တွေအပေါ် ဦးတည်ပြီး အခြေခိုင်ခိုင်တည်ဆောက်ဖို့ စဉ်ဆက်မပြတ်စီမံကိန်းတွေ ပြုလုပ်ခဲ့ခြင်းရဲ့ အကျိုးဆက်တွေပါပဲ” ဟု New Straits Times သတင်းစာက ဖော်ပြခဲ့သည်။

    ဗဟိုဘဏ်အကြီးအကဲ ဒါတွတ် မိုဟာမက် အီဘရာဟင်ကလည်း “ဒီသတ်မှတ်ချက်တွေဟာ အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းရဲ့ အဓိက အစိတ်အပိုင်းတွေပါပဲ” ဟု မူရာဘာဟာစည်းမျဉ်းနှင့်ပတ်သက်၍ အဓိကထားပြုလုပ်သော ‘ပညာရှင်များ၏ ရှရီအသ်လမ်းညွှန်နှင့် လက်တွေ့ဆောင်ရွက်ခြင်းဆိုင်ရာ စံသတ်မှတ်ချက်များ’ အခမ်းအနားဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

    မလေးရှားတွင် ၂၀၀၀ ခုနှစ်က အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနှင့် ငွေချေးလုပ်ငန်း ၄ ခုသာ ရှိရာမှ ယခုအချိန်တွင် ၂၇ ခုအထိ ရှိလာခဲ့ပြီး ငွေကြေးဆိုင်ရာ ၀န်ဆာင်မှုပေါင်း ၁၀၀ ကျော်ကို ဆောင်ရွက်ပေးနေသည်။

    မကြာသေးမီက Reuters မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ပြီးခဲ့သည့်နှစ် ကမ္ဘာ့အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း၏ ၆၅ ရာခိုင်နှုန်းကို မလေးရှား၊ ဆော်ဒီအာရေဗျ၊ အီရန်တို့က စိုးမိုးထားသည်ဟု ဖော်ပြခဲ့သည်။

    Ref; IINA

  • ဂွါတာနာမိုတွင် အပြစ်မရှိဘဲ ထိန်းသိမ်းထားသည့် အကျဉ်းသားများကို ယူအေအီးသို့ ကန် လွှဲပေး

    ဂွါတာနာမိုတွင် အပြစ်မရှိဘဲ ထိန်းသိမ်းထားသည့် အကျဉ်းသားများကို ယူအေအီးသို့ ကန် လွှဲပေး

    သြဂုတ် ၁၇၊ ၂၀၁၆
    M-Media

    guatanamo

    – အမေရိကန်စစ်တပ်က စီမံခန့်ခွဲပြီး မကောင်းသတင်းဖြင့် ကျော်ဇောသည့် ဂွါတာနာမိုအကျဉ်းစခန်းမှ အကျဉ်းသား ၁၅ ဦးကို ယမန်နေ့က အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံသို့ အမေရိကန်က လွှဲပြောင်းပးခဲ့သည်ဟု သိရသည်။

    အဆိုပါ အကျဉ်းသားများမှာ ယီမင်နိုင်ငံသား ၁၂ ဦး၊ အာဖဂန် ၃ ဦးတို့ဖြစ်ကြပြီး ၎င်းတို့ထဲမှ အချို့မှာ မည်သည့် အပြစ်မှ မကျူးလွန်ခဲ့သောကြောင့် တရားစွဲဆိုမှု မခံရဘဲ ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသူများ ဖြစ်သည်။ ၎င်းတို့ကို ယူအေအီးတွင် ပြန်လည်နေရာချထားပေးမည်ဖြစ်ပြီး အိုဘားမားလက်ထက် ဂွါတာနာမို အကျဉ်းသားများကို တစ်ကြိမ်းတည်း အများဆုံး လွှဲပြောင်းပေးမှုလည်း ဖြစ်သည်။

    ပင်တဂွန်မှထုတ်ပြန်သော ကြေငြာချက်တွင် ဂွာတာနာမိုအကျဉ်းစခန်းအား ပိတ်ပစ်ရေးအတွက် အမရိကန်၏ အားထုတ်မှုကို လိုလိုချင်ချင် ပံ့ပိုးပေးမှုနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပြုအမူများအတွက် ယူအေအီးကို ကျေးဇူးတင်သည်ဟု ဖော်ပြထားသည်။

    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု နောက်ပိုင်းတွင် ဂွာတာနာမိုအကျဉ်းစခန်း၌ ထိန်းသိမ်းထားသည့် အကျဉ်းသားအရေအတွက်မှာ ၇၈၀ ခန့် ရှိခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International USA ကမူ အမေရိကန်အစိုးရ၏ ထိုဆောင်ရွက်မှုကို ကြိုဆိုခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဂွါတာနာမိုအကျဉ်းစခန်းအား ရာထူးသက်တမ်းမကုန်ခင် ပိတ်ပစ်ရေး အိုဘားမား၏ အလေးထားဆောင်ရွက်မှုလက္ခဏာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဂွါတာနာမိုအကျဉ်းစခန်းမှ ထိန်းသိမ်းထားသူများတွင် ၉ ဦးမှာ ထိန်းသိမ်းခံရစဉ်အတွင်း သေဆုံးခဲ့သည်။ သမ္မတဘုရှ်လက်ထက်တွင် အကျဉ်းသား ၅၃၂ ဦးကို လွှတ်ပေးခဲ့ပြီး၊ သမ္မတအိုဘားမား လက်ထက်တွင် ၂၄၂ ဦး လွှတ်ပေးခဲ့ကာ၊ လက်ရှိတွင် အကျဉ်းစခန်း၌ ၆၁ ဦး ကျန်ရှိနေသည်။

    ထိုအထဲမှ ၂၁ ဦးမှာ အပြစ်မရှိကြောင်း လုံးဝ ရှင်းလင်းနေပြီဖြစ်သည်။ ဂွါတာနာမိုအကျဉ်းစခန်းသက်တမ်းတစ်လျှောက် ထိန်းသိမ်းခဲ့သည့် အကျဉ်းသား ၇၈၀ တွင် ၉/၁၁ တိုက်ခိုက်မှုမှ ၅ ဦး အပါအ၀င် ၁၀ ဦးသာ အပြစ်ရှိကြောင်း တွေ့ရှိရ၍ တရားစွဲဆိုနိုင်ခဲ့သည်။

    Ref : Aljazeera

  • ရုရှားက ဆီးရီးယားပစ်မှတ်များကို အီရန်မြေမှ ပထမဆုံး တိုက်ခိုက်

    ရုရှားက ဆီးရီးယားပစ်မှတ်များကို အီရန်မြေမှ ပထမဆုံး တိုက်ခိုက်

    သြဂုတ် ၁၇၊ ၂၀၁
    M-Media

    iran

    – ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်မှတ်များအား ရုရှားလေယာဉ်များက အီရန်စစ်အခြေစိုက်စခန်းများမှနေ၍ ယမန်နေ့တွင် ပထမဆုံး သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ရုရှားမှာ ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်နိုင်ရးအတွက် ၎င်းတို့၏ လေယာဉ်များကို အီရန်ရှိ လေတပ်စခန်းတွင် ချထားခဲ့ပြီးနောက် ယခုကဲ့သို့ ပထမဆုံး တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ယမန်နေ့ တိုက်ခိုက်မှုအတွင်း Tupolev-22M3 နှင့် Sukhoi-34 ဗုံးကြဲလေယာဉ်များမှာ အီရန်အနောက်ပိုင်း ဟာမာဒန် လေတပ်စခန်းမှ ပျံတက်ကာ အစ်ဒလစ်ဘ်နှင့် ဒီ အလ်-ဇိုရ်တို့ရှိ IS နှင့် အလ်နူဆရာတပ်ဦးတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ရုရှားမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာမှစ၍ ဆီးရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    Ref : Aljazeera