News @ M-Media

ယခုနှစ် ဟဂ်ျပြုမည့် တရုတ်မွတ်စလင် ၁၄၀၀၀ ကျော်ရှိ

သြဂုတ် ၁၈၊ ၂၀၁၆
M-Media

hajj

– ယခုနှစ် ဟဂ်ျဘုရားဖူးကာလအတွင်း ဟဂ်ျသွားရောက်ပြုလုပ်မည့် တရုတ်မွတ်စလင်အရေအတွက်မှာ ၁၄၅၀၀ ၀န်းကျင်ရှိမည်ဟု သိရသည်။

ထိုအထဲမှ ပထမဆုံးအသုတ်မှာ နိုင်ငံအနောက်မြောက်ပိုင်း ဂန်ဆူးပြည်နယ် ဆော်ဒီသို့ တနင်္လာနေ့က ထွက်ခွာသွားခဲ့ပြီး စုစုပေါင်း ၂၉၇ ဦး ရှိသည်။ ယခုခရီးစဉ်သည် ဂန်ဆူးပြည်နယ်မှ ဟဂ်ျပြုရန် ထွက်ခွာမည့် ပထမဆုံးလေကြောင်း ခရီးစဉ်ဖြစ်ကြောင်း ရှင်ဟွာသတင်းဌာနက ပြောသည်။

တနင်္လာနေ့မှ စနေနေ့ထိ ဂန်ဆူးပြည်နယ်၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အခြားသောဒေသများမှတရုတ်မွတ်စလင် ဟဂ်ျခရီးသည် ၂၉၀၀ ကျော်မှာ လန်ဇူးလေဆိပ်မှ လေယာဉ် ၁၀ စီးဖြင့် ဆော်ဒီအာရေဗျသို့ ထွက်ခွာမည်ဖြစ်သည်။

Ref : IINA

Comments

Leave a Reply