News @ M-Media

Blog

  •   အီလက်ထရောနစ်ဝန်ဆောင်မှုတွင် ယူအေအီးက ကမ္ဘာ့အဆင့် ၈ ချိတ်

     အီလက်ထရောနစ်ဝန်ဆောင်မှုတွင် ယူအေအီးက ကမ္ဘာ့အဆင့် ၈ ချိတ်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    top chart2 English

    – ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးဌာန ( UNDESA) က ထုတ်ပြန်တဲ့ အီလက်ထရောနစ်အခြေပြု အစိုးရဖွံ့ဖြိုးရေးညွှန်းကိန်း (EGDI) မှာ အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံက ကမ္ဘာ့အဆင့် ၈ နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။

    အီလက်ထရောနစ် ၀န်ဆောင်မှု အကောင်းဆုံးပေးနိုင်မှုကို အခြေခံပြီး အဆင့်သတ်မှတ်တဲ့ အဲဒီ အညွှန်းကိန်းမှာ ယူအေအီးဟာ ပြီးခဲ့တစ်နှစ်ကထက်စာရင် အဆင့် ၄ ဆင့် တက်လာတာဖြစ်ပြီး အက်စတိုးနီးယားပြည်သူ့သမ္မတနိုင်ငံနဲ့အတူ အဆင့် ၈ မှာ ပူးတွဲတည်ရှိတာ ဖြစ်ပါတယ်။

    ပင်လယ်ကွေ့နိုင်ငံတွေ၊ အာရပ်ကမ္ဘာနဲ့ အနောက်အာရှဒေသအတွင်း အီလက်ထရောနစ်ဝန်ဆောင်မှု အကောင်းဆုံးပေးနိုင်တဲ့ စာရင်းမှာ ယူအေအီးဟာ အဆင့် ၁ နေရာမှာ ရှိနေပြီး၊ အာရှတိုက်အနေနဲ့ကြည့်မယ်ဆိုရင် အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

    အီလက်ထရောနစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအညွှန်းကိန်းမှာ ယူအေအီးနဲ့ ဘာရိန်းနိုင်ငံတို့ဟာ အာရပ်ကမ္ဘာမှာ အဆင့် ၁ ချိတ်ပြီး ကမ္ဘာ့အဆင့်မှာတော့ အဆင့် ၃၂ နေရာမှာသာ ရှိနေပါတယ်။

    “ယနေ့မှာတော့ ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့အဆင့် နံပါတ် ၈ ကို ရပါတယ်၊ ၂၀၂၁ မှာ အဆင့် ၁ ကိုရောက်အောင်ကြိုးပမ်းသွားပါမယ်၊ ဒါဟာ ရွေးချယ်စရာတစ်ခုမဟုတ်ပါဘူး၊ ကျွန်တော်တို့ အောင်မြင်မှုရဖို့နဲ့ ထိပ်ဆုံးရောက်ဖို့အတွက် နှစ်မြှုပ် ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်” လို့ ယူအေအီး ဆယ်သွယ်ရေးအာဏာပိုင်အဖွဲ့ အထွေထွေညွှန်ကြားရေးမှူး ဟာမတ် အလ်မန်ဆူရီက ပြောပါတယ်။

    Ref : IINA

  • ဂျပန်တွင် နိုင်ငံတကာ ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးရုံး ဖွင့်လှစ်

    ဂျပန်တွင် နိုင်ငံတကာ ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးရုံး ဖွင့်လှစ်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    halal

    – ဟာလာလ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် နိုင်ငံတကာ အစ္စလာမ့် ဟာလာလ်အသင်း (IIHO) ရုံးခန်းကို ဂျပန်နိုင်ငံမှာ မကြာမီက ဖွင့်လှစ်ထားရှိခဲ့ပြီး၊ IIHO ရဲ့ ဆော်ဒီရုံးခွဲက စီစဉ်ပေးတာ ဖြစ်ပါတယ်။

    ဂျပန်ခရီးသွားကဏ္ဍနဲ့ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍတွေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဟာလာလ်ဈေးကွက်ကို ထိုးဖောက်ထို့ အပြင်းအထန်ကြိုးစားနေတဲ့အချိန် ဒီလို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးရုံးခန်း ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဂျပန်ဟာ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို တိုကျိုမြို့မှာ လက်ခံကျင်းပမှာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက မွတ်စလင်ခရီးသွားတွေ အထူးသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့အလယ်ပိုင်းက မွတ်စလင်တွေကို ဆွဲဆောင်ဖို့ ကြိုးစားရာမှာလည်း ဒီဆောင်ရွက်ချက်က အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

    ဆော်ဒီအာရေဗျက IIHO ရုံးရဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆာလေဟ် အေလာယဒ်က ဂျပန် IIHO ရုံးရဲ့ အမှုဆောင်ဒါရိုက်တာ မိုဟာမက် ဇူဘိုင်းရ်ကို ဂုဏ်ပြုခဲ့ပါတယ်။

    “ကျွန်တော့်အနေနဲ့ ဂျပန်နိုင်ငံမှာ IIHO ရုံး ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ၀မ်းသာဂုဏ်ယူမိပါတယ်။ IIHO အနေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ရဲ့စွန္နဟ်တော်နဲ့အညီဟလာလ်အဆင့်မီလက်မှတ် ထုတ်ပေးရေးလုပ်ငန်းကို တိုးချဲ့နိုင်ခဲ့တဲ့အတွက် အလွန်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ အခုဆိုရင် ဒီဝန်ဆောင်မှုလုပ်ငန်းတွေဟာ ကမ္ဘာအနှံ့မှာ ပျံ့နှံ့နေပြီဖြစ်ပါတယ်”

    အခု ဂျပန်နိုင်ငံမှာ ဖွင့်လှစ်လိုက်တဲ့ IHO ရုံးဟာ ဟာလာလ်အသိအမှတ်ပြုလက်မှတ်တွေကိုသာ ထုတ်ပေးသွားမှာမဟုတ်ဘဲ ဟာလာလ်စားသောက်ကုန်လုပ်ငန်းနဲ့ပတ်သက်တဲ့ လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း ပို့ချပေးသွားမှာ ဖြစ်ပါတယ်။

    Ref : IINA

  • SIM Card များ မှတ်ပုံတင်သုံးစွဲရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပေး

    SIM Card များ မှတ်ပုံတင်သုံးစွဲရန် ကိစ္စနှင့် စပ်လျဉ်း၍ အသိပေး

    Three SIM cards
    Photo-Zarni Min Naing/MBT

    နေပြည်တော် သြဂုတ် ၁
    .
    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ် ရေးညွှန်ကြားမှု ဦးစီးဌာနသည် အများပြည်သူလုံခြုံရေးကို ထိရောက်စွာအကာအကွယ်ပေးနိုင်ရန်၊ အများပြည်သူ များအနေဖြင့် မိုဘိုင်းဖုန်းအသုံးပြု၍ mobile banking၊ mobile money၊ online shopping စသည့်ကိစ္စရပ် များ ပြုလုပ်ရာတွင် အသိအမှတ်ပြု ပစ္စည်း(Identi- fication Device) တစ်ခုအနေဖြင့် ဆက်စပ်အသုံးပြုနိုင် ရန်၊SIM Card ပျက်စီး၊ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ပါက အလွယ်တကူ ပြန်လည်ရရှိ သုံးစွဲနိုင် ရန်တို့အတွက် မိုဘိုင်း ဖုန်း သုံးစွဲသူများ၏ SIM Card များကို စနစ်တကျ မှတ်ပုံ တင်၍သုံးစွဲခြင်း (SIM Card Registration)စနစ် အား စီစဉ်ဆောင်ရွက်လျက် ပါရှိသည်။
    .
    SIM Card များ Registration ပြုလုပ်ခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်သည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဆက်သွယ်ရေးဝန်ဆောင်မှုပေးလျက်ရှိသည့် အော်ပရေတာများသို့လည်းSIM Card များ မှတ်ပုံတင်ခြင်း(SIM Card Registration)ကိစ္စအား မဖြစ်မနေ ပြု လုပ်ဆောင်ရွက်ရန် ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်စေခဲ့ပြီး ဖြစ်ပါသည်။
    .
    SIM Card များ Registration ပြုလုပ်ရန်အတွက် လိုအပ်မည့်အချက် အလက်များ မှာ
    ၁။ အမည်၊
    ၂။ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်(သို့မဟုတ်)အခြား အကျုံးဝင်သည့် ကတ်ပြားအမှတ်၊ ကျောင်းသားကတ်၊ ယာဉ်မောင်းလိုင်စင်ကတ်၊ Passport No (နိုင်ငံခြားသားများအတွက်သာ)၊
    ၃။ အမှတ်စဉ် (၂) ပါ ကတ်ပြားများ မိတ္တူ၊
    ၄။ အဘအမည်၊
    ၅။ မွေး သက္ကရာဇ် (ရက်/လ/ခုနှစ်)၊
    ၆။ လူမျိုး/နိုင်ငံသား၊
    ၇။ ကျား/မ၊
    ၈။ နေရပ်လိပ်စာတို့ ဖြစ်သည်။
    .
    ယခင်မှတ်ပုံတင်ပြီးSIM Card များအနေဖြင့် လက်ရှိသုံးစွဲသူအမည် မှန်ကန်ခြင်း မရှိလျှင်သော် လည်းကောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားရှိ သော်လည်း မိမိကိုယ်တိုင်သုံးစွဲခြင်း မရှိတော့လျှင်သော် လည်းကောင်း သက်ဆိုင် ရာ အော်ပရေတာများနှင့် ဆက်သွယ်၍ သုံးစွဲသူအမည်နှင့်အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါသည်။
    .
    သို့ဖြစ်၍ မိုဘိုင်းဖုန်းသုံးစွဲသူများသည် မိမိတို့အသုံးပြုလျက်ရှိသည့် SIM Card များအား သက်ဆိုင်ရာအော်ပရေတာများနှင့် ဆက်သွယ်၍ မှတ်ပုံတင်ခြင်း ပြုလုပ် ကြပါရန်နှင့် စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသည့်SIM Card များ အား ၂ဝ၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့မှစ၍ ဝန်ဆောင်မှုပေးခြင်း ယာယီရပ်စဲ သွားမည်ဖြစ်ပြီး စနစ်တကျမှတ်ပုံတင်ပြီးမှသာ ပြန်လည် သုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

    source: MOI

  • အမေရိကန်ဒုံးခွင်းစနစ် ထားရှိမည့်အစီအစဉ် တောင်ကိုရီးယား ပြည်သူများ ကန့်ကွက်

    အမေရိကန်ဒုံးခွင်းစနစ် ထားရှိမည့်အစီအစဉ် တောင်ကိုရီးယား ပြည်သူများ ကန့်ကွက်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    south

    – အမေရိကန်ရဲ့ THAAD ဒုံးခွင်းစနစ်ချထားမယ့်အစီအစဉ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို တောင်ကိုရီးယားပြည်သူတွေက နိုင်ငံတစ်ဝှမ်းမှာ ပြုလုပ်နေတယ်လို့ သိရပါတယ်။

    အဲဒီဒုံးခွင်းစနစ်ကို ဆွန်းဂျူးဒေသမှာ ထားရှိသွားမှာဖြစ်ပြီး သေခံတွေကတော့ တနင်္ဂနွေနေ့မှာ အစိုးရအဆောက်အအုံအရှေ့မှာ စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ အစိုးရက အဲဒီနေရာကို ရွေးချယ်ခဲ့ပြီးနောက်ပိုင်း ဇူလိုင်လ ၁၃ ရက်နေ့ကတည်းက စတင်ကာ ဒေသခံပြည်သူတွေက ဆန္ဒပြခဲ့ကြတာပါ။

    ဒီလိုချထားတာဟာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုန့်ပြန်သွားဖို့ဖြစ်တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောကြားထားပြီး၊ တနင်္ဂနွေနေ့ ဆန္ဒပြမှုမှာတော့ ပြည်သူတွေက “THAAD ချထားရေးအပေါ် အသေခံကာကွယ်သွားမည်” စတဲ့ ဆိုင်းဘုတ်တွေကိုတောင် ကိုင်ဆောင်ခဲ့ကြပါတယ်။

    တောင်ကိုရီးယားပြည်သူတွေဟာ ဒုံးခွင်းစနစ်ကြောင့် ပတ်းဝန်းကျင်အပေါ် သက်ရောက်နိုင်တဲ့ဆိုးကျိုး၊ ကျန်းမာရေးဆိုးကျိုးတွေ ရှိလာမှာကို စိုးရိမ်နေကြပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ အာရုံစူးစိုက်မှုကို ရရှိစေဖို့ လက်မှတ်ရေးထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုကိုလည်း ဆောင်ရွက်နေပါတယ်။

    “အမေရိကန်ဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး THAAD စနစ်ကို ဒီမှာထားဖို့ ပြောနေတာပါ။ သူတို့ဟာ ကျွန်တော်တို့တိုင်းပြည်ကို နောက်ကျော ဓားနဲ့ထိုးလိုက်တာပါပဲ” လို့ ဆန္ဒပြွဲမှာ ပါဝင်သူတစ်ဦးက ပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • လစ်ဗျားရှိ IS ပစ်မှတ်များကို အမေရိကန် ပထမဆုံး တိုက်ခိုက်

    လစ်ဗျားရှိ IS ပစ်မှတ်များကို အမေရိကန် ပထမဆုံး တိုက်ခိုက်

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    liby a

    – လစ်ဗျားနိုင်ငံအတွင်း ရှိနေသည့် IS ပစ်မှတ်များကို အမေရိကန်လေတပ်က ယမန်နေ့တွင်တိုက်ခိုက်ခဲ့သည်ဟု လစ်ဗျားအစိုးရက ပြောကြားလိုက်ပြီး ထိုတိုက်ခိုက်မှုမှာ လစ်ဗျားတွင် အမေရိကန်၏ ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။

    ဆာရ်တီမြို့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပင်တဂွန်ကမူ နိုင်ငံတော်အာဏာပိုင်အစိုးရအဖွဲ့ GNA ဟု အမည်ပေးထားသည့် ညီညွတ်သောအစိုးရ၏ တောင်းဆိုမှုကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ဆာရ်တီမြို့အား ထိန်းချုပ်ရေး လစ်ဗျားအစိုးရစစ်တပ်က ကြိုစားရာတွင် IS အဖွဲ့က မြေမြှုပ်မိုင်းများ၊ လမ်းဘေးဗုံးများဖြင့် ခုခံသောကြောင့် အရာမရောက်ဘဲ၊ လေကြောင်းပစ်ကူပေးရန် အမေရိကန်သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ လစ်ဗျားအစိုးရကမူ တိုက်ခိုက်မှုအတွင်း ပစ်မှတ်များမှာ တိကျခဲ့ပြီး IS အဖွဲ့မှာ ထိခိုက်ဆုံးရှုံးမှု အများအပြားရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljzaeera