သြဂုတ် ၇၊ ၂၀၁၆
M-Media
– ဆော်ဒီအစိုးရမှာ ယခုနှစ် ဟဂ်ျရာသီအတွင်း ဆော်ဒီနိုင်ငံသားများနှင့် နိုင်ငံခြားသား အလုပ်သမား စုစုပေါင်း ၄၉၀၀၀ အတွက် စရိတ်နည်း ဟဂ်ျပြုခွင့် အစီအစဉ်တစ်ခုကို ဖန်တီးပေးခဲ့ပြီး ခရီးသွားကုမ္ပဏီများနှင့် အေဂျင်စီ ၇၆ ခုမှတစ်ဆင့် လျှောက်ထားနိုင်သည်ဟု သိရသည်။
ဟဂ်ျနှင့် အွမ္မရာဟ်ဆိုင်ရာ ၀န်ကြီးဌာနက ယင်းအစီအစဉ်အတွက် လျှောက်လွှာများကို ကြာသာပတေးနေ့က ခေါ်ယူခဲ့သည်။ စာရင်းသွင်းခြင်းလုပ်ငန်းစဉ်ကို အွန်လိုင်းဖြင့်လုပ်ဆောင်ရန် လိုအပ်ပြီး ယင်းကိစ္စဆောင်ရွက်ရန် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ပေးထားသည်ဟု ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
အစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် လိုအပ်သောအချက်အလက်များ၊ လက်ကိုင်ဖုန်းနံပါတ်ကို ပေးပို့ရမည် ဖြစ်သည်။ ၀န်ကြီးဌာနကမူ ထိုအစီအစဉ်တွင် ၀န်ဆောင်မှုပေးရန် လျှောက်ထားသည့် ဟဂ်ျကုမ္ပဏီအရေအတွက်မှာ ၂၀၀ ကျော်ခဲ့ပြီး ထိုအထဲမှာ ၇၆ ခုကိုသာ ဇကာတင် ရွေးချယ်ခဲ့ကြာင်း၊ မကျေနပ်မှုများရှိပါက ၀န်ကြီးဌာန၏ ပြည့်သူ့ဆက်ဆံရေးဌာနနှင့် ဆက်သွယ်နိုင်ကြောင်း ပြောကြားခဲ့သည်။
ဟဂ်ျဘုရာဖူးရာသီအတွက် ဆော်ဒီအစိုးရမှာ ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီး မကြာသေးမီကလည်း မီနာဒေသတွင် နောက်ဆုံးပေါ် နည်းပညာများကို အသုံးပြုထားသည့် လေအေးပေးစက်အသစ် ၈၅၀၀ ကို တပ်ဆင်ခဲ့သည်။
Ref : IINA


Leave a Reply
You must be logged in to post a comment.