News @ M-Media

Blog

  • ဂျပန်က ပထမဆုံး မောင်းသူမဲ့ဘတ်စ်ကားကို ထုတ်ဖော်ပြသ

    ဂျပန်က ပထမဆုံး မောင်းသူမဲ့ဘတ်စ်ကားကို ထုတ်ဖော်ပြသ

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    japan 2

    – ဂျပန်နိုင်ငံမှ ထင်ရှားသော မိုဘိုင်းဖုန်းထုတ်လုပ်သည့် ကုမ္ပဏီ DeNA မှာ နိုင်ငံ၏ ပထမဆုံး မောင်းသူမဲ့ ဘတ်စ်ကားကို ထုတ်ဖော်ပြသခဲ့ပြီး လာမည့်လတွင် ပြေးဆွဲသွားရန် ရှိနေသည်ဟု သိရသည်။

    Robot Shuffle ဟု အမည်ပေးထားသည့် အဆိုပါ ဘတ်စ်ကားမှာ ချီဘာပြည်နယ် မာကူဟာရီ ခရိုင်ရှိ Aeon ရှော့ပင်းမောသို့ ဈေးဝယ်သူများအား ပို့ဆောင်ရေး ၀န်ဆောင်မှုကို ဆောင်ရွက်သွားမည်ဖြစ်သည်။

    DeNA မှာ အဆိုပါ ဘတ်စ်ကားကို ယမန်နေ့က ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ပြီး ပြင်သစ်လုပ်ငန်းတစ်ခုဖြစ်သော EasyMile နှင့်အတူ ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။ EasyMile ၏ စမ်းသပ်မှုဆိုင်ရာ အကြီးအကဲ ဖရန်ကိုအစ် ချားလော့မှာ အမှန်တကယ် ခရီးသွားများ ပို့ဆောင်သည့်အချိန်တွင် မတော်တဆ မဖြစ်ရန်သာ လိုအပ်တော့သည်ဟု ပြောကြားခဲ့သည်။

    ဘတ်စ်ကားအား တီထွင်ခဲ့သည့် အဖွဲ့ခေါင်းဆောင် တာကာရှီ တာဆူဂူချီကမူ အဆိုပါကားမှာ ဘေးအန္တရာယ်ကင်းရှင်းရေး စံနှုန်းအားလုံးနှင့် ကိုက်ညီမှုရှိသည်ဟု ဆိုသည်။

    “ကားရဲ့ထောင့်တွေမှာထည့်ထားတဲ့ လေဆာတွေဟာ အတားအဆီးတွေကို သိရှိနိုင်စွမ်း တော်တော်လေးကောင်းပါတယ်။ ပြီးတော့ ပိုပြီး အန္တရာယ်ကင်းအောင်လို့ နောက်ထပ် ဆင်ဆာအသစ်တွေလည်း တပ်ဆင်သွားဖို့ရှိပါတယ်။ ပိုစိတ်ချရအောင်ပေါ့ဗျာ” ဟု တာဆူဂူချီက ပြောကြားခဲ့သည်။

    အဆိုပါ လူမဲ့ဘတ်စ်ကားမှာ လူ ၁၂ ဦးခန့် လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး တစ်နာရီတွင် ၂၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်သည်။

    Ref: Press TV

  • မွတ်စလင်သူရဲကောင်း၏ မိသားစုကို စော်ကားပြောဆိုသည့် ဒေါ်နယ်ထရမ့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ

    မွတ်စလင်သူရဲကောင်း၏ မိသားစုကို စော်ကားပြောဆိုသည့် ဒေါ်နယ်ထရမ့် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရ

    သြဂုတ် ၂၊ ၂၀၁၆
    M-Media

    trump

    – အီရတ်စစ်ပွဲတွင် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့သည့် အမေရိကန်မွတ်စလင် ဗိုလ်ကြီးတစ်ဦး၏ မိဘများအား စော်ကားပြောဆိုခဲ့မှုအတွက် ရီပက်ဘလစ်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်မှာ ဝေဖန်မှုများကို ခံနေရပြီး ၎င်း၏ ပါတီဝင်များကပင် ၎င်းအား ရှုတ်ချခဲ့ကြသည်။

    ၂၀၀၄ ခုနှစ်တွင် တပ်ဖွဲ့ဝင်များကို ကာကွယ်ရင်း အီရတ်၌ ကျဆုံးသွားခဲ့ကာ အမေရိကန်ရှိ အမြင့်ဆုံး သူရဲကောင်း ဆုတံဆိပ်များဖြစ်သော Gold Star နှင့် Purple Heart ဆုများ ရရှိခဲ့သည့် ဗိုလ်ကြီး ဟူမေယွန် ခန်း၏ မိဘနှစ်ပါးမှာ ပြီးခဲ့သည့်တစ်ပတ်က ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ပြီး လူမျိုးရေးခွဲခြားစော်ကားမှုများ ပြလုပ်ခဲ့သည့် ထရမ့်အား ဝေဖန်ခဲ့သည်။

    ထရမ့်ကမူ ဗိုလ်ကြီးခန်း၏ ဖခင်က ပြောကြားသည့်မိန့်ခွန်းကို ဟီလာရီကလင်တန်က ရေးပေးခဲ့ခြင်းဖြစ်ပြီး၊ မိခင်မှာလည်း မည်သည့်စကားမှ ပြောခွင့်မရှိခဲ့ဟု ဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထရမ့်၏ ထိုမှတ်ချက်မှာ တိုင်းပြည်အတွက် အသက်ပေးခဲ့သည့် သူရဲကောင်းတစ်ဦး၏ မိသားစုကို စော်ကားသကဲ့သို့ ဖြစ်သောကြောင့် အမေရိကန်ပြည်သူများ၊ နိုင်ငံရေးသမားများက ဝေဖန်ခဲ့ကြသည်။

    “သူ့ကို ကျွန်တော်တို့ပါတီက သမ္မတလောင်းအဖြစ် ရွေးချယ်အပ်နှင်းထားတာဟာ ကျွန်တော်တို့ သူရဲကောင်းတွေကို ပြောချင်ရာပြောဖို့ လိုင်စင်ပေးထားတာ မဟုတ်ပါဘူး” ဟု စစ်သားဟောင်းတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဂျွန်မက်ကိန်းက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကလည်း ထရမ့်၏ ထိုမှတ်ချက်အတွက် ဝေဖန်ခဲ့ပြီး မိမိတို့တိုင်းပြည် လွတ်လပ်မှုနှင့် လုံခြုံရေးအတွက် အသက်ပေးလှူခဲ့ကာ Gold Star ဆုရ သူရဲကောင်းများ၏ မိသားစုများထက် မည်သူကမှ တိုင်းပြည်အတွက် ပိုမိုပေးဆပ်ခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။

    ယခင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်ပြီး ရီပက်ဘလစ်ကန်ပါတီဝင်တစ်ဦးဖြစ်သူ ၀ီလီယံ ကိုဟန်ကမူ ထရမ့်၏ ထိုမှတ်ချက်များက တိုင်းပြည်အတွက် အသက်ပေးခဲ့သော ဟူမေယွန်းခန်းအား မလေးစားသည့်သဘော သက်ရောက်သွားကြောင်း၊ အမေရိကန်စစ်တပ်မှ သူရဲကောင်းများကို နိုင်ငံရေးသမားများက ထရမ့်ကဲ့သို့ ဝေဖန်မှုမျိုး ယခင်က မတွေ့ခဲ့ဖူးကြောင်း BBC နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ထို့နောက် လာမည့်နိုဝင်ဘာရွေးကောက်ပွဲတွင် ထရမ့်အား မဲပေးမည်းလားဟု မေးမြန်းရာတွင် ကာကွယ်ရေးဝန်ကြီးဟောင်းက ဗိုလ်ကြီး ဟူမေယွန်းခန်းမိသားစု၊ ဂျွန်မက်ကိန်း၊ နေတိုးအဖွဲ့နှင့် ရုရှား စသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ထရမ့်၏ပြောကြားမှုများကို ကြည့်ပါက အမေရိကန်အတွက် ကောင်းမွန်သည့် ခေါင်းဆောင်ဖြစ်မည်ဟု မယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    “သူဟာ တိုင်းပြည်မှာ ကျွန်တော်မြင်ချင်တဲ့ ခေါင်းဆောင်မျိုး မဟုတ်ပါဘူး။… ဒေါ်နယ်ထရမ့်ကို ကျွန်တော် မဲပေးဖို့ အလားအလာမရှိပါဘူး”

    ထို့ပြင် တောင်ကယ်ရိုလိုင်းနား အထက်လွှတ်တော်အမတ် လင်ဆေး ဂရေဟမ်၊ လွှတ်တော်ဥက္ကဌ ပေါလ်ရိုင်ယန်၊ အိုဟိုင်းယိုးပြည်နယ်အုပ်ချုပ်ရေးမှူး ဂျွန်ကာဆစ်ခ်ျ၊ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျဘ်ဘုရှ်၊ ဗိုလ်ချုပ်ဟောင်း ဘရိုင်ယန် ဒဖ်ဖီ၊ အလာဘားမားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျက်ဖ် ဆက်ရှင်၊ နယူးဟမ့်ရှိုင်းယားပြည်နယ်မှ အထက်လွှတ်တော်အမတ် ကီလီ အေယူတီ၊ စသည့် ရီပက်ဘလစ်ကန် နိုင်ငံရေးသမားများကလည်း အမေရိကန်သူရဲကောင်းမိသားစုအား ထရမ့်၏ စော်ကားပြောဆိုမှုအတွက် ရှုတ်ချခဲ့ကြသည်။

    Ref: New York Times, BBC

  • ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    13681030_316690885338211_1892487387225913898_n

    ၁၊၈၊၂၀၁၆
    စံတော်ချိန် သတင်းစာမှ

    image via-Khin Maung Win

  • ဂျာမန်ဘာသာဖြင့် အစ္စလာမ့်ရေးရာများတင်ပြမည့် Huda ရုပ်သံလိုင်း

    ဂျာမန်ဘာသာဖြင့် အစ္စလာမ့်ရေးရာများတင်ပြမည့် Huda ရုပ်သံလိုင်း

    သြဂုတ် ၁၊ ၂၀၁၆
    M-Media

    huda

    – ရီယာ့ဒ်မြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုရုပ်သံလွှင့်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Huda TV ဟာ ဂျာမန်ဘာသာစကားနဲ့ ရုပ်သံလိုင်းသစ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး အစ္စလာမ်ရဲ့ စစ်မှန်တဲ့ပုံရိပ်ကို ပြသဖို့ဖြစ်တယ်လို့ သိရပါတယ်။

    ဂျာမန်စကားပြောဆိုသူဟာ ကမ္ဘာတစ်ဝှမ်းမှာ ၁၄၅သန်းလောက်ရှိနေပြီး၊ Huda ရုပ်သံလိုင်းရဲ့ ဒါရိုက်တာအဖွဲ့ ဥက္ကဌ Hamad Al-Ghammas ကတော့ မွတ်စလင်မဟုတ်သူတွေကြားထဲမှာ အစ္စလာမ်သာသနာဟာ ပုံဖျက်ခံထားရတယ်လို့ ရုပ်သံလိုင်းဖွင့်လှစ်မှု အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    “ဘာသာစကားမတူတဲ့သူတွေကို ဆက်သွယ်ဖို့၊ အစ္စလာမ့်ရဲ့ သရုပ်မှန်ကို သူတို့ကိုပြောပြဖို့အတွက် ဒီကိစ္စက ကျွန်တော်တို့ကို တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်”

    အဲဒီရုပ်သံလိုင်းသစ်ဟာ ဂျာမန်စကားပြောသူတွေကို အစ္စလာမ်နဲ့ပက်သတ်ပြီး မိတ်ဆက်ဖို့၊ နားလည်မှု လွဲမှားနေတာတွေကို ဖယ်ရှားဖို့၊ အစ္စလာမ့်ရေးရာ ထုံးတမ်းတွေအပေါ် အမြင်မှန်လာစေဖို့၊ အစ္စလာမ့်ယဉ်ကျေးမှု၊ လူသားမျိုးနွယ်တိုးတက်မှုအပေါ် အစ္စလာမ်သာသနာရဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး အသိပေးဖို့၊ သာသနာအပေါ် စွပ်စွဲပြောဆိုတာတွေကို ဖြေရှင်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    Ref : IINA

  • အင်ဒိုနီးရှားတွင် နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်တစ်ခု တည်ဆောက်မည်

    အင်ဒိုနီးရှားတွင် နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်တစ်ခု တည်ဆောက်မည်

    သြဂုတ် ၁၊ ၂၀၁၆
    M-Media

    indo
    အင်ဒိုမွတ်စလင်များ ၀တ်ပြုဆုတောင်းမှု ပုံရိပ်တစ်ခု

    – ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံကို ကမ္ဘာ့အစ္စလာမ့်ရေးရာသင်ကြားမှု အချက်အချာနေရာ ဖြစ်လာစေဖို့ ကြိုးပမ်းမှုအဖြစ် နိုင်ငံအတွင်း အစ္စလာမ့်တက္ကသိုလ်တစ်ခု တည်ဆောက်ဖို့အတွက် သမ္မတ ဂျိုကို ၀ီဒိုဒိုက သမ္မတအာဏာနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

    “ကျွန်တော့်အနေနဲ့ ဒီတက္ကသိုလ်ကို အသိပညာ၊ အစ္စလာမ့်ရေးရာလေ့လာမှု၊ အစ္စလာမ်ရဲ့ ကိုယ်ကျင့်တရားအလင်းရောင်၊ အစ္စလာမ့်တန်ဖိုး မပျောက်ပျက်အောင် ထိန်းသိမ်းမှု၊ ခန္တီတရား၊ ခွင့်တူညီမျှ အစ္စလာမ့်ဝါဒ စတာတွေ ဖွံ့ဖြိုးရာ အရင်းအမြစ်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ ၀က်စ် နူဆာ တန်ဂါရာပြည်နယ်၊ မာတာရမ်မြို့မှာ စနေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုပြိုင်ပွဲ အဖွင့်မိန့်ခွန်းမှာ သမ္မတက ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အစ္စလာမ့်သင်ကြားမှု အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရောက်ရှိဖို့ အချိန်တန်နေပြီး အခြားနိုင်ငံတွေက မိမိတို့နိုင်ငံမှာလာရောက်ကာ အစ္စလာမ့်ရေးရာတွေကို သင်ယူရတော့မယ်လို့လည်း ၀ီဒိုဒိုက ဆိုပါတယ်။

    “အင်ဒိုနီးရှားက အစ္စလာမ်သာသနာဟာ တစ်ခြားနိုင်ငံတွေက ရှာဖွေနေတဲ့ စစ်မှန်တဲ့အစ္စလာမ်ရဲ့ ပြယုဂ်ပါပဲ”

    နိုင်ငံအတွင်း ငြိမ်းချမ်းပြီး လှပတဲ့လူမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့အရေး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုတွေကို မြဲမြံစွာ ဆုပ်ကိုင်သွားဖို့ သမ္မတက တိုက်တွန်းခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန် မိမိတို့အနေနဲ့ သဟဇာတဖြစ်မှုကို ထိန်းသိမ်းသွားဖို့၊ အကောင်းမြင်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    Ref : IINA