News @ M-Media

အသက် ၁၃ နှစ်က ရီးယဲလ်သို့ရောက်ခဲ့သည်ဟု နေးမာ ဖွင့်ဟ

သြဂုတ် ၆၊ ၂၀၁၆
M-Media

neymar

– မိမိအနေဖြင့် အသက် ၁၃ နှစ်အရွယ်က ရီးယဲလ်တွင် အစမ်း လာရောက်ကစားခဲ့ရပြီး ထိုအချိန်က မိမိမှာ ဥရောပသို့ ပြောင်းရွှေ့ရန် အဆင်သင့်မဖြစ်သေးဟု ခံစားခဲ့ရသောကြောင့် ရီးယဲလ်သို့ မရောက်ခဲ့ခြင်းဟု ဘာကာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်သည်။

လက်ရှိတွင် ဘာစီလိုနာနှင့် အောင်မြင်နေသည့် နေးမာမှာ ၂၀၀၅ ခုနှစ်က ရီးယဲလ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သော်လည်း ဆန်းတို့စ်တွင်ပင် ဆက်နေရန် ဆုံးဖြတ်ခဲ့သည်။ နောက်ထပ် ၈ နှစ်အကြာတွင်မူ ၎င်းမှာ ဘာစီလိုနာသို့ ရောက်ရှိခဲ့သည်။

နေးမာကမူ မိမိ ရီးယဲလ်သို့ ရောက်လာသည့်အခါ သက်တောင့်သက်သာမဖြစ်ခဲ့ဟု ဆိုသည်။

“ကျွန်တော့် အသက် ၁၃ နှစ်ပဲ ရှိသေးပြီး ဥရောပကို ပထမဆုံးအကြိမ် ရောက်လာတာပါ။ အဲဒီတုန်းက သက်တောင့်ဖြစ်တယ်လို့ မခံစားခဲ့ရပါဘူး။ ပျော်လည်းမပျော်ဘူး၊ ဘရာဇီးလ်ရဲ့ ပြင်ပမှာနေဖို့ အရမ်းငယ်သေးတယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော် အလျင်မလိုခဲ့သလို၊ အရေးပေါ်အခြေအနေမျိုးလည်း မဟုတ်ခဲ့ပါဘူး။ အဲဒီတုန်းက အဓိကအချက်ဟာ ကျွန်တော် ပျော်ရွှင်ဖို့နဲ့ ဖရော်ဖက်ရှင်နယ်ကစားသမား ဖြစ်လာဖို့ပါ။ အဲဒီတော့မှ ကျွန်တော်ဟာ ဥရောပမှာ ကစားနိုင်မှာ ဖြစ်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။

နေးမာမှာ လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် တစ်ကြိမ်၊ ကိုပါဒီရေးတစ်ကြိမ်၊ ကမ္ဘာ့ကလပ်ချန်ပီယံ တစ်ကြိမ်တို့ ဆွတ်ခူးထားသည်။

Ref: Goal

Comments

Leave a Reply