News @ M-Media

Blog

  • တာလီဘန်ကိုစားလှယ်အဖွဲ့ တရုတ်သို့သွားကာ အာဖဂန်အရေး ဆွေးနွေးခဲ့

    တာလီဘန်ကိုစားလှယ်အဖွဲ့ တရုတ်သို့သွားကာ အာဖဂန်အရေး ဆွေးနွေးခဲ့

    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media

    taliban

    – အနောက်နိုင်ငံ ကျောထောက်နောက်ခံပြု အစိုးရနဲ့ စစ်သွေးကြွတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အာဖဂန်နစ္စတန်က အခြေအနေတွေကို ဆွေးနွေးဖို့အတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ တရုတ်နိုင်ငံသို့ ဒီလအစောပိုင်းက သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီကိုယ်စားလှယ်အဖွဲ့ကို ကာတာရှိ တာလီဘန်နိုင်ငံရေးရုံးဥက္ကဌ အဘတ်စ် စတာနက်ဇိုင်က ဦးဆောင်တာဖြစ်ပြီး တရုတ်အစိုးရရဲ့ ဖိတ်ကြားမှုကြောင့် ပေကျင်းကို ဇူလိုင် ၁၈ ရက်ကနေ ၂၂ ရက်အထိ သွားရောက်ခဲ့တာဖြစ်တယ်လို့ တာလီဘန်အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

    “ကျွန်တော်တို့ဟာ ကမ္ဘာ့နိုင်ငံတော်တော်များများနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိပါတယ်၊ တရုတ်ကလည်း အဲ့ဒီနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ကျူးကျော်ဝင်ရောက်လာတဲ့ တပ်ဖွဲ့တွေရဲ့ ပိုင်နက်သိမ်းပိုက်မှုတွေ၊ အာဖဂန်ပြည်သူတွေအပေါ် သူတို့ရဲ့ ရက်စက်မှုတွေနဲ့ပက်သက်လို့ တရုတ်အရာရှိတွေကို ကျွန်တော်တို့ အသိပေးထားပြီးဖြစ်ပါတယ်။ ဒီအရေးကိစ္စတွေကို ကမ္ဘာ့ဖိုရမ်တွေမှာ ဆွေးနွေးတင်ပြဖို့၊ ကျူးကျော်သိမ်းပိုက်နေတဲ့ တပ်တွေရဲ့လက်နေ ကျွန်တော်တို့လွတ်မြောက်မှုရဖို့အရေး ကူညီကြဖို့ တရုတ်ရဲ့ဦးဆောင်မှုကို ကျွန်တော်တို့လိုချင်ပါတယ်” လို့ အမည်မဖော်ပြလိုတဲ့ တာလီဘန်အရာရှိတစ်ဦးက ပြောပါတယ်။

    အဆိုပါလည်ပတ်မှုကို အမည်မဖော်ပြလိုတဲ့ အခြားသော အကြီးတန်းတာလီဘန်အရာရှိတွေကလည်း အတည်ပြုခဲ့ပါတယ်။ အမည်မဖော်ရတဲ့ အကြောင်းအရင်းကတော့ ကာတမှာရှိနေတဲ့ နိုင်ငံရေးရုံးရဲ့ ပြောရေးဆိုခွင့်ကို မရရှိထားလို့ဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: Reuters

  • အကြွေးပြန်မရပါက ယူကရိန်းပိုင်ဆိုင်မှုများကို ရပ်တန့်ပစ်မည်ဟု ရုရှားပြော

    အကြွေးပြန်မရပါက ယူကရိန်းပိုင်ဆိုင်မှုများကို ရပ်တန့်ပစ်မည်ဟု ရုရှားပြော

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    russia

    – ယူကရိန်းအနေနဲ့ ရုရှားကို ဒေါ်လာ ၃ ဘီလီယံ အကြွေးပြန်ပေးဖို့ ငြင်းဆန်မယ်ဆိုရင် ပြည်ပမှာရှိနေတဲ့ ယူကရိန်း ပိုင်ဆိုင်မှုတွေ လည်ပတ်နေတာကို ရပ်တန့်ဖို့အတွက် တရားစွဲဖို့ ရှိနေတယ်လို့ ရုရှားသမ္မတရုံးနဲ့ နီးကပ်တဲ့ရင်းမြစ်တစ်ခုကို ကိုးကားပြီး Izvestia daily သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဒီသီတင်းပတ်အစောပိုင်းက ယူကရိန်းဘဏ္ဍာရေးဝန်ကြီး Oleksandr Danilyuk က ယူကရိန်းအနေနဲ့ ရုရှားကို ဒေါ်လာ ၃ ဘီလီယံအကြွေး ပြန်ပေးဖို့မရှိကြောင်းနဲ့ အဲဒီအကြွေးဟာ နိုင်ငံရေးကြွေးမြီသာဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားကတော့ ဒါဟာ သူတို့ရဲ့ အချုပ်အခြာဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေအရ ပိုင်ဆိုင်မှုတွေရဲ့ လည်ပတ်မှုကို ရပ်တန့်တာဟာ ငွေကြေးစီးဆင်းမှုကို ရပ်တန့်စေမှာဖြစ်ပြီး အဲဒီအတွက် စီးပွားရေးအရ ဖိအားတွေ ရှိလာမှာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းကလည်း ဒီဇင်ဘာလအတွင်းက ပြန်ပေးရမယ့် ကြွေးမြီတွေ မပေးမှုအတွက် ယူကရိန်းကို လန်ဒန်တရားရုံးချုပ်မှာ တရားစွဲဆိုခဲ့ပါတယ်။

    အခုအကြွေး ၃ ဘီလီယံအတွက် ယူကရိန်းအနေနဲ့ နောက်ထပ် သုံးနှစ်အတွင်း တစ်နှစ်လျှင် တစ်ဘီလီယံနှုန်းနဲ့ အရစ်ကျပေးသွင်းနိုင်တဲ့ ကြွေးမြီသက်သာရေး အစီအစဉ်တစ်ခုကို ရုရှားက အကြံပြုခဲ့ပြီး ယူကရိန်းကပေးဖို့ရှိတဲ့ အကြွေးတွေအတွက် အမေရိကန်၊ ဥရောပသမဂ္ဂ ဒါမှမဟုတ် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ အာမခံချက်လိုချင်တယ်လို့ လည်း ပြောထားပါတယ်။

    Ref : RT

  • အကြမ်းဖက်သမားကို အစ္စလာမ့်ထုံးတမ်းအရ မြှုပ်နှံမှု ပြင်သစ်မွတ်စလင်များ လက်မခံ

    အကြမ်းဖက်သမားကို အစ္စလာမ့်ထုံးတမ်းအရ မြှုပ်နှံမှု ပြင်သစ်မွတ်စလင်များ လက်မခံ

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    france 4

    – ပြီးခဲ့သည့်အင်္ဂါနေ့က ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုကို စီးနင်းဝင်ရောက် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူ အစွန်းရောက်တစ်ဦးကို အစ္စလာမ့်ထုံးတမ်းအရ သင်္ဂြိုဟ်ရန် ဒေသတွင်းရှိ မွတ်စလင်အသိုင်းအ၀ိုင်းက လက်မခံဟု သိရသည်။

    အသက် ၁၉ နှစ်အရွယ်စီရှိကြသည့် အဒဲလ် ကာရ်မီချီနှင့် အဘ်ဒဲလ် မာလစ် ပီတစ်ဂျင်တို့မှာ ဘုရားကျောင်းအတွင်းသို့ စီးနင်းဝင်ရောက်ကာ ဓားစာခံများကို ဖမ်းဆီးထားခဲ့သည်။ ထို့နောက် အသက် ၈၀ ကျော်အရွယ်ရှိ ဘုန်းတော်ကြီးတစ်ဦးကို သတ်ဖြတ်ကာ ဘုရားကျောင်းမှ ထွက်ပြေးရာတွင် ပြင်သစ်အထူးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ၎င်းတို့ ၂ ဦးစလုံး သေဆုံးခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့ကမူ ဘုရားကျောင်းကို ၀င်ရောက်စီးနင်းသူ ၂ ဦးစလုံးမှာ ၎င်းတို့အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အဒဲလ် ကာရ်မီချီ၏ နေရပ်ဖြစ်သော Saint-Étienne-du-Rouvray မှ မွတ်စလင်ခေါင်းဆောငးများကမူ ကာရ်မီချီ၏ လုပ်ရပ်က အစ္စလာမ်သာသနာအား စွန်းထင်းစေသောကြောင့် ၎င်း၏ ဈာပနကို မိမိတို့က စီစဉ်ကျင်းပပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သူ့ရဲ့ဈာပနစီစဉ်မှုမှာ ပါဝင်မှာ မဟုတ်ပါဘူး” ဟု ဒေသတွင်း အစ္စလာမ်ဘာသာရေးအဖွဲ့မှ ဥက္ကဌဖြစ်ပြီး ရှေ့ဆောင်အီမာမ်လည်းဖြစ်သူ မိုဟာမက် ကာရာဘီလာက ပြောကြားခဲ့သည်။

    အသက် ၂၅ နှစ်အရွယ်ရှိ ဒေသခံ မွတ်စလင်တစ်ဦးဖြစ်သူ ခါလစ် အလ် အမ်ရာနီကလည်း အစွန်းရောက်များ၏ ဈာပနတွင် မွတ်စလင်များ မပါဝင်လိုခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်ကိစ္စဖြစ်သည်ဟု ဆိုသည်။

    “ဒီလူငယ်လေးတွေလုပ်တဲ့လုပ်ရပ်က တော်တော်လေး အပြစ်ကြီးတဲ့လုပ်ရပ်ပါ။ ပြီးတော့ သူတို့ဟာ အဲဒီလုပ်ရပ်ကြောင့် အစ္စလာမ့်ပြင်ပကို ရောက်သွားပါတယ်” ဟု အမ်ရာနီက ပြောကြားခဲ့သည်။

    Ref: Independent

  • အမေရိကန်တွင် လူစီးမီးပုံးပျံ ပျက်ကျ၊ သေဆုံးမှုရှိ

    အမေရိကန်တွင် လူစီးမီးပုံးပျံ ပျက်ကျ၊ သေဆုံးမှုရှိ

    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တွင် အနည်းဆုံး လူ ၁၆ ဦး လိုက်ပါသွားသည့် မီးပုံပျံ ပျက်ကျမှုကြောင့် အများအပြား သေဆုံးနိုင်ဖွယ်ရှိနေသည်ဟု ဒေသတွင်း အာဏာပိုင်များက ပြောကြားလိုက်သည်။

    ယမန်နေ့က သြစတင်မြို့အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလေကြောင်းစီမံခန့်ခွဲရေးအဖွဲ့ FAA ကလည်း ထိုအဖြစ်အပျက်ကို အတည်ပြုခဲ့သည်။ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အနည်းဆုံး ၁၆ ဦး လိုက်ပါသွားသည်ဟု ဆိုသည်။

    အရေးပေါ် ကယ်ဆယ်ရေးသမားများကမူ မီးပုံးပျံတွင် တပ်ဆင်ထားသည့် မီးဖိုမှ မီးမှာ အပေါ်သို့ဟပ်ကာ လောင်ကျွမ်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုပြီး အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ NTSB အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ သေဆုံးမှု တော်တော်များများရှိသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ မီးပုံးပျံမှာ ဒေသတွင်း ခရီးသွားကုမ္ပဏီတစ်ခုမှ ဖြစ်သည်ဟု သိရသည်။

    Ref: Aljazeera

  • လျှပ်စစ်ဆေးလိပ်များက အဆိပ်ငွေ့များ ထုတ်လွှတ်

    လျှပ်စစ်ဆေးလိပ်များက အဆိပ်ငွေ့များ ထုတ်လွှတ်

    ဇူလိုင် ၃၁၊ ၂၀၁၆
    M-Media

    ecigratte

    – ဆေးလိပ်ဖြတ်ရာမှာ အသုံးပြုလေ့ရှိကြတဲ့ လျှပ်စစ်ဆေးလိပ်တွေဟာ ကိရိယာရဲ့ သက်တမ်း၊ အမျိုးအစားနဲ့ အပူချိန်ပေါ်လိုက်ပြီး အဆိပ်သင့်ဒြပ်ပေါင်းအဆင့်လောက်ရှိတဲ့ အန္တရာယ်ရှိ ဓာတုဓာတ်ပစ္စည်းတွေကို ထုတ်လွှတ်တယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Lawrence Berkeley National Laboratory ဓာတ်ခွဲခန်းကပြုလုပ်တဲ့ လေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    ဒီလိုတွေ့ရှိမှုဟာ လျှပ်စစ်ဆေးလိပ်ပြုလုပ်သူတွေ၊ အဆိုပါကိရိယာတွေကြောင့်ဖြစ်လာမယ့် ကျန်းမာရေးခြိမ်းခြောက်မှုတွေကို လျှော့ချချင်တဲ့ အာဏာပိုင်တွေနဲ့ သက်ဆိုင်လိမ့်မယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။

    “လျှပ်စစ်ဆေးလိပ်သောက်ဖို့ တိုက်တွန်းတဲ့သူတွေကတော့ သာမန်ဆေးလိပ်တွေထက် ဓာတုအဆိပ်ငွေ့ထွက်ရှိမှု ပိုနည်းတဲ့အတွက် လျှပ်စစ်ဆေးလိပ်ကို အသုံးပြုတာ ပိုကောင်းတယ်လို့ ပြောကြပါတယ်။ ကျွန်တော်ပြောချင်တာက ဒါဟာ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ မှန်ကောင်းမှန်နိုင်ပါတယ်၊ ဥပမာဆိုရရင် ဆေးလိပ်စွဲပြီး ဖြတ်လို့မရတော့တဲ့ သူတွေ အတွက်ပါ။ ဒါပေမဲ့ ပြဿနာက အဲ့လို ပြောင်းသောက်လိုက်တာဟာ ကျန်းမာသွားပြီလို့ ဆိုလိုရာမရောက်ပါဘူး။ ပုံမှန်ဆေးလိပ်တွေဟာ ကျန်းမာရေးကို အလွန်အကျွံထိခိုက်နိုင်သလို လျှပ်စစ်ဆေးလိပ်တွေဟာလည်းပဲ ကျန်းမာရေးကို အတော်အတန်တော့ ထိခိုက်စေပါတယ်” လို့ ဦးဆောင်လေ့လာသူတစ်ဦးဖြစ်သူ Hugo Destaillats က ပြောကြားခဲ့ပါတယ်။

    လျှပ်စစ်ဆေးလိပ်တွေမှာ တွေ့ရတဲ့ ဓာတ်တုပစ္စည်းတွေဟာ ပရိုပိုင်းလင်းနဲ့ ဂလစ်စရင်းတွေဖြစ်ပြီး၊ အေခရိုလင်း၊ အဆက်တယ်ဒီဟိုက်နဲ့ ဖော်မယ်ဒီဟိုက်တို့လို အဆိပ်ဓာတုဓာတ်ငွေ့တွေကို ထွက်စေပါတယ်။ အဲဒီဓာတ်ငွေ့တွေကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ယားယံတဲ့ဝေဒနာ ဒါမှမဟုတ် ကင်ဆာရောဂါတောင် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

    Ref : IINA