News @ M-Media

Blog

  • ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    13681030_316690885338211_1892487387225913898_n

    ၁၊၈၊၂၀၁၆
    စံတော်ချိန် သတင်းစာမှ

    image via-Khin Maung Win

  • ဂျာမန်ဘာသာဖြင့် အစ္စလာမ့်ရေးရာများတင်ပြမည့် Huda ရုပ်သံလိုင်း

    ဂျာမန်ဘာသာဖြင့် အစ္စလာမ့်ရေးရာများတင်ပြမည့် Huda ရုပ်သံလိုင်း

    သြဂုတ် ၁၊ ၂၀၁၆
    M-Media

    huda

    – ရီယာ့ဒ်မြို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာ ဂြိုဟ်တုရုပ်သံလွှင့်ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Huda TV ဟာ ဂျာမန်ဘာသာစကားနဲ့ ရုပ်သံလိုင်းသစ်ကို စတင်ထုတ်လွှင့်ခဲ့ပြီး အစ္စလာမ်ရဲ့ စစ်မှန်တဲ့ပုံရိပ်ကို ပြသဖို့ဖြစ်တယ်လို့ သိရပါတယ်။

    ဂျာမန်စကားပြောဆိုသူဟာ ကမ္ဘာတစ်ဝှမ်းမှာ ၁၄၅သန်းလောက်ရှိနေပြီး၊ Huda ရုပ်သံလိုင်းရဲ့ ဒါရိုက်တာအဖွဲ့ ဥက္ကဌ Hamad Al-Ghammas ကတော့ မွတ်စလင်မဟုတ်သူတွေကြားထဲမှာ အစ္စလာမ်သာသနာဟာ ပုံဖျက်ခံထားရတယ်လို့ ရုပ်သံလိုင်းဖွင့်လှစ်မှု အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    “ဘာသာစကားမတူတဲ့သူတွေကို ဆက်သွယ်ဖို့၊ အစ္စလာမ့်ရဲ့ သရုပ်မှန်ကို သူတို့ကိုပြောပြဖို့အတွက် ဒီကိစ္စက ကျွန်တော်တို့ကို တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်”

    အဲဒီရုပ်သံလိုင်းသစ်ဟာ ဂျာမန်စကားပြောသူတွေကို အစ္စလာမ်နဲ့ပက်သတ်ပြီး မိတ်ဆက်ဖို့၊ နားလည်မှု လွဲမှားနေတာတွေကို ဖယ်ရှားဖို့၊ အစ္စလာမ့်ရေးရာ ထုံးတမ်းတွေအပေါ် အမြင်မှန်လာစေဖို့၊ အစ္စလာမ့်ယဉ်ကျေးမှု၊ လူသားမျိုးနွယ်တိုးတက်မှုအပေါ် အစ္စလာမ်သာသနာရဲ့ အကူအညီတွေနဲ့ပတ်သက်ပြီး အသိပေးဖို့၊ သာသနာအပေါ် စွပ်စွဲပြောဆိုတာတွေကို ဖြေရှင်းဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    Ref : IINA

  • အင်ဒိုနီးရှားတွင် နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်တစ်ခု တည်ဆောက်မည်

    အင်ဒိုနီးရှားတွင် နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်တစ်ခု တည်ဆောက်မည်

    သြဂုတ် ၁၊ ၂၀၁၆
    M-Media

    indo
    အင်ဒိုမွတ်စလင်များ ၀တ်ပြုဆုတောင်းမှု ပုံရိပ်တစ်ခု

    – ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာ အင်ဒိုနီးရှားနိုင်ငံကို ကမ္ဘာ့အစ္စလာမ့်ရေးရာသင်ကြားမှု အချက်အချာနေရာ ဖြစ်လာစေဖို့ ကြိုးပမ်းမှုအဖြစ် နိုင်ငံအတွင်း အစ္စလာမ့်တက္ကသိုလ်တစ်ခု တည်ဆောက်ဖို့အတွက် သမ္မတ ဂျိုကို ၀ီဒိုဒိုက သမ္မတအာဏာနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။

    “ကျွန်တော့်အနေနဲ့ ဒီတက္ကသိုလ်ကို အသိပညာ၊ အစ္စလာမ့်ရေးရာလေ့လာမှု၊ အစ္စလာမ်ရဲ့ ကိုယ်ကျင့်တရားအလင်းရောင်၊ အစ္စလာမ့်တန်ဖိုး မပျောက်ပျက်အောင် ထိန်းသိမ်းမှု၊ ခန္တီတရား၊ ခွင့်တူညီမျှ အစ္စလာမ့်ဝါဒ စတာတွေ ဖွံ့ဖြိုးရာ အရင်းအမြစ်တစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ ၀က်စ် နူဆာ တန်ဂါရာပြည်နယ်၊ မာတာရမ်မြို့မှာ စနေနေ့က ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ကုရ်အာန်ကျမ်းတော်မြတ် ရွတ်ဖတ်မှုပြိုင်ပွဲ အဖွင့်မိန့်ခွန်းမှာ သမ္မတက ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အစ္စလာမ့်သင်ကြားမှု အဓိကအချက်အချာနေရာတစ်ခုအဖြစ် ရောက်ရှိဖို့ အချိန်တန်နေပြီး အခြားနိုင်ငံတွေက မိမိတို့နိုင်ငံမှာလာရောက်ကာ အစ္စလာမ့်ရေးရာတွေကို သင်ယူရတော့မယ်လို့လည်း ၀ီဒိုဒိုက ဆိုပါတယ်။

    “အင်ဒိုနီးရှားက အစ္စလာမ်သာသနာဟာ တစ်ခြားနိုင်ငံတွေက ရှာဖွေနေတဲ့ စစ်မှန်တဲ့အစ္စလာမ်ရဲ့ ပြယုဂ်ပါပဲ”

    နိုင်ငံအတွင်း ငြိမ်းချမ်းပြီး လှပတဲ့လူမှုပတ်ဝန်းကျင်ကို ဖန်တီးဖို့အရေး ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ သင်ကြားမှုတွေကို မြဲမြံစွာ ဆုပ်ကိုင်သွားဖို့ သမ္မတက တိုက်တွန်းခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန် မိမိတို့အနေနဲ့ သဟဇာတဖြစ်မှုကို ထိန်းသိမ်းသွားဖို့၊ အကောင်းမြင်ကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    Ref : IINA

  • နျူလက်နက်သုံးမည်ဆိုသည့် ဗြိတိန်ဝန်ကြီးချုပ်၏ ပြောကြားမှုကို ပြည်သူအများစု ထောက်ခံ

    နျူလက်နက်သုံးမည်ဆိုသည့် ဗြိတိန်ဝန်ကြီးချုပ်၏ ပြောကြားမှုကို ပြည်သူအများစု ထောက်ခံ

    သြဂုတ် ၁၊ ၂၀၁၆
    M-Media

    nuke

    – မိမိတို့နိုင်ငံကို တိုက်ခိုက်ပါက တုန့်ပြန်တဲ့အနေနဲ့ လူ ၁ သိန်းလောက် သေဆုံးနိုင်မယ့် နျူတိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ပြောကြားချက်အပေါ် စစ်တမ်းကောက်ကြည့်ရာမှာ ဗြိတိန်ပြည်သူ ၆၆ ရာခိုင်နှုန်းက ၀န်ကြီးချုပ်ရဲ့ သဘောထားကို ထောက်ခံတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်ပါလီမန်မှာ Trident ဒုံးကျည်စနစ်စီမံကိန်း ပြန်လည်စတင်ရေးအတွက် ပြောကြားမှုအတွင်း နိုင်ငံခြားတိုင်းပြည်တွေကို ဗြိတိန်ကို တိုက်ခိုက်မှုတွေ လုပ်လာပါက နျူနဲ့ပြန်လည်တိုက်ခိုက်မယ့်ကိစ္စကို ၀န်ကြီးချုပ်က ဖွင့်ဟခဲ့တာပါ။ ပြီးတော့ ရုရှားနဲ့ မြောက်ကိုရီးယားလိုနိုင်ငံတွေက ဗြိတိန်ကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ကိစ္စဟာ တစ်ကယ်ဖြစ်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

    YouGov က အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံတစ်ဝှမ်း ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ထရီဇာမေရဲ့စကားကို ဗြိတိန်ပြည်သူ ၃ ပုံ ၂ ပုံက ထောက်ခံခဲ့ကြပြီး ၅၉ ရာခိုင်နှုန်းကတော့ သူတို့ကိုယ်တိုင်တောင် နျူဒုံးကျည်ခလုတ် နှိပ်ချင်တယ်လို့ ပြာကြားခဲ့ပါတယ်။

    နျူတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းမျိုးကို တိုက်ရိုက်ဖြေဆိုခဲ့တဲ့ ထရီဇာမေဟာ စစ်အေးခေတ်နောက်ပိုင်း တက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်တွေထဲမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

    Ref : RT

  • ဆီးရီးယားတွင် ရုရှား စစ်ရဟတ်ယာဉ် ပစ်ချခံရ၊ ၅ ဦးသေဆုံး

    ဆီးရီးယားတွင် ရုရှား စစ်ရဟတ်ယာဉ် ပစ်ချခံရ၊ ၅ ဦးသေဆုံး

    သြဂုတ် ၁၊ ၂၀၁၆
    M-Media

    chopper

    – ဆီးရီးယားနိုင်ငံတွင် မိမိတို့၏ စစ်သုံးရဟတ်ယာဉ်တစ်စင်း ပစ်ချခံလိုက်ရပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးသွားခဲ့သည်ဟု ရုရှားက ပြောကြားလိုက်သည်။

    လေယာဉ်အမှုထမ်း ၃ ဦးနှင့် စစ်တပ်အရာရှိ ၂ ဦး လိုက်ပါသွားသည့် အဆိုပါ ရဟတ်ယာဉ်မှာ သူပုန်များထိန်းချုပ်ထားသော အစ်ဒ်လစ်ဘ်ပြည်နယ်တွင် ယမန်နေ့က ပစ်ချခံလိုက်ရခြင်းဖြစ်သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါလေယာဉ်မှာ Mi-8 အမျိုးအစား ပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း၊ အဲလစ်ပိုသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့ပြီး ဆီးရီးယားရှိ ရုရှား၏ အဓိက လေတပ်စခန်းသို့အပြန်တွင် ပစ်ချခံလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထိုပစ်ချမှုအား မည်သူက ပြုလုပ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ထိုအဖြစ်ပျက်မှာ ဆီရီးယားပြည်တွင်းစစ်တွင် ရုရှားက ပြီးခဲ့သည့် စက်တင်ဘာမှစ၍ အာဆတ်အစိုးရဘက်က ၀င်ရောက် တိုက်ခိုက်ပေးပြီးနောက်ပိုင်း အဆိုးဝါးဆုံး တိုက်ခိုက်ခံရမှုဖြစ်သည်။

    ယခု ရဟတ်ယာဉ်ပစ်ချခံရမှုတွင် သေဆုံးသူများအပါအ၀င် ဆီးရီးယားတွင် သေဆုံးခဲ့သည့် ရုရှားစစ်သားအရေအတွက်မှာ ၁၈ ဦးအထိ ရှိလာပြီဖြစ်သည်။

    Ref : Aljazeera