သြဂုတ် ၁၊ ၂၀၁၆
M-Media
– ဆီးရီးယားနိုင်ငံတွင် မိမိတို့၏ စစ်သုံးရဟတ်ယာဉ်တစ်စင်း ပစ်ချခံလိုက်ရပြီး လေယာဉ်ပေါ်လိုက်ပါသွားသူ ၅ ဦးစလုံး သေဆုံးသွားခဲ့သည်ဟု ရုရှားက ပြောကြားလိုက်သည်။
လေယာဉ်အမှုထမ်း ၃ ဦးနှင့် စစ်တပ်အရာရှိ ၂ ဦး လိုက်ပါသွားသည့် အဆိုပါ ရဟတ်ယာဉ်မှာ သူပုန်များထိန်းချုပ်ထားသော အစ်ဒ်လစ်ဘ်ပြည်နယ်တွင် ယမန်နေ့က ပစ်ချခံလိုက်ရခြင်းဖြစ်သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ အဆိုပါလေယာဉ်မှာ Mi-8 အမျိုးအစား ပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း၊ အဲလစ်ပိုသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးပို့ပြီး ဆီးရီးယားရှိ ရုရှား၏ အဓိက လေတပ်စခန်းသို့အပြန်တွင် ပစ်ချခံလိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုပစ်ချမှုအား မည်သူက ပြုလုပ်သည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ထိုအဖြစ်ပျက်မှာ ဆီရီးယားပြည်တွင်းစစ်တွင် ရုရှားက ပြီးခဲ့သည့် စက်တင်ဘာမှစ၍ အာဆတ်အစိုးရဘက်က ၀င်ရောက် တိုက်ခိုက်ပေးပြီးနောက်ပိုင်း အဆိုးဝါးဆုံး တိုက်ခိုက်ခံရမှုဖြစ်သည်။
ယခု ရဟတ်ယာဉ်ပစ်ချခံရမှုတွင် သေဆုံးသူများအပါအ၀င် ဆီးရီးယားတွင် သေဆုံးခဲ့သည့် ရုရှားစစ်သားအရေအတွက်မှာ ၁၈ ဦးအထိ ရှိလာပြီဖြစ်သည်။
Ref : Aljazeera


Leave a Reply
You must be logged in to post a comment.