News @ M-Media
Blog
  • အီရတ်ရှိ စိမ့်မြေတစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းမည်
    အီရတ်ရှိ စိမ့်မြေတစ်ခုကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်း သွင်းမည်
    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media
    – သမ္မာကျမ်းစာလာ ဧဒင်ဥယျာဉ်လို့ ယူဆနိုင်ဖွယ်ရှိပြီး၊ ဆက်ဒန်ဟူစိန်အုပ်စိုးစဉ်က အပြီးခမ်းခြောက်လုနီးပါးဖြစ်ခဲ့တဲ့ အီရတ်အရှေ့တောင်ပိုင်းက စိမ့်မြေတစ်ခုကို UNESCO က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များစာရင်းမှာ ထည့်သွင်းတော့မယ်လို့ အီရတ်အာဏာပိုင်တွေက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
    တီဂရစ်နဲ့ ယူဖရေးတီးမြစ်တွေ ၀န်းရံလျက်ရှိနေတဲ့ အဲဒီမက်ဆိုပိုတေးမီးယားစိမ့်မြေဟာ ပင်လယ်ကွေ့ ငါးဖမ်းသမားတွေရဲ့ စားကျက်ဖြစ်ပြီး ကျမ်းစာလာ ibis ငှက်တွေလို ငှက်မျိုးစိတ်များ နေထိုင်ကျက်စားရာ ဖြစ်သလို၊ ဆိုက်ဘေးရီးယားနဲ့ အာဖရိကကြားက ရွှေ့ပြောင်းလာတဲ့ တောရိုင်းတိရစ္ဆာန်တွေ ခရီးတစ်ထောက် နားခိုရာနေရာလည်း ဖြစ်ပါတယ်။
    ယင်းစိမ့်မြေများဟာ ၁၉၇၀ ခုနှစ်လောက်တုန်းက ၉၀၀၀ စတုရန်းကီလိုမီတာ ပတ်လည်ရှိပြီး ၂၀၀၂ ခုနှစ်လောက်မှာ ၇၆၀ စတုန်ရန်းကီလိုမီတာလောက်အထိ ကျုံ့သွားခဲ့ကာ ၂၀၀၅ ခုနှစ်လောက်မှာ မူလဧရိယာရဲ့ ၄၀ ရာခိုင်နှုန်းလောက် ပြန်လည်ဖြစ်လာခဲ့ပါတယ်။ အီရတ်နိုင်ငံကတော့ စကွဲယားကီလိုမီတာ ၆၀၀၀ လောက် ပြန်လည်ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားထားပါတယ်။
    Ref : IINA
  • ပိုကောင်းသည့်အနေအထားဖြင့် ပြန်လာမည်ဟု ရော်နယ်ဒို ပြော
    ပိုကောင်းသည့်အနေအထားဖြင့် ပြန်လာမည်ဟု ရော်နယ်ဒို ပြော
    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media
    portugal 2
    – လက်ရှိတွင် ဒူးဒဏ်ရာရရှိနေသော်လည်း ၂၀၁၆-၁၇ ဘောလုံးရာသီတွင် ယခင်ထက် ပိုမိုကောင်းမွန်စွာ ပြန်လာမည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
    ပြင်သစ်နှင့် ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုမှာ ပွဲအစတွင် ပြင်သစ်ကွင်းလယ်လူ ဒီမီထရီ ပါယက်နှင့် ခိုက်မိ၍ ရရှိသော ဒဏ်ရာကြောင့် စောစီးစွာ လူစားထိုးခဲ့ရသည်။ စစ်ဆေးမှုများအရ ထိုဒဏ်ရာမှာ ပြင်းထန်ပြီး ရီးယဲလ်၏ ရာသီအစ ပွဲစဉ်များကို လွဲချော်ဖွယ် ရှိနေသည်။
    အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုကမူ မိမိအနေဖြင့် ပိုမိုကောင်းမွန်သောအနေအထားဖြင့် ပြန်လာမည်ဟု ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။
    “အားလုံး မင်္ဂလာပါ။ ကျွန်တော့် ပရိတ်သတ်တွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အားလုံးအဆင်ပြေနေတယ်လို့ ပရိတ်သတ်တွေကို ပြောချင်ပါတယ်။ ကျွန်တော် ပိုတောင့်တင်းတဲ့အနေအထားတဲ့ ပြန်လာမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေါ်တူဂီ အဓွန့်ရှည်ပါစေ” ဟု Instagram တွင် လွှင့်တင်ထားသော ဗီဒီယို၌ ပြောကြားခဲ့သည်။
    Ref : Goal
  • ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများက ဒုက္ခသည် ၉ ရာခိုင်နှုန်းအောက်သာ လက်ခံထား
    ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများက ဒုက္ခသည် ၉ ရာခိုင်နှုန်းအောက်သာ လက်ခံထား
    ဇူလိုင် ၁၉၊ ၂၀၁၆
    M-Media
    syria 4
    – လတ်တလော ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ဒုက္ခသည်ပြဿနာမှာ ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံတွေက ဒုက္ခသည်အရေအတွက် ၉ ရာခိုင်နှုန်းကိုသာ လက်ခံထားပြီး ဆင်းရဲတဲ့နိုင်ငံတွေက ဒီဝန်ထုတ်ဝန်ပိုးကို အများဆုံး ထမ်းထားနေရတယ်လို့ ကမ္ဘာ့ထိပ်တန်း ပရဟိအဖွဲ့ Oxfam က ပြောကြားလိုက်ပါတယ်။
    တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အခုလို ဖော်ပြလိုက်တာဖြစ်ပြီး အမေရိကန်၊ တရုတ်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နဲ့ယူကေ တို့လက်ခံတဲ့ ဒုက္ခသည်အရေအတွက် ၂.၁ သန်းဟာ ကမ္ဘာ့ ဒုက္ခသည် စုစုပေါင်းအရေအတွက်ရဲ့ ၈.၉ ရာခိုင်နှုန်းသာရှိတယ်လို့ ထည့်သွင်းရေးသားထားပါတယ်။
    အဲ့ဒီနိုင်ငံတွေဟာ ကမ္ဘာ့စီးပွားရေးရဲ့ ၅၆ ရာခိုင်နှုန်းကျော်ကို ချုပ်ကိုင်ထားတာဖြစ်တယ်လို့ Oxfam က ဆိုပါတယ်။
    “အိုးအိမ်ကိုစွန့်ခွာထွက်ပြေးလာရပြီး အသက်ရှင်သန်ဖို့တောင် မနည်းရုန်းကန်နေရတဲ့ ထိခိုက်ခံစားလွယ်တဲ့ လူသန်းပေါင်းများစွာက ခံစားနေရတာတွေကို နိုင်ငံတော်အစိုးရတွေက မျက်နှာလွှဲခဲပစ်လုပ်ထားတာ ရှက်စရာကောင်းပါတယ်” လို့ Oxfam International ရဲ့ အမှုဆောင်ဒါရိုက်တာ Winnie Byanyima က ပြောကြားခဲ့ပါတယ်။
    “ဒုက္ခသည်တွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ မျှဝေထမ်းရွက်ရမယ့် တာဝန်တစ်ခုဖြစ်ပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေကသာ ဒီဝန်ကို ထမ်းနေရပါတယ်။”
    ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးအဖြစ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည်ပြဿနာမှာ ဒုက္ခသည်အရေအတွက်ရဲ့ ထက်ဝက်ကျော်ကျော်လောက်ကို လက်ခံထားရတာက ကမ္ဘာ့စီးပွားရေးရဲ့ ၂ ရာခိုင်နှုန်းသာရှိတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့လည်း ဒီအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
    အဲဒီနိုင်ငံတွေကတော့ တူရကီ၊ ပါကစ္စန်၊ ဂျော်ဒန်၊ လက်ဘနွန်၊ တောင်အာဖရိကနဲ့ ပါလက်စတိုင်းတို့ဖြစ်ပြီး စုစုပေါင်း ဒုက္ခသည် ၁၂ သန်းနီးပါးကို လက်ခံထားရတာပါ။
    “အချမ်းသာဆုံးတိုင်းပြည်တွေက ဒီပြဿနာအဖြေရဲ့ အစိတ်ပိုင်း ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ သူတို့ရဲ့ ဝေစုကို ကြည်ကြည်ဖြူ ဖြူနဲ့ လက်ခံဖို့၊ ဒုက္ခသည်တွေကို ပိုမိုကာကွယ်ဖို့ လုပ်ဆောင်ရမှာပါ” လို့ Byanyima က ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref : Presstv
  • မြိတ်မြို့က ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား
    မြိတ်မြို့က ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား
    ဇူလိုင် ၁၉ ၊ ၂၀၁၆
    ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၉ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ဒေသခံများနှင့် အတူ၊ ထုံးဖိုဗလီမှ မွတ်စလင်မ်လူငယ်များအဖွဲ့ ပါဝင်ပြီး ချီတက်အလေးပြုခဲ့ကြကြောင်းသိရသည်။
    တနင်္သာရီ တိုင်းဒေသကြီး ၊ မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ကျောက်တိုင် သို့ ချီတက် လွမ်းသူပန်းခွေချခြင်း၊ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်း နှင်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြု ခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။
    Photo && Info ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း
    13769400_923387731140400_8851660899697059166_n
    13659069_923388601140313_6793575685121590801_n
    13707773_923388094473697_656399496119706157_n
  • ၆၉ နှစ်မြောက် အာဇာနည်နေ့ အတွင်းဝန်များရုံးရှေ့ ကျင်းပပုံ မြင်ကွင်းများ
    ၆၉ နှစ်မြောက် အာဇာနည်နေ့ အတွင်းဝန်များရုံးရှေ့ ကျင်းပပုံ မြင်ကွင်းများ
    ဓာတ်ပုံ – မိုးစက်(M-Media)
    ၆၉ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ အတွင်းဝန်များရုံးရှေ့တွင် ကျင်းပပြုလုပ်နေသည်ကို တွေ့ရစဉ်။
    1 4 5 6 7 8 9 10 11 13 14 15 16 33 34 36