News @ M-Media
Blog
  • အာဏာရပါတီ၏ အီးမေးလ်များ ဖွင့်ချခဲ့သည့် ၀ီကီလိခ်ကို တူရကီ ပိတ်ပစ်
    အာဏာရပါတီ၏ အီးမေးလ်များ ဖွင့်ချခဲ့သည့် ၀ီကီလိခ်ကို တူရကီ ပိတ်ပစ်
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    wiki
    – ၀န်ကြီးများအပါအ၀င် တူရကီ အာဏာရပါတီ AKP မှ အဖွဲ့ဝင်များ၏ အီးမေးလ်များစွာကို ဖွင့်ချခဲ့သည့် ၀ီကီလိခ်ဝဘ်ဆိုက်အား ၀င်ရောက်ကြည့်ရှုခွင့်ကို တူရကီက ယနေ့တွင် ပိတ်ပင်လိုက်သည်ဟု သိရသည်။
    မိန်းဖြစ်ကြောင်း၊ ထိုအီးမေးလ်များကို အာဏာသိမ်းမှုမဖြစ်ပွားခင် တစ်ပတ်အလိုက ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
    လက်ရှိတွင် ၀ီကီလိခ်က ဖွင့်ချခဲ့သည့် အီးမေးလ်များမှာ အင်္ဂလိပ် အက္ခရာစဉ် A မှ I အထိဖြစ်ပြီး အီးမေးလ်နှင့် ဖိုင် ထောင်
    ပေါင်းများစွာကိုလည်း ထပ်မံဖွင့်ချရန် ရှိနေသည်။
    Ref: Aljzeera
  • ယခုနှစ် Ballon d’Or ဆုကို ရော်နယ်ဒိုရမည်ဟု ဒရော့ဘာ တစ်ပေး
    ယခုနှစ် Ballon d’Or ဆုကို ရော်နယ်ဒိုရမည်ဟု ဒရော့ဘာ တစ်ပေး
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    rnd 4
    – ရီးယဲလ်၊ ပေါ်တူဂီတို့နှင့် ရရှိခဲ့သည့် အောင်မြင်မှုများကြောင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Bllon d’Or နှင့် ထိုက်တန်သည်ဟု ယုံကြည်ကြောင်း ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒီဒီယာ ဒရော့ဘာက ပြောကြားလိုက်သည်။
    အသက် ၃၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ရော်နယ်ဒိုမှာ ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲတွင်လည်း အကောင်းဆုံးခြေစွမ်းပြကာ ပေါ်တူဂီနှင့် ချန်ပီယံဘွဲ့ကို ရရှိခဲ့သည်။ ထိုအောင်မြင်မှုများကြောင့် ရော်နယ်ဒိုမှာ ဘာစီလိုနာမှ မက်ဆီနှင့် နေးမာတို့ကို ကျော်၍ ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိမည်ဟု ရေပန်းစားနေသည်။
    အမေရိကန်မေဂျာလိဂ်တွင် ကစားနေသည့် ဒရောဘာကလည်း ရော်နယ်ဒိုကိုသာ တစ်ပေးခဲ့သည်။
    “၂၀၀၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ကျွန်တော်ဟာ ရော်နယ်ဒိုနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ချယ်ဆီးကိုနိုင်ပြီး မန်ယူနဲ့ အတူ သူ ချန်ပီယံလိဂ်ဖလား ရရှိခဲ့ပါတယ်။ သူဟာ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ရီးယဲလ်နဲ့ ပေါ်တူဂီတို့မှာ သူ့ရဲ့ ပေးဆပ်မှုအတွက် Ballon d’Or ဆုနဲ့ ထိုက်တန်ပါတယ်။ အဲဒီအသင်းတွေ ဒီလိုအောင်မြင်မှုမှာ သူဟာ ကြီးမားတဲ့ အကြောင်းတရား ဖြစ်ပါတယ်” ဟု ဒရော့ဘာက ပြောကြားခဲ့သည်။
    Ref : Goal
  • တရုတ်သမ္မတ ဗလီဝတ်ကျောင်းတော်သို့ သွားရောက် လည်ပတ် (ဓာတ်ပုံသတင်း)
    တရုတ်သမ္မတ ဗလီဝတ်ကျောင်းတော်သို့ သွားရောက် လည်ပတ် (ဓာတ်ပုံသတင်း)
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    ch 1
    – တရုတ်သမ္မတ ဇီကျပင်းဟာ နိုင်ငံအနောက်မြောက်ပိုင်း နင်ရှာမြို့က ဗလီဝတ်ကျောင်းတော်တစ်လုံးကို သွားရောက်လည်ပတ်တဲ့ဓာတ်ပုံတွေ ဖြစ်ပါတယ်။
    ဒီနေ့မှာ သွားရောက်လည်ပတ်တာဖြစ်ပြီး ဒေသခံတွေနဲ့ စကားပြောဆိုခဲ့ကာ တရုတ်မွတ်စလင်တွေ ကျန်းမာ၊ ချမ်းသာပါစေကြောင်း သမ္မတက ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။
    အစ္စလာမ်သာသနာဟာ တရုတ်နိုင်ငံကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက တမန်တော်မုဟမ္မသခင်ရဲ့ သာဝကကြီးတွေကနေတစ်ဆင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံအတွင်းက လူမျိုးပေါင်း ၅၅ ကျော် ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားတစ်ခု ဖြစ်နေပြီဖြစ်ကာ မွတ်စလင်ဦးရေဟာ တရုတ်လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော်ရဲ့ ၂ ရာခိုင်နှုန်းက ၄ ရာခိုင်နှုန်း ရှိနေပါတယ်။
    ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ တရုတ်ဟာ ခရစ်ယာန်အပါအ၀င် ဘာသာတရားတွေကို နှိပ်ကွပ်မှုတွေပြုလုပ်တယ်လို့ စွပ်စွဲခံရတဲ့နိုင်ငံဖြစ်ပြီး ဇင်ကျန်းပြည်နယ်က တာ့က်အနွယ်ဝင် မွတ်စလင်တွေဟာလည်း တရုတ်အစိုးရရဲ့ နှိပ်ကွပ်မှုကို ပြင်းပြင်းထန်ထန်ခံစားရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။
    ဒါပေမယ့် ပြည်မက တရုတ်အနွယ်မွတ်စလင်တွေကတော့ ဘာသာရေးကြောင့် ဖိနှိပ်မှုကို ခံစားရတယ်ဆိုတဲ့ ဖော်ပြချက်မျိုး မတွေ့ရပါဘူး။
    Ref: China Xhinua News
    ch 2
    ch 3
  • ပရီးမီးယားလိဂ်တွင် ကျရှုံးသော်လည်း မိုနာကိုတွင် ခြေစွမ်းပြန်ပြရန် ဖယ်ကာအို မျှော်လင့်
    ပရီးမီးယားလိဂ်တွင် ကျရှုံးသော်လည်း မိုနာကိုတွင် ခြေစွမ်းပြန်ပြရန် ဖယ်ကာအို မျှော်လင့်
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    falcao
    – အင်္ဂလန်တွင် ရုန်းကန်ခဲ့ရသည့် အတွေ့အကြံများက မိုနာကိုတွင် ခြေစွမ်းပြနိုင်ရေး အထောက်အကူဖြစ်လိမ့်မည်ဟု မန်ယူတိုက်စစ်မှူးဟောင်း ရာဒါမဲလ် ဖယ်ကာအိုက ပြောကြားလိုက်သည်။
    ကမ္ဘာပေါ်တွင် ဂိုးလာဘ်အရှိဆုံးနှင့် ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးများထဲမှ တစ်ဦးဟု သတ်မှတ်ခံထားရသည့် ဖယ်ကာအိုမှာ ၂၀၁၃-၁၄ ဘောလုံးရာသီအစက မိုနာကိုသို့ ရောက်လာခဲ့သော်လည်း ဒူးခေါင်းအရွတ်ဒဏ်ရာ ခံစားခဲ့ရကာ ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာ့ဖလားပွဲတွင် ကိုလံဘီယာအသင်းနှင့်အတူ ခြေစွမ်းပြခွင့် ဆုံးရှုံးခဲ့ရသည်။
    ထို့နောက် မန်ယူသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သော်လည်း ၂၀၁၄-၁၅ ပရီးမီးယားလိဂ် ၂၆ ပွဲတွင် ၄ ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ချယ်ဆီးအသင်းက အငှားဖြင့် ထပ်မံခေါ်ယူခဲ့သည်။ သို့သော်လည်း ဖယ်ကာအိုမှာ ဒဏ်ရာများနှင့် ရုန်းကန်ခဲ့ရကာ ပရီးမီးယားလိဂ်တွင် ၁၀ ပွဲ ပါဝင်ခွင့်ရခဲ့ပြီး ၁ ဂိုးသာ သွင်းနိုင်ခဲ့သည်။
    မိုနာကိုသို့ ပြန်ရောက်သွားခဲ့သည့် အသက် ၃၀ အရွယ် ဖယ်ကာအိုမှာ ယမန်နေ့က ကစားခဲ့သည့် ဇင်းနစ်အသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ၁ ဂိုးသွင်းယူနိုင်ခဲ့သည်။
    “အင်္ဂလန်မှာ ကျွန်တော်ဟာ ခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံတွေက ဘောလုံးသမားတစ်ယောက် အဖြစ်နဲ့ရော၊ လူတစ်ယောက်အဖြစ်နဲ့ပါ ကျွန်တော့်ကို ရင့်ကျက်စေခဲ့ပါတယ်။ အဲဒီမှာ သင်ယူလေ့လာခဲ့ရတာတွေက အခုအချိန်မှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ မိုနာကိုမှာ ပြန်ကစားရတဲ့အတွက်လည်း အရမ်းပျော်ရွှင်မိပါတယ်” ဟု ဖယ်ကာအိုက ပြောကြားခဲ့သည်။
    Ref: Goal
  • ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး
    ဆီးရီးယားတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံး
    ဇူလိုင် ၂၀၊ ၂၀၁၆
    M-Media
    kurd
    – ဆီးရီးယားနိုင်ငံရှိ IS က ထိန်းချုပ်ထားသော ဒေသများတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ကလေးငယ် ၁၁ ဦးအပါအ၀င် အနည်းဆုံး အရပ်သား ၅၆ ဦး သေဆုံးခဲ့သည်ဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုများတွင် ဖြစ်ပြီး ထိုအထဲမှ တစ်ခုမှာ မစ်ဘစ်ဂ်ျအမည်ရှိ ဒေသအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ထိခိုက်သေဆုံးသူ အများစုမှာ အမျိုးသမီးများနှင့် ကလေးများ ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။ အမေရိကန် စစ်ဌာနချုပ်ကလည်း အဆိုပါဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး တိုက်ခိုက်မှုအတွင်း အရပ်သားများ သေဆုံးခဲ့မှု ရှိလားဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
    ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေ စောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ ရမီ အဘ်ဒဲလ် ရဟ်မန်ကမူ ထိုကဲ့သို့ အရပ်သားအများအပြားသေဆုံးသော တိုက်ခိုက်မှုများကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်လေယာဉ်များက ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
    တိုက်ခိုက်ခံခဲ့ရသည့် ဒေသ၌ နေထိုင်သူများကမူ သေဆုံးသူအရေအတွက်မှာ ၂၀၀ ကျော်နိုင်သည်ဟု ဆိုသည်။
    အဆိုပါ မန်ဘစ်ဂ်ျဒေသကို ကာ့ဒ်ဦးဆောင်သည့် တပ်ဖွဲ့များက IS လက်မှ ပြန်သိမ်းရန် ကြိုးစားနေပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းပစ်ကူများ ပေးအပ်နေသည်။
    မေလနှောင်းပိုင်းကလည်း ကာ့ဒ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ထိုဒေသတွင် အရပ်သား ၁၀၄ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။
    Ref: Aljazeera