News @ M-Media

အီရတ်သို့ ကနေဒါက ဒေါ်လာ ၁၅၈ သန်း ထောက်ပံ့ပေးမည်

ဇူလိုင် ၂၂၊ ၂၀၁၆
M-Media

canada 2

– ပဋိပက္ခတွေနဲ့ ရုန်းကန်နေရဆဲဖြစ်တဲ့ အီရတ်နိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ကန်ဒေါ်လာ ၁၅၇ သန်း ပေးပို့သွားဖို့နဲ့ ကာလရှည်ချေးငွေ သန်း ၂၀၀ ပေးအပ်ဖို့ ကနေဒါအစိုးရက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကတိပြုလိုက်ပါတယ်။

ဒီရန်ပုံငွေအားလုံးနီးပါးဟာ စစ်ဘေးဒဏ်ခံ အီရတ်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီအစီအစဉ်အတွက် ထောက်ပံ့တာဖြစ်တယ်လို့ ကနေဒါ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ၀န်ကြီး Marie-Claude Bibeau က ဆိုပါတယ်။

ချေငွေ သန်း ၂၀၀ ကတော့ မကြာသေးမီက ဂျပန်မှာ ကျင်းပတဲ့ G7 ညီလာခံမှာ အီရတ်နိုင်ငံရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ကမ္ဘာဘဏ်ကနေတဆင့် ကူညီဖို့ ကနေဒါရဲ့ ကတိပြုထားမှုကို အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။

ဒေါ်လာ ၁၅၈ သန်းထဲက အချို့ကိုတော့ IS လက်ထဲကနေ လွတ်မြောက်လာတဲ့ အီရတ်ပြည်သူတွေကို ကူညီရေး ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်ကနေတစ်ဆင့် ထောက်ပံ့သွားမှာဖြစ်ပြီး၊ နောက်ထပ် ပမာဏအနည်းငယ်ကလည်း ရာမာဒီမြို့အပါအ၀င် IS လက်ထဲက ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ဒေသတွေမှာ လက်လုပ်ဗုံးတွေ ဖယ်ရှားရေး အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Ref : Alarabiya

Comments

Leave a Reply