News @ M-Media

Blog

  • ရမ်ဇာန်ဥပုသ်လ၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်သည့် လန်ဒန်မှ စားသောက်ဆိုင်

    ရမ်ဇာန်ဥပုသ်လ၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်သည့် လန်ဒန်မှ စားသောက်ဆိုင်

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    london

    – ဆင်းရဲချို့တဲ့သူတွေကို ညှာတာထောက်ထားဖို့ဆိုတဲ့ ရမ်ဇာန်ဥပုသ်လရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လန်ဒန်မြို့က မွတ်စလင်စားသောက်ဆိုင်တစ်ခုဟာ ချို့တဲ့သူတွေကို ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    အခုသီတင်းပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုမှာ ပူပူနွေးနွေး ထမင်းဟင်းလျာ ၂၀၀ ကို ဝေငှခဲ့တာ ဖြစ်ပါတယ်။

    “အစ္စလာမ်ဘာလဲဆိုတာ လူတွေကို သိစေချင်တာပါ” လို့ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ Shelby’s Food Express စားသောက်ဆိုင်ပိုင်ရှင် ယာဇန် အလ် ရှာလာဘီက ပြောကြားခဲ့ပါတယ်။ အလ် ရှာလာဘီရဲ့ ဒီဆိုင်ဟာ လန်ဒန်မြို့လယ်ခေါင်မှာ တည်ရှိပြီး အရှေ့အလယ်ပိုင်း အစားအသောက်တွေ ရောင်းချတာဖြစ်ပါတယ်။

    အလ်ရှာလာဘီဟာ လန်ဒန်က လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဆင်းရဲချို့တဲ့သူတွေကို ဖိတ်မန္တက ပြုကာ လှူဒါန်းကျွေးမွေးခဲ့တာပါ။

    လာရောက်စားသုံးသူတစ်ဦးဖြစ်တဲ့ ၁၂ တန်းကျောင်းသူ ခရစ်စတင်း ဖီရွန်က ” အစ္စလာမ်သာသနာနဲ့ပက်သက်လို့ မသိ
    နားမလည်တဲ့သူတွေဟာ မီဒီယာရဲ့ ၀ါဒဖြန့်မှုနောက်ကို ပါသွားတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ တစ်ယောက်မကောင်းတာနဲ့ အားလုံးကို သိမ်းကျုံးပြီး မကောင်းမြင်တတ်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုက သူတို့ရဲ့ အထင်အမြင်မှားယွင်းမှုကို ချေဖျက်ပြီး ပိုမိုကောင်းမွန်တဲ့ နားလည်မှုကို ရရှိစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အလ်ရှာလာဘီရဲ့ ဒီစားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီလိုလှူဒါန်းပေါင်း ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

    Ref : IINA

  • ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားကလေးငယ်သုံးသောင်း အစာရေစာပြတ်လပ်

    ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားကလေးငယ်သုံးသောင်း အစာရေစာပြတ်လပ်

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    syria 3

    – ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ ကပ်နေတဲ့ နယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေကို အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေလိုအပ်တဲ့ အစားအသောက်တွေ၊ ဆေးဝါးအကူအညီတွေ ထောက်ပံ့ပေးမှုကို ဂျော်ဒန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် ဆီးရီးယားကလေးငယ် ၃၀၀၀၀ ကျော်လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုအခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လမှာ အဲဒီနယ်စပ်က berm လို့ ခေါ်တဲ့ဒေသမှာ ISIS အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂျော်ဒန်အာဏာပိုင်တွေဟာ မိန်းမနဲ့ ကလေးအများစုအပါအ၀င် ဒုက္ခသည်ပေါင်း ၆၀၀၀၀ နဲ့ ၇၀၀၀၀ အတွက် အရေးပေါ်အကူအညီပေးပို့ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ ဂျော်ဒန်အာဏာပိုင်တွေက Rukban ဒုက္ခသည်စခန်းကို ပိတ်ဆို့လိုက်ပြီး တစ်ခုခုလှုပ်ရှားမှုတွေ့တာနဲ့ ထောက်ထားညှာတာမှုမရှိပဲ အရေးယူမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကတော့ ဂျော်ဒန်ရဲ့ ဒီလုပ်ရပ်ဟာ ဒုက္ခသည်တွေအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်လွန်နေတဲ့ အခုလိုအချိန်မှာ ဒီလိုကြမ်းတမ်းတဲ့အခြေအနေတွေကြောင့် ဒုက္ခသည်အချို့ဟာ ဆီးရီးယားကို ပြန်သွားရတာမျိုး လည်းရှိနေပါတယ်။

    Ref : Aljazeera

  • မက္ကာရှိ ၀တ်ကျောင်းတော်အတွက် လမ်းညွှန်စနစ်သစ်များကို ဆော်ဒီ ထားရှိ

    မက္ကာရှိ ၀တ်ကျောင်းတော်အတွက် လမ်းညွှန်စနစ်သစ်များကို ဆော်ဒီ ထားရှိ

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    al haram

    – မက္ကာမြို့က မြင့်မြတ်သော မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို တိုးချဲ့ပြီးနောက်ပိုင်းမှာ ဘုရားဖူး လာရောက်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းညွှန်မှုဆိုင်ရာ နည်းလမ်အသစ်တွေကို ဆော်ဒီအစိုးရက ဆောင်ရွက်ထားပြီး၊ ဖုန်းဆော့ဖ်ဝဲတစ်ခုကိုလည်း ဖန်တီးထားတယ်လို့ သိရပါတယ်။

    အဲဒီဆောင်ရွက်မှုတွေထဲမှာ ဗလီဝတ်ကျောင်းတော်တဲ့ အတွင်း၊ အပြင် အီလက်ထရောနစ် စခရင် ၇၅ ခု တပ်ဆင်ထားမှုလည်း ပါဝင်ပြီး အဲဒီစခရင်ကနေ ဘုရားဖူးလာရောက်သူတွေ သိရှိရမယ့် သတင်းအချက်အလက်တွေကို ဘာသာစကားပေါင်းစုံနဲ့ ဖော်ပြပေးမှာဖြစ်တယ်လို့ ဗလီဝတ်ကျောင်းတော် လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးဌာနက ညွှန်ကြားရေးမျူးဖြစ်သူ ဖာရစ် ဘင် မာဖူးဇ် အလ်-ဆာဒီက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး Al-Maqsad လို့ အမည်ပေးထားတဲ့ လမ်းညွှန်ဆော့ဖ်ဝဲတစ်ခုကိုလည်း ဖန်တီးထားပြီး ဘယ်ဖုန်းမှာမဆို အသုံးပြုနိုင်မယ့် အဲဒီဆော့ဖ်ဝဲမှာ ဗလီဝတ်ကျောင်းတော်ရဲ့ ပထ၀ီအနေအထားတွေကို ထည့်သွင်းပေးထားပြီး ကအ်ဘာကျောင်းတော်နဲ့ အခြားအဓိကနေရာတွေ၊ ၀င်ပေါက်ထွက်ပေါက်တွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    အဲဒီဆော့ဖ်ဝဲကို ထီထွင်ထုတ်လုပ်ခဲ့တဲ့ Makkah Valley Company ကုမ္ပဏီက စီအီးအို ဆာလေဟ် ဘီဆာလာမ်ကတော့ ဆော့ဖ်ဝဲကို အာရဘီ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက်ဖွင့်စရာ မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီဆော့ဖ်ဝဲကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ မြေညီထပ်မှာ အီလက်ထရောနစ်စကင်နဲ့ ပြသထားပြီး နောက်ပိုင်းမှာ ဒုတိယထပ်မှာ တပ်ဆင်သွားဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    Ref:s ArabNews