News @ M-Media

Blog

  • ယီမင်တွင် တိုက်ခိုက်မှုများကို ယူအေအီးအဆုံးသတ်

    ယီမင်တွင် တိုက်ခိုက်မှုများကို ယူအေအီးအဆုံးသတ်

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    uae

    – ယီမင်မှာတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်ကာ စစ်ဆင်ရေးတွေ ရပ်တန့်သွားတော့မယ်လို့ ယူအေအီးနိုင်ငံက ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။

    “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းရှင်းလေးပါပဲ၊ ကျွန်တော်တို့စစ်သားတွေအတွက် စစ်ဆင်ရေး ပြီးသွားပါပြီ။ ကျွန်တော်တို့ဟာ နိုင်ငံရေးဆောင်ရွက်ချက်တွေကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာဖြစ်ပြီး လွတ်မြောက်နယ်မြေတွေက ယီမင်ပြည်သူတွေကို စွမ်းအားမြှင့်တင်ရေး ဆောင်ရွက်ပေးသွားမှာပါ” လို့ အဘူဒါဘီအိမ်ရှေ့မင်းသားဖြစ်ပြီး ယူအေအီးလက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဒုတိယတပ်မှူး ရှိခ်မိုဟာမက် ဘင် ဇာယဒ် အလ်-နဟ်ယန်က သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဒါပမေယ့် ဘာ့ကြောင့် ဒီလိုဆုံးဖြတ်ရလဲဆိုတာကိုတော့ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိပါဘူး။

    ဆော်ဒီဦးဆောင်တဲ့ တပ်ဖွဲ့တွေကို ယီမင်က လက်နက်ကိုင်တွေ ပြန်လည်တိုက်ခိုက်မှုအတွင်း ယူအေအီး တပ်ဖွဲ့တွေဟာ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပြီး တနင်္လာနေ့ကလည်း ယီမင်နိုင်ငံတောင်ပိုင်းမှာ ယူအေအီး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့တာကြောင့် လေယာဉ်မှူး ၂ ဦးစလုံး သေဆုံးခဲ့ပါတယ်။

    ယူအေအီးတပ်ဖွဲ့တွေနေရာမှာ ဂျော်ဒန်တပ်ဖွဲ့တွေနဲ့ အကြံပေးများကို အစားထိုးသွားမယ်ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါတယ်။

    Ref : Presstv

  • ၂၀၀၂ ခုနှစ် ဂူဂျာရတ် အကြမ်းဖက်မှုတွင် ပါဝင်သူများကို အိန္ဒိယက တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်များ ချမှတ်

    ၂၀၀၂ ခုနှစ် ဂူဂျာရတ် အကြမ်းဖက်မှုတွင် ပါဝင်သူများကို အိန္ဒိယက တစ်သက်တစ်ကျွန်းနှင့် ထောင်ဒဏ်များ ချမှတ်

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    gujarat

    – ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းအတွင်း မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု၌ ပါဝင်သူ ၁၁ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။

    ထိုသတ်ဖြတ်မှုအတွက် လူ ၂၄ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကာ၊ ကျန်တစ်ဦးကို ၁၀ နှစ်ချမှတ်ခဲ့သည်။

    ဂူလ်ဘာ့ဂ် လူနေရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် လူပေါင်း ၆၉ ဦးမှာ ခေါင်းဖြတ်ခြင်းနှင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ ခံခဲ့ရသသည်။ ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များ ဖြစ်သည်။

    အဟ်မဒ်ဒါဘတ်ရှိ တရားရုံးကမူ ထိုအဖြစ်အပျက်အား လူ့အဖွဲ့အစည်းသမိုင်းတွင် အမှောင်မိုက်ဆုံး အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု သမုတ်ခဲ့သည်။ ထိုစဉ်က ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သည့် လက်ရှိသမ္မတ မိုဒီမှာ ထိုအဓိကရုဏ်းအား ရပ်တန့်စေရန် ထိရောက်သည့် ဆောင်ရွက်မှု မပြုလုပ်ခဲ့ဟု ဝေဖန်ခံခဲ့ရသည်။

    ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း အဓိကတာဝန်ရှိသူအချို့မှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု အသက်ရှင်လျက်လွတ်မြောက်လာသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြခဲ့ကြသည်။

    Ref: BBC

  • အသင်းအားဝေဖန်သူများ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သည်ဟု အိုင်ယာလန်နောက်ခံလူပြော

    အသင်းအားဝေဖန်သူများ မှားယွင်းကြောင်း သက်သေပြနိုင်ခဲ့သည်ဟု အိုင်ယာလန်နောက်ခံလူပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    ireland

    – မိမိတို့အသင်းမှာ ယူရိုပြိုင်ပွဲတွင် အမှတ်ရမည်မဟုတ်ဟု အကဲဖြတ်ခဲ့သူများ မှားယွင်းကြောင်း ယူကရိန်းအသင်းအား ၂ ဂိုး ပြတ်ဖြင့် အနိုင်ကစားကာ သက်သေပြနိုင်ခဲ့သည်ဟု မြောက်အိုင်ယာလန်အသင်း နောက်ခံလူ ဂါရသ် မခ်အော်လေးက ပြောကြားလိုက်သည်။

    ယနေ့မနက်ပိုင်းက ကစားခဲ့သည့် ထိုပွဲတွင် မြောက်အိုင်ယာလန်အသင်းမှာ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ပြီး အဖွင့်ဂိုးကို မခ်အော်လေးက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ပွဲမှာ ယူရိုပြိုင်ပွဲတွင် မြောက်အိုင်ယာလန်အသင်း၏ ပထမဆုံး နိုင်ပွဲလည်းဖြစ်သည်။

    အုပ်စု C တွင် ဂျာမနီ၊ ပိုလန်၊ ယူကရိန်းတို့နှင့် အုပ်စုကြပ်ထဲရောက်နေသည့် မြောက်အိုင်ယာလန်မှာ အမှတ်ရမည်မဟုတ်ဟု ပြိုင်ပွဲမတိုင်ခင်က ခန့်မှန်းမှုများရှိခဲ့ပြီး မခ်အော်လေးက ထိုကိစ္စကို ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ကျွန်တော်တို့ စွမ်းဆောင်နိုင်တယ်ဆိုတာ သက်သေပြဖို့ တစ်ချက်ရခဲ့ပါပြီ။ ကျေနပ်စရာပါပဲ။ နောက်တစ်ပွဲ (ဂျာမနီနှင့်ပွဲ) က ကျွန်တော်တို့အတွက် ခက်ခဲမယ့်ပွဲဖြစ်ပေမယ့် ပျော်ရွှင်မိပါတယ်။ လူတော်တော်တော်များများက ကျွန်တော်တို့ ၁ မှတ်တောင်ရမှာမဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်” ဟု မခ်အော်လေးက ပြောကြားခဲ့သည်။

    ယူကရိန်းနှင့်ပွဲ ၎င်း၏ အဖွင့်ဂိုးမှာ မြောက်အိုင်ယာလန်အနေဖြင့် နှစ်ပေါင်း ၃၀ အတွင်း ယူရိုတွင် ပထမဆုံးသွင်းယူနိုင်ခဲ့သည့်ဂိုးဖြစ်ပြီး မခ်အော်လေးက ထိုအတွက် ကျေနပ်မိသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • အီရန်မှ မိမိအိမ်နီးချင်းများကို ဆက်လက်ကူညီသွားမည်ဟု သမ္မတပြော

    အီရန်မှ မိမိအိမ်နီးချင်းများကို ဆက်လက်ကူညီသွားမည်ဟု သမ္မတပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    rouhani

    – မိမိတို့နိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဆက်လက်ကူညီသွားမှာဖြစ်တယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပြီး IS ဒဏ်ကို ခါးစီးခံနေရတဲ့ အီရတ်နိုင်ငံအပေါ် ကူညီမှုကိုလည်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

    “အိမ်နီးချင်းနိုင်ငံအဖြစ် ကျွန်တော်တို့အကူအညီကို တောင်းခံလာတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အစိုးရတွေအပေါ် ဆက်လက် ကူညီပံ့ပိုးပေးသွားမှာပါ” လို့ ရူဟာနီက ယခုတစ်ပတ်အတွင်း လွှတ်တော်ဥက္ကဌ အလီ လာရီဂျာနီနဲ့ တရားရေးဌာနအကြီးအကဲ အယာတိုလာ ဆစ်ဒစ်က် အေမိုလီ- လာရီဂျာနီ နဲ့ တွေ့ဆုံအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဂျာနယ်လစ်တွေကို ပြောကြားလိုက်ပါတယ်။

    နောက်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဆက်လက်တိုက်ခိုက်နေတဲ့ အီရတ်နိုင်ငံအနေနဲ့ မကြာခင်မှာ တည်ငြိမ်မှု၊ လုံခြုံမှု ရရှိနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်း အီရန်သမ္မတက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင် အလ်-ဂျာဖာရီက လက်ဘနွန်တီဗီတစ်ခုနဲ့ ဇွန်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အင်တာဗျူးမှာ မိမိတို့နိုင်ငံအနေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ဖျက်တဲ့နေရာမှာ အီရန်နိုင်ငံရဲ့ အကူအညီ လိုအပ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : Presstv

  • အင်္ဂလန်ကိုရှုံးနိမ့်မှုက မည်သည့်ရိုတ်ခတ်မှုမှ မရှိဟု ဝေးလ်အလယ်တန်းလူပြော

    အင်္ဂလန်ကိုရှုံးနိမ့်မှုက မည်သည့်ရိုတ်ခတ်မှုမှ မရှိဟု ဝေးလ်အလယ်တန်းလူပြော

    ဇွန် ၁၇၊ ၂၀၁၆
    M-Media

    wale 2

    – အင်္ဂလန်အသင်းအား ရှုံးနိမ့်မှုမှာ မိမိတို့အတွက် မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပေါ်မည်မဟုတ်ဘဲ နောက်တစ်ဆင့်တက်ရေး အုပ်စုနောက်ဆုံးပွဲစဉ်တွင် စိတ်ဓာတ်ကောင်းဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ဝေးလ်အလယ်တန်းလူ ဂျိုး လက်ဒလေက ပြောကြားလိုက်သည်။

    နှစ်ပေါင်း ၅၀ ကျော်ကြာမှ အဓိကပြိုင်ပွဲကြီးတစ်ခုတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် ဝေးလ်မှာ ယမန်နေ့က အင်္ဂလန်နှင့်ပွဲတွင် ဂါရက်ဘေးလ်၏ ဖရီးကစ်ဂိုးဖြင့် ဒုတိယပိုင်းအထိ ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဗာဒီ၏ ချေပဂိုး၊ နာကျင်အချိန်ပို ၉၂ မိနစ်တွင် စတားရစ်ခ်ျ၏ နောက်ကျဂိုးတို့ဖြင့် အရှုံးပေးခဲ့ရသည်။

    လက်ဒလေကမူ ရလဒ်ကောင်းရန်လိုနေသည့် ရုရှားနှင့် အုပ်စုနောက်ဆုံးပွဲအတွက် အင်္ဂလန်အရှုံးက မည်သို့မှ ရိုက်ခတ်မည်မဟုတ်ဟု ဆိုသည်။

    “လာမယ့်ရက်အနည်းငယ်မှာ နောက်တစ်ပွဲကစားရမှာကြောင့် ဒီအရှုံးပေါ်မှာ ကျွန်တော်တို့ ကြေကွဲခံစားနေလို့ မရပါဘူး။ စည်းစည်းလုံးလုံးနဲ့ တောင့်တောင့်တင်းတင်းရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ အခုမှ ၀င်ပြိုင်ရတာပါ။ ပွဲတိုင်းမှာ ကျွန်တော်တို့ ကောင်းခဲ့ပြီး ပရိတ်သတ်တွေကလည်း လက်ဖျားခါလောက်ပါတယ်။ ကျွန်တော်တို့ ကွင်းအတွင်းနဲ့ ကွင်းအပြင်မှာ လုပ်ခဲ့သလိုမျိုးပဲ ရှေ့ဆက် လုပ်ဆောင်သွားရမှာပါ။ ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု လက်ဒလေက ပြောကြားခဲ့သည်။

    လက်ရှိတွင် ၃ မှတ်ရထားသည့် ဝေးလ်မှာ ရုရှားနှင့်ပွဲတွင် အနည်းဆုံး သရေတစ်မှတ်ရလျှင်ပင် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်ပြီး လက်ဒလေမူ မိမိတို့မှာ သရေထက် အနိုင်ကစားရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal