News @ M-Media

Blog

  • ကုရ်အာန်နှင့် စွန္နသ်တော်ကဖော်ကျူးသည့် သိပ္ပံအချက်အလက်များ ဖော်ထုတ်တင်ပြမှုပြိုင်ပွဲ ကျင်းပ

    ကုရ်အာန်နှင့် စွန္နသ်တော်ကဖော်ကျူးသည့် သိပ္ပံအချက်အလက်များ ဖော်ထုတ်တင်ပြမှုပြိုင်ပွဲ ကျင်းပ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    comission

    – ကမ္ဘာ့မွတ်စလင်လိဂ် (MWL) နဲ့ နှီးနွယ်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့ ကုရ်အာန်နှင့် စွန္နသ်တော် (တမန်တော်မြတ်၏ သြ၀ဒါတော်) များရှိ သိပ္ပံသက်သေလက္ခဏာများဆိုင်ရာ နိုင်ငံတကာကော်မရှင် (ICSSQS) က ၎င်းတို့ရဲ့ ၆ ကြိမ်မြောက် သိပ္ပံဆိုင်ရာ ပြိုင်ပွဲတစ်ခုကို စတင်လိုက်တယ်လို့ သိရပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်နဲ့ တမန်တော် မုဟမ္မဒ်သခင်ရဲ့ ဓလေ့တော်တွေ၊ သြ၀ါဒတော်တွေက ဖော်ကျူးနေတဲ့ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ဖော်ထုတ်ယှဉ်ပြိုင်ရမယ့် အဲဒီပြိုင်ပွဲဟာ အွန်လိုင်းအခြေပြုဖြစ်ပြီး www.eajaz.org ကို မိမိတို့ရဲ့ တွေ့ရှိချက်တွေ တင်သွင်းရမှာဖြစ်ပါတယ်။

    ဒီပြိုင်ပွဲကို ယခုနှစ် ရမ်ဇာန်ဥပုသ်လ ၁ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး ၂၀ ရက်နေ့ နောက်ဆုံးထား ယှဉ်ပြိုင်ရမှာပါ။ ICSSQS ရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ဒေါက်တာ အဘ်ဒူလာ အလ်-မူစလေက ဒီပြိုင်ပွဲအတွင်းမှာ သိပ္ပံဆိုင်ရာ မေးခွန်းတွေကို တောက်လျှောက် မေးမြန်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    နောက်ပြီး စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ ပြိုင်ပွဲရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို သေချာဖတ်ဖို့နဲ့ ပြိုင်ပွဲဝင်တွေရဲ့နာမည်စာရင်းတွေကိုလည်း ၀က်ဘ်ဆိုက်ပေါ် တင်ထားပေးမှာ ဖြစ်တယ်လို့လည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref; IINA

  • အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် နာဆာနှင့် ယူအေအီးတို့ သဘောတူ စာချုပ်ချုပ်ဆို

    အင်္ဂါဂြိုဟ်ခရီးစဉ်အတွက် နာဆာနှင့် ယူအေအီးတို့ သဘောတူ စာချုပ်ချုပ်ဆို

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    nasa 2

    – နာဆာ၏ အဓိက အာကာသစူးစမ်းလေ့လာရေး စီမံကိန်းတစ်ခုဖြစ်သော အင်္ဂါဂြိုဟ် စူးစမ်းရှာဖွေရေးနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ၊ အာကသခရီးစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က နာဆာနှင့် ချုပ်ဆိုခဲ့သည်ဟု သိရသည်။

    “ရည်မှန်းချက်ကြီးမားတဲ့ အင်္ဂါဂြိုဟ်ခရီးစဉ်ကို နာဆာက ဦးတည်ဆောင်ရွက်နေပြီး အဲဒီအထဲမှာ ပုဂ္ဂလိကလုပ်ငန်းတွေ၊ နိုင်ငံတကာက မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း ပါဝင်နေပါတယ်” ဟု နာဆာ၏ စီမံခန့်ခွဲရေးမှူး ချားလ်စ် ဘိုလ်ဒန်က ယခုတစ်ပတ်အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    နာဆာမှာ ၂၀၃၀ ပြည့်နှစ်များတွင် အင်္ဂါဂြိုဟ်သို့ ပထမဆုံး လူလိုက်ပါသည့် အာကသယာဉ်ကို စေလွှတ်ရန် စီစဉ်ထားပြီး လက်ရှိအချိန်တွင်မူ အာကသယာဉ် လွှတ်တင်သည့်စနစ်များနှင့် လူလိုက်ပါနိုင်မည့် Orion အာကာသယာဉ်တို့အား အဆင့်မြှင့်တင်မှုများပြုလုပ်ရန် ဆောင်ရွက်နေသည်။

    “ယူအေအီး အာကာသအေဂျင်စီနဲ့ ရရှိခဲ့တဲ့ ဒီ မူဘောင် သဘောတူညီချက်ဟာ အင်္ဂါဂြိုဟ်ခရီးစဉ် တိုးတက်မှုအတွက်နဲ့ အာကာသပြင်ပ စူးစမ်းရှာဖွေရေးလုပ်ငန်းဆိုင်ရာ ကြိုးပမ်းမှုတွေအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားအတွက် ကျွန်တော်တို့ နှစ်နိုင်ငံက ကျွမ်းကျင်သူတွေဟာ ကဏ္ဍတော်တော်များများနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့ အေဂျင်စီနှစ်ခုဟာလည်း အာကာသလုပ်ငန်း၊ စူးစမ်းရှာဖွေရေး လုပ်ငန်းတွေမှာ ဘုံအကျိုးစီးပွားကို အခြေခံပြီး နှစ်ပေါင်းများစွာ လက်တွဲလုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဘိုလ်ဒန်က ထပ်လောင်းပြောကြားခဲ့သည်။

    ယူအေအီးမှာ အင်္ဂါဂြိုဟ်သို့ လူလိုက်ပါခြင်းမရှိသည့် အာကာသယာဉ်စေလွှတ်ရန် အစီအစဉ်ရှိနေသည်ဟု မကြာသေးမီက ကြေငြာထားပြီး အသေးစိတ်အချက်အလက်များကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိချေ။

    Ref: Press TV

  • ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် သုံးစွဲမှု တိုးမြှင့်မည်ဟု နိုင်ငံတော်သမ္မတပြော

    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် သုံးစွဲမှု တိုးမြှင့်မည်ဟု နိုင်ငံတော်သမ္မတပြော

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    budget

    – ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဖူလုံရေးတိုကဲ့သို့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အစိုးရ၏ သုံးစွဲမှုများကို ယခု ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကတိပြုပြောကြားလိုက်သည်။

    နိုင်ငံတော်သမ္မတနေအိမ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ပထမဆုံး ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ ဘက်ဂျက်ကို ဆန်းစစ်မှုများ ပြုလုပ်ပြီးနောက် တိုးမြှင့်ပေးသွားမည်ဟု ဆိုသည်။

    ထိုကဲ့သို့ တိုးမြှင့်ရာတွင် လျှပ်စစ်ကဏ္ဍ အပါအ၀င် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး စသည့်ကဏ္ဍများမှာ ထိပ်တန်းဦးစားပေးများဖြစ်သည်ဟု သမ္မတက ထည့်သွင်ေးပြာကြားခဲ့သည်။

    ဘဏ္ဍာရေးကော်မရှင်ကို သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ကော်မရှင်၏ ပထမဆုံးအစည်းဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့သည်။

    သမ္မတဦးသိန်းစိန်လက်ထက်က အတည်ပြုပြဌာန်းခဲ့သည့် ဘဏ္ဍာငွေ အရ၊ အသုံးဆိုင်ရာ ဥပေဒနှင့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာတို့မှာ ထိုစဉ်က ရှိခဲ့သည့် ၀န်ကြီးဌာန ၃၃ ခုအတွက် ခြုံငုံ၍ ရေးဆွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၀န်ကြီးဌာန ၂၂ ခုသာ ရှိသောကြောင့် ထို ၂ ခုစလုံးအား သုံးသပ်ပြင်ဆင်ရန် လိုအပ်သည်ဟုလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : mmtimes

  • ပြင်သစ်ကွင်းလယ်လူ ပါယက် ဇီဒိန်း၏ ယူရိုစံချိန်ကို ချိုးဖျက်ရန် နီးစပ်လာ

    ပြင်သစ်ကွင်းလယ်လူ ပါယက် ဇီဒိန်း၏ ယူရိုစံချိန်ကို ချိုးဖျက်ရန် နီးစပ်လာ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    payet

    – လက်ရှိ ယှဉ်ပြိုင်ကစားနေသည့် ယူရို ၂၀၁၆ တွင် ပြင်သစ်အသင်းနှင့်အတူ ခြေစွမ်းပြနေသည့် ကွင်လယ်လူ ဒီမီထရီ ပါယက်မှာ ဂန္တ၀င်ကွင်းလယ်ကစားသမား ဇီဒိန်းတင်ထားသည့် ယူရိုပြိုင်ပွဲ ဂိုးသွင်းခွင့်ဖန်တီးမှု စံချိန်ကို ချိုးဖြတ်နိုင်တော့မည်ဟု သိရသည်။

    ပါယက်မှာ ယူရို အုပ်စုပွဲစဉ်များဖြစ်သည့် ရိုမေးနီးယားနှင့် အလ်ဘေးနီးယားတို့အား အနိုင်ရရှိခဲ့သည့် ပွဲများတွင် ၁ ဂိုး စီ သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်မှာ ထိုနိုင်ပွဲများကြောင့် ရှုံးထွက်အဆင့်သို့ တက်ရောက်သွားနိုင်ပြီဖြစ်သည်။

    ပါယက်မှာ ဂိုးသွင်းနိုင်သည့်အပြင် ထို ၂ ပွဲတွင် စုစုပေါင်း ဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ပြင်သစ်က ချန်ပီယံဖြစ်မည့် ဂရိကို ကွာတားဖိုင်နယ်တွင် ရှုံးနိမ့်ခဲ့သည့် ယူရို ၂၀၀၄ ပြိုင်ပွဲတွင် ကွင်းလယ်လူ ဇီဒိန်း ရရှိထားသော ဖန်တီးမှု ၁၅ ကြိမ်ပြု လုပ်သည့် စံချိန်ကို ချိုးဖျက်ရန် နီးစပ်နေပြီဖြစ်သည်။

    ပါယက်အနေဖြင့် ထိုကဲ့သို့ ဖန်တီးမှုများ ပြုလုပ်ပေးခဲ့သော်လည်း တိုက်စစ်မှူး အိုလီဗီယာ ဂျရူးတစ်ဦးသာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

    Ref: Goal

  • ရခိုင်ပြည်နယ်ရေကြီးမှု သေဆုံးသူ ၆ ဦးရှိလာ

    ရခိုင်ပြည်နယ်ရေကြီးမှု သေဆုံးသူ ၆ ဦးရှိလာ

    ဇွန် ၁၆၊ ၂၀၁၆
    M-Media

    ra 2

    – ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုကြောင့် သေဆုံး သူ ၆ ဦး ရှိလာခဲ့ပြီး သေဆုံးအရေအတွက်မှာ ထပ်မံမြင့်တက်လာနိုင်သည်ဟု ဒေသတွင်း အကူအညီပေးရေး အဖွဲ့များက ပြောကြားလိုက်သည်။

    အဆိုပါ သေဆုံးသူ ၆ ဦးကို ဇွန်လ ၁၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၄ ဦးမှာ တောင်ကုတ်မြို့နယ်ရှိ အသက် ၁၁ နှစ်မှ ၁၄ နှစ်ကြား မိန်းကလေးငယ်များဖြစ်ကြကာ အခြား ၂ ဦးမှာ သံတွဲတွင်နေထိုင်ကြသူများ ဖြစ်သည်ဟု သံတွဲရှိ အကူအညီပေးရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးမြင့်မိုးက ပြောကြားခဲ့သည်။

    “မိသားစုဝင်တွေ ပျောက်နေတာမျိုး ရှိလားဆိုတာကို စစ်ဆေးဖို့ ကျွန်တော်တို့ လူတိုင်းကို သတိပေးထားပါတယ်။ အလောင်းတစ်ချို့ကိုတွေ့ပေမယ့် သေဆုံးတဲ့အရေအတွက် အတိအကျကိုတော့ ကျွန်တော်တို့ အတည်ပြုလို့ မရသေးပါဘူး” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့ပြီး သေဆုံးသူအရေအတွက်မှာ တိုးလာနိုင်သည်ဟု သတိပေးခဲ့သည်။

    သံတွဲကြက်ခြေနီအသင်းကလည်း ထိုသတင်းကို အတည်ပြုခဲ့သည်။

    ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မိုးသည်းထန်စွာရာသွန်းကာ ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ အကူအညီများလည်း လိုအပ်နေသည်။ သံတွဲမြို့နယ် ရွှေလှေး ကျေးရွာမှ ကိုထွန်းသန့်ကျော်ကမူ ရေဘေးသင့်ဒေသများသို့ ၀န်ကြီး ၃ ဦး လာရောက် ကြည့်ရှုခဲ့ပြီးနောက် အစိုးရမှာ အကူအညီများကို ပေးပို့နေသော်လည်း လုံလောက်မှုမရှိဟု ပြောကြားခဲ့သည်။

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ကနဦး အချက်အလက်များအရ ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၅၈၀၀ သို့မဟုတ် လူပေါင်း ၂၆၀၀၀ ကျော် ထိခိုက်ခံစားခဲ့ရသည်ဟု သိရသည်။

    Ref: mmtimes