ဇွန် ၂၁၊ ၂၀၁၆
M-Media
– ပြီးခဲ့တရက်ပိုင်းက ပြန်လည်သိမ်းပိုက်ရရှိခဲ့တဲ့ ဖာလူဂျာမြို့မှာ IS အကြမ်းဖက်သမားတွေ လက်ကနေ ယာဇီဒီလူမျိုး အမျိုးသမီး ၃၅၄ ယောက်ကို အီရတ်တပ်ဖွဲ့တွေက ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကာ့ဒ်ဒေသအစိုးရရဲ့ ယာဇီဒီတိုင်းရင်းသားရေးရာ တာဝန်ရှိသူ ဟာဒီ ဒူဘာနီက ပြောကြားလိုက်ပါတယ်။
“၂၀၁၄ ခုနှစ် သြဂုတ်လမှာ ယာဇီဒီလူမျိုးတွေ အဓိကနေထိုင်တဲ့ ဆင်ဂျာဒေသကို IS က ထိန်းချုပ်စဉ်အတွင်း ပြန်ပေးဆွဲခံထားရတဲ့ ယာဇီဒီအမျိုးသမီး ၃၅၄ ဦးကို ဖာလူဂျာမြို့ လွတ်မြောက်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အီရတ်တပ်ဖွဲ့တွေက လွတ်မြောက်စေခဲ့ပါတယ်” လို့ ဒူဘာနီက ဆိုပါတယ်။
အဲဒီ အမျိုးသမီးတွေဟာ လက်ရှိအချိန်မှာ ဖာလူဂျာတောင်ပိုင်း အလ်အမီရီယာနယ်မြေကို ရောက်ရှိနေပြီး၊ အီရတ်တပ်ဖွဲ့တွေရဲ့ အကာအကွယ် ရရှိနေပြီဖြစ်ကာ သူတို့ မူလနေထိုင်ရာ ကာ့ဒ်ဒေသကို ပြန်လည်ပို့ဆောင်ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
အီရတ်တပ်ဖွဲ့တွေဟာ IS လက်ထဲမှာ ၂ နှစ်ခွဲလောက်ရှိခဲ့တဲ့ ဖာလူဂျာမြို့ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကြသပတေးနေ့က ကုလရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကနေ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ IS တွေဟာ ယာဇီဒီလူမျိုး အမျိုးသမီးနဲ့ ကလေးတွေ ၃၂၀၀ လောက်ကို ဖမ်းဆီးထားပြီး အထူးသဖြင့် စစ်ပွဲတွေဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Ref: Presstv
Leave a Reply
You must be logged in to post a comment.