News @ M-Media

Blog

  • ဆော်ဒီ၏ ကမ္ဘာ့အကူအညီ ကုလ၏ သတ်မှတ်ချက်ထက် ပိုမိုများပြား

    ဆော်ဒီ၏ ကမ္ဘာ့အကူအညီ ကုလ၏ သတ်မှတ်ချက်ထက် ပိုမိုများပြား

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    saudi 3

    – နှစ်ပေါင်း ၃၆ နှစ်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း လိုအပ်နေတဲ့ နိုင်ငံတွေအတွက် ဆော်ဒီအာရေဗျရဲ့ ကူညီထောက်ပံ့မှုဟာ ကန်ဒေါ်လာ ၉၉.၇၅ ဘီလီယံရှိခဲ့ပြီး ဒါဟာ အလှူရှင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ လှူဒါန်းမှုဟာ နိုင်ငံ ဂျီဒီပီရဲ့ ၀.၇ ရာခိုင်နှုန်း ရှိရမယ်ဆိုတဲ့ ကုလရဲ့ သတ်မှတ်ချက်ကို ကျော်လွန်သွားခဲ့တာလည်း ဖြစ်ပါတယ်။

    လူ့အခွင့်အရေးကောင်စီက ကုလသမဂ္ဂ ဆင်းရဲမွဲတေမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူကိုယ်စားလှယ် ဖီလစ် အလ်တ်ဆန်နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ကုလသမဂ္ဂဆိုင်ရာ ဆော်ဒီသံအမတ်ကြီး ဖိုင်ဆယ် ဘင် ထရဒ်က မိမိတို့တိုင်းပြည်ဟာ ဆင်းရဲမွဲတွေမှု တိုက်ဖျက်ရေး၊ ပြည်တွင်းနဲ့ နိုင်ငံတကာအဆင့်မှာ လူနေမှုအဆင့်အတန်း တိုးတက်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီဟာ ကုလရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးအစီအစဉ်များထဲမှာ အဓိကမိတ်ဖက်တစ်ဦးဖြစ်ပြီး၊ ပြင်ပအကူအညီနဲ့အလှူအတန်းကိစ္စတွေအတွက် နိုင်ငံခြားရေးမူဝါဒမှာ သိသိသာသာ ထည့်သွင်းဖော်ပြထားပါတယ်။ ပြီးတော့ ဆော်ဒီဟာ ကမ္ဘာ့ထိပ်တန်း အလှူရှင်နိုင်ငံတွေက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။

    ထရဒ်ကတော့ မိမိတို့နိုင်ငံဟာ အစ္စလာမ့်မစ်နိုင်ငံတွေရော၊ အခြားနိုင်ငံတွေကိုပါ အကူအညီပေးရေးဆိုတဲ့ ပေါ်လစီကို စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ၁၉၇၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကူညီပေးနေတဲ့ ဆော်ဒီအာရေဗျရဲ့ စုစုပေါင်းကူညီမှုဟာ ကန်ဒေါ်လာ ၉၉.၇၅ ဘီလီယံအထိရှိခဲ့ပြီး ဒါဟာ ကုလက သတ်မှတ်ထားတဲ့ အလှူရှင်နိုင်ငံတစ်ခုရဲ့ ထည့်ဝင်လှူဒါန်းငွေ သတ်မှတ်ချက်ပမာဏထက် ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။

    Ref : IINA

  • ဝေးလ်နိုင်ပွဲက မိမိတို့အသင်း ကြောက်စရာကောင်းကြောင်း ပြသလိုက်ခြင်းဟု အင်္ဂလန်ကွင်းလယ်လူပြော

    ဝေးလ်နိုင်ပွဲက မိမိတို့အသင်း ကြောက်စရာကောင်းကြောင်း ပြသလိုက်ခြင်းဟု အင်္ဂလန်ကွင်းလယ်လူပြော

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    eng

    – ဝေးလ်နှင့်ပွဲတွင် တိုက်စစ်မှူးစတားရစ်ခ်ျ၏ ပွဲအပေါ် ရိုက်ခတ်မှုက မိမိတို့အသင်းတွင် ကြောက်စရာကောင်းသော စွမ်းဆောင်ရည်မျိုး ရှိကြောင်း သက်သေပြလိုက်ခြင်းဖြစ်သည်ဟု အင်္ဂလန်ကွင်းလယ်လူ အဒမ် လာလနာက ပြောကြားလိုက်သည်။

    ကြာသာပတေးနေ့က ကစားခဲ့သည့် အုပ်စု B ဒုတိုမြောက်ပွဲစဉ်တွင် ဝေးလ်မှာ ဂါရက်ဘေးလ်၏ ဖရီးကစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းမှ ၀င်ရောက်လာသည့် ဗာဒီက ချေပဂိုး ပြန်သွင်းခဲ့ကာ စတားရစ်ခ်ျက နာကျင်အချိန်ပိုတွင် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။ စတားရစ်ခ်ျမှာလည်း ဒုတိယပိုင်းမှ ၀င်ရောက်စားခဲ့ခြင်းဖြစ်သည်။

    အသင်းဖော် လာလနာကမူ စတားရစ်ခ်ျ၏ ထိုစွမ်းဆောင်ရည်က မိမိတို့တစ်သင်းလုံးတွင် ရှိနေသည့် အရည်အသွေးကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “နည်းပြက လူစားသွင်းလိုက်တဲ့ ကစားသမား ၂ ယောက်စလုံးဟာ အသင်းပေါ် ရိုတ်ခတ်မှုရှိတာကို ချီးကျူးရမှာပါ။ ဒါက ကျွန်တော်တို့အသင်းရဲ့ ကစားသမား ၂၃ ယောက်စလုံး ဘယ်လောက်ကောင်းတယ်ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ မတူညီတဲ့အခြေအနေတွေမှာ သုံးလို့ရနိုင်တဲ့ ၀ီလ်ရှိုင်းယား၊ ဟန်ဒါဆန်၊ မီလ်နာတို့လို့ ကစားသမားတွေ အရန်ခုံမှာရှိနေပြီး နောက်ခံအလယ်လူ ၂ ယောက်လည်း ရှိနေပါတယ်။ ဒါကာ ကျွန်တော်တို့လူစာရင်း ဘယ်လောက်တောင့်တင်းလဲဆိုတာကို ပြသနေပါတယ်။ စတားရစ်ခ်ျနဲ့ ဗာဒီတို့ဟာ ဒုတိပိုင်းမှဝင်လာပြီး ပြိုင်ဘက်အသင်းက ‘သွားပါပြီကွာ’ လို့ ပြောရလောက်တဲ့ အထိပါပဲ” ဟု လာလနာက ပြောကြားခဲ့သည်။

    Ref : Goal

  • အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု ဂျပန်တွင် မြင့်တက်လာ

    အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှု ဂျပန်တွင် မြင့်တက်လာ

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    japan 2

    – အိုကီနာဝါကျွန်းမှာ အမေရိကန်စစ်အခြေစိုက်စခန်း ထားရှိမယ့်ကိစ္စကို မကျေနပ်ကြောင်း ဂျပန်ပြည်သူတွေက ယမန်နေ့မှာ ဆန္ဒပြမှုတွေ ထပ်မံပြုလုပ်ခဲ့ပြီး အဲဒီ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

    အိုကီနာဝါပြည်နယ်က Camp Schwab လို့ခေါ်တဲ့ အမေရိကန်ရေတပ်စခန်းအပြင်ဘက်မှာ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး အမေရိကန်တပ်ဖွဲ့တွေ တိုင်းပြည်အတွင်းမှာ ရှိနေတာကိုလည်း ဂျပန်ပြည်သူတွေက ရှုတ်ချခဲ့ပါတယ်။ ဂျပန်အစိုးရဟာ အဲဒီ ရေတပ်စခန်းကို အိုကီနာဝါကျွန်းမှာ ပြန်လည်နေရာချထားပေးဖို့ စီစဉ်နေတာဖြစ်ပြီး ဂျပန်ပြည်သူတွေကတော့ လက်မခံဘဲ မကြာခဏ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

    ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေက စခန်းရဲ့ အဓိက၀င်ပေါက်ကို ပိတ်ဆို့ပြီး ပြန်လည်နေရာချထားမယ့် အစိုးရရဲ့အစီအစဉ်ကို မကျေနပ်ကြောင်း “မရိန်းတပ်သားများ အခုထွက်သွား” ဆိုတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြွေးကြော် အော်ဟစ်ခဲ့ကြပါတယ်။

    ရဲများက လူစုလူဝေးကို အင်အားသုံးဖြိုခွဲဖို့ ကြိုးစားခဲ့တဲ့အတွက် ရုန်းရင်းဆန်ခတ်မှုအချို့လည်း ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်စစ်အခြေစိုက်စခန်းကို ဆန့်ကျင်တဲ့အနေနဲ့ အကြီးစား ထိုင်သပိတ်ကြီးတစ်ခုကို အိုကီနာဝါကျွန်းပေါ်မှာ ပြုလုပ်ဖို့အတွက် ဂျပန်ပြည်သူတွေက စီစဉ်ထားကြပါတယ်။

    မကြာသေးခင်က ဂျပန်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုအတွက် အမေရိကန်စစ်စခန်းက အလုပ်သမားတစ်ဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးထားပြီးနောက်မှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဟာ ဂျပန်နိုင်ငံတစ်ဝှမ်းမှာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Presstv

  • စပိန်ဂိုးမြူးမှုအတွက် နည်းပြ ကျေနပ်နေ

    စပိန်ဂိုးမြူးမှုအတွက် နည်းပြ ကျေနပ်နေ

    ဇွန် ၁၈၊ ၂၀၁၆
    M-Media

    spain 3

    – တူရကီအသင်းနှင့် ကစားခဲ့သည့် ယူရို ၂၀၁၆ အုပ်စုဒုတိယပွဲစဉ်တွင် ၃ ဂိုး သွင်းယူနိုင်ခဲ့မှုအတွက် ကျေနပ် ပျော်ရွှင်မိသည်ဟု စပိန်နည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လက်ရှိချိန်ပီယံ စပိန်အသင်းမှာ မိုရာတာ၏ သွင်းဂိုး ၂ ဂိုး၊ နိုလီတို၏ သွင်းဂိုး ၁ ဂိုးတို့ဖြင့် ၃ ဂိုပြတ်အနိုင်ရရှိခဲ့ပြီး ၂ ပွဲနိုင် ၆ မှတ်ဖြင့် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားပြီဖြစ်သည်။

    စပိန်မှာ ပြီးခဲ့သည့်လများအတွင်း ကစားခဲ့သည့်ပွဲများတွင် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး အုပ်စုအဖွင့်ပွဲ ချက်အသင်းနှင့်ပွဲတွင်လည်း ပီကေး၏ ခေါင်းတိုက်ဂိုး ၁ ဂိုးတည်းဖြင့် အနိုင်ရရှိခဲ့သည်။ နည်းပြ ဒဲလ်ဘော့စကေးကမူ စပိန်းအသင်း ဂိုးပေါက်ပြန်ရှာတွေ့မှုအတွက် ၀မ်းမြောက်နေသည်။

    “ကျွန်တော်တို့ရဲ့ ပထမရည်မှန်းချက်ဖြစ်တဲ့ နောက်တစ်ဆင့်တက်ရေးဟာ ပြီးမြောက်အောင်မြင်သွားခဲ့ပါပြီ။ ပြီးတော့ စွမ်းဆောင်ရည် ကောင်းမွန်အောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တစ်ပွဲလုံးကို စိုးမိုးနိုင်ခဲ့ပြီး ရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ခရိုအေးရှားနဲ့ပွဲကို အာရုံစိုက်ရမှာဖြစ်ပြီး နောက်ဆုံးဗိုလ်လုပွဲရောက်အောင် လုပ်နိုင်မလားဆိုတာကို ကြည့်ရမှာပါ” ဟု ဒဲလ်ဘော့စကေးက ပြောကြားခဲ့သည်။

    Ref: Goal

  • ရခိုင်ပြည်နယ်က မူဆလင် လို့ခေါ်ဖို့ ကုလမှာတင်ပြ

    ရခိုင်ပြည်နယ်က မူဆလင် လို့ခေါ်ဖို့ ကုလမှာတင်ပြ

    Daw Thet Thinzar Tun
    ဇူလိုင် ၁၈ ၊ ၂၀၁၆
    သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ဘင်္ဂလီလို့ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေကြသူတွေနဲ့ပတ်သက်ပြီးတော့ “ရခိုင်ပြည်နယ်က မူဆလင်” လို့ သုံးနှုန်းပြောဆိုကြဖို့ မြန်မာအစိုးရက ကုလသမဂ္ဂမှာ မနေ့ သောကြာနေ့က ပထမဆုံးအကြိမ် တရားဝင် ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ အပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ အဓိကဖြစ်ပေါ်စေတာဟာ ဘာသာရေး အခြေခံဝါဒီကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai က သုံးနှုံးပြောဆိုခဲ့တဲ့အပေါ်မှာ တုန့်ပြန်ပြောကြားလိုက်တာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ပြမှာပါ။
    .
    ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတဲ့ လူမှုအသိုင်းအ၀ိုင်းနှစ်ဘက်ကြား နာမည် အသုံးအနှုန်းကြောင့် အခြေအနေတွေပိုပြီး ဆိုးရွားမသွားရအောင် NLD အစိုးရ အနေနဲ့ ကြိုးစားကိုင်တွယ် သွားမှာဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့လက ပြောဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာ့အသိုင်းအ၀ိုင်းတခုလုံးကို ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်လို့ ဘယ်လို အမည်နဲ့ သုံးနှုန်းခေါ်ဆိုရမလဲ ဆိုတာ မြန်မာအစိုးရဘက်က ကုလသမဂ္ဂမှာ မနေ့က တရားဝင်ပြောဆိုလိုက်တာဖြစ်ပါတယ်။
    .
    ဒါနဲ့ပတ်သက်လို့ ဂျနီဗာမှာကျင်းပနေတဲ့ ၃၂ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက အခုလိုပြောဆိုသွားတာပါ။
    .
    “လူမှု အသိုင်းအ၀ိုင်းနှစ်ဘက်ကြားမှာ အဆင်ပြေပြီး အပြန်အလှန် ယုံကြည်မှုရဖို့ အတွက် “ရခိုင်ပြည်နယ်က မူဆလင်အသိုင်းအ၀ိုင်း”လို့ သုံးနှုန်းပြောဆိုဖို့ မြန်မာ အစိုးရအနေနဲ့ အားလုံးကို အကြံပြုတင်ပြချင်ပါတယ်။”
    .
    မနေ့က လူ့အခွင့်အရေးကောင်စီညီလာခံမှာ နိုင်ငံတကာမှာ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒပြခွင့်နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ရဲ့ အစီရင်ခံစာ အပေါ် မြန်မာအပါအ၀င် အဖွဲ့ဝင်နိုင်ငံတွေက တုန့်ပြန်ဆွေးနွေး ခဲ့ကြတာပါ။ ဒီအစီရင်ခံစာမှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ အခြေခံဝါဒီတွေကြောင့် အကြမ်းဖက်မှုတွေဖြစ်ပေါ်စေ တဲ့နိုင်ငံတွေထဲ မှာ မြန်မာနိုင်ငံလည်း ပါဝင်နေ ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Kiai က ပြောဆိုခဲ့တာပါ။
    .
    “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုအများအပြားကို အဓိကဖြစ်ပေါ်စေတာဟာ ဗုဒ္ဓဘာသာ အခြေခံဝါဒီကြောင့်ဖြစ်ပါတယ်။”
    .
    အခုလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေနဲ့ မမှန်ကန်တဲ့ နာမည်တွေပေးပြီး သုံးနှုန်းပြောဆို သွားတာကို မြန်မာအစိုးရက ထောက်ခံမှာ မဟုတ်ကြောင်းနဲ့ အဲဒီလို မှန်ကန်မှုမရှိတဲ့အမည်တွေသုံးခြင်းအားဖြင့် အခြေအနေတွေကို ပိုပြီး ဆိုးရွားစေကြောင်း မြန်မာအစိုးရကိုယ်စားလှယ် ဒေါ်သက်သင်ဇာထွန်းက တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံမှာ Buddhist Fundamentalist လို့ခေါ်တဲ့ ဗုဒ္ဓဘာသာအခြေခံဝါဒီ ဆိုတာမျိုးမရှိကြောင်းအခုလို ငြင်းဆိုသွားပါတယ်။
    .
    “မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာအခြေခံဝါဒီဆိုတာလို့ မရှိပါဘူး။ စေတနာ၊ မေတ္တာနဲ့ သည်းခံဖို့ စတာတွေကိုပဲ ဗုဒ္ဓက အဓိကပြောကြားခဲ့တာပါ။ ဒေါသ၊ အမုန်းနဲ့ သည်းခံတဲ့ တရားမရှိတာမျိုးကို ဗုဒ္ဓက သင်ကြားမပေးခဲ့ပါဘူး။ ကျမတို့မြေပေါ်မှာ ဘာသာ၊ အယူအဆ တင်းကျပ်တဲ့ ဘယ်အခြေခံဝါဒီမဆို ကျမတို့အသိုင်းအ၀ိုင်း အများစုက လက်မခံကြပါဘူး။”
    .
    ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ ဇွန်လ (၁၃)ရက်နေ့ကနေ ဇူလိုင် (၁)ရက်နေ့အထိ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Maina Kiai ကမနေ့ကတင်သွင်းတဲ့ အစီရင်ခံစာမှာ ဘာသာ၊ အယူအဆတင်းကျပ်တဲ့အခြေခံဝါဒီတွေဟာ တကမ္ဘာလုံးမှာ ကြီးထွားလာနေပြီး ငြိမ်းချမ်းစွာစုဝေးဆန္ဒပြခွင့်ကို စိုးရိမ်စရာကောင်းလောက်အောင် ခြိမ်းခြောက်နေကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

    VOA မြန်မာပိုင်းမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
    http://burmese.voanews.com/a/rakhine-issue-on-un-geneva/3381410.html