
Blog
-
ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် တူရကီ ဆွေးနွေး
Photo-Ministry of Foreign Affairs Myanmar နေပြည်တော်၊ ဇွန် ၁၃မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီး မစ္စတာမာလက်ကာဘူတိုဂလူက သမ္မတဦးထင်ကျော်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ယနေ့ တွေ့ဆုံရာမှာ ရခိုင်ပြည်နယ်အရေး ပူးပေါင်းဆောင်ရွက်ဖို့ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယနေ့ နံနက်ပိုင်းက ဆွေးနွေးပြီးတဲ့နောက် သမ္မတဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ နှစ်နိုင်ငံဝန်ကြီးနှစ်ဦးဟာ ရခိုင်ပြည်နယ်အရေး နှစ်ဖက် ရပ်တည်ဆောင်ရွက်မှုတွေ အတွက်အပြန်အလှန်ချီးကျူးပြောဆိုခဲ့ကြပါတယ်။“ရခိုင်ပြဿနာကိုဖြေရှင်းဖို့ ကြိုးစားအားထုတ်မှုတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံသားရရှိရေး ပထမဆုံးဆောင်ရွက်နေတဲ့ အဆင့်အတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့တဲ့အခြေအနေကို နားလည်ပေးတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီးကို ကျေးဇူးတင်တယ်လို့ ပြန်လည်ပြောကြားပါတယ်။ ဒါ့အပြင် ဘင်္ဂလီလို့ သုံးနှုန်းပြီး မေးခွန်းမေးမြန်းခဲ့တဲ့ သတင်းထောက်တစ်ဦးကိုလည်း အငြင်းပွားဖွယ်ရာ စကားလုံးသုံးစွဲမှုတွေကို ရှောင်ကြဉ်ဖို့ သတိပေးလိုက်ပါသေးတယ်။ပြီးခဲ့တဲ့လက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်စဉ်မှာလည်း ရခိုင်ပြည်နယ်အရေးမှာ အငြင်းပွားဖွယ်ရာ အသုံးအနှုန်းကြောင့် မီးလောင်ရာလေပင့်ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းမေးမြန်းသူကို “ဝန်ကြီးကနေပြီး သေသေချာချာဘယ်သူမှ ကန့်ကွက်နိုင်တဲ့ အသုံးအနှုန်းတွေကို မသုံးဖို့ ဆင်ခြင်ပါတယ်။ မေးတဲ့သူကလည်း ဒီအတိုင်းပဲဆင်ခြင်ပါလို့ မေတ္တာရပ်ခံချင်ပါတယ်”လို့ ပြောကြားလိုက်ပါတယ်။ဒါဟာ တူရကီနိုင်ငံခြားရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲ မိတ်ဆက်စကားမှာ ရိုဟင်ဂျာ သို့မဟုတ် ဘင်္ဂလီလို့မသုံးပဲ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်ဆလင်ဘာသာဝင်တွေလို့ သုံးနှုန်းခဲ့တာကို ထောက်ရှုပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။မစ္စတာ မာလက်ကာဘူတိုဂလူကတော့ ဒါနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်ပေး ပြောဆိုတာမျိုးမရှိဘဲ ရခိုင်ပြည်နယ် အရေးမှာ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရက တောင်းဆိုတဲ့ အကူအညီတွေကို သူတို့အနေနဲ့ လိုက်ပါဆောင်ရွက်ပေးနေတဲ့အကြောင်း အဓိကထားပြောကြားသွားပါတယ်။“ဒီနိုင်ငံမှာရှိတဲ့အစိုးရနဲ့ ဒေသခံတွေက သူတို့ဘာလိုတယ်ဆိုတာ သူတို့ပိုသိလို့ပါပဲ” လို့ သူကပြောပါတယ်။ တူရကီဟာ တူရကီအပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (တီကာ)ကတစ်ဆင့် ရခိုင်ပြည်နယ်ကို အကူအညီတွေ ပေးနေပါတယ်။“ဆေးခန်းတွေဖွင့်ဖို့နဲ့ အခြားလိုအပ်ချက်တွေဖြည့်ဆည်းတဲ့ အကူအညီတွေကိုလည်း ဆောင်ရွက်ဖို့ရှိတယ်။ ဒီအကူအညီတွေကို တူရကီအစိုးရကလည်း ကူညီမှာပါ”လို့ မစ္စတာ မာလက်ကာဘူတိုဂလူကပြောတယ်။ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ရခိုင်မှာရှိတဲ့ ပြဿနာတွေကို ဖြေရှင်းမယ်ဆိုရင် လူမျိုးဘာသာ မခွဲခြားဘဲ ကုလသမဂ္ဂလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ကြောင်းနဲ့တိုင်းရင်းသား ၁၃၅ရှိတဲ့အထိ ကွဲပြားခြားနားမှုတွေရှိနေတဲ့ မြန်မာနိုင်ငံကို ချမ်းသာကြွယ်ဝမှုဆီ အရောက်သွားနိုင်ဖို့ သူတို့မှာရှိတဲ့ အတွေ့အကြုံနဲ့ ကူညီနိုင်ပါတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကတော့ “ရခိုင်မှာအခြေအနေတွေ ပိုကောင်းအောင်လုပ်နေပါတယ်” လို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီးကို ပြောပါတယ်။ နှစ်ဖက်တွေ့ဆုံမှုများအတွင်း ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ခရီးသားလုပ်ငန်း၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေး၊ နှစ်နိုင်ငံသံရုံးများအရေးနဲ့ ပြည်ဝင်ခွင့်ဗီဇာ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။တူရကီနိုင်ငံခြားရေးဝန်ကြီးဟာ ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိပြီး ရခိုင်နဲ့ မွတ်ဆလင်ဘာသာဝင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ “ခွဲခြားမှုမရှိဘဲ နှစ်ဖက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်” လို့ မစ္စတာ မာလက်ကာဘူတိုဂလူက ဆိုတယ်။တူရကီနိုင်ငံဟာ အစ္စလာမ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှာလည်း ဦးဆောင်မှုအခန်းကဏ္ဍကနေ တာဝန်ယူထားပါတယ်။ တူရကီနိုင်ငံရဲ့ လက်ရှိ သမ္မတ Recep Tayyip Erdoğan ဟာ OIC ရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။သတင်း-ဉာဏ်လှိုင်လင်းFrontier Myanmar မှ ကူးယူဖော်ပြသည်။
http://frontiermyanmar.net/mm/news/1997 -
မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကူညီရေး သံရုံးဦးဆောင်ကာ ကော်မတီတစ်ခု ဖွဲ့စည်းမည်
ဇွန် ၁၃၊ ၂၀၁၆
M-Media– မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးမှာ မလေးရှားအခြေစိုက် မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု သိရသည်။
မြန်မာသံရုံးမှာ ဇွန်လ ၅ ရက်နေ့မှာ မလေးရှားရှိ မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်း ၅၀ ခန့်နှင့် တွေ့ဆုံခဲ့ပြီး ကော်မတီဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြသည်။
“တကယ်လို့ ကျွန်တော်တို့ပါဝင်ရင် ကျွန်တော်တို့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အရင်ကထက် ပိုကူညီနိုင်မှာဖြစ်ပြီး မြန်မာသံရုံးကလည်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ယုံကြည်အားထားမှုကို ပြန်ရလာနိုင်ပါတယ်။ အခုအချိန်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေအားလုံးက မြန်မာသံရုံးကို ချဉ်နေကြပြီး ကြောက်လည်း ကြောက်နေကြပါတယ်” ဟု ဂျိုဟိုးရှိ ရတနာ့စက္က အခမဲ့ နာရေးကူညီမှုအသင်း၏ ဥက္ကဌဖြစ်သူ ကိုကျော်ဇေလွင်က ပြောကြားခဲ့သည်။
သီတဂူဆရာတော်အား အားပေးထောက်ခံသည့် အဖွဲ့တစ်ခုမှ အကြီးအကဲဖြစ်သူ ဦးသီဟမောင်မောင်က အဆိုပါ အဖွဲ့အစည်းအသစ်နှင့် ဆက်သွယ်ထားပါက ရွှေ့ပြောင်းလုပ်သားများ ဆေးရုံတက်သည့်အခါ ဆေးကုသစားရိတ်ကို ထက်ဝက်ခန့် လျှော့ချနိုင်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မလေးရှာရှိ မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများအရေး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပိုမို ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန် ဖွဲ့စည်းမည့် အဆိုပါ ကော်မတီတွင် သံအမတ်၊ ဒုတိယသံအမတ်နှင့် စစ်သံမှူးတို့အား ဥက္ကဌ၊ ဒုဥက္ကဌများအဖြစ် အသီးသီးခန့်အပ်ရန် စီစဉ်ထားပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများကမူ ၎င်းတို့၏အဖွဲ့ကို ကိုယ်စားပြု ပါဝင်သွားမည်ဖြစ်သည်။
ထိုကော်မတီကို တစ်လအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကာ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်သွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအရေအတွက်မှာ ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အများစုမှာ တရားမ၀င် သွားရောက်ကြသူများဖြစ်သည်။
Ref: mmtimes
-
စစ်သားများက ကာတာအလံကို မလေးမစားပြုမှုအတွက် အမေရိကန် ပြန်တောင်းပန်
ဇွန် ၁၃၊ ၂၀၁၆
M-Media– ကာတာနိုင်ငံတော်အလံကို စော်ကားထားတဲ့ ဗီဒီယိုတစ်ခုကို အမေရိကန်စစ်သားတွေက ရိုက်ကူးကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့မှုနဲ့ပတ်သက်ပြီး ကာတာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရှဲလ် စမစ်က တောင်းပန်လိုက်ပါတယ်။
အဲဒီဗီဒီယိုကို လွှင်တင်ခဲ့တဲ့ စစ်သားတွေဟာ ဒိုဟာမြို့အပြင်ဘက် အလ်-အူအစ်ဒ်လေတပ်အခြေစိုက်စခန်းမှာ တာဝန်ထမ်းဆောင်နေသူတွေ ဖြစ်ပါတယ်။ အဲဒီစခန်းဟာ အရှေ့အလယ်ပိုင်းဒေသအတွင်း အမေရိကန်ရဲ့ အကြီးဆုံး စစ်အခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။
ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာတော့ ဒီဗီဒီယိုအတွက် အမေရိကန်သံအမတ်ကြီးကို ဆင့်ခေါ်ထားတယ်လို့ ဖော်ပြထားပါတယ်။
အမေရိကန်သံအမတ်ကြီးက သူမအနေနဲ့ ကာတာအစိုးရကို အလေးအနက် တောင်းပန်ပါကြောင်း၊ ဒီကိစ္စကို အထူးအလေးထား စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ ကာတာ နှစ်နိုင်ငံဟာ ရှည်ကြာပြီး ခိုင်မြဲတဲ့ မိတ်ဖက်တွေ ဖြစ်တယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်အလံကို စော်ကားတဲ့အပြုအမူအတွက် ကာတာနိုင်ငံက ကြီးလေးတဲ့အပြစ်ဒဏ် သတ်မှတ်ထားပြီး ၂၀၁၂ ခုနှစ်မှာ ကာတာသမ္မတ ရှိခ် ဟာမဒ် ဘင် ခါလီဖာ အလ် သာနီက နိုင်ငံတော်အလံစော်ကားတဲ့လုပ်ရပ်အတွက် ပြစ်ဒဏ်ကို ထိုးမြှင့်ဖို့ ဥပဒေတစ်ခုကို အတည်ပြုခဲ့ပါတယ်။
Ref : IINA
-
ရန်ကုန်တွင် တန်ဖိုးနည်းတိုက်ခန်းများ တည်ဆောက်ပေးရန် ဂျပန်နှင့် ဆွေးနွေးနေ
ဇွန် ၁၃၊ ၂၀၁၆
M-Media– ရန်ကုန်မြို့အတွင်း တန်ဖိုးနည်းတိုက်ခန်း ၂၀၀၀ ခန့်ကို ဆောက်လုပ်ပေးမည့် စီမံကိန်းတစ်ခုအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဂျပန်နိုင်ငံမှ ငွေကြေးစိုက်ထုတ်လှူဒါန်းဖွယ်ရှိသည့် အလှူရှင်များနှင့် ဆွေးနွေးနေသည်ဟု သိရသည်။
ကျူးကျော်အိမ်ယာများကို လျှော့ချရာတွင် ပထမခြေလှမ်းဖြစ်နိုင်သည့် အဆိုပါ စီမံကိန်းအတွက် ဆွေးနွေးမှုအတွင်း အိမ်ယာအမျိုအစားနှင့် တည်ဆောက်မည့်နေရာသတ်မှတ်ခြင်းတို့ကို အဓိကထားဆွေးနွေးသည့်အဆင့်သို့ ရောက်ရှိနေပြီဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက Myanmar Times သို့ ဇွန်လ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။
“တိုက်ခန်း ၂၀၀၀ လောက် ဆောက်နိုင်ဖို့အတွက် လိုအပ်တဲ့မြေနေရာကို ဘယ်မှာရမလဲဆိုတာ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု အဆိုပါရင်းမြစ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ကျူးကျော်အိမ်ယာ အရေအတွက်မှာ အရှေ့ပိုင်းခရိုင်တွင် ၁၄၇၀၄၀ လုံး၊ အနောက်ပိုင်းခရိုင်တွင် ၈၁၈၀ လုံး၊ တောင်ပိုင်းခရိုင်တွင် ၉၃၄၈၃ လုံး နှင့် မြောက်ပိုင်းခရိုင်တွင် ၁၇၀၉၇၅ လုံးရှိသည်ဟု သိရသည်။
Ref : mmtimes
-
မွတ်စလင်များအနေဖြင့် အစ္စလာမ့်ပုံရိပ်အမှန်ကို ပြသရမည်ဟု မလေးရှားဒုဝန်ကြီး ပြော
ဇွန် ၁၃၊ ၂၀၁၆
M-Media– အစ္စလာမ်ကြောက်ရောဂါကို အမြစ်ဖြတ်ဖို့အတွက် မွတ်စလင်တွေအနေနဲ့ မွတ်စလင်မဟုတ်သူတွေကို အစ္စလာမ်ရဲ့ ပုံရိပ်မှန် ပြသရမယ်လို့ မလေးရှား ဒုဝန်ကြီးချုပ် ဒေါက်တာ အဟ်မဒ် ဇာဟစ် ဟာမီဒီက ပြီးခဲ့တဲ့တစ်ပတ်မှာ သတိပေးပြောဆိုလိုက်ပါတယ်။
“အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးပါ၊ အစ္စလာမ်မှာ ရန်သူမရှိပါဘူး။ ရာဇ၀တ်မှုတွေမှာ ပါဝင်ကျူးလွန်တဲ့ လူတစ်ယောက်နှစ်ယောက်ကြောင့်သာ အစ္စလာမ်ကြောက်ရောဂါ ဖြစ်နေတာပါ” လို့ ကွာလာလမ်ပူမှာရှိတဲ့ စတာပက်ခ်မြို့နယ်က မဒ်ရာဆာစာသင်ကျောင်းတစ်ခုမှာ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တဲ့ ၀ါဖြေပွဲအခမ်းအနားအတွင်း ၀န်ကြီးချုပ်က ပြောကြားခဲ့တာပါ။
နောက်ပြီး အစ္စလာမ်ရဲ့ သင်ကြားမှုအစစ်အမှန်ကို လိုက်နာကျင့်သုံးခြင်းအားဖြင့် နိုင်ငံအတွင်း ဘာသာရေးသဟဇာတဖြစ်မှုကို ရှာဖွေကြဖို့လည်း အဟ်မဒ် ဇာဟစ်က တိုက်တွန်းခဲ့ပါတယ်။
“အစ္စလာမ်မှာ အဓိကကျတာက ကိုယ့်ကျင့်တရားမြင့်မားဖို့နဲ့ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ဖို့ပါ။ အဲဒါတွေမရှိဘူးဆိုရင်တော့ ရလဒ်ကလည်း ကောင်းမှာမဟုတ်ပါဘူး”
Ref : IINA