ဇွန် ၁၇၊ ၂၀၁၆
M-Media
– ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ် မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းအတွင်း မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု၌ ပါဝင်သူ ၁၁ ဦးကို အိန္ဒိယတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။
ထိုသတ်ဖြတ်မှုအတွက် လူ ၂၄ ဦးကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ၁၂ ဦးကို ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကာ၊ ကျန်တစ်ဦးကို ၁၀ နှစ်ချမှတ်ခဲ့သည်။
ဂူလ်ဘာ့ဂ် လူနေရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် လူပေါင်း ၆၉ ဦးမှာ ခေါင်းဖြတ်ခြင်းနှင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ ခံခဲ့ရသသည်။ ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအတွင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များ ဖြစ်သည်။
အဟ်မဒ်ဒါဘတ်ရှိ တရားရုံးကမူ ထိုအဖြစ်အပျက်အား လူ့အဖွဲ့အစည်းသမိုင်းတွင် အမှောင်မိုက်ဆုံး အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု သမုတ်ခဲ့သည်။ ထိုစဉ်က ဂူဂျာရတ်ပြည်နယ် အုပ်ချုပ်ရေးမှူးဖြစ်သည့် လက်ရှိသမ္မတ မိုဒီမှာ ထိုအဓိကရုဏ်းအား ရပ်တန့်စေရန် ထိရောက်သည့် ဆောင်ရွက်မှု မပြုလုပ်ခဲ့ဟု ဝေဖန်ခံခဲ့ရသည်။
ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့သော်လည်း ထိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း အဓိကတာဝန်ရှိသူအချို့မှာ လွတ်မြောက်နေဆဲဖြစ်သည်ဟု အသက်ရှင်လျက်လွတ်မြောက်လာသူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ထောက်ပြခဲ့ကြသည်။
Ref: BBC
Leave a Reply
You must be logged in to post a comment.