ဇွန် ၁၃၊ ၂၀၁၆
M-Media
– ကိုပါအမေရိကဖလားတွင် အုပ်စုမှ ထွက်ခဲ့ရခြင်းအတွက် မိမိအနေဖြင့် တုန်လှုပ်မိပြီး အနာဂတ်အတွက်လည်း စိုးရိမ်မှုမရှိတော့ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် ပီရူးအသင်းနှင့်ပွဲတွင် ဘရာဇီးလ်မှာ အငြင်းပွားဖွယ် လက်ထိဂိုးပေးခဲ့ရကာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကိုပါအမေရိကဖလား ၈ ကြိမ် ရရှိထားသည့် ဘရာဇီးလ်မှာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။
ပထမကြိမ်ကိုင်တွယ်စဉ် ၂၀၁၀ ကမ္ဘာဖလား ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရမှုကြောင့် အထုတ်ခံခဲ့ရသည့် နည်းပြ ဒွန်ဂါမှာ ယခုရလဒ်ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
“ကျွန်တော်တို့ လုပ်ခဲ့တာတွေ၊ ကြိုးစားခဲ့တာတွေကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက သိပါတယ်။ ဘရာဇီးလ်အသင်းအတွက် အလုပ်လုပ်မယ်ဆိုရင် ရလဒ်မကောင်းတဲ့အခါ ဝေဖန်မှုတွေကို သောသောညံမယ်ဆိုတာ သိထားရပါမယ်။ ဘရာဇီးလ်မှာ မျက်စိတစ်မှိတ်အတွင်း အားလုံးပြောင်းလဲတာမျိုး လိုချင်ကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ စိတ်ရှည်ရတယ်ဗျ။ အထုတ်ခံရမှာ ကျွန်တော် မကြောက်ပါဘူး။ သေမှာတစ်ခုတည်းပဲ ကြောက်ပါတယ်” ဟု ဒွန်ဂါက ပြောကြားခဲ့သည်။
Ref: Goal