ဇွန် ၉၊ ၂၀၁၆
M-Media
– အာဖရိက အရှေ့ပိုင်းနိုင်ငံဖြစ်သော အီရစ်ထရီယာနိုင်ငံ၏ အစိုးရမှာ လွန်ခဲ့သည့် ၂၅ နှစ် လွတ်လပ်ရေးရပြီးကတည်းက ပြည်သူများအပေါ် ကျူးလွန်ခဲ့မှုများမှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်ပြီး အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု ကုသမဂ္ဂက ယမန်နေ့တွင် ကြေငြာလိုက်သည်။
၁၉၉၁ ခုနှစ်က စတင်ကျူးလွန်ခဲ့သည့် အဆိုပါ ရာဇ၀တ်မှုများတွင် ထောင်းသွင်းအကျဉ်းချမှု၊ နေထိုင်ရာဒေသများမှ အတင်းအဓမ္မ ဖယ်ရှားမှု၊ တရားလက်လွတ်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့် သတ်ဖြတ်မှုတို့ ပါဝင်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် COI က ဆိုသည်။
စစ်မှူမထမ်းမနေရအမိန့်ဖြင့် ဆင့်ခေါ်ကာ အဓမ္မ လုပ်အားခိုင်းစေမှုမှာလည်း အဓိက ပြဿနာဖြစ်ခဲ့သည်ဟု ကုလက ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်ပြုခိုင်းစေခံရတဲ့ ပြည်သူ ၃ သိန်းကနေ ၄ သိန်းအထိ ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု ကုလစုံစမ်းရေးမှူး မိုက် စမစ်က ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။
အီရစ်ထရီယာအစိုးရမှာ တိုင်းပြည်မှထွက်ပြေးသူများကို ပစ်ခတ်သတ်ဖြတ်သည့် ပေါ်လစီကို ကျင့်သုံးခဲ့သည်ဟုလည်း ကုလ၏ စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိခဲ့ရသည်။ ပြည်သူများမှာ အသက်အန္တရာယ်ကို မမှုဘဲ ထွက်ပြေးမှုများလည်း ရှိပြီး ထိုထွက်ပြေးသူ အရေအတွက်မှာ တစ်လလျှင် ၅၀၀၀ ခန့် ရှိသည်။
ကုလ၏ ယခုကဲ့သို့ ထုတ်ပြန်မှုကို အီရစ်ထရီယာ ပြန်ကြားရေးဝန်ကြီး ယီမာနီ မက်စ်ကဲလ်က Twitter စာမျက်နှာမှတစ်ဆင့် ရှုတ်ချခဲ့သည်။
Ref: Aljazeera