News @ M-Media

Blog

  • ဆာဟာရဒေသ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကြက်မွေးမြူမှုဖြင့် ဘီလ်ဂိတ် ကူညီမည်

    ဆာဟာရဒေသ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေး ကြက်မွေးမြူမှုဖြင့် ဘီလ်ဂိတ် ကူညီမည်

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    bill

    – အာဖရိကရှိ ဆာဟာရဒေသအတွင်း အလွန်အမင်း ဆင်းရဲမွဲတေသူများအား ကြက်မွေးမြူရေးလုပ်ကာ ကူညီပေးမည့် စီမံကိန်းတစ်ခုကို မိုက်ကရိုဆော့ဖ်ကုမ္ပဏီ တည်ထောင်သူ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ ဘီလ်ဂိတ်က စတင်လိုက်ပြီဟု သိရသည်။

    ထိုစီမံကိန်းအတွက် ဘီလ်ဂိတ်က ကြက်ကောင်ရေပါင်း ၁ သိန်းကို ပေးလှူမည်ဖြစ်ပြီး အဆိုပါ ကြက်များကို မွေးမြူခြင်းဖြင့် အလွန်အမင်း ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရာတွင် လွယ်ကူထိရောက်မှုရှိမည်ဟု ၎င်းက ပြာကြားခဲ့သည်။ အာဖရိကရှိ ဆဟာရဒေသတွင် နေထိုင်သူများ၏ ၄၁ ရာခိုင်နှုန်းမှာ အလွန်အမင်း ဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလက တွက်ချက်ထုတ်ပြန်ထားသည်။

    ဆင်းရဲမွဲတေမှု သတ်မှတ်ချက် တစ်နှစ် ဒေါ်လာ ၇၀၀ ရှိနေသည့် အဆိုပါဒေသတွင် ကြက်မ ၅ ကောင်ကို မွေးထားသည့် လယ်သမားတစ်ဦးမှာ တစ်နှစ်လျှင် ဒေါ်လာ ၁၀၀၀ ကျော် ၀င်ငွေရရှိမည်ဖြစ်ပြီး မိမိ၏ ရည်မှန်းချက်မှာ ဆာဟာရဒေသ ကျေးလက်များရှိ မိသားစုများ၏ ၃၀ ရာခိုင်နှုန်းအထိ ကြက်မွေးမြူသွားနိုင်ရေး ဖြစ်ကြောင်း ဘီလ်ဂိတ်က ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိတွင် ထိုဒေသ၌ မွေးမြူရေးလုပ်နိုင်သူအရေအတွက်မှာ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။

    Ref : BBC

  • ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပါက ဂျာမနီ ဘဏ်များ ထိခိုက်နိုင်

    ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ပါက ဂျာမနီ ဘဏ်များ ထိခိုက်နိုင်

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    – ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမမှ ခွဲထွက်သွားပါက ယူကေဘဏ်များနှင့် အနီးကပ်အလုပ်လုပ်နေသည့် ဂျာမနီဘဏ်များမှာ ကြီးကြီးမားမား ထိခိုက်လိမ့်မည်ဟု ဂျာမနီဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ Bafin ၏ ဥက္ကဌ ဖီလစ် ဟူဖဲလ်ဒ်က ဂျာမန်သတင်းစာ Tagesspiegel သို့ ပြောကြားခဲ့သည်။

    ဗြိတိန်ပြည်သူများမှာ ယခုလ ၂၃ ရက်နေ့တွင် ဥရောပသမဂ္ဂမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် မဲပေးကြမည်ဖြစ်ပြီး ဟူဖဲလ်ဒ်ကမူ ခွဲမထွက်ရေး မဲပေးရန် မျှော်လင့်နေသည်။ ထိုသို့မဟုတ်ပါက နိုင်ငံအတွင်း ဘဏ်ကြီးများမှာ ကြီးမားသည့် ပြဿနာများဖြင့် ရင်ဆိုင်ရမည်ဟု ဆိုသည်။

    ဥရောပဗဟိုဘဏ်ကလည်း ဗြိတိန်၏ ထိုကိစ္စကို အနီးကပ်စောင့်ကြည့်နေပြီး ဘဏ်များကလည်း ဖြစ်နိုင်သည့် နောက်ဆက်တွဲကိစ္စများကို စောင့်ကြည့်ရန်အတွက် အဖွဲ့များဖွဲ့ထားသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဗြိတိန်နှင့် ဆက်သွယ်ဆောင်ရွက်နေသည့် ဂျာမန်ဘဏ်များတွင် Deutsche Bank AG နှင့် Commerzbank AG ကဲ့သို့ ဘဏ်ကြီးများလည်း ပါဝင်နေသည်။

    Ref: Reuters

  • ဂျာမနီနှင့် အီတလီတို့မှာ စပိန်အသင်းပုံစံကို အတုခိုးထားသည်ဟု ဖာဘရီဂတ်စ်ပြော

    ဂျာမနီနှင့် အီတလီတို့မှာ စပိန်အသင်းပုံစံကို အတုခိုးထားသည်ဟု ဖာဘရီဂတ်စ်ပြော

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    fer

    – မိမိတို့၏ ဥရောပပြိုင်ဘက်များဖြစ်သော ဂျာမနီနှင့် အီတလီတို့မှာ အောင်မြင်မှုရရှိရန်အတွက် မိမိတို့စပိန်အသင်း၏ ပုံစံကို အတုခိုးထားသည်ဟု စပိန်ကွင်းလယ်လူ ဖာဘရီဂက်စ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ယူရို ၂ ကြိမ်ဆက်တိုက် ဗိုလ်စွဲထားသည့် စပိန်မှာ ယခုနှစ် ယူရိုတွင်လည်း ဗိုလ်စွဲရန် ရေပန်းစားသည့် အသင်းများစာရင်းတွင် ပါဝင်နေပြီး အုပ်စုအဖွင့်ပွဲအဖြစ် ချက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဖာဘရီဂက်စ်ကမူ ဘောလုံးပိုင်ဆိုင်မှုနှင့် အတိုပေးနည်းစနစ်ကို အခြေခံသည့် စပိန်အသင်း၏ နည်းစနစ်ကို ကမ္ဘာ့ချန်ပီယံယံ ဂျာမနီနှင့် အီတလီတို့က အတုခိုးထာသည်ဟု ဆိုသည်။

    “(စပိန်အသင်းရဲ့ လွှမ်းမိုးမှုအပေါ်) ကျွန်တော် သံသယမရှိပါဘူး။ ၂၀၀၆-၀၈ လောက်ကတည်းက ကျွန်တော်တို့ဟာ ဒီလို ပုံစံမျိုး စတင်ကစားခဲ့ပါတယ်။ ကျွန်တော်တို့ ကစားတဲ့ အဲဒီပုံစံကို အတုခိုးပြီး လိုက်ကစားတဲ့၊ ပြောင်းကစားတဲ့ အသင်းတွေ ဘယ်လောက်များလဲဆိုရင် မှတ်တောင် မမှတ်မိတော့ပါဘူး။ တကယ်တော့ ဒီလို လိုက်တုလည်း အောင်မြင်မှုကိုတော့ ပုံတူကူးချလို့ မရပါဘူး။ တကယ်လို့ တစ်သင်းသင်းက အောင်မြင်လာပြီဆိုရင် လူတွေက အဲဒီအသင်းရဲ့ နည်းစနစ်တွေ ဒါမှမဟုတ် ကစားပုံတွေကို အတုခိုးဖို့ ကြိုးစားတတ်ကြပါတယ်။ ဂျာမနီလည်း ဒီလို ကူးချခဲ့ပြီး ကွန်တီကိုင်တွယ်တဲ့ အီတလီလည်း ဒီလိုပါပဲ” ဟု ဖာဘရီဂတ်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အမေရိကန်ရှိ လိင်တူချစ်သူများနိုက်ကလပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ရှိ လိင်တူချစ်သူများနိုက်ကလပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    florida

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူချစ်သများစုဝေးရာ နိုက်ကလပ်တစ်ခုတွင် ယနေ့မနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ၀န်းကျင်ခန့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    သေနတ်သမားမှာ ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုနှင့် အခြေား တိုက်ခိုက်ရေးပစ္စည်းများကို ယူဆောင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း အဆိုပါ သေနတ်သမား သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်အတွင်း ဒဏ်ရာရသူ ၄၂ ဦးရှိခဲ့ကာ အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပေ။

    ဖလော်ရီဒါ အာဏာပိုင်များကမူ အဆိုပါတိုက်ခိုက်မှုကို ပြည်တွင်းအကြမ်းဖက်မှု သို့မဟုတ် နိုင်ငံတကာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကာ ချဉ်းကပ်လှုပ်ရှားနေသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ဒါကို အကြမ်းဖက်မှုလုပ်ရပ်အဖြစ် ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြည်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အကြမ်းဖက်မှုပဲဖြစ်ဖြစ် ရေဆုံးမြေဆုံးလိုက်သွားမှာပါ” ဟု ဖလော်ရီဒါ ဥပဒေ စိုးမိုးရေးဌာနကို တာဝန်ယူထားသည့် အထူးအေးဂျင့်ဖြစ်သူ ဒန်နီ ဘန့်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းကလည်း အော်လန်ဒိုမြို့ရှိ ဂီတဖျော်ဖြေပွဲတစ်ခုတွင် နာမည်ကြီးအဆိုတော် ခရစ္စတီးနယား ဂရင်မီမှာ အနီးကပ် ပစ်သတ်ခြင်းခံခဲ့ရသည်။

    Ref: Aljazeera

  • ၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)

    ၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)

    ဇွန် ၁၂ ၊ ၂၀၁၆
    M-Media
    .
     13419187_1085022831557263_6137709214884993992_n
    ဇွန် ၁၁ ရက်၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တို့ရဲ့ ရမဿွာန်ဥပုတ်လ (၅) ရက်မြောက်နေ့ ဥပုတ်ထွက်ဖို့ ပြင်ဆင်နေကြတဲ့ မန္တလေးမြို့မှ ပန်းသေးမိသားစု၏ မြင်ကွင်းပဲ ဖြစ်ပါတယ်။
    .
    ဥပုတ် ဝါထွက်ချိန် စုပေါင်း စားသောက်တဲ့ နေရာကတော့ ၁၈၆၈ ခုနှစ် က တည်ဆောက်ခဲ့တဲ့ သမို်င်းဝင် ပန်းသေးဗလီ(မန္တလေး) မှာပဲဖြစ်ပါတယ်။
    .
    ဓါတ်ပုံ(ဦးဝင်းအောင်)
    .13417484_1085022901557256_8658997975996544900_n13435428_1085022691557277_9126952796420411891_nPanthay-Masjid-in-Mandalay
    ပန်းလုံ ပန်းသေးတို့၏ သမိုင်းဆောင်းပါးများဖတ်ရှုလိုလျှင်
    .