News @ M-Media

Blog

  • အိုဘားမားအား လုပ်ကြံရန် လှုံ့ဆော်မှုအတွက် စုံစမ်းစစ်ဆေးနေ

    အိုဘားမားအား လုပ်ကြံရန် လှုံ့ဆော်မှုအတွက် စုံစမ်းစစ်ဆေးနေ

    မေ ၁၄၊ ၂၀၁၆
    M-Media

    trump

    – သမ္မတအိုဘားမားကို လုပ်ကြံသတ်ဖြတ်ဖို့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ဘဏ္ဍာစိုးဟောင်းက တိုက်တွန်းဆော်သြမှုအတွက် အမေရိကန်ပြည်ထောင်စု လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်နေတယ်လို့ သိရပါတယ်။

    အဲဒီလို ဆော်သြခဲ့သူကတော့ အသက် ၇၄ နှစ်အရွယ် အန်သိုနီ ဆီနီကယ်ဆိုသူဖြစ်ပြီး အိုဘားမားအနေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် ကြိုးပေးသင့်တယ်ဆိုပြီး ၂၀၁၅ ခုနှစ်က Facebook ပေါ် ရေးသားထားတဲ့ စာသားတစ်ခုနဲ့ပတ်သက်ကာ စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

    ဆီနီကယ်ဟာ ထရမ့်ပိုင်တဲ့ Palm Beach စံအိမ်ကြီးမှာ ဘဏ္ဍာထိန်းအဖြစ် ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့သူပါ။ သူ့ရဲ့ ပြောကြားမှုအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာတော့ အမေရိကန်လျှို့ဝှက်စုံစမ်းရေးအဖွဲ့က ၎င်းတို့အနေနဲ့ ယင်းကိစ္စအပေါ် သတိထားနေမှာဖြစ်ပြီး သင့်တော်တဲ့ စုံစမ်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

    ၂၀၀၉ ခုနှစ်က ထရမ့်ဘဏ္ဍာစိုးအဖြစ်ကနေ အနားယူခဲ့တဲ့ ဆီနီကယ်ဟာ အိုဘားမားကို သေနတ်နဲ့ပစ်သတ်ဖို့ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။

    Ref: Presstv

  • ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

    ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

    မေ ၁၃၊ ၂၀၁၆
    M-Media

    saudi 1

    – အစ္စရေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံနေရတဲ့ ပါလက်စတိုင်းအစိုးရအတွက် ဆော်ဒီဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ SFD က ကန်ဒေါ်လာ သန်း ၆၀ ငွေသားကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

    ပါလက်စတိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို အင်္ဂါနေ့မှာ လွှဲပေးခဲ့တာဖြစ်ပြီး အီဂျစ်ဆိုင်ရာ ဆော်ဒီသံအမတ်နဲ့ အာရပ်လိဂ်ဆိုင်ရာ ဆော်ဒီအမြဲတမ်းကိုယ်စားလှယ် အဟ်မဒ် ကတ္တန်က ယခုပေးလိုက်တဲ့ ပမာဏဟာ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရဲ့ လစဉ်ပံ့ပိုးငွေဖြစ်တယ်လို့ ဆိုပါတယ်။

    “ပေးပို့လိုက်တဲ့ငွေတွေဟာ တစ်လ ဒေါ်လာသန်း ၂၀ နှုန်းနဲ့ ပြီးခဲ့သုံးလ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လ သုံးလစာအတွက် ဆော်ဒီရဲ့ ကူညီထောက်ပံ့ငွေဖြစ်ပါတယ်” လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဆော်ဒီအာရေဗျအနေနဲ့ ပါလက်စတိုင်းအတွက် ထောက်ပံ့ငွေကို ၂၀၁၃ ကစပြီး တစ်လ ဒေါ်လာ ၁၄ သန်းကနေ ဒေါ်လာ သန်း ၂၀ ထိ တိုးမြင့်လိုက်တယ်လို့လည်း ကတ္တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မိမိအသင်းမှာ ချန်ပီယံလိဂ်နှင့် ထိုက်တန်သည်ဟု မန်စီးတီးနည်းပြပြော

    မိမိအသင်းမှာ ချန်ပီယံလိဂ်နှင့် ထိုက်တန်သည်ဟု မန်စီးတီးနည်းပြပြော

    မေ ၁၃၊ ၂၀၁၆
    M-Media

    – ရာသီပြီးဆုံးရန် တစ်ပွဲလိုတော့သည့်အချိန် မြို့ခံပြိုင်ဘက် မန်ယူနှင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယှဉ်ပြိုင်နေရသည့် မန်စီးတီးနည်းပြ ပယ်လီဂရီနီက မိမိအသင်းမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ပြောကြားလိုက်သည်။

    မန်စီးတီးမှာ လက်ရှိတွင် အဆင့် ၄ နေရာ၌ ရှိနေပြီး အဆင့် ၅ မှ မန်ယူအား ၂ မှတ်ဖြတ်ထားကာ နောက်ဆုံးပွဲအဖြစ် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မန်စီးတီးတွင် ၃ နှစ် တာဝန်ယူပြီး ပရီးမီးယားလိဂ် ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူပေးထားသည့် ပယ်လီဂရီနီက အသင်းသားများမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ချန်ပီယံလိဂ်ရောက်ဖို့ ထိုက်တန်ပါတယ်။ (၂ ဂိုးစီသရေကျခဲ့သည့်) အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဥရောပ၀င်ခွင့်ရဖို့လည်း ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဆိုတာ မလွယ်ကူပါဘူး။ အာဆင်နယ်နဲ့တုန်းက ကစားပုံမျိုးနဲ့ပဲ ရာသီကို အဆုံးသတ်ချင်ပါတယ်။ (ချန်ပီယံလိဂ်) ရီးယဲလ်နဲ့ပွဲအတွက် ကျွန်တော်စိတ်ပျက်ခဲ့ရပြီး အဲဒီတုန်းက ကျွန်တော့်အသင်းနဲ့ကို မတူပါဘူး။ ဖလားတွေရတာကို ကျွန်တော်ဂုဏ်ယူမိသလို ကစားပုံအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ ပရိတ်သတ်တွေအတွက် ကစားကြတာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref : Goal

  • လူငယ်များ အစွန်းရောက်စိတ်ဓာတ်မ၀င်ရေး အင်ဒို ကြိုးပမ်း

    လူငယ်များ အစွန်းရောက်စိတ်ဓာတ်မ၀င်ရေး အင်ဒို ကြိုးပမ်း

    မေ ၁၃၊ ၂၀၁၆
    M-Media

    indo

    – မလေးရှားမှာ ပညာသင်ကြားနေတဲ့ အင်ဒိုကျောင်းသားတွေကို IS ရဲ့ အစွန်းရောက်အတွေးအခေါ်တွေကနေ ကင်းဝေးစေဖို့အတွက် အင်ဒိုနီးရှားအစိုးရက အပြင်းအထန် ကြိုးစားဆောင်ရွက်နေတယ်လို့ သိရပါတယ်။

    မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုသံအမတ် ဟာမန် ပရာယစ်နိုက ဒီလိုအတွေးအခေါ်မျိုးကို မထိန်းချုပ်ဘူးဆိုရင် ငယ်ရွယ်တဲ့ ကျောင်းသားတွေကို အလွယ်တကူလွှမ်းမိုးသွားမှာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့အနေနဲ့ လူငယ်မျိုးဆက်တွေ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေကို အဲဒီလို အတွေးအခေါ်တွေ မ၀င်အောင် ကာကွယ်ဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်၊ သူတို့ကလည်း ကိုယ့်လုပ်ရပ်ကို အသေအချာ သတိထားဖို့ လိုပါတယ်။ သူတို့ကို ဘာသာရေးအသိပညာတွေ နားလည်စေဖို့နဲ့ နိုင်ငံချစ်စိတ်ကို သွတ်သွင်းပေးရပါမယ်။ ဒါမှသာ သူတို့ကို ဖျက်စီးပစ်နိုင်မယ့် အတွေးအခေါ်တွေရဲ့ သက်ရောက်မှုကို မခံရမှာဖြစ်တယ်” လို့ အူတာရာတက္ကသိုလ် UUM မှာ ‘အစွန်းရောက်ဝါဒကို ထိန်းချုပ်ရေး နိုင်ငံချစ်စိတ်ကို အားကောင်းအောင်ပြုလုပ်ခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ယမန်နေ့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံလုံးဆိုင်ရာ ဟောပြောပွဲမှာ သံအမတ်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မလေးရှားမှာ ပညာသင်ယူနေတဲ့ အင်ဒိုနီးရှား ကျောင်းသားအရေအတွက်ဟာ ၇၀၀၀ ကနေ ၈၀၀၀ အကြား ရှိနေပြီး သူတို့တွေထဲမှာ IS အဖွဲ့နဲ့ ဆက်သွယ်သူတွေ ရှိနေတယ်လို့လည်း သံအမတ်ကြီးက ဆိုပါတယ်။

    Ref: IINA

  • ဘာသာပေါင်းစုံ လမ်းလျောက်ပွဲ ခွင့်ပြုချက်ရသော်လည်း  သက်ဆိုင်ရာသို့ တင်ထားသည့် လမ်းကြောင်း မရရှိ

    ဘာသာပေါင်းစုံ လမ်းလျောက်ပွဲ ခွင့်ပြုချက်ရသော်လည်း သက်ဆိုင်ရာသို့ တင်ထားသည့် လမ်းကြောင်း မရရှိ

    မေ ၁၃ ၊ ၂၀၁၆
    M-Media
    မိုးစက်
    1936188_1152930651408374_8803286281294960674_n
    မေလ ၁၄ ရက်နေ့တွင် ဘာသာပေါင်းစုံမှ လူငယ်များ လမ်းလျှောက်မည့် လမ်းကြောင်းအား သက်ဆိုင်ရာသို့ လျှောက်ထားရာတွင် မူလလျှောက်ထားတဲ့ လမ်းကြောင်းမရရှိဘဲ လမ်းကြောင်းပြောင်းရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

    “ကျွန်တော်တို့သွားမယ့်လမ်းကြောင်းကို တစ်ပတ်ကြိုတင်ထားတယ်။ သူတို့ဘက်က မနေ့ကမှ အဲ့လမ်းကြောင်း မပေးဘူးဆိုပြီး ပြန်ပြောတာပါ။ ကျွန်တော်တို့ကတော့ မူလစီစဉ်ထားတဲ့ လမ်းကြောင်းမှာပဲ ဆက်လုပ်သွားမှာပါ” လို့ ပွဲကိုဦးဆောင်စီစဉ်သူတစ်ဦးက ဆိုပါတယ်။

    အဆိုပါ လမ်းလျှောက်ပွဲကို ရန်ကုန်နိုင်ငံရေးသိပံ္ပကျောင်းသားများမှ ဦးဆောင်ကျင်းပမှာဖြစ်ပြီး “ချစ်ခြင်းနဲ့လှမ်းတဲ့ ခြေလှမ်းတွေ” ဟု  လမ်းလျှောက်ပွဲကို ခေါင်းစဉ်ပေးထားပါတယ်။ ဘာသာပေါင်းစုံမှ လူငယ်များမှ စုပေါင်းလမ်းလျှောက်ကြမည့်အပြင် ဘာသာပေါင်းစုံမှ အကြီးအကဲများရဲ့ ဟောပြောပွဲများနှင့် ဂီတပညာရှင်တို့ရဲ့ ဖျော်ဖြေပွဲများပါ ပါဝင်မှာ ဖြစ်ပါတယ်။