မေ ၁၉၊ ၂၀၁၆
M-Media
– ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ ပျံသန်းလာသည့် EgyptAir လေကြောင်းလိုင်းမှ လေယာဉ်အမှတ် ၈၀၄ မှာ ဒေသစံတော်ချိန် ယနေ့ မနက်ပိုင်းတွင် ရေဒါမှ ပျောက်ဆုံးသွားခဲ့ကာ အီဂျစ်လေကြောင်းဌာနမှ အမည်မဖေါ်လိုသည့် တာဝန်ရှိသူတစ်ဦးကမူ မြေထဲပင်လယ်ထဲသို့ ပျက်ကျသွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
အဆိုပါလေယာဉ်ပေါ်တွင် ခရီးသည် ၅၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦးတို့ လိုက်ပါသွားပြီး ပျက်ကျသွားသည်ဆိုသည့် ဖြစ်နိုင်ချေကို အတည်ပြုပြီးဖြစ်ကာ လက်ရှိတွင် အပျက်အဆီးများ ရှာဖွေရေးကို စတင်လုပ်ဆောင်နေသည်ဟု အဆိုပါ တာဝန်ရှိသူ၏ ပြောကြားမှုကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။
သို့သော်လည်း အီဂျစ်လေကြောင်းဝန်ကြီးဌာနက နောက်ပိုင်းတွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး လေယာဉ်ပျက်ကျသွားသည်ဆိုသည့် ကိစ္စကို အတည်ပြုရန် စောလွန်းသည်ဟု ပြောကြားခဲ့သည်။
Airbus A320 အမျိုးအစား အဆိုပါလေယာဉ်မှာ ယမန်နေ့ည ဒေသစံတော်ချိန် ၁၁ နာရီတွင် ပဲရစ်ရှိ ချားလ်စ်ဒီဂေါလ်လေဆိပ်မှ ပျံသန်းထွက်ခွာလာခြင်းဖြစ်ပြီး အီဂျစ်လေပိုင်နက်ထဲသို ၀င်ရောက်ပြီး ၁၆ ကီလိုမီတာအရောက် ပေပေါင်း ၃၇၀၀၀ အမြင့်တွင် ပျံသန်းနေစဉ် ပျောက်ဆုံးသွားခြင်ဖြစ်သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.