News @ M-Media

Blog

  • ဂါဇာအား အစ္စရေးက လေကြောင်းမှ ကျူးကျော်တိုက်ခိုက်

    ဂါဇာအား အစ္စရေးက လေကြောင်းမှ ကျူးကျော်တိုက်ခိုက်

    မေ ၅၊ ၂၀၁၆
    M-Media

    israel

    – ပါလက်စတိုင်းပိုင်း ဂါဇာကမ်းမြှောင်အား အစ္စရေးက ယနေ့မနက်ပိုင်းတွင် လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး အနည်းဆုံး ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဂါဇာစီးတီးရှိ သတ္တုဝပ်ရှော့တစ်ခုအတွင်း တိုက်ခိုက်မှုတွင် အသက် ၆၅ နှစ်အရွယ် အဖိုးအိုတစ်ဦးနှင့် ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုမှာ ဘီအစ် လာဟီယာမြို့ရှိ ပါလက်စတိုင်း လွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ ဟားမက်စ်မှ ပိုင်ဆိုင်သော အဆောက်အဦးဖြစ်ပြီး ထိုအဆောက်ဦးမှာ လုံးဝ ပြိုကျပျက်ဆီးခဲ့သည်။

    အစ္စရေးတိုက်လေယာဉ်မှာ ဂါဇာစီးတီအရှေ့ပိုင်းရှိ ဆူရာနီတောင်ကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများအတွက် သေဆုံးဒဏ်ရာရမှုစာရင်းကို သိရှိရခြင်း မရှိသေးပေ။ အစ္စရေး၏ ထိုလုပ်ရပ်အတွက် ပြန်လည်တုန့်ပြန်သွားမည်ဟု ဟားမက်စ်အဖွဲ့က ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်ဒေသအား အစ္စရေးမှ ၂၀၀၇ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့ပြီး ပါလက်စတိုင်းပြည်သူများမှာ အလုပ်လက်မဲ့နှုန်း မြင့်တက်ခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ရင်ဆိုင်နေရသည်။

    ၂၀၁၄ ခုနှစ် ဇူလိုင်ကလည်း အစ္စရေးမှာ ဂါဇာကမ်းမြှောင်အား ရက်ပေါင်း ၅၀ ကြာ လေကြောင်းမှ ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကလေးငယ် ၅၇၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၂၀၀ နီးပါး သေဆုံးခဲ့သည်။ ဒဏ်ရာရသူမှာ ၁၁၁၀၀ ရှိခဲ့ပြီး ကလေးငယ် ၃၃၇၄ ဦး၊ အမျိုးသမီး ၂၀၈၈ ဦးနှင့် သက်ကြီးရွယ်အို ၄၁၀ ဦးတို့ ပါဝင်ခဲ့သည်။

    Ref: Press TV

  • ဗိုက်ဆာ၍ ခိုးပါက ရာဇ၀တ်မှုမမြောက်ဟု အီတလီ တရားရုံး ဆုံးဖြတ်

    ဗိုက်ဆာ၍ ခိုးပါက ရာဇ၀တ်မှုမမြောက်ဟု အီတလီ တရားရုံး ဆုံးဖြတ်

    မေ ၅၊ ၂၀၁၆
    M-Media

    italy

    – ဗိုက်ဆာလွန်းတာကြောင့် အစားအသောက်နည်းနည်းပါးပါး ခိုးယူစားသောက်ခြင်းဟာ ပြစ်မှုမမြောက်ဘူးလို့ အီတလီနိုင်ငံရဲ့ အဆင့်မြင့်ဆုံး အယူခံတရားရုံးတော်ကနေ သတ်မှတ်လိုက်ပါတယ်။

    စူပါမားကတ်တစ်ခုကနေ ၄.၀၇ ယူရိုတန်တဲ့ ဒိန်ခဲနဲ့ အသားချောင်းတွေ ခိုးယူခဲ့တဲ့ ရိုမန် အိုစထရီယာကော့ဗ်ဆိုသူရဲ့ ခိုးမှုကနေ ဒီလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပြီး အိုထရီယာကော့ဗ်ကိုလည်း အပြစ်မရှိဘူးလို့တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြပါတယ်။

    ယူကရိန်းဇာတိဖြစ်ပြီး အိမ်ယာမဲ့တစ်ဦးဖြစ်သူ မစ္စတာ အိုစထရီယာကော့ဗ်ဟာ “အသက်ဆက်ဖို့ အစားအသောက် မရှိမဖြစ်လိုအပ်မှုကို ရင်ဆိုင်ရတဲ့အတွက်” ခိုးယူတာကြောင့် အကြောင်းအရင်းခိုင်မာကာ ရာဇ၀တ်မှုမမြောက်ဘူးလို့ အယူခံတရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အိုစထရီယာကော့ဗ်ရဲ့ ခိုးယူမှုအတွက် ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ ယူရို ၁၀၀ ချမှတ်ခံခဲ့ရပါတယ်။

    ဒါပေမယ့် အယူခံခုံရုံးက တရားသူကြီးတွေကကတော့ အသက်ရှင်ရပ်တည်ခွင့်က ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ်မှာ လွှမ်းမိုးရမယ်လို့ပြောကြားခဲ့ပြီး၊ ယဉ်ကျေးတဲ့တိုင်းပြည်တစ်ခုမှာ အဆိုးရွားဆုံး လူတွေတောင်မှ ငတ်မွတ်မှု မရှိစေရဘူးလို့ ဆိုပါတယ်။

    အီတလီနိုင်ငံမှာ နေ့စဉ် လူ ၆၁၅ ရောက်လောက်ဟာ ဆင်းရဲမှုသတ်မှတ်ချက်ကို ရောက်ရှိတာကြောင့် ဒီလို ဆုံးဖြတ်ချက်မျိုးဟာ လက်တွေ့မကျဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    Ref: BBC

  • ဥရောပသမဂ္ဂနိုင်ငံများအတွက် ဗီဇာကင်းလွတ်ဖို့ တူရကီသဘောတူ

    ဥရောပသမဂ္ဂနိုင်ငံများအတွက် ဗီဇာကင်းလွတ်ဖို့ တူရကီသဘောတူ

    မေ ၅၊ ၂၀၁၆
    M-Media

    turkey

    – ဥရောကသမဂ္ဂ(EU) နိုင်ငံတွေက ကမ္ဘာလှည့်ခရီးသည်တွေအတွက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို တူရကီက လက်ခံလိုက်ပြီလို့ သိရပါတယ်။

    ဒါပေမယ့် EU နိုင်ငံတွေက တူရကီနိုင်ငံသားတွေအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမှသာလျှင် ဒီသဘောတူညီချက်ကို အကောင်အထည်ဖော်မှာဖြစ်တယ်လို့ တူရကီက ထုတ်ဖော်ပြကြားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ဥရောပ ကော်မရှင်က တုန့်ပြန်ရာမှာ တူရကီဘက်က သတ်မှတ်ချက် ၇၂ ချက်ကို ပြည့်မီအောင် ဆောင်ရွက်မှ ဗီဇာကင်းလွတ်ရေး ထောက်ခံချက်ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။

    ဗီဇာကင်းလွတ်ခွင့်ပေးမယ့် ခရီးသွားလာခွင့်ဟာဆိုရင် တူရကီက ဒုက္ခသည်တွေ ဥရောပနိုင်ငံတွေဆီ ၀င်ရောက်မှုကို လျှော့ချဖို့ နိုဝင်ဘာလက ချုပ်ဆိုထားတဲ့ သဘောတူညီချက်ရဲ့အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ တူရကီရဲ့ အီးယူဆိုင်ရာဝန်ကြီး ဗောလ်ကန် ဘော့ဇ်ကီရ်က တူရကီနိုင်ငံသားတွေအနေနဲ့ ဇွန်လအဆုံးပိုင်းလောက်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ဗီဇာမလိုဘဲ သွားလာနိုင်တော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဂျေရုဆလင်နှင့် ပက်သက်သည့် နိုင်ငံတကာညီလာခံတစ်ခု ဆီနီဂေါတွင် ပြုလုပ်

    ဂျေရုဆလင်နှင့် ပက်သက်သည့် နိုင်ငံတကာညီလာခံတစ်ခု ဆီနီဂေါတွင် ပြုလုပ်

    မေ ၅၊ ၂၀၁၆
    M-Media

    al-quds

    – ပါလက်စတိုင်းက ဂျေရုဆလင်မြို့တော်နဲ့ပက်သက်တဲ့ နိုင်ငံတကာညီလာခံတစ်ခုကို ဆီနီဂေါနိုင်ငံ မြို့တော်ဒါကာမှာ အင်္ဂါနေ့က ကျင်းပခဲ့ပြီး နိုင်ငံများစွာက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီညီလာခံကို ပါလက်စတိုင်းပြည်သူတွေရဲ့ ပိုင်ဆိုင်နိုင်ခွင့် အခွင့်အရးကို လက်တွေ့ကျင့်သုံးနိုင်ဖို့နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မတီနဲ့ အိုအိုင်စီတို့က ပူးပေါင်း ကျင်းပတာဖြစ်ပါတယ်။

    “Al-Quds at the heart of peaceful settlement of the Palestinian issue” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီညီလာခံဟာ ၂ ရက်တာကြာမြင့်ခဲ့ပြီး အစ္စရေးက ကျူးကျော်ပိတ်ဆို့ထားတဲ့ အရှေ့ဂျေရုစလင်ရဲ့ အခြေအနေ၊ ဂျေရုစလင်ပြဿနာ အတွက် ငြိမ်းချမ်းပြီး ကြာရှည်ခံမယ့် အဖြေထုတ်ရေး စတဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

    Ref: IINA

  • သမ္မတနှင့် သဘောထားကွဲလွဲသည့် တူရကီဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

    သမ္မတနှင့် သဘောထားကွဲလွဲသည့် တူရကီဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

    မေ ၅၊ ၂၀၁၆
    M-Media

    turkey 3

    – မိမိအနေဖြင့် ၀န်ကြီးချုပ်နှင့် အာဏာရ AK ပါတီ ခေါင်းဆောင်အဖြစ် ဆက်လက်ဆောင်ရွက်သွားတော့မည် မဟုတ်ဟု တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက ပြောကြားလိုက်သည်။

    ယမန်နေ့က ပါတီ၏ ဗဟိုအမှုဆောင်ကော်မတီဝင်များ၏ အစည်းအဝေးပြီးနောက် ယနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒါဗူတော့ဂ်လူက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး သမ္မတအာဒိုဂန်နှင့် ၎င်းတို့အကြား တင်းမာမှုများကို လျော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ယူဆရသည်။

    “ပါတီခေါင်းဆောင်နဲ့ ၀န်ကြီးချုပ်နေရာကို ကျွန်တော် စွန့်လွှတ်မှုဟာ ပိုမိုကောင်းမွန်တဲ့ ပိုကောင်းဖို့အတွက် ရည်ရွယ်ပြီး ပါ
    တီရဲ့ စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းကာ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုပါပဲ” ဟု ၀န်ကြီးချုပ်က
    ပြောကြားခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့ပြီး မိနစ် ၉၀ ကြာမြင့်ခဲ့သည့် အစည်းအဝေးတွင် သမ္မတအာဒိုဂန်က ဒါဗူတော့ဂ်လူအား နှုတ်ထွ
    က်ရန် တောင်းဆိုခဲ့သည်ဟု တူရကီအခြေစိုက် စာရေးဆရာနှင့် ဂျာနယ်လစ်တစ်ဦးဖြစ်သူ အန်ဒရူး ဖင်ကဲလ်က အ
    လ်ဂျာဇီးရား သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ပြည်တွင်းနှင့် နိုင်ငံခြားရေးပေါ်လစီ ကိစ္စရပ်များအတွက် အာဒိုဂန်နှင့် ဒါဗူတော့ဂ်လူတို့အကြား သဘောထားကွဲလွဲမှုများ
    ရှိနေပြီး ပြီခဲ့သည့်လများအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ၀န်ကြီးချုပ်၏ ယခုကဲ့သို့ နှုတ်ထွက်မှု ပေါ်
    ထွက်လာခြင်းဖြစ်သည်။

    ဒါဗူတော့ဂ်လူ၏နေရာတွင် အစားထိုးရန် ပို့ဆောင်ရေးဝန်ကြီး၊ သမ္မတ၏ အကြီးဆုံးသမီးနှင့် အိမ်ထောင်ကျထားသည့် စွ
    မ်းအင်ဝန်ကြီးတို့မျာ ရေးပန်းစားလျက် ရှိနေသည်။

    Ref: Aljazeera