News @ M-Media
Blog
  • အွန်လိုင်းပေါ်တွင် ရမ်းကားသည့် နေမျိုးဝေအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့ပြင်ဆင်
    အွန်လိုင်းပေါ်တွင် ရမ်းကားသည့် နေမျိုးဝေအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့ပြင်ဆင်
    မေ ၃၊ ၂၀၁၆
    M-Media
    FB_IMG_1462286914013
    – နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား Facebook ပေါ်တွင် အသရေဖျက်ခဲ့သည့် နေမျိုးဝေကို ကန်ကြီးထောင့်ရဲစခန်းက ဖမ်းဆီးရန် စီစဉ်နေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။
    မတူကွဲပြားခြင်းနှင့် ငြိမ်းရေးပါတီ၏ ဥက္ကဌဖြစ်သူ နေမျိုးဝေမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ ဓာတ်ပုံများအား အသုံးပြုကာ ၎င်းတို့အား အသရေပျက်စေသော၊ နိုင်ငံတော် မတည်မငြိမ်ဖြစ်ရန် ရည်ရွယ်သော ရေးသားမှုများကို Facebook စာမျက်နှာတွင် ပြုလုပ်ခဲ့သည်။
    ထို့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝေယံအောင်က ကန်ကြီးထောင့်ရဲစခန်းတွင် နိုင်ငံတော်အကြီးအကဲများအား ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားမှု၊ ပြည်ထောင်စုပြိုကွဲအောင် လှုံ့ဆော်ရေးသားမှု၊ လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။
    ကန်ကြီးထောင့်ရဲစခန်းမှ အမှုစစ်အရာရှိက မိမိတို့မှာ နေမျိုးဝေးအား ဖမ်းဆီးရန် ပြင်ဆင်နေသည်ဟု ပြောကြားခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြကြသည်။
    နေမျိုးဝေမှာ ဘာသာရေးလူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ၊ အကြမ်းဖက်ရန် လှုံ့ဆော်မှုများကို Facebook စာမျက်နှာမှတစ်ဆင့် တောက်လျှောက်ပြုလုပ်နေသူဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန်ပင် ယခင်က လှုံ့ဆော်ခဲ့သူဖြစ်သည်။
    Ref: Kamayut Media
  • ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတွက် ဂျော်ဒန်နှင့် ဖင်လန် ပူးပေါင်းဆောင်ရွက်မည်
    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတွက် ဂျော်ဒန်နှင့် ဖင်လန် ပူးပေါင်းဆောင်ရွက်မည်
    မေ ၃၊ ၂၀၁၆
    M-Media
    jordan
    – လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးနယ်ပယ်များတွင် မိမိတို့နှင့် ဖင်လန်နိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရန် သဘောတူညီခဲ့သည်ဟု ဂျော်ဒန် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရာအင်မ် အဘူ ဟာဆန်က ပြောကြားလိုက်သည်။
    ဖင်လန် လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဟန်နာ မန်တိုင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဂျော်ဒန်နိုင်ငံသို့ ၃ ရက်တာ အလည်အပတ် ရောက်ရှိစဉ်အတွင်း ယမန်နေ့က အဘူဟာဆန်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။
    အဘူဟာဆန်ကမူ မိမိတို့နိုင်ငံသားများနှင့် နိုင်ငံအတွင်းနေထိုင်သော နိုင်ငံခြားသားများအား ပေးအပ်နေသော ၀န်ဆောင်မှုများကို အဆင့်မြှင့်တင်ရေး ထိရောက်ပြီး အရည်အသွေးပြည့်ဝသည့် စီမံကိန်းများကို ဆောင်ရွက်ရန်အတွက် ဖင်လန်အာဏာပိုင်များနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်သွားရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။
    မန်တိုင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်း လူမှုဝန်ဆောင်မှုလုပ်ငန်းများ၊ နယ်ပယ်အသီးသီးရှိ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ စသည်တို့တွင် ဂျော်ဒန်နိုင်ငံက ဒေသအတွင်း ရှေ့ဆောင်လမ်းပြ ဖြစ်နေမှုအတွက် ချီးကျူးခဲ့သည်။
    Ref: IINA
  • အမေရိကန်တွင် ယခုနှစ်အတွင်း လမ်းလျှောက်တတ်စ ကလေးများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ကျော်ရှိ
    အမေရိကန်တွင် ယခုနှစ်အတွင်း လမ်းလျှောက်တတ်စ ကလေးများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ကျော်ရှိ
    မေ ၃၊ ၂၀၁၆
    M-Media
    gun
    – အမေရိကန်မှာ ယခုနှစ်အတွင်း လမ်းလျှောက်တတ်စ ကလေးငယ်လေးတွေ သေနတ်နဲ့ ကိုယ့်ကိုယ်ကိုယ် မတော်တဆ ပစ်မိမှု၊ အခြားသူတွေကို ထိမှန်မှုတွေဟာ ပြီးခဲ့နှစ်ကထက်စာရင် ၃၀ ရာခိုင်နှုန်းလောက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
    ထုတ်ပြန်မှုတွေအရ သေနတ်နဲ့ ဆက်စပ်နေတဲ့ ထိခိုက်ဒဏ်ရာရမှုနဲ့ သေဆုံးမှုတွေဟာ ပျှမ်းမျှ တစ်ပတ်မှာ တစ်ခုထက်ပိုမို ဖြစ်ပွားနေတယ်ဆိုတာကို တွေ့ရပြီး မနှစ်ကဒီအချိန်မှာ မတော်တဆမှု ၁၈ ခုသာ ရှိခဲ့ပေမယ့် ဒီနှစ်ထဲမှာ ကလေးငယ်များကြောင့်ဖြစ်တဲ့ သေနတ်ထိမှန်မှု အနည်းဆုံး ၂၃ ခု ရှိခဲ့ပါတယ်။
    ၂၀၁၆ ခုနှစ်ထဲမှာ ကိုယ့်ကိုယ်ကို မတော်တဆ သေနတ်နဲ့ ပစ်မိခဲ့တဲ့ ကလေးငယ် ၁၈ ယောက်မှာ ၉ ယောက်ဟာ ရရှိတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် တခြားလူတွေကို ပစ်ခတ်ခဲ့တာ ငါးကြိမ်ခန့်ရှိပြီး အဲ့ဒီထဲက မတော်တဆမှုနှစ်ခုဟာ လူသေဆုံးစေတဲ့အထိ ဖြစ်ခဲ့ပါတယ်။
    Ref: RT
  • ချို့တဲ့သည့် မိသားစု ၁ သိန်းအတွက် ဆော်ဒီအစိုးရက အိမ်ယာများ ဖန်တီးပေးမည်
    ချို့တဲ့သည့် မိသားစု ၁ သိန်းအတွက် ဆော်ဒီအစိုးရက အိမ်ယာများ ဖန်တီးပေးမည်
    မေ ၃၊ ၂၀၁၆
    M-Media
    – ရေနံအပေါ်မှီခိုမှုကိုလျှော့ချပြီး တိုင်းပြည်ရဲ့စီးပွားရေးကို အားကောင်းဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် နိုင်ငံအတွင်းက ၀င်ငွေနည်းပါးတဲ့ မိသားစု ၁ သိန်းခန့်ကို လာမယ့်နှစ်မှာ အိမ်ယာများ ဆောက်လုပ်ပေးအပ်သွားမယ်လို့ ဆော်ဒီ အိုးအိမ်ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ကြေငြာခဲ့ပါတယ်။
    ဒါဟာ ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့တဲ့ စီးပွာရေး ပြုပြင်ပြောင်းလဲမှုစီမံကိန်းဟာ ပြည်သူတွေအတွက် လက်တွေ့အကျိုးကျေးဇူး ခံစားရနိုင်တယ်ဆိုတာကို ပြသဖို့အတွက် အာဏာပိုင်တွေရဲ့ အားထုတ်မှုလည်း ဖြစ်ပါတယ်။ အဲဒီ စီမံကိန်းမှာ အခွန်ငွေတွေတိုးမြှင့်ကောက်ခံသွားပြီး အစိုးရရဲ့စိုက်ထုတ်ငွေတွေ ဖြတ်တောက်သွားမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။
    “ဆော်ဒီရဲ့ Vision 2030 စီမံကိန်းအရ အိမ်ယာပေါင်း ၁ သိန်းကို အစိုးရရဲ့ ထောက်ပံ့မှုဖြစ် နိုင်ငံသားတွေကို ပေးသွားမှာဖြစ်ပါတယ်” လို့ ၀န်ကြီးဌာနရဲ့ Twitter စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
    မြေ၊ အိမ်ယာ၊ တိုက်ခန်း ဒါမှမဟုတ် ငွေကြေးပုံစံနဲ့ ပြည်သူတွေကို ထောက်ပံ့ပေးမယ့် အဲဒီအကူအညီဟာမေလ ၈ ရက်နေ့မှာ စတင်မှာဖြစ်ပြီး တစ်နှစ်တာ ကြာမြင့်မှာဖြစ်ပါတယ်။
    Vision 2030 စီမံကိန်းမှာ စီးပွားရေးနဲ့လူမှုရေး ရည်ရွယ်ချက်တွေ များစွာရှိနေပြီး ဆော်ဒီပြည်သူတွေရဲ့ အိမ်ယာပိုင်ဆိုင်မှုဟာ အခုချိန်မှာ ၄၇ ရာခိုင်နှုန်းရှိရာကနေ၂၀၂၀ အရောက်မှာ ၅ ရာခိုင်နှုန်းထက်တိုးလာဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
    Ref: IINA
  • မိမိမှာ သမိုင်းတွင်သည့်ကစားသမား ဖြစ်သွားပြီဟု ရော်နယ်ဒိုပြော
    မိမိမှာ သမိုင်းတွင်သည့်ကစားသမား ဖြစ်သွားပြီဟု ရော်နယ်ဒိုပြော
    မေ ၃၊ ၂၀၁၆
    M-Media
    ronaldo
    – မိမိအား လူတိုင်းက ကြိုက်နှစ်သက်မှုမရှိသည်ကို လက်ခံသော်လည်း မိမိအနေဖြင့် သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားထဲမှ တစ်ဦးဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။
    ရော်နယ်ဒိုမှာ ရီးယဲလ်အသင်းသမိုင်းတွင် စံချိန်တင် ဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတွင်လည်း ဂိုး ၁၀၀ ပြည့်သည့် ပထမဆုံး ကစာသမားဖြစ်ရန် ၇ ဂိုးသာ လိုတော့သည်။ ရော်နယ်ဒိုကမူ မိမိအား အမြဲတမ်းဝေဖန်သူရှိသည်ဆိုသည်ကို ၀န်ခံခဲ့သော်လည်း မိမိ၏ စွမ်းဆောင်ရည်များက ဘောလုံးလောကတွင် နေရာတစ်ခုကို ရရှိစေခဲ့သည်ဟု ဆိုသည်။
    “ဘောလုံးသမိုင်းမှာ ထိပ်ဆုံးကိုရောက်မယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ လူတွေက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ် ကိန်းဂဏန်းတွေက သူတို့ကို စကားပြောပါလိမ့်မယ်။ အရင်က စံချိန်တင်ခဲ့တဲ့သူတွေနဲ့အတူ ကျွန်တော်လည်း ထိပ်ဆုံးမှာရှိမှာပါ။ တစ်ချို့က ကျွန်တော့်ကို ပိုကြိုက်ကြတယ်။ တစ်ချိုက သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ဘောလုံးသမိုင်းမှာ နေရာတစ်နေရာ ရသွားခဲ့ပြီဆိုတာ ကျွန်တော့်အနေနဲ့ သံသယမရှိပါဘူး” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။
    Ref : Goal