News @ M-Media

Blog

  • လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော

    လာမည့်နှစ်တွင် မန်ယူ၌ ဆက်ရှိနေမည်ဟု ဗန်ဂါးလ်ပြော

    မေ ၁၊ ၂၀၁၆
    M-Media

    van gal 2

    – ရာသီအဆုံးတွင် အသင်းမှာ မည်သည့်အခြေအနေကို ရောက်ရှိသည်ဖြစ်စေ မိမိမှာ လာမည့်နှစ်တွင် မန်ယူအသင်း၌ ဆက်ရှိနေမည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ရှိနေပြီး FA ဖလား နောက်ဆုံးဗိုလ်လုပွဲသို့ ရောက်ရှိနေသည့် မန်ယူနှင့် ဗန်ဂါးလ်တို့၏ အနာဂတ်မှာ မသေချာ မရေရာသေးဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ထို့ပြင် လာမည့်နှစ်တွင် မော်ရင်ဟိုမှာ မန်ယူအသင်း၏ နည်းပြဖြစ်မည်ဟုလည်း ရေပန်းစားနေသည်။

    သို့သော်လည်း ဗန်ဂါးလ်က အနာဂတ်အတွက် စိုးရိမ်ခြင်းမရှိဘဲ အောင်မြင်မှုမှာ အချိန်ပေးရမည်ဟု ဆိုသည်။

    “ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူတို့က ကျွန်တော့်ကို ခန့်အပ်ခဲ့တာဖြစ်ပြီး ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ ပြောခဲ့ကြပါတယ်။ အောင်မြင်မှုလမ်းကြောင်းဟာ ၃ နှစ်လောက်ဖောက်မှ ဖြစ်မယ်လို့ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ကျွန်တော်က ၂ နှစ်ပဲ စာချုပ်ချုပ်ချင်တာပါ။ အသင်းက ၃ နှစ်စာချုပ်စေချင်တယ်။ ကျွန်တော် လက်ခံလိုက်တယ်။ ဒါ့ကြောင့် နောက်နှစ်မှာ ခင်ဗျားတို့ ကျွန်တော့်ကို ထပ်တွေ့ရအုံးမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့် ၆ လတာကာလအတွင်း မိမိမှာ သီတင်းပတ်တိုင်းတွင် အထုတ်ခံရမည်ဟု ပြောဆိုခံခဲ့ရကြောင်း၊ သို့သော်လည်း အသင်း၌ဆက်ရှိနေခဲ့ပြီး ထိုကဲ့သို့ အခြေအနေမျိုးကို ယခင်ကလည်း ကြုံတွေ့ရဖူးကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံအနောက်ပိုင်း ပြည်နယ်မှ ဒေသအချို့ကို IS လက်မှ အီရတ်စစ်တပ် ပြန်သိမ်းယူ

    နိုင်ငံအနောက်ပိုင်း ပြည်နယ်မှ ဒေသအချို့ကို IS လက်မှ အီရတ်စစ်တပ် ပြန်သိမ်းယူ

    မေ ၁၊ ၂၀၁၆
    M-Media

    iraq 2

    – နိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ အန်ဘာရ်ပြည်နယ်က ဒေသနှစ်ခုကို IS အကြမ်းဖက်အဖွဲ့လက်ထဲကနေ အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

    အပြင်းအထန်တိုက်ခိုက်ပြီးနောက်ပိုင်း ဘဂ္ဂဒက်မြို့တော်ရဲ့ အနောက်ဘက် ၈၅ မိုင်ကျော်အကွာမှာတည်ရှိတဲ့ ခက်ဇ်ရာဂ်ျနဲ့ အလ်-နော်ဝေယမ် ရွာတွေကို အီရတ်အစိုးရတပ်တွေက သောကြာနေ့မှာ အပြည့်အ၀ထိန်းချုပ်နိုင်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက al-Baghdadia ရုပ်သံလိုင်းကို ပြောကြားခဲ့တာပါ။

    တိုက်ပွဲအတွင်းမှာ အီရတ်စစ်သားတွေက စစ်သွေးကြွအမြောက်အများကို သတ်ဖြတ်နိုင်ခဲ့ပြီး ၎င်းတို့ရဲ့ စခန်းအများအပြားကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သီးခြားဖြစ်ရပ်အနေနဲ့ မူဆိုးလ်မြို့တောင်ဘက် ဆင်ခြေဖုံးမှာလည်း IS အကြမ်းဖက်သမားတွေ အသုံးပြုတဲ့ မောင်းသူမဲ့ လေယာဉ်တစ်စင်းကို အစိုးရထောက်ခံတဲ့ Popular Mobilization အဖွဲ့က ပစ်ချနိုင်ခဲ့ပါတယ်။

    တိုက်ပွဲတွေဖြစ်တဲ့ သောကြာနေ့မှာ IS ရဲ့ အကြီးပိုင်းခေါင်းဆောင်လေးဦးကို နိုင်ငံမြောက်ပိုင်း ကာရ်ကွတ်ပြည်နယ်မှာ အီရတ်လေတပ်က လေကြောင်းတိုက်ခိုက်မှုတွေကနေတစ်ဆင့် သုတ်သင်နိုင်ခဲ့ပါတယ်။

    Ref; Presstv

  • ဘင်္ဂလားဒေ့ရှ် မြန်မာဆက်ဆံရေး ပြန်လည်ခိုင်မာစေဖို့ လိုလားကြောင်း ဘင်္ဂလားအခြေဆိုက် bdnews ဖော်ပြ

    ဘင်္ဂလားဒေ့ရှ် မြန်မာဆက်ဆံရေး ပြန်လည်ခိုင်မာစေဖို့ လိုလားကြောင်း ဘင်္ဂလားအခြေဆိုက် bdnews ဖော်ပြ

    M-Media
    မေလ ၁ ၊ ၂၀၁၆

    သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဘင်္ဂလားဒေ့ရှ်သံရုံးတွင်ကျင်းပသည့် ယာဉ်ကျေးမှု ဖလှယ်ပွဲအခမ်းအနားတွင် တွေ့ရစဉ်
    သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ ဘင်္ဂလားဒေ့ရှ်သံရုံးတွင်ကျင်းပသည့် ယာဉ်ကျေးမှု ဖလှယ်ပွဲအခမ်းအနားတွင် တွေ့ရစဉ်

    မြန်မာနှင့်ဆက်ဆံရေးမှာ ဘင်္ဂလားဒေ့ရှ်အတွက်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှာ တရုတ်နှင့်သာမက အာဆီယံနိုင်ငံများအတွက်ပါ ဆက်ဆံရေးတံခါးဝနိုင်ငံဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေဆိုက် bdnews က ဖော်ပြသည်။

    ပြီးခဲ့သည့်စနေ့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတွင်ကျင်းပခဲ့သော ချစ်ကြည်ရေးယဉ်ကျေးမှု ဖလှယ်ပွဲအစီအစဉ်သတင်းကို bdnews က သတင်းတင်ဆက်ထားသည်။ ထိုယဉ်ကျေးမှုဖလှယ်ပွဲတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အကြား ဆက်စပ်နေသည့် ယဉ်ကျေးမှု အသွင်အပြင်များကို ဦးစားပေးခဲ့ကြောင်း၊ အထူးသဖြင့် နှစ်သစ်ကူးအစီအစဉ်ကို အသားပေးထားကြောင်း သိရသည်။

    အခမ်းအနားသို့ အဲန်အဲလ်ဒီနာယက သူရဦးတင်ဦးနှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းတို့ တက်ရောက်ခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် ရွှေဂက်စ်စီမံကိန်းမှ ဂက်စ်များကို ၀ယ်ယူဖို့စိတ်ဝင်စားလျက်ရှိကြောင်းလည်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနှင့် ချစ်ကြည်ရေးပြန်လည်ခိုင်မာလာစေဖို့ လိုလားလျက်ရှိကြောင်း၊ ယင်းနှင့်စပ်လျဉ်း၍ မဇ္ဈိမသတင်းဌာနမှ အယ်ဒီတာချုပ် ဦးစိုးမြင့်ကို bdnews က မေးမြန်းထားရာ ဦးစိုးမြင့်က မီဒီယာအနေဖြင့် ချစ်ကြည်ရေးပြန်လည်ခိုင်မာလာစေဖို့ အကူအညီပေးနိုင်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလားတို့မှာတစ်နိုင်ငံအကြောင်း တစ်နိုင်ငံ ရင်းနှီးကျွမ်းဝင်ခြင်းမရှိကြောင်း၊ မြန်မာလူထုမှာလည်း ဘင်္ဂလားအကြောင်း အသေအချာ သတင်းမရရှိကြကြောင်း၊ မီဒီယာချင်း သတင်းဖလှယ်၍ ဘင်္ဂလားဒေ့ရှ်အကြောင်းလည်း မြန်မာက ပိုသိနိုင်သလို ဘင်္ဂလားဒေ့ရှ်ကလည်း မြန်မာအကြောင်း ပိုမိုသိနားလည်နိုင်ကြောင်း ပြောပြထားသည်။

  • ပါလက်စတိုင်းရှိ အိမ်ယာများအား အစ္စရေးက ဖျက်ဆီးမှု ယခုနှစ်တွင် လေးဆမြင့်တက်

    ပါလက်စတိုင်းရှိ အိမ်ယာများအား အစ္စရေးက ဖျက်ဆီးမှု ယခုနှစ်တွင် လေးဆမြင့်တက်

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    palestine 2

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတစ်လျှောက်မှာ ပါလက်စတိုင်းပြည်သူတွေရဲ့ နေအိမ်နဲ့ အဆောက်အဦးတွေကို အစ္စရေးဘက်က ဖျက်ဆီးပစ်နေတာဟာ ပြီးခဲ့တဲ့နှစ်ထက်စာရင် အခုနှစ်မှာ လေးဆလောက် ပိုများလာတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

    ၂၀၁၆ အစမှာကတည်းက နေအိမ်ဖယ်ရှားခံရတဲ့ ပါလက်စတိုင်းပြည်သူ ၈၀၈ ယောက်အထိ ရှိနေပြီလို့ မှတ်တမ်းတွေအရ သိရပြီး ဇန်န၀ါရီလမှာကတည်းက ပါလက်စတိုင်းတွေရဲ့ အဆောက်အဦး စုစုပေါင်း ၅၈၈ ခု ဖျက်ဆီးခံခဲ့ရပါတယ်။ ဒါ့အပြင် ၀င်ငွေရနိုင်တဲ့ အဆောက်အအုံတွေလည်း ဖျက်ဆီးခံခဲ့ရတာကြောင့် ပါလက်စတိုင်းပြည်သူ ၁၀၀၀ ကျော်လောက်ကို အကြပ်တွေ့စေခဲ့ပါတယ်။

    ဖျက်ဆီးခံရတဲ့နေရာအများစုဟာ အနောက်ဘက်ကမ်းရဲ့ ဧရိယာ C မှာ ဖြစ်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာဟာ ပါလက်စတိုင်းမြေနေရာထဲမှာ အကြီးဆုံးအစိတ်အပိုင်းဖြစ်ကာ အနောက်ဖက်ကမ်းရဲ့ ကုန်းမြေ ၆၀ ရာခိုင်နှုန်းလောက် ပါရှိပါတယ်။ ပြီးတော့ အဲဒီ ဧရိယာကို အစ္စရေးစစ်တပ်က အပြည့်အ၀ ထိန်းချုပ်ထားတာပါ။

    ကုလသမဂ္ဂ လူသားချင်း စာနာမှုထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UNOCHA) က အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ဖျက်ဆီးသိမ်းပိုက်မှုတွေကြောင့် တစ်ရက်တည်းမှာပဲ ကလေးငယ် အယောက် ၆၀ အပါအ၀င် ပါလက်စတိုင်း ၁၂၄ ယောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့အောက်တိုဘာလအစကတည်းက အစ္စရေးတပ်ဖွဲ့တွေရဲ့လက်ချက်ကြောင့် ကလေးနဲ့အမျိုးသမီးတွေအပါအ၀င် ပါလက်စတိုင်းပြည်သူ ၂၁၀ ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    Ref: Presstv

  • ကစားသမားခေါ်ယူမှုတွင် မိမိတို့မှာ လက်စတာထက် ခက်ခဲမည်ဟု မန်ယူနည်းပြပြော

    ကစားသမားခေါ်ယူမှုတွင် မိမိတို့မှာ လက်စတာထက် ခက်ခဲမည်ဟု မန်ယူနည်းပြပြော

    ဧပြီ ၃၀၊ ၂၀၁၆
    M-Media

    man u 2

    – အရည်အသွေးမြင့်ကစားသမားများ ခေါ်ယူရာတွင် မိမိတို့အသင်းမှာ လက်စတာစီးတီးအသင်းထက် ပိုမို၍ ခက်ခဲမည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ မနက်ဖြန်တွင် လက်စတာအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်ပြီး ထိုပွဲတွင် လက်စတာအနိုင်ရပါက အသင်း၏ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။ ဗန်ဂါးလ်မှာလည်း ၂၀၀၉ ခုနှစ်က အသင်းငယ် အေဇက် အလ်ခမာအသင်းကို ဒတ်ခ်ျအမှတ်ပေးဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

    မန်ယူတွင် ၂ ရာသီ၌ ပြောင်းရွှေ့ကြေး ပေါင်း သန်း ၁၀၀ ကျောက် သုံးစွဲခဲ့ရသည့် ဗန်ဂါးလ်က အသင်းငယ်များမှာ အသင်းကြီးများထက်ပို၍ အရည်အသွေးမြင့်ကစားသမားများကို ခေါ်ယူရာတွင် လွယ်ကူသည်ဟု ပြောကြားခဲ့သည်။

    “အေဇက် ဒါမှမဟုတ် လက်စတာတို့လို အသင်းငယ်လေးတွေဟာ ကစားသမားတွေကို ၀ယ်ယူရာမှာ ပိုပြီးတော့ လွယ်ပါတယ်။ မန်ယူလိုအသင်းမျိုးတောင် အဲဒီလောက်မလွယ်ပါဘူး။ ဈေးအများကြီးပေးရတယ်။ အေးဂျင့်ကိုလည်း ပေးရသေးတယ်။ နောက်မှ ကစားသမားကို ရတာပါ။ အသင်းငယ်တွေမှာ ကစားသမားအပြောင်းအရွှေ့အတွက် ဖိအားလည်းနည်းတယ်။ ကစားရတဲ့ ကစားသမားတွေအတွက်လည်း ဖိအားနည်းပါတယ်။ ဒါဟာ ခြားနားမှုပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် လက်စတာအသင်းကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့ပြီး ရာသီကုန်တွင် ချန်ပီယံဖြစ်မည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal