မေ ၅၊ ၂၀၁၆
M-Media
– ဗိုက်ဆာလွန်းတာကြောင့် အစားအသောက်နည်းနည်းပါးပါး ခိုးယူစားသောက်ခြင်းဟာ ပြစ်မှုမမြောက်ဘူးလို့ အီတလီနိုင်ငံရဲ့ အဆင့်မြင့်ဆုံး အယူခံတရားရုံးတော်ကနေ သတ်မှတ်လိုက်ပါတယ်။
စူပါမားကတ်တစ်ခုကနေ ၄.၀၇ ယူရိုတန်တဲ့ ဒိန်ခဲနဲ့ အသားချောင်းတွေ ခိုးယူခဲ့တဲ့ ရိုမန် အိုစထရီယာကော့ဗ်ဆိုသူရဲ့ ခိုးမှုကနေ ဒီလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပြီး အိုထရီယာကော့ဗ်ကိုလည်း အပြစ်မရှိဘူးလို့တရားသူကြီးများက ဆုံးဖြတ်ခဲ့ကြပါတယ်။
ယူကရိန်းဇာတိဖြစ်ပြီး အိမ်ယာမဲ့တစ်ဦးဖြစ်သူ မစ္စတာ အိုစထရီယာကော့ဗ်ဟာ “အသက်ဆက်ဖို့ အစားအသောက် မရှိမဖြစ်လိုအပ်မှုကို ရင်ဆိုင်ရတဲ့အတွက်” ခိုးယူတာကြောင့် အကြောင်းအရင်းခိုင်မာကာ ရာဇ၀တ်မှုမမြောက်ဘူးလို့ အယူခံတရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၁ ခုနှစ်က ဖြစ်ခဲ့တဲ့ အိုစထရီယာကော့ဗ်ရဲ့ ခိုးယူမှုအတွက် ၂၀၁၆ ခုနှစ်မှာ ထောင်ဒဏ် ၆ လနဲ့ ဒဏ်ငွေ ယူရို ၁၀၀ ချမှတ်ခံခဲ့ရပါတယ်။
ဒါပေမယ့် အယူခံခုံရုံးက တရားသူကြီးတွေကကတော့ အသက်ရှင်ရပ်တည်ခွင့်က ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ်မှာ လွှမ်းမိုးရမယ်လို့ပြောကြားခဲ့ပြီး၊ ယဉ်ကျေးတဲ့တိုင်းပြည်တစ်ခုမှာ အဆိုးရွားဆုံး လူတွေတောင်မှ ငတ်မွတ်မှု မရှိစေရဘူးလို့ ဆိုပါတယ်။
အီတလီနိုင်ငံမှာ နေ့စဉ် လူ ၆၁၅ ရောက်လောက်ဟာ ဆင်းရဲမှုသတ်မှတ်ချက်ကို ရောက်ရှိတာကြောင့် ဒီလို ဆုံးဖြတ်ချက်မျိုးဟာ လက်တွေ့မကျဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Ref: BBC


Leave a Reply
You must be logged in to post a comment.