News @ M-Media

Blog

  • ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း

    ပါမောက္ခ ဒေါက်တာ ဦးရဲမြင့် ကွယ်လွန်ခြင်း (သို့) ဆေးလောကရဲ့ ကြွယ်တပွင့် ကြွေလွင့်ခြင်း

    ဧပြီ ၂၁ ၊ ၂၀၁၆
    M-Media
    သတင်း-ဖြူလေး

    Prof Ye Myintခွဲစိတ် ဆရာဝန်ကြီး  ပါမောက္ခ ဒေါက်တာဦးရဲမြင့်  ဧပြီလ (၂၀) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြောင်းသိရပါတယ်။
    .
    ပါမောက္ခ ဒေါက်တာဦးရဲမြင့်ကို (ဦးအီဘရာဟင်-ဒေါ်အေးချို )တို့မှ ၁၉၃၇ ခုနှစ် မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့မှာ မွေးဖွားခဲ့ပြီး မွေးချင်း (၇)  ယောက်အနက် (၄) ယောက်မြောက်လည်း ဖြစ်ပါတယ်။
    .
    ငယ်စဉ်ကတည်းက ပညာမှာ ထူးချွန်ခဲ့တဲ့ ဦးရဲမြင့်ဟာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မြန်မာနိုင်ငံတစ်ငံလုံး ပထမအဆင့် အမှတ်ပေါင်း (၅၅၄ မှတ်) ဖြင့် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    မန္တလေး ဆေးတက္ကသိုလ်မှာ တတိယနှစ်ထိ ပညာသင်ကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်တက္ကသိုလ်သို့ ကူးပြောင်းလာခဲ့သည်။ ရန်ကုန် တက္ကသိုလ်တွင်  M.B.B.S ဘွဲ့ကို ရယူခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်းမှာတော့ မန္တလေးဆေးရုံကြီးမှာ ခွဲစိတ်ဌာနတွင် ပထမဆုံး လုပ်ကိုင်ခဲ့ပါတယ်။ ဦးရဲမြင့်ဟာ ခွဲစိတ်ရာမှာ ပါရမီပါသူတစ်ဦးဖြစ်ပြီး ဆရာဝန်ကြီးများ အားကိုးအားထားရသူ တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
    .
    ၁၉၆၆ ခုနှစ်မှာတော့ အိမ်ထောင်ပြုခဲ့ပြီး သားရတနာတစ်ဦး ထွန်းကားခဲ့ပါတယ်။
    .
    ဦးရဲမြင့်ဟာ ရန်ကုန် ဆေးတ္ကသိုလ် (၁) ခွဲစိတ်ကုပညာဌာနမှာ ပါမောက္ခ ဌာနမှူးအဖြစ် အသက် (၆၀)အထိ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
    .
    ထို့အပြင် ဦးရဲမြင့်ဟာ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ လည်းကောင်း၊ ပုဂ္ဂလိက ဆေးရုံဖြစ်တဲ့ ဗဟိုစည် ဆေးရုံတို့မှာလည်းကောင်း ခွဲစိတ်ကုဆရာဝန်ကြီးအဖြစ် လူနာပေါင်း များစွာရဲ့ အသက်ကို ကယ်တင်ခဲ့သူလည်း ဖြစ်ပါတယ်။
    .
    အသက် (၇၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါမောက္ခ ဒေါက်တာဦးရဲမြင့်ဟာ ဧပြီလ (၂၀) ရက်နေ့ နံနက်မှာ ကွယ်လွန်သွားခဲ့ပြီး  မသေဆုံးမီ သူ့ ကိုယ်ခန္ဓာကို ရန်ကုန်ဆေးတက္ကသိုလ် (၁) ကို လှူဒါန်းထားခဲ့သူလည်း ဖြစ်ပါတယ်။

  • ဒုက္ခသည်များအတွက် စခန်း ၃ ခုကို တူရကီက ထပ်မံ ဖန်တီးပေးမည်

    ဒုက္ခသည်များအတွက် စခန်း ၃ ခုကို တူရကီက ထပ်မံ ဖန်တီးပေးမည်

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    – ဆီးရီးယားဒုက္ခသည်တွေအတွက် နိုင်ငံတောင်ပိုင်း ဟာတေးနဲ့ ခရာမန်မာရက်စ်ပြည်နယ်တွေမှာ ဒုက္ခသည်စခန်း ၃ ခု တည်ဆောက်နေတယ်လို့ တူရကီ အိမ်ယာ ဖွံ့ဖြိုးတိုးတက်ရေး စီမံခန့်ခွဲမှုအဖွဲ့ TOKI က ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့အကြီးစား ယာယီစခန်းတွေကို ကျွန်တော်တို့ တည်ဆောက်နေပြီး ဒါဟာ ရက်စက်ကြမ်းကြုတ်မှုတွေကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ထွက်ပြေးလာကြသူတွေအတွက် ကျွန်တော်တို့ရဲ့ ဖြူတဲ့ အားထုတ်ကြိုးပမ်းမှုပါပဲ” လို့ TOKI အကြီးအကဲ အာဂွန် တူရန်က အဖွဲ့ရဲ့ ကြေငြာချက်မှာ ပြောဆိုခဲ့ကာ အဲဒီစခန်းတွေဟာ ဆီးရီးယားဒုက္ခသည် ၄ သောင်းလောက်ကို နေရာထိုင်ခင်း ပေးနိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    စခန်းတွေမှာ ကျန်းမာရေးဌာနတွေ၊ အားကစားကွင်းတွေ၊ ကျောင်းတွေ၊ ပြန်လည်ထူဌာနတွေနဲ့ ဗလီဝတ်ကျောင်းတော်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    တူရကီနိုင်ငံဟာ နိုင်ငံတွင်းမှာ ဆီးရီးယားဒုက္ခသည် ၂.၇၄ သန်းကျော်ကို လက်ခံထားပြီး ဆီးရီးယားဒုက္ခသည် အရေအတွက်အများဆုံး လက်ခံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဆီးရီးယားဒုက္ခသည်တွေအတွက် တူရကီရဲ့ ကူညီထောက်ပံ့မှုဟာ ဒေါ်လာ ၉ ဘီလီယံနီးပါးလောက်ရှိနေပြီး အဲ့ဒီပမာဏဟာ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ လက်ခံရရှိတဲ့ ငွေကြေးထက် အဆ ၂၀ များတယ်လို့ အစိုးရက ထုတ်ပြန်တဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

    Ref: IINA

  • ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော

    ပရိတ်သတ်ထောက်ခံမှုမရှိပါက အာဆင်ဝင်းဂါး ထွက်ရမည်ဟု ရက်နပ်ပြော

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    winger 7

    – အာဆင်နယ်နည်းပြ အာဆင်းဝင်းဂါး အသင်းမှ ထွက်ရမည့် တစ်ခုတည်းသောနည်းလမ်းမှာ ပရိတ်သတ်များ၏ ကျောခိုင်းမှုပင် ဖြစ်သည်ဟု စပါးနည်းပြဟောင်း ဟယ်ရီ ရက်နပ်က ပြောကြားလိုက်သည်။

    ယခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ပြီးနောက် ပရိတ်သတ်များမှာ ၀င်းဂါးအပေါ် စိတ်ပျက်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ယနေ့ညတွင် ကစားမည့် ၀က်စက်ဘရွန်းနှင့်ပွဲတွင်လည်း အီမရိတ်ကွင်းသို့ ပြောင်းရွှေ့ပြီးနောက် အနိမ့်ဆုံး အရေအတွက်ဖြစ်သည့် ပရိတ်သတ် ၂၀၀၀၀ အထိသာ လာရောက်မည်ဟု လက်မှတ်ရောင်းချမှုများအရ သိရသည်။

    Evening Standard သတင်းစာတွင်ရေးသားသည့် ရပ်နက်၏ ဆောင်းပါးတွင် ၀င်းဂါးအတွက် စာနာမိသော်လည်း ပရိတ်သတ်များ၏ သပိတ်မှောက်မှုကို လက်ခံသည်ဟု ဆိုသည်။

    “အာဆင်ဝင်ဂါးအတွက် အရေးအကြီးဆုံး ပြဿနာက ပရိတ်သတ်တွေ လျော့သွားတဲ့ အချိန်ပါပဲ။ အဲဒီအချိန်ကျရင် ပြန်လမ်းမရှိပါဘူး။ ဒီနေ့ ၀က်စ်ဘရွန်းနဲ့ပွဲကို သပိတ်မှောက်ဖို့ အာဆင်နယ်ပရိတ်သတ်တွေ စီစဉ်ထားတယ်ဆိုတာကို ကျွန်တော် တွေ့ရပါတယ်။ ဒီလိုမျိုး ရှေ့ဆက်သွားမယ်ဆိုရင်တော့ ပရိတ်သတ်တွေဆီက အသံတွေကို အာဆင်နယ်က ကျယ်ကျယ်လောင်လောင် ကြားရမှာပါ။ အသင်းအတွက် အားလုံးပေးဆပ်ပြီးတဲ့နောက်ပိုင်းမှာ ပရိတ်သတ်တွေက သူ့ကို ကျောခိုင်းလာပြီဆိုရင်တော့ ဒီလောက်ဆို လုံလောက်ပြီဆိုတာ သူလည်း သိလာမှပါ” ဟု ရက်နပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နှစ် ၁၀၀ သက်တမ်းရှိ ကုရ်အာန်မိတ္တူကို တူရကီတွင် ကန်ဒေါ်လာ ၈ သောင်းနီးပါးဖြင့် လေလံတင်နိုင်

    နှစ် ၁၀၀ သက်တမ်းရှိ ကုရ်အာန်မိတ္တူကို တူရကီတွင် ကန်ဒေါ်လာ ၈ သောင်းနီးပါးဖြင့် လေလံတင်နိုင်

    ဧပြီ ၂၁၊ ၂၀၁၆
    M-Media

    quran

    – အော်တိုမန်အင်ပါယာ သက်တမ်းကုန်ဆုံးချိန်ဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ရေးသားခဲ့တဲ့ ကုရ်အာန်ကျမ်းတော်မြတ် မိတ္တူမှန်တစ်အုပ်ကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လေလံတင်ရောင်းချခဲ့ရာ ဒေါ်လာ ၈၀၀၀၀ နီးပါးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလေလံပွဲကို အစ္စတန်ဘူလ်မြို့တွင်းက ဟိုတယ်တစ်ခုမှာ ကျင်းပခဲ့တာဖြစ်ပြီး အော်တိုမန်အင်ပါယာခေတ်က သရုပ်ဖော်ပုံများ၊ ပန်းချီကားတွေနဲ့ လက်ရေးမူပေါင်းများစွာကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။

    ဒေါ်လာ ၈ သောင်းနီးပါးရခဲ့တဲ့ အဲဒီ ကုရ်အာန်ကျမ်းတော်မြတ်ကို အဲ့ဒီခေတ်မှာ အထင်ရှားဆုံး လက်ရေးလက်သားအလှ ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ ဟာစန် ဆဘ်ရီက ရေးသားခဲ့တာ ဖြစ်ပါတယ်။ အာရဗီလက်ရေးလှ အမျိုးအစားတစ်မျိုးဖြစ်တဲ့ ‘ဇူလူသ်’စာလုံးနဲ့ ရေးသားခဲ့တာဖြစ်ပြီး ၂၄ ကာရက်ရှိတဲ့ ရွှေနဲ့ အုပ်ထားတာ ဖြစ်ပါတယ်။

    တူရကီနိုင်ငံ တည်ထောင်စဉ်အတွင်းက နာမည်ကြီးလက်ရေးလှပညာရှင်တစ်ဦးဖြစ်တဲ့ အဟ်မဒ် ကာမီလ် အက်ဒစ်က ‘ဇူလူသ်’စာလုံးအမျိုးအစားနဲ့ ရေးသားခဲ့တဲ့ ဆုတောင်းစာကားချပ်တစ်ခုကို ကန်ဒေါ်လာ ၁၄၀၀၀ နီးပါးနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

    ဆူလ်တန် အဘ်ဒူလ် ဟာမစ် ၂ လက်ထက်က ရွှေရည်သားအုပ်ထားတဲ့ ကြွေခွက်တစ်စုံလည်း လေလံတင်တဲ့အထဲမှာ ပါဝင်ခဲ့ပါတယ်။

    Ref: IINA

  • စစ်တွေမှာ စက်လှေမှောက်လို့ သေဆုံးသူ ၂၀ ကျော်

    စစ်တွေမှာ စက်လှေမှောက်လို့ သေဆုံးသူ ၂၀ ကျော်

    BBC မှ ကူးယူဖော်ပြသည်။

    13015587_1011783062210912_3976056087535824762_n
    စစ်တွေမြို့ သဲချောင်းဆိပ်ကမ်းအနီး ဧပြီလ ၁၉ ရက်နေ့က တိမ်းမှောက်ခဲ့တဲ့ စက်လှေပေါ်လိုက်လာကြသူတွေထဲက အလောင်း ၄ လောင်းကို ဧပြီလ ၂၀ ရက်နေ့မှာ ထပ်မံ တွေ့ရှိခဲ့ပါတယ်။

    ဒါကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၂၂ ဦး ထိရှိလာပြီ ဖြစ်ပါတယ်။

    ပျောက်ဆုံးနေတဲ့ လူအရေအတွက်ကလည်း ၄၀ ကျော် လောက်ရှိပြီး ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေဆဲဖြစ်ပါတယ်။

    ရှာဖွေရေးလုပ်ငန်းတွေကို အစိုးရဘက်ကထက် ဒုက္ခသည်စခန်းဘက်က လှေတွေကပဲအဓိကလုပ်ကိုင်နေတာဖြစ်တယ်လို့ သဲချောင်းဒုက္ခသည်စခန်းက ကယ်ဆယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

    ဒီစက်လှေမှောက်တဲ့ နေရာကတော့ ပြီးခဲတဲ့နှစ်က လူကုန်ကူးစက်လှေတွေ ခိုးထွက်တဲ့နေရာလို့ လူသိများတဲ့ သဲချောင်းဆိပ်ကမ်းအနီး ဖြစ်ပါတယ်။

    အသက်မသေဘဲ လွတ်လာသူတွေအပြောအရဆိုရင်တော့ သူတို့ဟာ ရိက္ခာပြတ်တာ၊ ဆေးကုသမှုခံချင်တာတို့ကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တော်မြို့နယ်၊ ဆင်တက်မော် ကျေးရွာကနေ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူပေါင်း ၈၀ ကျော်လောက် စက်လှေနဲ စစ်တွေမြို့ဘက်ကို အလာ အဲဒီ့ သဲချောင်းဆိပ်ကမ်း မရောက်ခင် ဧပြီလ ၁၉ရက်နေ့က လှိုင်းဒဏ်ကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

    ဒီစက်လှေနဲ လိုက်ပါပြီး အသက်မသေဘဲလွတ်လာသူ ကိုညီချေက သူတို့ဟာ မြေပုံဒုက္ခသည်စခန်းကနေ ဆင်တက်မော် ကိုလာပြီး အဲဒီကနေ စစ်တွေကိုလာခဲ့တာလို့ ပြောပါတယ်။

    သူကတော့ ရေကူးတတ်လို့ အသက်မသေဘဲ လွတ်လာခဲ့ပေမယ့် ရေမကူးတတ်သူတွေ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    စက်လှေမှောက်လို့ သေဆုံးခဲသူတွေရဲ မိသားစုဝင်တွေကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးက သဲချောင်းစခန်းကို လာရောက်ပြီး မိသားစု တစ်စုကို ငွေ ၂ သိန်းစီ ထောက်ပံ့ပေးခဲတယ်လို့လည်းသိရပါတယ်။

    အခုစက်လှေမှောက်တဲနေရာဟာ မကြာခဏစက်လှေမှောက်တဲ့ နေရာဖြစ်ပြီး ဒုက္ခသည်တွေကတော့ ဒီလိုဒုက္ခဆိုးတွေလွတ်အောင် သူတို့လွတ်လပ်စွာခရီးသွားလာခွင့်ရဖို့ နဲ့ ကိုယ့်နေရပ်ရင်းတွေမှာပြန်နေခွင့်ရကြဖို့ကို မျော်လင့်နေကြပါတယ်။

    Photo-AFP

    http://www.bbc.com/burmese/burma/2016/04/160420_boatcapsize