News @ M-Media

Blog

  • တိုက်စစ်မှူးအဂူရို တစ်ဦးချင်းဆု မရသည့်အတွက် အံ့သြရသည်ဟု မန်စီးတီးနည်းပြဆို

    တိုက်စစ်မှူးအဂူရို တစ်ဦးချင်းဆု မရသည့်အတွက် အံ့သြရသည်ဟု မန်စီးတီးနည်းပြဆို

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    aguro

    – မိမိ၏ တိုက်စစ်မှူး ဆာဂျီယိုအဂူရိုအနေဖြင့် အင်္ဂလန်၌ ကစားသည့် ကာလအတွင်း တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်မခံရမှုမှာ ထူးဆန်းသည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။

    အဂူရိုမှာ ပရီးမီးယားလိဂ်၌ ကျင်လည်နေသည်မှာ ၄ ရာသီရှိပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်း PFA နှင့် ဘောလုံးအားကစားကလောင်ရှင်များအသင်း PWA တို့မှ ချီးမြှင့်သော ဆုများကို တစ်နှစ်မှမရခဲ့ဘဲ ယခုနှစ်တွင်လည်း ရရှိနိုင်မည့် အနေအထား မရှိပေ။

    မန်းစီးတီးအသင်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး ပြီးခဲ့သည့်နှစ်က ဂိုးအများဆုံးသွင်းသည့် ရွှေဖိနပ်ဆုကိုပင် ရရှိခဲ့သော်လည်း PFA တစ်နှစ်တာအကောင်းဆုံး အသင်းတွင်လည်း ၎င်းမှာ ပါဝင်ခဲ့ခြင်းမရှိပေ။ ပယ်လီဂရီနီကမူ ယမန်နေ့က ချယ်ဆီးအား ဟက်ထရစ်သွင်းခဲ့သည့် ၎င်း၏ တိုက်စစ်မှူး တစ်ဦးချင်းဆု မရရှိသည့်အတွက် အံ့အားသင့်နေသည်။

    “ဆာဂျီယို အဂူရိုဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး တိုက်စစ်မှူးလို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ သူဒီမှာ ကစားတဲ့နှစ်တွေမှာ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားအဖြစ် အရွေးမခံရတာကတော့ ထူးခြားပါတယ်။ တစ်ကယ်လို့ အကောင်းဆုံး မဟုတ်ဘူးဆိုရင်လည်း အဂူရိုဟာ အကောင်းဆုံးထဲက တစ်ယောက်ပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Gaol

  • ဘီလ်ဂိတ်၏ ရှရီအာနည်းကျရန်ပုံငွေသို့ ကာတာက ကန်ဒေါ်လာ သန်း ၅၀ လှူဒါန်း

    ဘီလ်ဂိတ်၏ ရှရီအာနည်းကျရန်ပုံငွေသို့ ကာတာက ကန်ဒေါ်လာ သန်း ၅၀ လှူဒါန်း

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    quatar

    – ဒိုဟာမြို့မှာ ဘီလ်နဲ့ မလင်ဒါဂိတ်စ်ဖောင်ဒေးရှင်း (Bill and Melinda Gates Foundation) ရဲ့ စီမံကိန်းတစ်ခုဖော်ဆောင်ဖို့အတွက် ကာတာဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကနေ ကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းဖို့ ကြာသာပတေးနေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

    ယခုပေးအပ်တဲ့ရံပုံငွေဟာ အသက်ရှင်ရပ်တည်ရေးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းရံပုံငွေအဖွဲ့ (LLF) ကို ကူညီဖို့ ရည်ရွည်ထားတာဖြစ်ပါတယ်။ LLF ကို IDB အဖွဲ့ဝင်နိုင်ငံတွေမှာ ငါးနှစ်အတွင်း ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် ရည်ရွယ်ပြီး ပြီးခဲ့နှစ်က ဒေါ်လာ ၂.၅ ဘီလီယံနဲ့ အစ္စလာမ်မစ်ဖွံ့ဖြိုးရေးဘဏ် (IDB)၊ ဘီလ်နဲ့မလင်ဒါဂိတ်စ် ဖောင်ဒေးရှင်းတို့ပူးပေါင်းတည်ထောင်ထားတာ ဖြစ်ပါတယ်။

    သဘောတူညီမှုစာချုပ်ကို ကာတာဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့အမှုဆောင်ဒါရိုက်တာ ခလီဖာ အလ်ကူဝါရီ၊ IDB ဥက္ကဌ ဒေါက်တာအဟ်မဒ်အလီနဲ့ ဘီလ်နဲ့ မလင်ဒါဂိတ်စ်ဖောင်ဒေးရှင်း ဒုတိယဥက္ကဌဖြစ်သူ ဘီလ်ဂိတ်စ်တို့ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

    “အာရှနဲ့ အာဖရိကမှာရှိတဲ့ ဖွံ့ဖြိုးမှုအနည်းပါးဆုံး အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံ ၃၀ အတွက် ရည်ရွယ်တာဖြစ်ပါတယ်” လို့ အလ်ကူဝါရီက ရန်ပုံငွေထည့်ဝင်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

    နောက်ပြီး LLF ဆိုတာ IDB နိုင်ငံသုံးဆယ်မှာ အခြေခံကျန်းမာရေး၊ ရောဂါထိန်းချုပ်ရေး၊ အသေးစားစိုက်ပျိုးမွေးမြူရေးနဲ့ အခြေခံကျေးလက်လူနေမှုအဆောက်အအုံ ဖွံ့ဖြိုးရေးတို့ကို ရည်ညွှန်းတာလို့လည်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဘာကာခြေချော်ပါက အခွင့်အရေးယူနိုင်ရန် ဇီဒိန်းက အသင်းသားများအား တိုက်တွန်းထား

    ဘာကာခြေချော်ပါက အခွင့်အရေးယူနိုင်ရန် ဇီဒိန်းက အသင်းသားများအား တိုက်တွန်းထား

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    zidane 2

    – လာလီဂါဇယားအား ဦးဆောင်နေသည့် ဘာစီလိုနာ၏ ခြေချော်မှုကို အခွင့်ကောင်းယူရန်အတွက် အသင်းသားများအနေဖြင့် သတိမပြတ်ရှိနေရန် ရီးယဲလ်နည်းပြ ဇီဒိန်းက တိုက်တွန်းထားသည်ဟု သိရသည်။

    လက်ရှိချန်ပီယံ ဘာစီလိုနာမှာ ရာသီအစကတည်းက အရှိန်အဟုန်ကောင်းကောင်းဖြင် ဇယားအား ဦးဆောင်လာနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ပတ်ဆက်တိုက် ရီးယဲလ်နှင့် ဆိုစီဒက်တို့ကို ရှုံးနိမ့်ခဲ့ပြီးနောက် လက်ရှိတွင် ဒုတိယနေရာမှ ရီးယဲလ်အား တစ်ပွဲလျော့ဖြင့် ၁ မှတ်သာ ဖြတ်ထားနိုင်သည်။

    ရီးယဲလ်မှာ ယမန်နေ့က ဂီတာဖေးအား ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိထားပြီး ဘာစီလိုနာက ယနေ့တွင် ဗလင်စီယာနှင့် ကစားရမည်ဖြစ်သောကြောင့် ဇီဒိန်းက ဘာစီလိုနာ ခြေချော်နိုင်ချေကို တွက်ဆထားခြင်းဖြစ်သည်။

    “ကိုယ့်အလုပ်ကိုယ်ပဲ ကျွန်တော်တို့ အာရုံစိုက်ပါတယ်။ လာလီဂါက အရေးကြီးတယ်ဆိုတာကို ကစားသမားတွေလည်း သိကြပါတယ်။ ဒီနေ့ ကျွန်တော်တို့က တစ်မှတ်အကွာနဲ့ အိမ်ပြန်ရမယ်။ ဒီနေ့ပွဲမှာ အစကတည်းက ကျွန်တော်တို့ ကောင်းကောင်း ကစားချင်ခဲ့တာပါ။ ကစားသမားအားလုံးဟာ ပရော်ဖက်ရှင်နယ်ပီသစွာ ကစားခဲ့ပြီး ပြိုင်ဘက်အသင်းကိုလည်း လေးစားခဲ့ပါတယ်။ ဒီပွဲဟာ ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ ဘာကာနဲ့ အက်သလက်တီကိုတို့ ခြေချော်မလားဆိုတာကို ကျွန်တော် မသိပါဘူး။ သူတို့ကို ကျွန်တော်တို့ စောင့်ကြည်ရပါမယ်။ ဒါပေမယ့် အရေးအကြီးဆုံးက ကျွန်တော်တို့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။

    ရီးယဲလ်မှာ ချန်ပီယံလိဂ်တွင် ဆီမီးဖိုနယ်သို့ တက်ရောက်သွားပြီး မန်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • ဆေးယဉ်ပါးမှုပြဿနာက ကင်ဆာထက် ပိုကြောက်စရာကောင်း

    ဆေးယဉ်ပါးမှုပြဿနာက ကင်ဆာထက် ပိုကြောက်စရာကောင်း

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    antiboitic

    – ကမ္ဘာတစ်ဝှမ်း ထိရောက်တဲ့ ဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုရင်တော့ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာဟာ ကင်ဆာထက်ပိုပြီး လူသားမျိုးနွယ်ကို အကြီးအကျယ်ခြိမ်းခြောက်လာနိုင်တယ်လို့ ဗြိတိန်အဓိပတိ ဂျော့ဂ်ျအော့စ်ဘွန်းက သတိပေးပြောဆိုလိုက်ပါတယ်။

    နောက်ဆုံးရရှိခဲ့တဲ့ သက်သေအထောက်အထားတွေအရ ၂၀၅၀ ခုနှစ်မှာ အဖြစ်များတဲ့ရောဂါတွေ ဆေးမတိုးမှုကြောင့် ကမ္ဘာတစ်ဝှမ်း လူသေဆုံးမှုဟာ တစ်နှစ်ကို ၁၀ သန်းလောက်ရှိလာနိုင်ပြီး ဒါဟာ လက်ရှိ ကင်ဆာကြောင့် နှစ်စဉ် သေဆုံးနေတဲ့ ပမာဏထက် များပြားတဲ့အရေအတွက်လည်း ဖြစ်ပါတယ်။

    ဒီလို ဆေးယဉ်ပါးမှုကြောင့် ငွေကြေးကုန်ကျမှုလည်း များလားနိုင်ကြောင် ၀ါရှင်တန်မှာပြုလုပ်တဲ့ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) အစည်းအဝေးကို တက်ရောက်လာမယ့် ကိုယ်စားလှယ်တွေကို ဂျော့ဂ်ျအော့စ်ဘွန်းက ပြောကြားဖို့ ရှိနေပါတယ်။

    ၂၀၅၀ ခုနှစ်အရောက်မှာ ဆေးယဉ်ပါးမှုပြဿနာကြောင့် ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီတန်ဖိုး ၃.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး အဲ့ဒီပမာဏဟာ ကန်ဒေါ်လာ ၁၀၀ ထရီလီယံအထိ ရှိတယ်လို့ ဆိုပါတယ်။

    “ဒီပြဿနာကို ရေရှည်မှာ ကိုင်တွယ်နိုင်ဖို့ဆိုရင် မလိုအပ်ဘဲ ပဋိဇီဝဆေးတွေ အများအပြားသုံးစွဲနေတာကို ဖြတ်တောက်ပစ်ဖို့ ပိုမိုလျင်မြန်ကောင်းမွန်တဲ့ ရောဂါရှာဖွေမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်” လို့ အဓိပတိက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : Independent

  • အကြမ်းဖက်ဝါဒနှင့် ဇီယွန်ဝါဒက မွတ်စလင်ကမ္ဘာအတွက် အကြီးဆုံးခြိမ်းခြောက်မှုဟု အီရန်သမ္မတ ပြော

    အကြမ်းဖက်ဝါဒနှင့် ဇီယွန်ဝါဒက မွတ်စလင်ကမ္ဘာအတွက် အကြီးဆုံးခြိမ်းခြောက်မှုဟု အီရန်သမ္မတ ပြော

    ဧပြီ ၁၇၊ ၂၀၁၆
    M-Media

    iran 10

    – မွတ်စလင်ကမ္ဘာအား အကြီးဆုံးခြိမ်းခြောက်မှုများမှာ အကြမ်းဖက်ဝါဒနှင့် ဇီယွန်ဝါဒတို့ ဖြစ်သည်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ပြောကြားလိုက်သည်။

    ၁၃ ကြိမ်မြောက် အိုအိုင်စီထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တူရကီနိုင်ငံသို့ ရောက်ရှိနေသည့် ရူဟာနီက ယမန်နေ့ အီရန်သို့မပြန်ခင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။a

    “ဒေသတွင်းနဲ့ မွတ်စလင်ကမ္ဘာက အခြေအနေတွေဟာ စည်းလုံးညီညွတ်မှုအခွင့်အလမ်းကို ရယူဖို့နဲ့ မွတ်စလင်ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ တောင်းဆိုနေပါတယ်”

    ထို့ပြင် ဇီယွန်ဝါဒီများမှာ မွတ်စလင်နိုင်ငံများအကြား ဂိုဏ်းကွဲစေရန် ကြိုးစားနေပြီး အောင်မြင်မှုမရကြောင်း၊ မိမိတို့အီရန်နှင့် တူရကီအကြား အမျိုးသမီးများကဏ္ဍ၊ အကြမ်းဖက်မှု၊ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် မွတ်စလင်နိုင်ငံများ ညီညွတ်ရေး၊ ဘာသာရေးအစေးကပ်မှု စသည့် ကဏ္ဍ ၃ ရပ်တွင် သဘောတူညီချက်များ ရရှိသကဲ့သို့ မွတ်စလင်ကမ္ဘာတွင်လည်း ထိုကဲ့သို့ သဘောတူညီချက်များ ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အီရန်သမ္မတက ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသော နိုင်ငံများ၏ စကားဝိုင်းတွင် ပြောကြားခဲ့သည်။

    Ref: Press TV