ဧပြီ ၁၈၊ ၂၀၁၆
M-Media
– မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖာဂူဆန်၏နေရာကို အစားထိုးနိုင်မည့် နည်းပြမျိုးကို လာမည့်နှစ် ၁၀၀ အတွင်း ရှာမတွေ့နိုင်ဟု တိုက်စစ်မှူးဟောင်း ဂျာဗီယာ ဟာနန်ဒက်ဇ်က ပြောကြားလိုက်သည်။
လက်ရှိတွင် မန်ယူမှာ အဆင့် ၄ နေရာနှင့် ၅ မှတ်အကွာ အဆင့် ၅ နေရာတွင် ရှိနေပြီး နည်းပြဗန်ဂါးလ်၏ အနာဂတ်မှာလည်း မရေရာတော့ဟု သတင်းများထွက်ပေါ်နေသည်။ ဗန်ဂါးလ်နေရာကို အစားထိုးရန် ရွိုင်ယန်ဂစ်နှင့် မော်ရင်ဟိုတို့က တစ်ပြေးနေသည်။
ဖာဂူဆန်ထွက်သွားပြီးနောက်ပိုင်း မန်ယူသို့ ရောက်ရှိလာခဲ့သည့် နည်းပြ မိုယက်စ်နှင့် ဗန်ဂါးလ်တို့မှာ ဖာဂူဆန်၏ ခြေရာကို နင်းနိုင်ခြင်း မရှိပေ။
“ရိုးရိုးသားသားပြောရရင် ဗန်ဂါးလ်ဟာ နည်းပြကောင်းတစ်ယောက်ပါ။ ကမ္ဘာပေါ်က နည်းပြတွေလိုမျိုး သူ့မှာ ကိုယ်ပိုင် နည်းစနစ်တွေ ရှိပါတယ်။ ဖာဂူဆန်လို ပုဂ္ဂိုလ်မျိုးကို နောက်ထပ် နှစ် ၅၀၊ ၁၀၀ လောက်နေရင်လည်း ရှာတွေ့မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ သူဟာ တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ ဗန်ဂါးလ်က လုပ်နိုင်စွမ်းရှိသူတစ်ယောက်ပါ။ ဒါပေမယ့် ဘောလုံးမှာ အချိန်နဲ့ရလဒ်တွေက စကားပြောပါတယ်” ဟု ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။
ဟာနန်ဒက်ဇ်မှာ ယခုနှစ်ဘောလုံးရာသီအစက မန်ယူမှ လေဗာကူဆင်သို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.