News @ M-Media

Blog

  • ရပ်ကွက် အုပ်ချုပ်ရေးမှူး  ရွေးချယ်ပြီးမှ ကွယ်လွန်ပြီးဖြစ်တဲ့ ဖခင်  နိုင်ငံသား (ပန်းရောင်) ကတ် မရှိ၍ ဖယ်ရှားခံရ

    ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ပြီးမှ ကွယ်လွန်ပြီးဖြစ်တဲ့ ဖခင် နိုင်ငံသား (ပန်းရောင်) ကတ် မရှိ၍ ဖယ်ရှားခံရ

    မတ် ၂၄၊ ၂၀၁၆
    M-Media
    သတင်း- မိုးစက်

    ရန်ကုန်။    ။ သင်္ဃန်းကျွန်းမြို့နယ် ခ ရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးလောင်း ရွေးချယ်ခဲ့ရာ ယနေ့ကျင်းပသော ရွေးကောက်ပွဲတွင် အုပ်ချုပ်ရေးမှူးလောင်း ကိုမောင်မောင်စိုးအား ကွယ်လွန်သွားဖြစ်တဲ့ ဖခင် ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပန်းရောင်ကတ်) မရှိသည့် အကြောင်းပြ ချက်ဖြင့် မြို့နယ်လူဝင်မှုကြိးကြပ်ရေး ဦးစီးမှုးမှ  နိုင်ငံသား မဟုတ်ဟု မှတ်ချက်ကြောင့် ပလပ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

    “ပထမတော့ ကိုမောင်မောင်စိုးက ရွေးထားတယ်။ ဒါပေမယ့် သူက အစ္စလာမ် ဘာသာဝင်ဖြစ်နေတဲ့ အတွက်ကြောင့် သူ့ကို မရ၊ ရတဲ့နည်းနဲ့ ကြံဖန်ပြီးတော့ သေဆုံးသွားပြီဖြစ်တဲ့ သူ့အဖေမှာ နိုင်ငံသားကတ် မရှိလို့ အုပ်ချုပ်ရေးမှူး တစ်ယောက်မှာ ရှိရမဲ့ အချက် (၁၁) ချက်နဲ့ မညီလို့ဆိုပြီး ထားခဲ့တာလို့တော့ ကျွန်တော်တို့ ရပ်ကွက်သားတွေ ထင်ပါတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ် ခ ရပ်ကွက်မှ ရပ်ကွက်သားတစ်ဦးက M-Media ကိုပြောပါတယ်။

    ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြည်သူလူထုများရှေ့တွင် ပွင့်လင်းမြင်သာစွာဖြင့် အုပ်ချုပ်ရေးမှူးလောင်း နှစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးနှင့် ဦးမြင့်စိုးတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ယင်းတို့နှစ်ဦးထဲမှ တစ်ဦးကို ယနေ့မတ်လ ၂၄ ရက်နေ့တွင် အုပ်ချုပ်ရေးမှူးကို ရွေးချယ်ခဲ့ရာ ဦးမောင်မောင်စိုးကို ပလပ်ခဲ့ပြီး ၎င်းနေရာတွင် အခြားသူတစ်ဦးဖြင့် အစားထိုးခဲ့ခြင်း ဖြစ်ပါတယ်။

    ရပ်ကွက်သူ ရပ်ကွက်သားများမှလည်း ထိုဖြစ်ရပ်အား မှန်ကန်မှု ရှိစေရန်အတွက် ဖြစ်စဉ်များကို ရေးသားထားပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ မြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ ရဲမှူးကြီး အစရှိသည့် သက်ဆိုင်ရာများကို တိုင်ကြားထားကြောင်း သိရပါတယ်။

    ဦးမောင်မောင်စိုး၏ ဖခင်ဦးကျော်သန်းသည် ၁၉၂၆ ခုနှစ် လွတ်လပ်ရေးမရသေးခင်အချိန်ကပင် တနင်္သာရီတိုင်း ထားဝယ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ဦးကျော်သန်းသည် ၁၉၅၈ ခုနှစ် ဖဆပလ ခေတ်တွင် နိုင်ငံတော်မှ နိုင်ငံသားဖြစ်သူတိုင်းအား တရားဝင် ထုတ်ပေးခဲ့သော ၃ ခေါက်ချိုး အစိမ်းရောင် နိုင်ငံသားကဒ်ပြားကိုရရှိထားသူဖြစ်ကြောင်း သိရပါတယ်။

    ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံသားဖြစ်သူတိုင်းအား မဲပေးခိုင်းသည့်အချိန်တွင်လည်း ဆန္ဒမဲပေးခဲ့သည့် နိုင်ငံသား တစ်ဦးဖြစ်ခဲ့ကြောင်း သိရပါတယ်။

    ၁၉၉၀ နိုင်ငံသားကဒ်လျောက်ထားရာတွင် ပန်းရောင်ကဒ် မရမီပင် ဦးကျော်သန်း ကွယ်လွန်သွားခဲ့သည် ထိုစိစစ်ရေးကဒ်မှာလည်း လဝက ၌ Register စာရင်းဝင်းထားပြီးဖြစ်ပြီး ကာယကံရှင် လာမထုတ်ခဲ့သဖြင့် နှစ်ချို့နေပြီဖြစ်၍ လဝက ရုံး၌ မှင်ပြာ သားထားကြောင်း သိရပါတယ်။

     

  • Malleefowl (သို့မဟုတ်) သာမိုမီတာငှက်

    Malleefowl (သို့မဟုတ်) သာမိုမီတာငှက်

    မတ် ၂၅ ၊ ၂၀၁၆
    M-Media
    အေးထွန်း ရှာဖွေတင်ဆက်သည်။

    09.Malleefowl

    ဩစတေးလျှက Malleefowl ငှက်အဖိုဟာ သူ့ရဲ့အသိုက်တောင်ပို့ကြီးကို အပူချိန်အမြဲတိုင်းတာ စစ်ဆေးနေတယ်။

    ဘာလို့လဲဆိုရင် သူ့ဇနီး ဥမဲ့ ဥတွေဟာ အပူချိန် ၃၃ ဒီဂရီ ဆဲလ်စီးရက်စ် မှာမှ ပေါက်ဖွားဖို့ အကောင်းဆုံးအခြေအနေရှိတယ်လေ။

    ဒီငှက်မဟာ တစ်ခြားငှက်တွေလို ဥတွေပေါ် တက်ထိုင်ဝပ်ပြီး ဖောက်တာမဟုတ်ဘူး။

    အသိုက်အပူချိန်ကိုသာ အသုံးပြုပြီး ဖောက်တာ။

    ဆိုတော့ ငှက်ဖိုဟာ ဥကျင်းအပူချိန် ၃၃ဒီဂရီဆဲလ်စီးရက် တစ်သမတ်တည်း ရှိမရှိ ကိုအမြဲစစ်ဆေးနေတယ်။

    ငှက်ဖိုရဲ့ လျှာနဲ့ နှုတ်သီးဟာ အပူချိန်တိုင်းကိရိယာတွေ (Thermometer) ပေါ့။

    ဥကျင်းမှာ အပူဓာတ်ရရှိအောင် ဘယ်လိုလုပ်ပါသလဲ၊

    ငှက်ဖိုဟာ ဥကျင်းထဲကို သစ်ရွက်တွေ၊ သစ်ခေါက်တွေ နဲ့ သစ်ကိုင်းစတွေကို ထည့်သွင်းလိုက်ပါတယ်။ ပြီးရင် အဲဒီအပေါ်ကနေ သဲမြေတွေနဲ့ အုပ်ထားလိုက်ပါတယ်။

    မိုးရွာတဲ့ အခါမှာ စွတ်စိုလာတဲ့ ဒီသစ်ရွက်၊သစ်ခေါက်၊ သစ်ကိုင်းစတွေဟာ ဘက်တီးရီးယားတွေကြောင့် တစ်ဖြည်းဖြည်း ဆွေးမြေ့ပြိုကွဲ (Decompose) သွားပါတယ်။ ဒီဖြစ်စဉ်ဟာ အပူဓာတ်ကို ထုတ်လွှတ်ပါတယ်။

    အပူချိန်ဟာ ၃၃ဒီဂရီဆဲလ်စီးရက်စ်ကို ရောက်ပြီဆိုမှ ငှက်မဟာ ဥကျင်းထဲ ဥဥချပါတယ်။

    ငှက်ဖိုဟာ တောက်လျှောက်အပူချိန်ကို စစ်ဆေးနေပါတယ်။

    တကယ်လို့များ ဥကျင်းထဲက သစ်ရွက်၊သစ်ခေါက်၊ သစ်ကိုင်းစတွေရဲ့ ပုတ်သိုးပျက်ဆီးမူနှုန်းဟာ အရမ်းမြန်ပြီး အပူချိန်ဟာ ၃၃ဒီဂရီဆဲလ်စီးရက်အထက်ကို ရောက်ခဲ့မယ်ဆိုတာနဲ့ ငှက်ဖိုဟာ ဖုံးအုပ်ထားတဲ့ သဲမြေတွေကို ဖယ်ထုတ်လိုက်ပြီး ပိုလျှံနေတဲ့ အပူဓာတ်တွေ အပြင်ကို လွတ်ထွက်သွားအောင် လုပ်လိုက်ပါတယ် ။

    တကယ်လို့များ အပူဓာတ်လွန်ကဲမူဟာ သစ်ရွက်စတာတွေရဲ့ ပုတ်သိုးပျက်ဆီးမူ အမြန်နှုန်းကြောင့် မဟုတ်ပဲ၊ ပြင်းထန်တဲ့ နေအပူချိန်ကြောင့်ဆိုရင် ငှက်ဖိုဟာ ဒီနေအပူကို ကာကွယ်ဖို့ အသိုက်ကို သဲမြေတစ်ထပ် ထပ်မံအုပ်လိုက်ပါတယ်။

    ပြောင်းပြန်ဖြစ်စဉ်အနေနဲ့ တကယ်လို့များ အပူချိန်ဟာ ၃၃ဒီဂရီဆဲလ်စီးရက်အောက် ကျဆင်းနေပြီဆိုရင်တော့ ငှက်ဖိုဟာ ဥကျွင်းထဲကို နေရဲ့အပူဓာတ်တွေဝင်လာနိုင်အောင် သဲမြေတွေကို ဖယ်ရှားပစ်ပါတယ်။

    (Nest Kept Warm: Mallee fowl , AskNature.org)
    (International Wildlife Encyclopedia: Leopard -marten By Maurice Burton and Robert Burton , Pg . 1528)
    (The Atlas of Endangered Animals: Wildlife Under Threat Around the World By Paula Hammond , Pg. 108-109)

    ဒီငှက်တွေအကြောင်း ဖတ်အပြီးမှာ ကျွန်တော့်ကိုယ် ကျွန်တော် အောက်ပါမေးခွန်းတွေ မေးနေမိပါတယ်။

    ၁) ဒီငှက်တွေဟာ သူတို့ဥတွေပေါက်ဖွားဖို့အတွက် ဥကျင်းမှာ အပူချိန် ၃၃ဒီဂရီဆဲလ်စီးရက်စ်ကို ထိန်းသိမ်းထားရမယ်လို့ ဘယ်လိုများသိနေပါသလဲ၊

    ၂) သစ်ရွက်၊သစ်ခေါက်တွေ ဆွေးမြေ့ပျက်ဆီးမူဟာ ဥကျင်းအတွင်း အပူဓာတ်ကို ဖြစ်တည်စေမယ်ဆိုတာ သူတို့ဘယ်လိုသိနေကြပါသလဲ

    ၃) တကယ်လို့ အပူဓာတ် လွန်ကဲလာပြီဆိုရင် ဒါဟာ သစ်ရွက်၊သစ်ခေါက်တွေ ရဲ့ မြန်ဆန်သော ဆွေးမြေ့မူကြောင့်လား ၊ ဒါမှမဟုတ် နေအပူရှိန်ကြောင့်လား ဆိုတာ ဘယ်လိုခွဲခြားနိုင်ပါသလဲ

    ၄) ပြီးတော့ ငှက်ဖိုရဲ့ လျှာနဲ့နှုတ်သီးမှာ ဘယ်လိုများ အပူချိန်တိုင်း ကိရိယာ သာမိုမီတာ ပါဝင်နေရတာလဲ ?????

  • အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင်  (၉) ဦးက ဘယ်သူတွေလဲ ?

    အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင် (၉) ဦးက ဘယ်သူတွေလဲ ?

    မတ် ၂၄ ၊ ၂၀၁၆
    M-Media
    သီဟ
    .Office
    သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော် ဒီကနေ့ တင်သွင်းသော နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်(၈)ဦးအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။
    .
    အဆိုပါ အဖွဲ့ဝင်(၉) ဦးပါ အဖွဲ့ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်အရ
    .
    သမ္မတ က ရွေးချယ်တဲ့ (၃)ဦး
    .
    ၁။ ဦးညီညီ
    ၂။ ဦးမြင့်ဝင်း
    ၃။ ဦးမျိုးမြင့်
    .
    ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက  ရွေးချယ်တဲ့ (၃)ဦး
    .
    ၄။ ဦးမျိုးညွှန့်
    ၅။ ဦးခင်မောင်ချို
    ၆။ ဒေါ်ခင်ဌေးကြွယ်
    .
    အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ က  ရွေးချယ်တဲ့ (၃) ဦး
    .
    ၇။ ဦးတွာလ်ကျင်ပေါင်
    ၈။ ဒေါ်လှမျိုးနွယ်
    ၉။ ဦးကျော်ဆန်း တို့ ကို
    ရွေးချယ်ပြီး  သမ္မတက အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းခဲ့တာပါ။
    .
    အဆိုပါ(၉) ဦးအနက် ပြည်သူလွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပေးတဲ့ (၃) ဦးအနက်မှ  ဦးမျိုးညွန့် ကို ခုံရုံးအဖွဲ့ဥက္ကဋ္ဌအဖြစ် အမည်စာရင်းမှာ ဖော်ပြထားပါတယ်။
    .
    အဖွဲ့ဝင် (၉) ဦးမှာ အာဏာရ NLD ပါတီ မှ ၂ ဦးသာပါဝင်ပြီး ကျန် (၇) ဦးအနက် ဦးမြင့်ဝင်းနဲ့ ဒေါ်လှမျိုးနွယ်မှာ ယခင် ခုံရုံးအဖွဲ့ဝင်များ ဖြစ်ပြီး ပြန်လည်ရွေးချယ်ခံရကြောင်း သိရပါတယ်။
    .
    ဒီကနေ့ တင်သွင်းလိုက်တဲ့ ခုံရုံးအဖွဲ့ဝင် (၉) ဦးကို အတည်ပြုဖို့  ၂၈.၃.၂၀၁၆ နေ့မှာ ကျင်းပပြုလုပ်မယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အဆုံးအဖြတ်ခံယူမှာဖြစ်ပါတယ်။
    .
    ဖွဲ့စည်းပုံ ခုံရုံးဟာ  ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်ဖွင့်ဆိုခြင်း၊ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းတဲ့ ဥပဒေများဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်း စတဲ့ တာဝန်များကို လုပ်ဆောင်ဖို့  အဓိကတာဝန်ဖြစ်တယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရေးသား ထားပါတယ်။

    U Myo Nyunt U Nyi Nyi U Myint Win U Myo Myint U Khin Maung Cho Daw Khin Htay Kwel U Twal Kyint Paung Daw Hla Myo Nwe U Kyaw San

  • ဗီဒီယိုဂိမ်းတွင် မွတ်စလင်ကစားသမား၏ အောင်ပွဲခံမှုအား ဘာသာရေးအရ မှားယွင်းဖော်ပြခဲ့မှုအတွက် EA က ပြန်လည်တောင်းပန်

    ဗီဒီယိုဂိမ်းတွင် မွတ်စလင်ကစားသမား၏ အောင်ပွဲခံမှုအား ဘာသာရေးအရ မှားယွင်းဖော်ပြခဲ့မှုအတွက် EA က ပြန်လည်တောင်းပန်

    Rမတ် ၂၄၊ ၂၀၁၆
    M-Media

    russia 2

    – နာမည်ကြီး ဗီဒီယိုဂိမ်းကုမ္ပဏီတစ်ခုဖြစ်သော EA မှ ပြီးခဲ့သည့်သီတင်းပတ်က ဖြန့်ချီသည့် ဘက်စုံကိုယ်ခံပညာသုံး အားကစားပြိုင်ပွဲဂိမ်း Ultimate Fighting Championship (UFC) 2 ဂိမ်းတွင် နာမည်ကြီး ရုရှား မွတ်စလင်အားကစားသမားတစ်ဦး၏ အောင်ပွဲခံမှုပုံစံအား ဘာသာရေးအရ မှားယွင်းဖော်ပြခဲ့ခြင်းအတွက် EA က ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ကစားသမားမှာ UFC လိုက်ဝိတ်တန်းတွင် ရှုံးပွဲမရှိသေးသည့် စိန်ခေါ်သူ ခါဘစ် နူရ်မာဂိုမီဒေါ့ဗ်ဖြစ်ပြီး လိုက်ဝိတ်တန်းချန်ပီယံ ရာဖေးလ် ဒေါ့စ် အန်ဂျို့စ်အား အနိုင်ရရှိသည့် ဗီဒီယိုဂိမ်း၏ ဇာတ်ဝင်ခန်းတွင် ခရစ်ယာန်ဘာသာ ထုံးစံအတိုင်း ဆုတောင်းအောင်ပွဲခံမှုကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

    အသက် ၂၇ နှစ်အရွယ် ရှိပြီဖြစ်ပြီး ဘာသာရေးကိုင်းရှိုင်းသူဖြစ်သည့် နူရ်မာဂိုမီဒေါ့ဗ်ကမူ မိမိ၏ ဘာသာရေးယုံကြည်ချက်အား ထိုကဲ့သို့ လွဲမှားစွာဖော်ပြမှုအတွက် စိတ်ကသိကအောက် ဖြစ်ရသည်ဟု Twitter စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    “ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ပါ။ ခရစ်ယာန်တစ်ယောက် မဟုတ်ပါဘူး။ EA အနေနဲ့ ကျွန်တော်ရဲ့ အောင်ပွဲခံမှုပုံစံကို ကျေဇူးပြုပြီး ပြန်လည်ပြင်ဆင်ပေးပါ။ ကျွန်တော့်မှာ မွတ်စလင် ပရိတ်သတ်တွေ အများကြီးရှိပါတယ်။ အဲဒီအတွက် လေးစားရပါမယ်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် EA ကလည်း ချက်ခြင်းပင် မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး နူရ်မာဂိုမီဒေါ့ဗ်အား ပြန်လည် တောင်းခဲ့သည်။

    “ဒီကိစ္စအတွက် ဂိမ်းဖန်တီးတဲ့အဖွဲ့ကို ကျွန်တော်တို့ အကြောင်းကြားပြီးပါပြီ။ နောက်ထပ် Update ထွက်တဲ့အခါ အောင်ပွဲခံမှုပုံစံကို ပြောင်းလဲပေးပါ့မယ်။ အဲဒီကိစ္စက ခင်ဗျားအတွက် အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင်တော့ တောင်းပန်ပါတယ်” ဟု EA က Instagram မှ တစ်ဆင့် ပေးပို့သော တောင်းပန်စာတွင် ဖော်ပြထားသည်။

    ဘက်စုံကိုယ်ခံပညာသုံး အားကစားပြိုင်ပွဲ MMA တွင် ၂၂ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် တင်ထားနိုင်သည့် နူရ်မာဂိုမီဒေါ့ဗ်မှာ ထိုမက်ဆေ့ခ်ျကို screen shot ရိုက်၍ ပြန်လည် လွှင့်တင်ခဲ့သည်။

    “ကျွန်တော် ခရစ်ယာန်သာသနာအပေါ် ဆန့်ကျင်တာမဟုတ်ပါဘူး။ လူတိုင်းက ကိုယ်ပိုင် ဘ၀တည်ဆောက်မှုလမ်းစဉ်တွေ ရှိကြပါတယ်။ ကျွန်တော့်ရဲ့လမ်းစဉ်က အစ္စလာမ်ပါ။ ဂိမ်းထုတ်လုပ်သူတွေက အမှားလုပ်တယ်။ လူတိုင်းက မှားတတ်ကြပါတယ်။ ကျွန်တော်က မကျေနိုင်မချမ်းနိုင်ဖြစ်တာ မဟုတ်ပါဘူး။ သူတို့တောင်းပန်တယ်။ ပြင်ပေးမယ်လို့လည်း ကတိပေးတယ်။ နောက်တစ်ကြိမ်ကြရင် သူတို့ ဒါမျိုး မမှားဘဲ လူတိုင်းရဲ့ ဘာသာတရားကို သတိထားကြပါလိမ့်မယ်”

    Ref: IINA

  • တရုတ်နိုင်ငံတွင် မတော်တဆမှုကြောင့် လူ ၁၉ ဦးသေဆုံး

    တရုတ်နိုင်ငံတွင် မတော်တဆမှုကြောင့် လူ ၁၉ ဦးသေဆုံး

    မတ် ၂၄၊ ၂၀၁၆
    M-Media

    china

    – တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ဇီပြည်နယ် ရှူဇူးမြို့ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် မတော်တဆမှု ဖြစ်ပွားခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    အလုပ်သမား ၁၂၉ ဦးရှိသည့် အဆိုပါ မိုင်းတွင်းတွင် ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူ ၁၁၀ ကို ကယ်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း မီးလောင်ခြင်း၊ ဓာတ်ငွေ့စိမ့်၍ ပေါက်ကွဲခြင်း၊ သို့မဟုတ် ရေကြီးရေလျှံခြင်း စသဖြင့် မည်သည့် မတော်တဆမှု ဖြစ်သည်ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။

    တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရွက်မှုများမှာ အလွန်အားနည်းသောကြောင့် မကြာခဏဆိုသလို မတော်မတဆမှုများ ဖြစ်ပွားလေ့ရှိသည်။

    ယခုလအစောပိုင်းကလည်း ဂျီလင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ကျောက်မီးသွေးမိုင်းတွင်း တစ်ခုတွင် ဓာတ်ငွေ့ယိုစိမ့်ကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သည်။ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ မိုင်းတွင်းများတွင် မတော်တဆမှုများကြောင့် သေဆုံးသူမှာ ၉၃၀ ဦး ရှိခဲ့ပြီး၊ ၂၀၀၂ ခုနှစ်ကမူ ၇၀၀၀ အထိ ရှိခဲ့သည်။

    Ref: Aljazeera