News @ M-Media
Blog
  • ဘရာဇီးလ်တွင် လေယာဉ်ငယ်တစ်စီး လူနေရပ်ကွက်ထဲသို့ ပျက်ကျ
    ဘရာဇီးလ်တွင် လေယာဉ်ငယ်တစ်စီး လူနေရပ်ကွက်ထဲသို့ ပျက်ကျ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    brazil
    – ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ လူနေရပ်ကွက်တစ်ခုတွင် ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့သောကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CA-9 မော်ဒယ် အဆိုပါလေယာဉ်ငယ်မှာ အဆောက်အဦး ၂ ခုကြားသို့ ပျက်ကျခဲ့ခြင်းဖြစ်ကာ သေဆုံးသူများမှာ လေယာဉ်ပေါ် လိုက်ပါသွားခဲ့သည့် ခရီးသည် ၆ ဦးနှင့် လေယာဉ်မှူးတို့ ဖြစ်သည်။
    မြေပြင်ပေါ်ရှိ အဆောက်အဦးထဲမှ လူတစ်ဦးသာ ဒဏ်ရာရရှိခဲ့ပြီး ကျန်ရှိသူများကို ဘေးလွတ်ရာသို့ ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသတွင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။
    Ref: RT
  • ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ
    ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    fashion
    – ယူကေရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Marks & Spencer ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံကို တီထွင်ထုတ်လုပ်ကာ ရောင်းချပေးနေသည်ဟု သိရသည်။
    မွတ်စလင်အမျိုးသမီးများ၏ ကာအိနြေ္ဒကို ကာကွယ်ပေးနိုင်မည့် အဆိုပါ ရေကူးဝတ်စုံမှာ ဦးခေါင်းအား ဖုံးအုပ်သည့် ခေါင်းဆောင်ပုဝါလည်း ပါဝင်ပြီး မျက်နှာ၊ လက်ဖ၀ါးနှင့် ခြေဖ၀ါးတို့မှအပ တစ်ကိုယ်လုံးကို ဖုံးအုပ်ပေးထားမည်ဖြစ်သည်။
    ရေကူးဝတ်စံများမှာ ပေါ့ပါးပြီး၊ အသားအရေအား နေလောင်ခြင်းမှ ကာကွယ်ပေးကာ အနက်နှင့် အပြာဟူ၍ အရောင် ၂ မျိုး ဖန်တီးထားသည်။ ၀တ်စုံများကို လန်ဒန်မြို့ရှိ Marks & Spencer ပင်ရင်းနှင့် ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်ပြီး အွန်လိုင်းမှလည်း မှာယူနိုင်သည်။
    အစ္စလာမ်ဘာသာဝင်များ မြင့်တက်လာခြင်းကြောင့် modest fashion ဟုခေါ်သည့် မွတ်စလင်အမျိုးသမီးများအတွက် သီးသန့်ဖက်ရှင်ဈေးကွက်မှာလည်း ကြီးထွားလာခဲ့သည်။ ယူကေရှိ ပထမဆုံး modest fashion စတိုးဆိုင်ကို ဘရက်ဖို့ဒ်ရှိ ရှော့ပင်းစင်တာတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။
    ထို့အပြင်အခြားသော ဖက်ရှင်ကုမ္ပဏီများဖြစ်သည့် Mango Uniqlo နှင့် DKNY တို့ကလည်း ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လမှ စတင်ကာ ထိုဖက်ရှင်များကို မိတ်ဆက်ပေးခဲ့ကြသည်။
    Ref: Dailymail
  • မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့
    မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့
    မတ် ၂၀၊ ၂၀၁၆
    M-Media
    သတင်း/ဓာတ်ပုံ – မိုးစက်
    18
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးစီးပြီး အကြိမ် (၂၀) မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ မနက်(၈) နာရီအချိန်၌ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ သွေးလှူဒါန်းမှုတွင် လူမျိုးစုံ၊ ဘာသာစုံမှ (၁၅၉) ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
    မမလ ဌာနချူပ် အနေဖြင့် (၈၊၃၊၂၀၀၉) ခုနှစ်မှ စတင်ပြီး ၄ လ တကြိမ်ပုံမှန် သွေး လှူဒါန်းမှု ပြုလုပ်ခဲ့ရာ ယခု စုပေါင်းသွေး လှူဒါန်းမှုမှာ အကြိမ် (၂၀) မြောက်ဖြစ်ပြီး စုစုပေါင်း ၄၃၂၉ ဦး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။
    1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17
  • ၀န်ကြီးချုပ် ခြစားမှုကိစ္စနှင့်ပတ်သက်၍ ရှေ့နေချုပ်နှုတ်ထွက်ပေးရန် မလေးရှားရှေ့နေများအသင်း တောင်းဆို
    မတ် ၂၀၊ ၂၀၁၆
    M-Media
    bar
    – မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ခြစားသည်ဟူသော ကိစ္စနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုကို ပိတ်ပစ်ခဲ့သော ရှေ့နေချုပ် အာပန်ဒီ အလီအား ရာထူးမှနှုတ်ထွက်ရန်အတွက် မလေးရှားရှိ ရှေ့နေ ၇၀၀ ကျော်က တောင်းဆိုလိုက်သည်ဟု သိရသည်။
    ယမန်နေ့ကပြုလုပ်ခဲ့သည့် မလေးရှားရှေ့နေများအသင်း၏ နှစ်ပတ်လည်အစည်းဝေးတွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး၊ အာပန်ဒီ အလီ၏ ကိစ္စကလည်း ထိုအစည်းအဝေးတွင် အဓိကအကြောင်းအရာ ဖြစ်ခဲ့သည်။
    ရှေ့နေအများစုကမူ ၀န်ကြီးချုပ်နာဂျစ်၏ ဘဏ်စာရင်းတွင် ကန်ဒေါ်လာ သန်း ၇၀၀ တွေ့ရှိမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ပိတ်ပစ်ရန် မလေးရှား ခြစားမှုတိုက်ဖျက်ရေးကော်မရှင်အား ရှေ့နေချုပ်က အမိန့်ပေးခဲ့ခြင်းတွင် အကျိုးစီးပွား ထိပ်တိုက်တွေ့မှုရှိမည်ဟု ယုံကြည်နေသည်။
    မလေးရှားရှေ့နေများအသင်းမှ အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်တွင် ပိုမိုကောင်းမွန်သော မလေးရှားနိုင်ငံ ပြည်လည် ဖြစ်ပေါ်လာရေး၊ ပြည်သူများ၏ ယုံကြည်မှုကို ရရှိရေး၊ တရားဥပေဒေစိုးမိုးရေး အထူးသဖြင့် မလေးရှားနိုင်ငံ၏ ရာဇ၀တ်မှုဆိုင်ရာ တရားရေး စီမံခန့်ခွဲမှု ကဏ္ဍတို့အတွက် ရှေ့နေချုပ်အနေဖြင့် ရာထူးမှ ချက်ချင်းနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။
    ထို့ပြင် ၀န်ကြီးချုပ်နာဂျစ်၊ ၎င်းက အကြံပေးအဖြစ် တာဝန်ယူထားသည့် နိုင်ငံပိုင်လုပ်ငန်း 1MDB၊ ထိုလုပ်ငန်းနှင့် ယခင်က အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သော SRC ကုမ္ပဏီတို့ ပါဝင်သည့် ခြစားမှုပြဿနာကို ပြန်လည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်လည်း ရှေ့နေများအသင်းက ဆန္ဒရှိနေသည်။
    ပြီးခဲ့သည့်သီတင်းပတ်က ၀န်ကြီးချုပ်နှင့်ပတ်သက်သည့် ရှေ့နေချုပ်၏ ဆုံးဖြတ်ချက်ကို တရားရေးဆိုင်ရာ ပြည်လည်သုံးသပ်မှုများ ပြုလုပ်ရန် တောင်းဆိုချက်တစ်ခုကို ရှေ့နေများအသင်းက တင်သွင်းခဲ့သည်။ နာဂျစ်၏ ခြစားမှုနှင့်ပတ်သက်၍ မလေးရှားတွင် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ၀န်ကြီးချုပ်ဟောင်း မဟာသီနှင့် အတိုက်အခံများ ပူးပေါင်းကာ နာဂျစ်အားဖြုတ်ချရေး ကြေငြာချက်တစ်စောင်ကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။
    Ref: Channelnewsasia
  • ဂီနီနိုင်ငံတွင် တစ်ကျော့ပြန်အီဘိုလာကြောင့် သေဆုံးသူ ၄ ဦးရှိပြီ
    ဂီနီနိုင်ငံတွင် တစ်ကျော့ပြန်အီဘိုလာကြောင့် သေဆုံးသူ ၄ ဦးရှိပြီ
    မတ် ၂၀၊ ၂၀၁၆
    M-Media
    ebola
    – အာဖရိကတိုက်ရှိ ဂီနီနိုင်ငံတွင် အီဘိုလာရောဂါ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး သေဆုံးသူမှာ ၄ ဦးအထိ ရှိလာပြီဟု သိရသည်။
    အဆိုပါ တစ်ကျော့ပြန်အီဘိုလာမှာ ဂီနီနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးသေဆုံးခဲ့သူမှာ အမျိုးသမီငယ်တစ်ဦးဖြစ်သည်။ မိသားစုဝင်များအပါအ၀င် ထိုအမျိုးသမီးငယ်နှင့် ထိတွေ့ဆက်ဆံဖူးသူများကို ခြေရာခံရန် ကြိုးစားနေသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့သည့် အီဘိုလာ ကပ်ရောဂါကြောင့် ဂီနီနိုင်ငံတွင် လူပါင်း ၂၅၀၀ ခန့် သေဆုံးခဲ့ပြီး ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် ထပ်မံကူးစက်မှု မရှိတော့ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေငြာခဲ့သည်။ သို့သော်လည်း အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည်ဟု သတိပေးထားသည်။
    အီဘိုလာကူးစက်ပြန့်နှံ့မှု အများဆုံးဖြစ်ပွားခဲ့သော နိုင်ငံများမှာ ဂီနီ၊ ဆီရာလီယွန်နီနှင့် လိုက်ဘေးရီးယားတို့ ဖြစ်ကြပြီး စုစုပေါင်း ၁၁၃၀၀ ကျော် သေဆုံးခဲ့သည်။
    Ref : Channelnewsasia