မတ် ၂၄၊ ၂၀၁၆
M-Media
– မိမိတို့အသင်းမှာ ယခုနှစ်တွင် မည်သည့်ဆုဖလားမှ ရရှိလိမ့်မည်မဟုတ်ဟု ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
ရာသီပြီးဆုံးရန် ၇ ပွဲသာ လိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအသင်းအား ၅ မှတ် ဖြတ်ထားနိုင်ပြီး ပရီးမီးယားလိဂ်ဖလား ရရှိနိုင်မည့် ယုံကြည်ချက်လည်း မြင့်တက်လာခဲ့သည်။ သို့သော်လည်း အီတလီရုပ်သံတစ်ခုနှင့် အင်တာဗျူးတွင် ရာနီယေးရီက အသင်း ဖလားရမှုနှင့် ပတ်သက်၍ ငြင်းဆိုသွားခဲ့သည်။
“နိုး နိုး။ ကျွန်တော်တို့ ဖလားမရပါဘူး။ ဥရောပ၀င်ခွင့်အတွက်ပဲ ကျွန်တော်တို့ ကြိုးပမ်းနေတာပါ။ ဒါပါပဲ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
ထို့ပြင် ရာသီကုန်တွင် ချယ်ဆီးနည်းပြဖြစ်လာမည်ဟု ရေပန်းစားနေသည့် အန်တိုနီယို ကွန်တီ၏ အီတလီနည်းပြနေရာအား ရယူမည့်အလားအလာ ရှိသလားဟု မေးမြန်းရာတွင်လည်း ရာနီယေးရီက “မရှိပါဘူး။ ကျွန်တော် ဒီမှာ (လက်စတာမှာ) ပျော်နေပါတယ်။ သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်” ဟု ဖြေကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.