News @ M-Media

Blog

  • ဖက်ရှင်အတွက် ကမ္ဘာ့မွတ်စလင်များ၏ သုံးစွဲမှု ဒေါ်လာ ၂၄၄ ဘီလီယံရှိနေ

    ဖက်ရှင်အတွက် ကမ္ဘာ့မွတ်စလင်များ၏ သုံးစွဲမှု ဒေါ်လာ ၂၄၄ ဘီလီယံရှိနေ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    fashion

    – ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များ ဖက်ရှင်အတွက် အသုံးပြုမှုမှာ ၂၀၁၅ ခုနှစ် တစ်နှစ်လုံးတွင် ကန်ဒေါ်လာ ၂၄၄ ဘီလီယံ ရှိခဲ့သည်ဟု ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်စီးပွားရေး လေ့လာမှုအဖွဲ့ Salaam Gateway က ထုန်ပြန်လိုက်သည်။

    အိုအိုင်စီအခြေပြု အ၀တ်အစားထုတ်လုပ်သည့်လုပ်ငန်း ၁၀၀၀ ကျော်၊ အစ္စလာမ့်ဖက်ရှင် တံဆိပ် ၁၄၆ ခုနှင့် အီလက်ထရောနစ် အရောင်းဌာန ၈၅ ခုတို့မှ ရရှိသည့် အချက်အလက်များကို လေ့လာဆန်းစစ်ကာ ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    မွတ်စလင်အများ ဖက်ရှင်အတွက် သုံးစွဲမှုတွင် modest fashion ဟုခေါ်သည့် အစ္စလာမ့်နည်းကျ ဖက်ရှင်များအပေါ် သုံးစွဲမှုက ပိုမို များပြားသည်။ ထိုကဲ့သို့ သုံးစွဲမှုတွင် အမျိုးသမီးများက အမျိုးသားများထက် ပိုမိုပြီး ၃ ပုံ ၂ ပုံခန့် ရှိသည်။

    ယခုနောက်ပိုင်း ဖက်ရှင်လောကတွင် အဓိက ဈေးကွက်တစ်ခုဖြစ်လာသည့် modest fashion များကို ကမ္ဘာတစ်ဝှမ်းရှိ ထင်ရှားသော ဖက်ရှင်ကုမ္ပဏီပေါင်း ၂၅ ခု ထုတ်လုပ်ဖြန့်ချီလျက်ရှိနေပြီး Dolce၊ Gabbana၊ DKNY၊ H&M နှင့် John Lewis တို့ကဲ့သို့ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီများကလည်း အစ္စလာမ့်နည်းကျ ဖက်ရှက်လောကအတွင်းသို့ မကြာသေးမီက ၀င်ရောက်လာခဲ့ကြသည်။

    Ref: IINA

  • ဇူလိုင်လတွင် မန်ယူအသင်း တရုတ်နိုင်ငံသို့ လာရောက်မည်

    ဇူလိုင်လတွင် မန်ယူအသင်း တရုတ်နိုင်ငံသို့ လာရောက်မည်

    မတ် ၂၃၊ ၂၀၁၆
    M-Media

    man u

    – ၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ပြင်ဆင်မှုအဖြစ် လာမည့် ဇူလိုင်လတွင် တရုတ်နိုင်ငံသို့ ခြေစမ်းခရီး လာရောက်မည်ဟု မန်ချက်စတာယူနိုက်တက်အသင်းက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    အဆိုပါ ခရီးမှာ ၈ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ခြေစမ်းပွဲ ၂ ပွဲ ကစားမည်ဖြစ်သည်။ ကစားမည့်အသင်း၊ နေ့ရက်နှင့် လက်မှတ်တန်ဖိုး စသည့် အသေးစိတ်အချက်အလက်များကို လာမည့်ရက်များအတွင်း ထပ်မံ ထုတ်ပြန်သွားမည်ဟု ဆိုသည်။

    တရုတ်နိုင်ငံတွင် မန်ယူပရိသတ်မှာ ၁၀၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းရပြီး မန်ယူ၏ ယခုခရီးစဉ်မှာ တရုတ်နိုင်ငံသို့ ၁၁ ကြိမ်မြောက် ခရီးလည်း ဖြစ်မည်ဖြစ်သည်။ မန်ယူအသင်း၏ အမှုဆောင်ဒုဥက္ကဌ အက် ၀ုဒ်ဝါ့ဒ်ကမူ ယခင် လာရောက်ခဲ့သည့် ပွဲစဉ်များတွင် ပရိတ်သတ်ပေါင်း ၅ သိန်းနီးပါး လာရောက်ကြည့်ရှုခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    “မန်ချက်စတာယူနိုက်တက်ဟာ တရုတ်နိုင်ငံနဲ့ သမိုင်းဝင် ဆက်ဆံမှုတွေ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဒီ ဆက်ဆံရေးနဲ့ နိုင်ငံတစ်ဝှမ်းက သောင်းသောင်းဖျဖျ အားပေးကြတဲ့အတွက် အရမ်းပဲ ဂုဏ်ယူမိပါတယ်”

    Ref: Channelnewsasia

  • တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ ၀မ်းနည်းစရာနိဂုံးနှင့် ကြုံရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    တောင်ကိုရီးယားနှင့် အမေရိကန်တို့မှာ ၀မ်းနည်းစရာနိဂုံးနှင့် ကြုံရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    မတ် ၂၃၊ ၂၀၁၆
    M-Media

    north

    – တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ၎င်း၏ မဟာမိတ်များမှာ ၀မ်နည်းစရာကောင်းသည့် နိဂုံးနှင့် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ပြောဆိုလိုက်သည်။

    ယနေ့မနက်ပိုင်းတွင် ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်ပြီး မိမိတို့မှာ ပက်ဂျုံဟေးအပေါ် “တရားသော လက်တုံ့ပြန်စစ်ပွဲ” ဆင်နွှဲသွားမည်ဖြစ်ကာ မိမိတို့၏ အမြောက်တပ်မှာ ပက်၏ ရုံးအား မီးပင်လယ်ဖြစ်အောင် ပြုလုပ်ရန် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။

    “မြောက်ကိုရီးယားရဲ့ ဒီသတိပေးချက်က ရန်လိုတာတော့မဟုတ်ပါဘူး။ အမေရိကန်နဲ့ ပက်ဂျုံဟေးတို့က မဆင်မခြင်လုပ်မယ်ဆိုရင် ၀မ်းနည်းဖို့ကောင်းတဲ့ အဆုံးသတ်နဲ့ ကြုံရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်တာပါ” ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ပြောကြားခဲ့သည်။

    တောင်ကိုရီးယားနှင့် အမေရိကန်တို့က Foal Eagle ဟု အမည်ရသည့် စစ်ရေးလေ့ကျင့်မှုကို စတင်ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုရီးယားမှာ နျူဖြင့်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ၊ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ပြုလုပ်ခဲ့သည်။

    ထို့ပြင် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြောက်ကိုရီးယားရှိ အဓိကအဆောက်အဦးများကို ပစ်မှတ်ထားဖျက်ဆီးသည့် လေ့ကျင့်ခန်းများ ပါဝင်ခြင်းမှာ မိမိတို့အား ရန်စခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ထည့်သွင်းပြောကြားခဲ့သည်။

    Rfe: Channelnewsasia

  • စီဗွီတွင် ဘွဲ့အတုနှစ်ခု ဖော်ပြထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဦးကျော်ဝင်းမှ ၀န်ခံ

    စီဗွီတွင် ဘွဲ့အတုနှစ်ခု ဖော်ပြထားကြောင်း ဘဏ္ဍာရေး ၀န်ကြီးဖြစ်လာမည်ဟု ရေပန်းစားနေသည့် ဦးကျော်ဝင်းမှ ၀န်ခံ

    မတ် ၂၃, ၂၀၁၆
    M-Media
    U Kyaw Win
    ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်လာမည်ဟု ခန့်မှန်းနေကြသည့် ဦးကျော်ဝင်း၏စီဗွီတွင် အမေရိကန်အခြေဆိုက် တက္ကသိုလ်အတုတစ်ခုမှ ဘွဲ့နှစ်ခုကို ဖော်ပြထားခဲ့ကြောင်း ဦးကျော်ဝင်းက ၀န်ခံခဲ့သည်။ ယင်းသတင်းကို မြန်မာတိုင်းမ်စ်က ဖော်ပြထားခြင်းဖြစ်သည်။

    အသက် ၆၈ နှစ်ရှိ ဦးကျော်ဝင်းမှာ သမ္မတဦးထင်ကျော်၏ ၀န်ကြီး ၁၈ ဦးစာရင်းတွင် ပါဝင်လာခဲ့ပြီး သူကိုယ်တိုင် ပါကစ္စတန်အခြေဆိုက် ဆော့ဖ်ဝဲကုမ္ပဏီတစ်ခု၏ အဆက်အသွယ်ဖြင့် ၄င်းတက္ကသိုလ်အတုမှ ဘွဲ့ရရှိရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် သူ့အနေဖြင့် ယင်းကုမ္ပဏီက တက္ကသိုလ်အတုပေါင်း ၃၇၀ ခန့်ကို ဖန်တီးပြီး လိမ်လည်နေသည့် ကုမ္ပဏီဖြစ်သည်ကိုမူ မသိရှိခဲ့ကြောင်း မြန်မာတိုင်းမ်စ် က ဖော်ပြထားသည်။

    သို့သော် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် သူ၏စီဗွီတွင်မူ တက္ကသိုလ်အတုဖြစ်သည့် Brooklyn Park University မှ ရရှိထားသော ပီအိပ်ခ်ျဒီနှင့် မာစတာဘွဲ့များကို ဖော်ပြထားခဲ့သည်။ ဦးကျော်ဝင်းကမူ “ကျနော့်ကိုယ် ကျနော် ဒေါက်တာလို့ မခေါ်တော့ဘူး၊ အဲဒီဘွဲ့တွေက အတုတွေဆိုတာ ကျနော်အခု သိပြီးပါပြီ” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြထားသည်။

     

    About U Kyaw Win
    Photo: ပါကစ္စတန် နိုင်ငံ၊ ကရာချီမြို့တွင် အခြေဆိုက်သည့် ဦးကျော်ဝင်းအား လိမ်လည်ခဲ့သော Axact ကုမ္ပဏီကို ၂၀၁၅ မေလက ရဲများက ဝင်ရောက်စစ်ဆေးပြီး စီအီးအိုကို ဖမ်းဆီးခဲ့သည်။

    ၂၀၁၄ တွင် ထုတ်ပြန်ခဲ့သော နယူးယောက်တိုင်းမ် သတင်းအရ ပါကစ္စတန်အခြေဆိုက် ယင်းဆော့ဖ်ဝဲကုမ္ပဏီမှာ ကမ္ဘာအနှံ့မှ လူပေါင်းများစွာကို လိမ်လည်လှည့်ဖျားပြီး ဒေါ်လာသန်းနှင့်ချီ ရရှိခဲ့ကြောင်း သိရသည်။ ဦးကျော်ဝင်းက “ကျနော် ကာလီဖိုးနီးယားက အဲဒီတက္ကသိုလ်ကို ဆက်သွယ်ခဲ့တယ်။ ၂၀၀၅ တုန်းကပါ။ ကျနော်ဆက်သွယ်လို့ မရခဲ့ဘူး။ ၂၀၀၈ ကျတော့ Brooklyn Park University ရဲ့ အွန်လိုင်း သင်တန်းတစ်ခုကို တက်ပြီးတော့ စာတမ်းတစ်ခုပြုစုခဲ့တယ်။ ပြီးတော့ မပြီးပြတ်ခဲ့ဘူး။ ဒါကြောင့် ကျနော့်စီဗွီထဲက ပီအိပ်ခ်ျဒီဘွဲ့က ဘွဲ့အစစ်အမှန်မဟုတ်ပါဘူး” ဟု ပြောကြားသည်။

    (Ref: mmtimes)

  • ဘရပ်ဆဲလ်ဗုံးကွဲမှု မိမိတို့လက်ချက်ဟု IS ကြေငြာ

    ဘရပ်ဆဲလ်ဗုံးကွဲမှု မိမိတို့လက်ချက်ဟု IS ကြေငြာ

    မတ် ၂၃၊ ၂၀၁၆
    M-Media

    brus

    – ယမန်နေ့က ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုများကို မိမိတို့က ပြုလုပ်ခြင်းဖြစ်သည်ဟု ဆီးရီးယားနှင့် အီရတ်တို့တွင် နယ်မြေတစ်ချို့ကိုသိပ်းပိုက်ကာ ဒေသခံများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများ ကျူးလွန်နေသည့် IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်သည်။

    Zaventem လေဆိပ်နှင့် Maalbeek ဘူတာရုံတို့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ပြီး ၂၀၀ ခန့် ဒဏ်ရရှိခဲ့ကာ အများစုမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်။

    လေဆိပ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတွင် အသေခံ ဗုံးခွဲသမား အနည်းဆုံး ၂ ဦး ပါဝင်သည်ဟု ဘယ်လ်ဂျီယံ ဖက်ဒရယ်တရားသူကြီးက ပြောကြားခဲ့ပြီး လုံခြုံရေး ကင်မရာတွင် တွေ့ရှိရသည့် တတိယတစ်ဦးကိုမူ ပိုက်စိတ်တိုက် ရှာဖွေနေသည်ဟု ဆိုသည်။

    IS နှင့် ဆက်နွယ်နေသည့် Amaq ၀ဘ်ဆိုက်ကမူ ၎င်းတို့၏ တိုက်ခိုက်ရေးသမားများမှာ ဗုံးခွဲမှုမလုပ်ခင် လေဆိပ်တွင် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။ ဗုံးကွဲမှုဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများမှာ နိုင်ငံတစ်ဝှမ်း လုံခြုံရေးကို တိုးမြှင်၍ ချထားလိုက်သည်။

    Ref: Aljazeera