News @ M-Media

Blog

  • သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သမ္မတ ကျူးဘားသို့ ရောက်ရှိ

    သမိုင်းဝင်ခရီးစဉ်အဖြစ် အမေရိကန်သမ္မတ ကျူးဘားသို့ ရောက်ရှိ

    မတ် ၂၁၊ ၂၀၁၆
    M-Media

    cuba

    – ကျူးဘားနိုင်ငံနှင့် အမေရိကန်၏ သံတမန်ဆက်ဆံမှု တစ်နှစ်ကျော် ကြာခဲ့ပြီးနောက် အမေရိကန်သမ္မတ ဘာရက် အိုဘားမားမှာ ကျူးဘားနိုင်ငံသို့ ယမန်နေ့က သွားရောက်ခဲ့ပြီး နှစ်ပေါင်း ၈၈ နှစ်အတွင်း အမေရိကန်သမ္မတတစ်ဦး၏ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ခဲ့သည်။

    အဆိုပါ ခရီစဉ်မှာ ၃ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ယမန်နေ့က ဟာဗားနားမြို့သို့ ရောက်ရှိလာသည့် အိုဘားမားကို ကျူးဘား နိုင်ငံခြားရေးဝန်ကြီး ဘရူနို ရော်ဒရီဂက်ဇ်က သွားရောက်ကြိုဆိုခဲ့သည်။ ကျူးဘားပြည်သူများကလည်း သမ္မတအိုဘားမားကို ဆိုင်းဘုတ်များကိုင်ဆောင်ကာ ကြိုဆိုခဲ့ကြသည်။

    ကျူးဘားခေါင်းဆောင် ကက်စထရိုနှင့်မူ ယနေ့တွင် တွေ့ဆုံမည်ဖြစ်ပြီး အဓိကပြဿနာများ၌ တိုးတက်မှု အနည်းငယ်သာ ရရှိမည်ဟု မျှော်လင့်ထားကြသည်။ မနက်ဖြန်တွင် အိုဘားမားမှာ အတိုက်အခံများနှင့် တွေ့ဆုံမည်ဖြစ်သည်။

    အမေရိကန်နှင့် ကျူးဘားတို့မှာ စစ်အေးခေတ်အတွင်း နျူကလီးယားစစ်ပွဲ ဖြစ်လုနီးပါးအထိ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် သံအဆက်အသွယ်ပြတ်တောက်ကာ ရန်သူသဖွယ် ဖြစ်သွားခဲ့သည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် အဆက်အသွယ်ပြန်လုပ်ရန်အတွက် အိုဘားမားနှင့် ကက်စထရိုတို့က သဘောတူညီခဲ့ကြသည်။

    Ref: Aljazeera

  • ကျူးကျော်ခံ ပါလက်စတိုင်းဒေသမှ ကြယ်တစ်ပွင့် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုရှင် ဟာနန် အလ်-ဟာရွဘ်

    ကျူးကျော်ခံ ပါလက်စတိုင်းဒေသမှ ကြယ်တစ်ပွင့် (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုရှင် ဟာနန် အလ်-ဟာရွဘ်

    မတ် ၂၀၊ ၂၀၁၆
    M-Media

    hanan

    – ဗာကီဖောင်းဒေးရှင်းမှ ပေးအပ်သည့် ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ရရှိခဲ့သော ပါလက်စတိုင်းဆရာမ ဟာနန် အလ်-ဟာရွဘ် (Hana Al-Hroub) က သူမအနေဖြင့် ပါလက်စတိုင်းကလေးများအား ကမ္ဘာတစ်ဝှမ်းရှိ အခြားသော ကလေးများနည်းတူ ချစ်ခြင်းမေတ္တာ၊ ငြိမ်းချမ်းမှုတို့ဖြင့်သာ အသက်ရှင်နေထိုင်စေချင်သည်ဟု ပြောကြားခဲ့သည်။

    ပါလက်စတိုင်းမှ အလ်-ဘီရာဟ် (Al-Biereh) မြို့ရှိ ဆာမီဟာ ခါလီလ် (Samiha Khalil) အထက်တန်းကျောင်းတွင် ပညာသင်ကြားပေးနေသူ သူမက ကျောင်းဆရာများမှာ ပညာရေးဆိုင်ရာ ကဏ္ဍကိုသာမက ကမ္ဘာကြီးကိုပါ ပြောင်းလဲနိုင်သည်ဟု ဆိုသည်။ အာစရိယဟူသည့် ဆရာမရှိပါက သင်ရိုးညွှန်းတမ်းများ၊ နည်းပညာများမှာ ဘာမှ အရာရောက်မည်မဟုတ်။

    သူမရရှိခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကြေငြာပေးခဲ့ခြင်းဖြစ်ပြီး အလ်-ဟာရွဘ်ကမူ ဆုကြေးငွေ ကန်ဒေါ်လာ ၁ သန်းကို ကျောင်းဆရာဖြစ်ချင်သူများ၏ တက္ကသိုလ် ကျူရှင်ကြေးအတွက် အသုံးပြုသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။

    သူမနေထိုင်ရသည့် ပါလက်စတိုင်းဒေသက ငြိမ်းချမ်းသော ဒေသမဟုတ်။ အစ္စရေး၏ ကျူးကျော်သိမ်းပိုက် ပိတ်ဆို့မှုကို ခံထားရကာ စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီဝတ်ကျောင်းများ လုံလုံလောက်လောက်မရှိသည့် သောကပင်လယ်ဝေရာ ဒေသဖြစ်သည်။ ထိုမျှမက တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သည့် ဂျူးများ၏ တိုက်ခိုက်မှု၊ အစ္စရေးစစ်သားများ၏ မျက်ရည်ယိုဗုံးများ၊ ကျည်ဆံများ၏ အန္တရာယ်လည်း ရှိနေသးသည်။ အလ်-ဟာရွဘ်ကတော့ ထိုအခြေအနေမျိုးတွင် အသက်ဆက်ရန် စိတ်ပိုင်းဖြတ်ထားလေသည်။

    “ကျောင်းအပြင်ဘက်မှာ သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်ကို မထိန်းချုပ်ပေးနိုင်သလို၊ သူတို့လေးတွေကိုလည်း မကာကွယ်ပေးနိုင်ပါဘူး။ ဒါ့ကြောင့် အနည်းဆုံးတော့ ကျွန်မက ကျောင်းအတွင်းမှာ သူတို့လေးတွေကို ပျော်ရွှင်ပြီး လုံခြုံတဲ့ ပတ်ဝန်းကျင်လေးဖြစ်အောင် ဖန်တီးဖို့ ကြိုးစားနေပါတယ်” ဟု သူမက ဖွင့်ဟခဲ့သည်။

    တရားမ၀င်အခြေချနေထိုင်သူ ဂျူးများက ပါးရိုက်ခြင်း၊ ရက်စက်မှု၌ သရဖူဆောင်းသူ အစ္စရေးစစ်သားများ၏ ထိုးကြိတ်ခြင်းတို့ကြောင့် မျက်နှာညိုပုပ်ကာ ကျောင်းသို့ရောက်လာရရှာသည့် ပါလက်စတိုင်းကလေးငယ်များကို အလ်-ဟာရွဘ်က တွေ့မြင်နေရသည်။

    သူမကတော့ စိတ်တည်ငြိမ်အောင်ထားပြီ ထိုကလေးငယ်များကို ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတရားတို့ ကိန်းအောင်လာအောင်သာ သွန်သင်ပေးနေ၏။ သူမကိုယ်တိုင် ထိုအကြမ်းဖက်မှုများ၏သားကောင် ဖြစ်ခဲ့ရသော်လည်း ကြံ့ကြံ့ခံကာ သူမ လုပ်စရာရှိသည်များကိုပင် ဆက်လက်လုပ်ဆောင်နေလေသည်။

    ဖိနှိပ်မှု၊ ရက်စက်မှုများကို ရင်ဆိုင်နေရချိန် သူမ၏ အောင်မြင်မှုက ပါလက်စတိုင်းသမိုင်းတွင် ဆိုးရွားမှောင်မိုက်သော အခြေအနေကို ကျော်ဖြန်ရန် ကြိုးစားနေသည့် ပါလက်စတိုင်းတို့၏ ပြင်းထန်သော စိတ်ဓာတ်ကြံ့ခိုင်မှုကို ရောင်ပြန်ဟပ်နေသည်။ ပါလက်စတိုင်းဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့ပြီး သူမကိုယ်တိုင် ရက်စက်ကြမ်းကြုတ်မှုကို ရင်ဆိုင်ခဲ့ရသော်လည်း အလ်-ဟာရွဘ်တစ်ယောက် ကျဆုံးခဲ့ခြင်းမရှိခဲ့ဘဲ စိန်ခေါ်မှုများကို ပြတ်ပြတ်သားသား ရင်ဆိုင်ကျော်လွှားခဲ့သည်။

    စိုးရိမ်မှု

    hanan 2

    ကမ္ဘာလုံးဆိုင် ကျောင်းဆရာဆုရှင် အလ်-ဟာရွဘ်၏ စိုးရိမ်မှုက ကျောင်းသို့လာရာလမ်းတွင် ကျောင်းသွားဖော်များ သတ်ဖြတ်ခံရမှုကြောင့် စိတ်ဒဏ်ရာရနေသော ကလေးငယ်များအတွက် ဖြစ်သည်။ ပြီးခဲ့သည့် ၃ လတာ ကာလအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များနှင့် တရားမ၀င်အခြေချနေထိုင်သော ဂျူးများ၏ လက်ချက်ကြောင့် ပါလက်စတိုင်းပြည်သူ ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။

    နေ့စဉ်လိုလိုဖြစ်နေသည့် ထိုသတ်ဖြတ်မှုများကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နေရသောကြောင့် ပါလက်စတိုင်းကလေး အများစုတွင် စိတ်ဒဏ်ရာများ၊ နာကျည်းချက်များ ရှိလာခဲ့သည်။ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ပါလက်စတိုင်းပိုင်နက်များတွင် ကျင့်သုံးသော အစ္စရေး၏ ပြင်းထန်သည် မတရားဥပဒေများကြောင့် အသက် ၈ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်များပင် ထောင်ထဲရောက်နေကြသည်။

    သို့သော်လည်း အလ်-ဟာရွဘ်ကတော့ မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိနေပြီး အကြမ်းဖက်မှုကို အန်တု၍ ကြီးပြင်းလာကြသည့် ပါလက်စတိုင်းကလေးငယ်များကို ကူညီရန်အတွက် ခရီးဆုံးအထိ သွားရောက်မည်ဟု ဆိုသည်။

    ပါလက်စတိုင်းပြည်သူများမှာ အာရပ်ကမ္ဘာ၏ အားနည်းမှု၊ လစ်လျူရှုမှု၊ အမေရိကန်ကွန်ဂရက်အား ဇီယွန်ဝါဒီများက ကြီးစိုးထားမှု၊ ဥရောပနိုင်ငံများ၏ သရဲဘောကြောင်မှုနှင့် ကုလသမဂ္ဂ၏ သမာသမတ် မကျမှုတို့ကြောင့် ထိခိုက်ခံစားနေကြရခြင်းဖြစ်သည်။

    ယခုတွင်တော့ ပါလက်စတိုင်းပြည်သူများမှာ အစ္စရေး၏ လူမဆန်မှု၊ ပါလက်စတိုင်း လူ့အဖွဲ့အစည်းအား အခြေပျက်စေရန် စနစ်တကျ ဖန်တီးထားသည့် ဖိနှိပ်ငြှင်းပမ်းသော ပေါ်လစီများအောက်တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထိုးထွက်လာကြသည်။

    ဟာနန် အလ်-ဟာရွဘ်က ထိုအထဲမှ တစ်ယောက်ဖြစ်လေသည်။ သူမအနေဖြင့် ပါလက်စတိုင်းကလေးငယ်များအား ပညာမျိုးစေ့ ဆက်လက်ချပေးကာ ပညာရေးအဆင့်အတန်းကိုလည်း မြှင့်တင်ပေးသွားမည့်သူ ဖြစ်သည်။ ထို့ပြင် ပါလက်စတိုင်းတွင်သာမက တစ်ကမ္ဘာလုံးရှိ ဆရာများအကြားအတွင်း အတုယူဆရာ ဆရာတစ်ဦးအဖြစ် ဆက်လက်ရှိနေမည့်သူလည်း ဖြစ်ပေတော့သည်။

    Ref: Alarabiya

    (Hanan Al-Hroub: Symbol of light in occupied Palestine ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသြာ
    ပန်ဆိုသည်)

  • ဘရာဇီးလ်တွင် လေယာဉ်ငယ်တစ်စီး လူနေရပ်ကွက်ထဲသို့ ပျက်ကျ

    ဘရာဇီးလ်တွင် လေယာဉ်ငယ်တစ်စီး လူနေရပ်ကွက်ထဲသို့ ပျက်ကျ

    မတ် ၂၀၊ ၂၀၁၆
    M-Media

    brazil

    – ဘရာဇီးလ်နိုင်ငံ ဆော်ပေါ်လိုမြို့ မြောက်ဘက် ဆင်ခြေဖုံးရှိ လူနေရပ်ကွက်တစ်ခုတွင် ကိုယ်ပိုင်လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့သောကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး CA-9 မော်ဒယ် အဆိုပါလေယာဉ်ငယ်မှာ အဆောက်အဦး ၂ ခုကြားသို့ ပျက်ကျခဲ့ခြင်းဖြစ်ကာ သေဆုံးသူများမှာ လေယာဉ်ပေါ် လိုက်ပါသွားခဲ့သည့် ခရီးသည် ၆ ဦးနှင့် လေယာဉ်မှူးတို့ ဖြစ်သည်။

    မြေပြင်ပေါ်ရှိ အဆောက်အဦးထဲမှ လူတစ်ဦးသာ ဒဏ်ရာရရှိခဲ့ပြီး ကျန်ရှိသူများကို ဘေးလွတ်ရာသို့ ကယ်ဆယ်နိုင်ခဲ့သည်ဟု ဒေသတွင်း မီးသတ်ဌာနက ပြောကြားခဲ့သည်။

    Ref: RT

  • ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ

    ယူကေနာမည်ကြီး ဖက်ရှင်ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံ ဖန်တီးရောင်းချ

    မတ် ၂၀၊ ၂၀၁၆
    M-Media

    fashion

    – ယူကေရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Marks & Spencer ကုမ္ပဏီက မွတ်စလင်အမျိုးသမီးများအတွက် ရေကူးဝတ်စုံကို တီထွင်ထုတ်လုပ်ကာ ရောင်းချပေးနေသည်ဟု သိရသည်။

    မွတ်စလင်အမျိုးသမီးများ၏ ကာအိနြေ္ဒကို ကာကွယ်ပေးနိုင်မည့် အဆိုပါ ရေကူးဝတ်စုံမှာ ဦးခေါင်းအား ဖုံးအုပ်သည့် ခေါင်းဆောင်ပုဝါလည်း ပါဝင်ပြီး မျက်နှာ၊ လက်ဖ၀ါးနှင့် ခြေဖ၀ါးတို့မှအပ တစ်ကိုယ်လုံးကို ဖုံးအုပ်ပေးထားမည်ဖြစ်သည်။

    ရေကူးဝတ်စံများမှာ ပေါ့ပါးပြီး၊ အသားအရေအား နေလောင်ခြင်းမှ ကာကွယ်ပေးကာ အနက်နှင့် အပြာဟူ၍ အရောင် ၂ မျိုး ဖန်တီးထားသည်။ ၀တ်စုံများကို လန်ဒန်မြို့ရှိ Marks & Spencer ပင်ရင်းနှင့် ဆိုင်ခွဲများတွင် ၀ယ်ယူနိုင်ပြီး အွန်လိုင်းမှလည်း မှာယူနိုင်သည်။

    အစ္စလာမ်ဘာသာဝင်များ မြင့်တက်လာခြင်းကြောင့် modest fashion ဟုခေါ်သည့် မွတ်စလင်အမျိုးသမီးများအတွက် သီးသန့်ဖက်ရှင်ဈေးကွက်မှာလည်း ကြီးထွားလာခဲ့သည်။ ယူကေရှိ ပထမဆုံး modest fashion စတိုးဆိုင်ကို ဘရက်ဖို့ဒ်ရှိ ရှော့ပင်းစင်တာတွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။

    ထို့အပြင်အခြားသော ဖက်ရှင်ကုမ္ပဏီများဖြစ်သည့် Mango Uniqlo နှင့် DKNY တို့ကလည်း ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လမှ စတင်ကာ ထိုဖက်ရှင်များကို မိတ်ဆက်ပေးခဲ့ကြသည်။

    Ref: Dailymail

  • မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့

    မမလ ဌာနချူပ် မှ ဦးစီးပြီး အကြိမ်(၂၀) မြောက် စုပေါင်း သွေးလှူ၊ ၊ ယခုထိ (၄၃၂၉ ) ဦး သွေးလှူဒါန်းနိုင်ခဲ့

    မတ် ၂၀၊ ၂၀၁၆
    M-Media
    သတင်း/ဓာတ်ပုံ – မိုးစက်

    18

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) အဖွဲ့မှ ဦးစီးပြီး အကြိမ် (၂၀) မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ မနက်(၈) နာရီအချိန်၌ ရန်ကုန်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    အဆိုပါ သွေးလှူဒါန်းမှုတွင် လူမျိုးစုံ၊ ဘာသာစုံမှ (၁၅၉) ဦး သွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

    မမလ ဌာနချူပ် အနေဖြင့် (၈၊၃၊၂၀၀၉) ခုနှစ်မှ စတင်ပြီး ၄ လ တကြိမ်ပုံမှန် သွေး လှူဒါန်းမှု ပြုလုပ်ခဲ့ရာ ယခု စုပေါင်းသွေး လှူဒါန်းမှုမှာ အကြိမ် (၂၀) မြောက်ဖြစ်ပြီး စုစုပေါင်း ၄၃၂၉ ဦး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။

    1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17