News @ M-Media

Blog

  • လက်စတာ၏ လက်ကျန်ပွဲများက တိုက်ပွဲဖြစ်သည်ဟု နည်းပြ ရာနီယေးရီ ပြော

    လက်စတာ၏ လက်ကျန်ပွဲများက တိုက်ပွဲဖြစ်သည်ဟု နည်းပြ ရာနီယေးရီ ပြော

    မတ် ၆၊ ၂၀၁၆
    M-Media

    leis 4

    – ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်ရန်အတွက် လက်စတာအသင်း၏ လက်ကျန် ၉ ပွဲမှာ တိုက်ပွဲတစ်ခု ဖြစ်မည်ဟု နည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    ယမန်နေ့က ၀က်ဖို့ဒ်နှင့်ကစားခဲ့သည့်ပွဲတွင် လက်စတာမှာ မဟ်ရက်ဇ်၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယနေရာမှ စပါးနှင့် တတိယနေရာမှ အာဆင်နယ်တို့၏ပွဲမှာ သရေကျသွားခဲ့သောကြောင့် ဇယားထိပ်တွင် ၅ မှတ်ဖြတ်၍ ဦးဆောင်နိုင်ခဲ့သည်။

    လက်စတာမှာ ပရီးမီးယားလိဂ်ဖလားကို တစ်ကြိမ်မှ မရရှိဘူးသေးဘဲ လက်ရှိအချိန်မှာ သမိုင်းတွင်မည့် အောင်ပွဲနှင့် လက်တစ်ကမ်းအကွာတွင် ရှိနေပြီဖြစ်သည်။ ရာနီယေးရီကမူ မည်သည်ကိုမှ ကံသေကံမ ပြော၍မရဟု ဆိုသည်။

    “ကျွန်တော်တို့အတွက် အကောင်းဆုံးအချိန်ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ၉ ပွဲကျန်နေပါသေးတယ်။ ပွဲတိုင်းဟာ ခက်ခဲမှာပါ။ အဲဒီတိုက်ပွဲဟာ ကျွန်တော်တို့အတွက်သာ မဟုတ်ဘဲ ကျန်တဲ့ ပရီးမီးယားလိဂ်အသင်း အားလုံးအတွက်ပါ။ ကျွန်တော်တို့နောက်မှာ ဘယ်သူရှိလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် မြန်မြန်ဆန်ဆန် ပြေးချင်ပါတယ်။ အမှတ် ဘယ်လောက်လိုအပ်တယ်ဆိုတာကို ကျွန်တော် မသိပါဘူး။ ရာသီအစတုန်းက ကျွန်တော်တို့ဟာ ၃၉ မှတ်ကျော် လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ တော်တော်ထူးခြားတဲ့အခြေအနေကို ကြုံတွေ့နေရတာပါ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် အနိုင်ဂိုးရှင် မဟ်ရက်ဇ်ကိုလည်း ၎င်းက ထည့်သွင်းချီးကျူးခဲ့ပြီး တောင်ပံတွင်ကစားသည့် မဟ်ရက်ဇ်မှာ ပြိုင်ဘက်အသင်းအတွက် အလွန်အန္တရာယ်ရှိကာ အသင်းဖော်များအတွက် အကူအညီဖြစ်စေသည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • “သူရ”ဘွဲ့ရ မြန်မာ မွတ်စလင် တစ်ဦး (သို့) ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်

    “သူရ”ဘွဲ့ရ မြန်မာ မွတ်စလင် တစ်ဦး (သို့) ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်

    Thura_U_Hla_Din2

    ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင် (ကြည်း – ၅၉၁၈)

    (၁၉၂၀-၁၉၈၈) ဒုတိယဗိုလ်မှူးကြီး သူရလှဒင်ကို ၁၉၂၀ခုနှစ်တွင် အဘဦးဘထွန်း၊ အမိ ဒေါ်မုန်းတို့မှ ပျဉ်းမနားမြို့တွင်ဖွားမြင်ခဲ့သည်။ ပျဉ်းမနားမြို့ ဘက်ပတစ်အထက်တန်း ကျောင်း တွင် တက္ကသိုလ်ဝင်တန်းအထိတက်ရောက်ပညာသင်ကြားခဲ့သည်။

    ၁၉၄၂ ခုနှစ်တွင် ရန်ကုန် ယုဒသန်ကောလိပ်မှ ဥပစာဝိဇ္ဇာတန်းကို အောင်မြင်ခဲ့သည်။

    ၁၉၄၅ ခုနှစ်တွင် ဒေါ်ခင်ရွှေနှင့်ထိမ်းမြားလက်ထပ်ခဲ့ပြီး သားသမီး(၅)ဦး ထွန်းကားခဲ့သည်။

    ၁၉၄၆ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ပျဉ်းမနားမြို့အမှတ်(၅) ဗမာ့ သေနတ်ကိုင် တပ်ရင်းသို့ ဝင် ရောက်ခဲ့ပြီး တပ်သားအဆင့်ဖြင့် စတင်အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဒုအရာခံဗိုလ်အဆင့်ဖြင့် မေမြို့တပ်မတော်ပညာရေးကျောင်း၌ တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၄၈ ခုနှစ်တွင် အရာခံဗိုလ်အဆင့်ဖြင့် တပ်မတော် ဗိုလ်သင်တန်းကျောင်း၌ ပညာရေးနည်းပြအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးနည်းပြ သင်တန်းတက်ရောက်ရန် စင်္ကာပူနိုင်ငံသို့ စေလွှတ်ခြင်းခံခဲ့ရသည်။

    ၁၉၅၀ ခုနှစ်တွင် ဗိုလ်သင်တန်းကျောင်းအပတ်စဉ် (၄) ဗိုလ်လောင်း သင်တန်းသို့တက်ရောက်ခဲ့ပြီး ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အဆင့်ဖြင့် ကယားတပ်ရင်း (၁)တွင် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

    တပ်မတော်တွင် တာဝန် ထမ်းဆောင်နေစဉ် အတွင်း ၁၉၅၂ ခုနှစ်တွင် ရှမ်းပြည်နယ် မူဆယ်၊ မုန်းယု၊ ကြူကုတ် နယ်မြေများတွင် ကျူးကျော်သူ တရုတ်ဖြူများကို သတ္တိပြောင်မြောက်စွာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် “သူရ” သတ္တိရွှေတံဆိပ်ကို နိုင်ငံတော်မှ ချီးမြှင့်ခြင်းခံခဲ့ရသည်။

    ၁၉၅၂ခုနှစ်မှ ၁၉၆၂ခုနှစ်အတွင်း လေ့ကျင့်ရေး(၁)၊ စစ်ထောက်ချုပ်ရုံး၊ သေနတ်ကိုင်တပ်ရင်း(၃)နှင့် ခြေလျင်တပ်ရင်း(၂၁) တို့တွင် အဆင့်ဆင့်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အမှတ် (၁၀၇) ခြေမြန်တပ်ရင်း၌ ဒုတပ်ရင်းမှူး ရာထူးဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေစဉ်အတွင်း ယာဘက်လက် အရိုးကျိုး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    တပ်မတော်မှ နိုင်ငံရေးတာဝန်ပြောင်းရွှေ့ပေးအပ် ခဲ့သဖြင့် ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ၌ တိုင်းကြီးကြပ်ရေးကော်မတီ တိုင်းခွဲအမှတ် (၅) ဖွင့်လှစ်နိုင်ရန်အတွက် အတွင်းရေးမှူးတာဝန်ဖြင့် ၁၉၆၃ ခုနှစ်မှ ၁၉၆၅ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။၁၉၆၅ ခုနှစ်တွင် တပ်မတော်မှပြန်လည်ခေါ်ယူချက်အရ တပ်ရင်းမှူး တာဝန်ဖြင့် ခြေလျင်တပ်ရင်း(၅၈)တွင် ၁၉၆၈ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

    ၁၉၆၈ခုနှစ်တွင် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး (စစ်ရုံးချုပ်)သို့ ဒု-ညွှန်ကြား ရေးမှူး အဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင် ခဲ့သည်။၁၉၇၀ခုနှစ်တွင် ပင်မစစ်လက်နက်ပစ္စည်းတပ်(အင်းတိုင်) သို့ တပ်မှူးကြီး အဖြစ် ပြောင်းရွှေ့တာဝန်ယူခဲ့ရပြီး ၁၉၇၉ခုနှစ်တွင် ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံတော်သို့ တပ်မတော်မှအငြိမ်းစားယူခွင့်ပြုပါရန် လျှောက်ထားချက်အရ အငြိမ်းစားယူခွင့် ရရှိခဲ့ပါသည်။

    နိုင်ငံတော်မှ ဒုတိယဗိုလ်မှူးကြီး သူရလှဒင်အား လွတ်လပ်ရေးတံဆိပ်၊ နိုင်ငံတော် စစ်မှုထမ်းကောင်းတံဆိပ်၊ “သူရ” သတ္တိရွှေတံဆိပ် တို့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက်တွင် ဘာသာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များကို တတ်အား သရွေ့ဆောင်ရွက်ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီး သူရလှဒင် သည် ၁၉၈၈ ခုနှစ် ဇူလိုင်လ(၅)ရက်နေ့တွင် ရန်ကုန်မြို့နေအိမ်၌ ဆီးချိုရောဂါဖြင့် အလ္လာဟ် အရှင်မြတ် အမိန့်တော်ခံယူခဲ့သည်။

    ဒုတိယဗိုလ်မှူးကြီး သူရလှဒင်သည် လေသံအေးအေးနှင့် မာန်မာနမရှိဘဲ စိတ် သဘောထားပြည့်ဝသူဟု သူ၏ မိတ်ဆွေများက ပြောစမှတ်ပြုကြသည်။ သမိုင်း ပညာရှင်ကြီး ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်နှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ ဘာသာတရား ကိုင်းရှိုင်းသူလည်းဖြစ်သည်။

    နိုင်ငံတော်နှင့်ပြည်သူလူထု အကျိုးကို စွမ်းစွမ်းတမံ သတ္တိပြောင်မြောက်စွာ ထမ်းဆောင်ခဲ့သော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး သူရလှဒင်၏ အတ္ထုပ္ပတ္တိကို ခေတ်ကြေးမြင်မဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြ အပ်ပါသည်။

    ” ခေတ်ကြေးမြင်မဂ္ဂဇင်း စာတည်းအဖွဲ့က ဒုတိယဗိုလ်မှူးကြီး သူရလှဒင်၏ အတ္ထုပ္ပတ္တိကို ၄င်း၏ သားဖြစ်သူနှင့် တွေ့ဆုံမေးမြန်း၍ ပြုစုထားခြင်းဖြစ်ပါသည်။ “

    “ခေတ်ကြေးမြင် မဂ္ဂဇင်း(၂၀၁၄-၁၅)  မှကူးယူဖော်ပြပါသည်။ “

  • ထောင်ဖောက်ပြေးခဲ့သည့် မက္ကဆီကိုမူးယစ်ရာဇာ အမေရိကန်သို့ နှစ်ကြိမ်သွားရောက်ခဲ့

    ထောင်ဖောက်ပြေးခဲ့သည့် မက္ကဆီကိုမူးယစ်ရာဇာ အမေရိကန်သို့ နှစ်ကြိမ်သွားရောက်ခဲ့

    မတ် ၅၊ ၂၀၁၆
    M-Media

    mexico 1

    – မက္ကဆီကိုရှိ လုံခြုံရေးမြင့်မားသည့် အကျဉ်းထောင်မှ လွတ်မြောက်သွားခဲ့သော မက္ကဆီကို မူးယစ်ရာဇာ အလ် ချာပို ဂူဇ်မန်မှာ ၀ရမ်းပြေးဘ၀တွင် အမေရိကန်သို့ ၂ ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့သည်ဟု ၎င်း၏ သမီးတစ်ဦးဖြစ်သူ ရိုဇာ အီစီလာ ဂူဇ်မန် အော်ရ်တစ်ဇ်က ပြောကြားလိုက်သည်။

    သူမမှာ ကယ်လီဖိုးနီးယားတွင် နေထိုင်သူဖြစ်ပြီး အသက် ၅၈ နှစ်အရွယ် ၎င်း၏ဖခင်မှာ ထောင်ဖောက်ထွက်ပြေးပြီးနောက် အောက်တိုဘာလက အမေရိကန်မင်းသား ရှန်ပင်းနှင့် တွေ့ဆုံပြီး သိပ်မကြာခင် အမေရိကန်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ရက်အတိအကျကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း အမေရိကန်သို့ ဂူဇ်မန် ၀င်ရောက်ခဲ့ခြင်းမှာ ဆွေမျိုးများကို တွေ့ဆုံရန်၊ သူမနှင့် သူမ၏ ကလေးငယ်လေးဦးအတွက် ၎င်းကိုယ်တိုင် ၀ယ်ပေးထားသည့် အိပ်ခန်း ၅ ခန်းပါ အိမ်ကြီးကို ကြည့်ရှုရန်ဖြစ်သည်ဟု British Daily သို့ ပြောကြားခဲ့သည်။

    သို့သော်လည်း ကမ္ဘာ့အလိုအရှိဆုံး မူးယစ်ဘုရင် အမေရိကန်သို့ မည်ကဲ့သို့ ၀င်ရောက်လာသည်ကို ပြောကြားရန် ငြင်းဆိုခဲ့သည်။

    “ကျွန်မလည်း အဖေ့ကို အဲဒါ မေးခဲ့ပါတယ်။ (မပြောပါဘူး) ယုံပါ” ဟု အော်ရ်တစ်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏အဖေမှာ အကြီးတန်းနိုင်ငံရေးသမားများထံသို့ ကိုယ်စားလှယ်များစေလွှတ်ကာ အမြင့်ဆုံး ကာကွယ်မှုကို ငွေဖြင့် ရယူခဲ့သည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ဂူဇ်မန်မှာ မြေအောက်လှိုင်းခေါင်းဖောက်ကာ ပြီးခဲ့သည့် ဇူလိုင်လက အလ်တစ်ပလာနို အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်ကလည်း တစ်ကြိမ်လွတ်မြောက်ခဲ့ကာ ၂၀၁၁ ခုနှစ်တွင် ပြန်လည်ဖမ်းမိခဲ့သည်။

    ဖခင်ဖြစ်သူ၏ ဒုတိယအကြိမ်လွတ်မြောက်မှုမှာ အကျဉ်းထောင် အကြီးတန်းတာဝန်ရှိသူများ၏ ကူညီမှုကြောင့် ဖြစ်သည်ဟု အော်ရ်တစ်ဇ်က ပြောကြားခဲ့ပြီး အမည်ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။

    “ကျွန်မအဖေ လွတ်မြောက်မှုမှာ သဘောတူညီချက်ရှိပါတယ်”

    ဂူဇ်မန်လွတ်မြောက်သွားမှုကြောင့် အလ်တစ်ပလာနို ထောင်မှူးနှင့် မက္ကဆီကို အကျဉ်းထောင်ရေးရာ အကြီးအကဲတို့ အပါအ၀င် ၀န်ထမ်း ၃၀ ကျော် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ ဂူဇ်မန်ကို ဇန်န၀ါရီ ၈ ရက်နေ့တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

    Ref: Channelnewsasia

  • ရန်ကုန်လေဆိပ်တွင် ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်၌ ဖွင့်လှစ်မည်

    ရန်ကုန်လေဆိပ်တွင် ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်၌ ဖွင့်လှစ်မည်

    မတ် ၅၊ ၂၀၁၆
    M-Media

    myanmar air

    – ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ဂိတ်ပေါက်သစ်တစ်ခုကို လာမည့်သီတင်းပတ်အတွင်း ဖွင့်လှစ်ရန်ရှိနေပြီး တစ်နှစ်လျှင် ခရီးသည် ပမာဏမှာ ၆ သန်းအထိ ၀န်ဆောင်မှုပေးနိုင်မည်ဖြစ်သည်။

    မတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဟု အေးရှားဝေါလ်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားမှုကို မြန်မာ့တိုင်းမ်စ်သတင်းစာ ဖော်ပြခဲ့သည်။ အေးရှားဝေါလ်မှာ အဆိုပါ ဂိတ်ပေါက်သစ် ဆောက်လုပ်ရေးကို ၂၀၁၃ ခုနှစ်တွင် တင်ဒါ ရရှိခဲ့ခြင်းဖြစ်သည်။

    မြန်မာအစိုးရမှာ ၂၀၂၀ ခုနှစ်အရောက်တွင် တစ်နှစ်လျှင် ခရီးသည် ၇.၅ သန်း လာရောက်လည်ပတ်ရန် ပစ်မှတ်ထားနေပြီး ၂၀၂၂ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီးတွင် လေဆိပ်သစ်ကြီးတစ်ခု ဖွင့်လှစ်ရန်လည်း ရှိနေသည်။ တစ်နှစ်လည် ခရီးသည် ၁၂ သန်းကို ၀န်ဆောင်ပေးနိုင်မည့် အဆိုပါ လေဆိပ်သစ် ဆောက်လုပ်မှုကို မကြာခင် စတင်မည်ဖြစ်သည်။

    Ref: yangoon.coconuts

  • မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မြောက်ကိုရီးယားကုန်တင်သင်္ဘောကို ဖိလစ်ပိုင် ဖမ်းဆီးထိန်းသိမ်း

    မတ် ၅၊ ၂၀၁၆
    M-Media

    philipine

    – ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် အသစ်ချမှတ်လိုက်သည့် ပိတ်ဆို့မှုအရ မိမိတို့အနေဖြင့် မြောက်ကိုရီးယား သင်္ဘောတစ်စီးကို ထိန်းသိမ်းလိုက်သည်ဟု ဖိလစ်ပိုင်နိုင်ငံက ယနေ့တွင် ကြေငြာလိုက်သည်။

    ကုန်တန်ချိန်ပေါင်း ၆၈၃၀ တင်ဆောင်နိုင်သည့် ကုန်တင်သင်္ဘော Jin Teng ဖြစ်ပြီး မြို့တော်မနီလာ အရှေ့မြောက်ပိုင်းရှိ Subic ဆိပ်ကမ်းမှ ထွက်ခွာခွင့် မပြုတော့ခြင်းဖြစ်သည်။ အဆိုပါသင်္ဘော ထိုဆိပ်ကမ်းတွင် ဒေါက်တင်ထားသည်မှာ ၃ ရက်တာ ကြာမြင့်နေပြီဖြစ်ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသားများကိုမူ နယ်နှင်ဒဏ်ပေးမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ မာနိုလို ကွီဇန်က နိုင်ငံပိုင်ရေဒီယို Radyo ng Bayan သို့ ပြောကြားခဲ့သည်။

    ယခင်ပြုလုပ်ထားသည့် ပိတ်ဆို့မှုတွင် ပါဝင်သော တာဝေးပစ်ဒုံးကျည်ကို အသုံးပြု၍ မြောက်ကိုရီးယားက ပြီးခဲ့သည့် လအတွင်း ဂြိုဟ်တုလွှတ်ခဲ့သောကြောင့် ကုလသမဂ္ဂမှာ ကြာသာပတေးနေ့တွင် ပိတ်ဆို့မှုအသစ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။

    မြောက်ကိုရီးယားကလည်း ထိုပိတ်ဆို့မှုချမှတ်ပြီး ၁ ရက်အကြာ ယမန်နေ့တွင် စစ်တပ်နှင့် နျူလက်နက်များကို အဆင်သင့်ဖြစ်နေစေရန် အမိန့်ပေးခဲ့သည်။

    Ref: Channelnewsasia