မတ် ၁၀၊ ၂၀၁၆
M-Media
– ချယ်ဆီးအနေဖြင့် အနာဂတ်အတွက် စီမံကိန်းကို အသေအချာ ရေးဆွဲရမည်ဟု နည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။
ယနေ့မနက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိအကျော့တွင် ချယ်ဆီးမှာ ပီအက်စ်ဂျီအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ၄ ဂိုး ၂ ဂိုးဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် ချယ်ဆီးအသင်း၏ ဖလားရနိုင်ချေမှာ FA ဖလားတစ်ခုတည်းသာ ရှိတော့ပြီး၊ ပရီးမီးယားလိဂ်တွင် ရပ်တည်နေသော အဆင့်ကြောင့် လာမည့်နှစ်တွင်လည်း ဥရောပပြိုင်ပွဲဝင်ရောက်ခွင့် ရနိုင်ဖွယ်မရှိပေ။
“ချယ်ဆီးဟာ အပြောင်းအလဲကာလမှာ ရှိနေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သူတို့ ရှေ့ဆက်သွားဖို့လိုပြီး ရေတိုအနာဂတ်မှာ ဘာလုပ်ရမယ်ဆိုတာနဲ့ ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကိုလည်း စဉ်းစားရပါမယ်။ (ချန်ပီယံလိဂ်ပွဲ) ပြီးတဲ့နောက်မှာ ကျွန်တော် စိတ်ပျက်ခဲ့ပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။
ဟစ်ဒင့်မှာ ချယ်ဆီးတွင် ယခုနှစ်ရာသီကုန်အထိသာ တာဝန်ယူမည်ဖြစ်ပြီး အန်တိုနီယို ကွန်တီက နည်းပြသစ်လာရန် ရေပန်းစားနေသည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.