News @ M-Media

Blog

  • လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

    လက်ရှိ ဘာစီလိုနာတိုက်စစ်အတွဲမှာ မြင်ဖူးသမျှတွင် အကောင်းဆုံးဟု အင်နီယေစတာပြော

    မတ် ၁၊ ၂၀၁၆
    M-Media

    baca 3

    – မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့ တိုက်စစ်အတွဲမှာ မိမိမြင်ခဲ့ဖူးသမျှတွင် အကောင်းဆုံး တိုက်စစ်အတွဲဖြစ်သည်ဟု ဘာစီလိုနာကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ဘာစီလိုနာအသင်း၏ အောင်မြင်မှုသရဖူ ဆောင်းခဲ့မှုတွင် ၎င်းတို့တိုက်စစ်အတွဲမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း မက်ဆီ၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ အသင်း၏ ပြိုင်ပွဲအားလုံးတွင် ၉၄ ဂိုး သွင်းယူပေးထားနိုင်သည်။

    အင်နီယေစတာကမူ ၎င်းတို့ ၃ ဦးမှာ မက်ဆီ၊ ဟင်နရီနှင့် အီတူးတို့ ၃ ဦးထက်ပင် ကောင်းမွန်သည်ဟု ဆိုသည်။

    “ဟင်နရီနဲ့ အီတူးတို့ကို ဖယ်လိုက်ရင် မက်ဆီ၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ အကောင်းဆုံး ကစားသမားတွေပါပဲ။ လီယို (မက်ဆီ) ဟာ အငြင်းပွားစရာမလိုတဲ့ နံပါတ် ၁ ကစားသမားဖြစ်ပြီး သူ့လိုကစားသမားမျိုး ဘယ်တော့မှ ရမှာမဟုတ်တော့ပါဘူး” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ဘာစီလိုနာမှာ လာလီဂါ၌ ဒုတိယနေရာမှ အက်သလက်တီကိုအား ၈ မှတ်ဖြတ်ကာ ဦးဆောင်နေပြီး ဘုရင့်ဖလားဗိုလ်လုပွဲတွင် ဆီးဗီးလားနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်တွင်မူ ပထမအကျော့၌ အာဆင်နယ်အား ၂ ဂိုးပြတ်ဖြင့် အနိုင်ယူထားကာ နောက်တစ်ဆင့်တက်ရေး အခြေအနေကောင်းနေသည်။

    အင်နီယေစတာကမူ လက်ရှိအချိန်မှ ရာသီအဆုံးအထိ ကစားမည့်ပွဲတိုင်းမှာ မိမိတို့အတွက် အရေးပါသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal

  • ရုရှားတွင် ကလေးထိန်းက ကလေးငယ်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

    ရုရှားတွင် ကလေးထိန်းက ကလေးငယ်အား ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွား

    မတ် ၁၊ ၂၀၁၆
    M-Media

    russia

    – ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကလေးထိန်း အမျိုးသမီးတစ်ဦးမှာ ၎င်းထိန်းပေးသည့် ကလေးငယ်၏ ဦးခေါင်းကို ဖြတ်၍ ယူလာမှုတစ်ခု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ကလေးငယ်၏ ဦးခေါင်းအား ယူဆောင်လာသည့် အဆိုပါအမျိုးသမီးကို မော်စကိုရှိ ရထားဘူတာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်ရှိမည်ဟု ခန့်မှန်းရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီမှ ထုတ်ပြန်ခဲ့သည့် ကနဦးစုံစမ်းစစ်ဆေးမှုအရ အဆိုပါ ကလေးထိန်းအမျိုးသမီးမှာ မိဘများက ကလေးအကြီးတစ်ယောက်ကိုခေါ်၍ အပြင်ထွက်သွားသည့်အချိန်ကို စောင့်ခဲ့ကာ ကျန်ရှိသည့် ကလေးငယ်တစ်ဦးကို သတ်ဖြတ်၍ တိုက်ခန်းအား မီးရှို့ ထွက်လာခဲ့ခြင်းဖြစ်သည်ဟု တွေ့ရှိရကြောင်း ဖော်ပြခဲ့သည်။

    မီးငြှိမ်းသက်ပြီးနောက် ကလေးငယ်၏ ခန္ဓာကိုယ်ကို အခန်းထဲတွင် တွေ့ခဲ့ရပြီး နှိပ်စက်ထားသည့် လက္ခဏာများလည်း ရှိနေသည်ဟုဆိုသည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ သတ်ဖြတ်ရခြင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

    ကလေးထိန်း၏အမည်ကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားခြင်းမပြုခဲ့ဘဲ ၎င်းမှာ ၁၉၇၇ ခုနှစ်တွင် မွေးဖွားသူဖြစ်ကာ အလယ်အာရှမှဖြစ်သည်ဟု ဆိုသည်။ လမ်းသွားလမ်းလာတစ်ဦးက ရိုက်ကူးထားသည့်ဗီဒီယိုတွင် အဆိုပါ အမျိုးသမီးမှာ ရထားဘူတာအပြင်ဘက်၌ ဟစ်အော်ပြေးလွှားနေသည်ကို တွေ့ရှိခဲ့ရသည်။

    စုံစမ်းစစ်ဆေးသူများကမူ ထိုအမျိုးသမီး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို စစ်ဆေးရန် အမိန့်ပေးထားသည်။

    Ref: CNN

  • အမေရိကန်တွင် လူမည်းသင်းအုပ်ဆရာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    အမေရိကန်တွင် လူမည်းသင်းအုပ်ဆရာတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

    မတ် ၁၊ ၂၀၁၆
    M-Media

    black pastor

    – အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့မှာရှိတဲ့ ခရစ်ယာန်နှစ်ခြင်းအသင်းတော်က အာဖရိကနွယ်ဖွား သင်းအုပ်ဆရာတစ်ဦးဟာ ၀တ်ပြုဆုတောင်းမှု အစီအစဉ်အတွင်းမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

    အသက် ၇၀ အရွယ်ရှိတဲ့ ၀ီလီယံ ဘီ စကူလာဖြစ်ပြီး တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၁၂း၃၀ ၀န်းကျင်လောက်က စိန့်ပီတာသာသနာပြု နှစ်ခြင်းဘုရားကျောင်းမှာ သေနတ်နဲ့အပစ်ခံရတာ ဖြစ်ပါတယ်။ အဲဒီသင်းအုပ်ဆရာကို ၎င်းရဲ့ ညီအကိုဖြစ်သူက သတ်သွားတယ်လို့ ယုံကြည်ရပါတယ်။

    သေနတ်ပစ်ခတ်မှုအတွက် ဘုရားကျောင်းထဲမှာရှိတဲ့ အသက် ၆၈ နှစ်အရွယ် ဒန်နီယဲလ် ဂရီဂိုရီ စကူလာကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မောင့်ဂိုမာရီ ခရိုင်အကျဉ်းထောင်မှာ ထိန်းသိမ်းထားကာ လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။

    ဘာကြောင့်ပစ်သတ်ရလဲဆိုတာကို မသိရပေမယ့် သင်းအုပ်ဆရာကို တမင် ရည်ရွယ်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြာပါတယ်။ တူဖြစ်သူ ဂျွိုက်စ် နပီးရ်က ဒန်နီယဲလ် စကူလာဟာ စိတ်ရောဂါဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့ သင်းအုပ်ဆရာဟာ ဒေတန်ကျောင်းဘုတ်အဖွဲ့မှာ ဦးဆောင်နေသူတစ်ဦးဖြစ်တဲ့အပြင် ဒေသတွင်း နှစ်ခြင်းသင်း အုပ်ဆရာများအသင်းရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။

    Ref: Presstv

  • အသင်းဖော်များအား ဝေဖန်ခဲ့မှုအတွက် ရော်နယ်ဒို ပြန်လည်တောင်းပန်

    အသင်းဖော်များအား ဝေဖန်ခဲ့မှုအတွက် ရော်နယ်ဒို ပြန်လည်တောင်းပန်

    မတ် ၁၊ ၂၀၁၆
    M-Media

    rnd

    – အက်သလက်တီကိုမက်ဒရစ်အား ရှုံးနိမ့်ခဲ့သည့်ပွဲအပြီးတွင် အသင်းဖော်များနှင့် အသင်းတာဝန်ရှိသူများအား ဝေဖန်ခဲ့မှုအတွက် ရီးယဲလ်တိုက်စစ်မှူးရော်နယ်ဒိုက ပြန်လည်တောင်းပန်လိုက်သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း ကစားခဲ့သည့် အဆိုပါပွဲတွင် ရီးယဲလ်မှာ အက်သလက်တီကို မက်ဒရစ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒိုကမူ အသင်းသားများအနေဖြင့် မိမိကစားသကဲ့သို့ ကစားပါက အသင်းမှာ ဇယားထိပ်ဆုံးတွင် ရှိနေမည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အသင်း၏ ဆေးအဖွဲ့များ၊ ရာသီအစ ပြင်ဆင်မှုများနှင့် လက်ရှိ အသင်းခြေစွမ်းပိုင်းတို့ကိုလည်း ရော်နယ်ဒိုက ဝေဖန်ခဲ့ကာ ၎င်းကိုယ်ကို အမွှမ်းတင်ခဲ့သည်။ ထို့ကြောင့် ၎င်းမှာ ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်တွင် ရော်နယ်ဒိုက အသင်းဖော်များအား ပြန်လည်တောင်းပန်လိုက်ပြီး ၎င်းကိုယ်ကိုလည်း နှိမ့်ချပြောဆိုခဲ့ကာ အသင်းဖော်များ စိတ်ပျက်စေရန် မရည်ရွယ်ခဲ့ဟု ဆိုသည်။ အသင်းဖော်များကလည်း ရော်နယ်ဒို၏ တောင်းပန်မှုကို လက်ခံခဲ့ပြီး ၎င်းအား နှစ်သိမ့်ဖြောင်းဖျခဲ့ကြသည်။

    Ref: Goal

  • ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ၅ မျိုးကို အီရန်က ထုတ်ဖော်ပြသ

    ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ၅ မျိုးကို အီရန်က ထုတ်ဖော်ပြသ

    မတ် ၁၊ ၂၀၁၆
    M-Media

    iran 6

    – အီရန်က အသစ်တီထွင် ထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် ကာကွယ်ရေးကိရိယာငါးမျိုးကို ထိပ်တန်းစစ်အရာရှိများ တက်ရောက်ခဲ့တဲ့ ယမန်နေ့ အခမ်းအနားတစ်ခုမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

    အဲဒီ ပစ္စည်းတွေကတော့ ပုံရိပ်ဖမ်းကိရိယာတစ်ခု၊ ဖောက်ခွဲရေးပစ္စည်းနဲ့မူးယစ်ဆေးဝါးရှာဖွေရေးစက်၊ လျှပ်စစ်ဓာတ်မစီးသည့် ဗုံးဒဏ်ခံပလတ်စတစ်ကျည်ကာများ၊ (နျူးကလီးယား၊ ဇီဝပစ္စည်း၊ ဓာတုပစ္စည်း) ကာကွယ်နိုင်သည့် NBC ၀တ်စုံ၊ ဓာတုလက်နက်များကို တန်ပြန်နိုင်တဲ့ ဆေးဝါး Obidoxime Chloride ထုတ်လုပ်တဲ့ စက်တွေပဲ ဖြစ်ပါတယ်။

    အခမ်းအနားမှာ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန် ဒေဟ်ကန်က မကြာသေးမီကာလအတွင်း အီရန်ရဲ့ ကာကွယ်ရေးကဏ္ဍမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။

    “အီရန်ကာကွယ်ရေးကဏ္ဍအပေါ် အရေးယူပိတ်ဆို့ထားပေမယ့်လည်း အီရန်တပ်မတော်ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ပစ္စည်းအသစ်တွေ ထုတ်လုပ်ထားပြီး ရန်သူတွေရဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်၊ နောင်အနာဂတ်မှာလည်း ဒီလိုပဲ လုပ်နိုင်အုံးမှာပါ” လို့ ဒေဟ်ကန်က ပြောကြားခဲ့ပါတယ်။

    အီရန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ပိုမိုအစွမ်းထက်တဲ့ ကာကွယ်ရေးလက်နက်များ ထုတ်လုပ်နိုင်ဖို့ အထူးတာဝန်တစ်ရပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံဟာ မကြာခင်နှစ်အနည်းငယ်အတွင်းမှာ ကာကွယ်ရေးအခန်းကဏ္ဍကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး မရှိမဖြစ်လိုအပ်တဲ့ စစ်ရေးလက်နက်တွေကိုလည်း ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

    မိမိတို့ရဲ့ စစ်အင်အားဟာ အခြားတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ဖို့သာဖြစ်တယ်လို့ အီရန်က အကြိမ်ကြိမ်ပြောကြားထားပြီးဖြစ်ပါတယ်။

    Ref: Presstv