မတ် ၂၊ ၂၀၁၆
M-Media
– လက်ရှိ မိမိ၏ အခြေအနေမှာ နေ့စဉ် တိုးတက်မှုများ ရှိနေသော်လည်း လာမည့်နှစ်တွင် အသင်း၌ ဆက်လက် ရှိ၊ မရှိဆိုသည်မှာ မရေရာသည့်ကိစ္စဖြစ်ကြောင်း ရီးယဲလ်နည်းပြ ဇီဒိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။
ဇီဒိန်းမှာ ယခင်က ရီးယဲလ် အရန်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဇန်န၀ါရီလက ဘင်နီတက်ဇ်ကို ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ရီးယဲအသင်းကြီး၏ နည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဇီဒိန်းလက်ထက်တွင် ရီးယဲလ်မှာ ပြည်တွင်းနှင့် ပြည်ပတွင်ပါ ခြေစွမ်းကောင်းများကို ပြသနိုင်သော်လည်း ပြီးခဲ့သည့်တစ်ပတ်တွင် ဒုတိယနေရာမှ အက်သလက်တီကိုအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တတိယနေရာတွင်ရှိနေသည့် ရီးယဲလ်မှာ ထိပ်ဆုံးမှ ဘာကာနှင့် ၁၂ မှတ် ကွာဟသွားပြီဖြစ်သည်။
ဇီဒိန်းကမူ မိမိ၏ အနေအထားမှာ စောင့်ကြည့်ဆဲအခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။
“အရေးအကြီးအချက်က လက်ရှိအခြေအနေမှာ ကျွန်တော် ပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ ပြီးတော့ နေ့စဉ် လုပ်စရာရှိတာတွေလုပ်နေပြီး တိုးတက်မှုတွေလည်း ရှိနေပါတယ်။ ကျွန်တော်စရောက်ကတည်းက သပိတ်ဝင်အိတ်ပင် ဖြစ်ခဲ့တယ်။ အခုတော့ တစ်ပွဲရှုံးခဲ့ပြီး ကောင်းခဲ့တာတွေအားလုံးက ပျောက်သွားပါတယ်။ အသင်းနဲ့ အလုပ်လုပ်ဖို့ကလွဲလို့ ကျန်တာတွေကို ကျွန်တော် စိတ်မ၀င်စားပါဘူး။ ရှေ့ဆက်သွားရမယ်။ ဘာမှ ကျွန်တော် မစိုးရိမ်ပါဘူး။ နောက်ထပ် ၃ လအတွင်းမှာ ဘာဖြစ်မလဲဆိုတာကိုလည်း ကျွန်တော်မသိပါဘူး” ဟု ဇီဒိန်းက အက်သလက်တီကိုနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Goal
Leave a Reply
You must be logged in to post a comment.