News @ M-Media

Blog

  • အသင်းလူစာရင်းနှင့်ပတ်သက်သည့် ဝေဖန်မှုကို ကလော့ပ် တုံ့ပြန်

    အသင်းလူစာရင်းနှင့်ပတ်သက်သည့် ဝေဖန်မှုကို ကလော့ပ် တုံ့ပြန်

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    klop

    – ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မိမိအနေဖြင့် ကစားသမား ခေါ်ယူမည်ဖြစ်သော်လည်း ငွေကြေး အများအပြားသုံးစွဲသွားမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    လီဗာပူးလ်မှာ ဇန်န၀ါရီအပြောင်းအရွှေ့တွင် လှုပ်ရှားမှုမရှိခဲ့ဘဲ အသက် ၁၉ နှစ်အရွယ် မာကို ဂရူဂျစ်တစ်ဦးကိုသာ ၀ယ်ယူခဲ့သည်။ ပရိတ်သတ်များနှင့် ဝေဖန်ဆန်းစစ်သူများကမူ အသင်း၏ လူစာရင်း မတောင့်တင်းမှုကြောင့် ရလဒ်များဆိုးရွားခြင်းကို ထောက်ပြခဲ့သော်လည်း ကလော့ပ်ကမူ အသင်းမှာ လုံလောက်သည့်တောင့်တင်းမှုရှိသည်ဟု ပြောကြားခဲ့သည်။

    “နွေရာသီအပြောင်းအရွှေ့ဈေးကွက်က အရေးကြီးပါတယ်။ တိုးတက်ဖို့အတွက် ကျွန်တော်တို့ အများကြီး လိုအပ်ပါတယ်။ တစ်ခုက အပြောင်းအရွှေ့ဖြစ်ပြီး အခြားတစ်ခုကတော့ အချိန်ပါပဲ။ ကျွန်တော်တို့မှာ ပိုက်ဆံရှိပေမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားတွေကို စာချုပ်ချုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ ကျွန်တော်တို့ လူစာရင်းဟာ ကောင်းမွန်ပြီးဖြစ်တာကြောင့် ဈေးပြိုင်ပေးပြီး ခေါ်ယူဖို့လည်း လုပ်မှာမဟုတ်ပါဘူး” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • စင်ကာပူမွတ်စလင်များ ဟဂ်ျဘုရားဖူးခွဲတမ်း ပိုမိုရရှိရန် ၀န်ကြီးချုပ်က ဆော်ဒီသို့ စာပို့တောင်းဆို

    စင်ကာပူမွတ်စလင်များ ဟဂ်ျဘုရားဖူးခွဲတမ်း ပိုမိုရရှိရန် ၀န်ကြီးချုပ်က ဆော်ဒီသို့ စာပို့တောင်းဆို

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    hajj

    – လာမည့်ဟဂ်ျရာသီတွင် စင်ကာပူနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဟဂ်ျခွဲတမ်း ပိုမိုရရှိရေးအတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဆော်ဒီဘုရင် ဆလ်မန် ဘင် အဘ်ဒူလ် အဇစ် အလ် ဆာအွဒ်ထံ စာရေးတောင်းဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါစာကို စင်ကာပူ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီးဖြစ်ပြီး အစ္စလာမ့်ရေးရာ ကိစ္စများကို တာဝန်ယူထားသူ ယာကွဘ်အီဘရာဟင်က ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီး ဒေါက်တာ ဘန်ဒါ မိုဟာမက် ဟဂ်ျဂျာရ်ကို ယမန်နေ့တွေ့ဆုံမှုအတွင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

    လက်ရှိအချိန်တွက် စင်ကာပူနိုင်ငံအတွက် ဟဂျက်ခွဲတမ်းမှာ ၆၈၀ ဖြစ်ပြီး ၀န်ကြီးချုပ်က ၈၀၀ အထိ တိုးမြှင့်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ဟဂ်ျခွဲတမ်းကို အိုအိုင်စီအဖွဲ့၏ ၁၉၈၇ ခုနှစ် ညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ စင်ကာပူအတွက် ပေးထားသည့် ခွဲတမ်းမှာ ထိုအချိန်က နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်ဦးရေ၏ ၀.၁ ရာခိုင်နှုန်း ပမာဏ ဖြစ်သည်ဟု ထိုစာတွင် ရေးသားထားသည်။

    လီရှန်လွန်းကမူ ထိုအချိန်မှစ၍ စင်ကာပူနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်လူဦးရေမှာ ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ယခုအချိန်တွင် နိုင်ငံလူဦးရေ ၅.၅၄ သန်းတွင် အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူ ၈ သိန်းခန့် ရှိနေပြီဟု ဆိုသည်။

    သို့သော်လည်း ဆော်ဒီ၏ ဟဂ်ျခွဲတမ်းက မပြောင်းလဲသောကြောင့် OIC ၏ ခွဲတမ်းဖော်မြူလာအတိုင်း တိုးမြှင့်ပေးရန် တောင်းဆိုခြင်းဖြစ်သည်ဟု ၀န်ကြီးချုပ်က ဖော်ပြထားသည်။ ထိုကဲ့သို့ ခွဲတမ်းတိုးမြှင့်ပေးခြင်းအပြင် ယခုနှစ် ဟဂ်ျရာသီတွင် နောက်ထပ် လူ ၂၀၀ ကို သီးသန့်ထပ်မံခွင့်ပြုရန်လည်း ဆော်ဒီဘုရင်အား လီက ပုဂ္ဂိုလ်ရေးအရ မေတ္တာရပ်ခံခဲ့သည်။

    “ဒီလို သီးသန့်ထပ်မံခွင့်ပြုတာကို စင်ကာပူမွတ်စလင်လူ့အဖွဲ့အစည်းက ကြိုဆိုကြမှာဖြစ်ပြီး တော်တော်လေးလည်း ပီတိဖြစ်ကြပါလိ့မ်မယ်” ဟု လီရှန်လွန်းက ထိုစာတွင် ရေးသားဖော်ပြခဲ့သည်။

    ယာကွဘ်မှာ ဆော်ဒီအာရေဗျတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ ပြုလုပ်သည့် နှစ်ပတ်လည် ဟဂ်ျဝန်ကြီးများအစည်းဝေး၌ စင်ကာပူကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကာ တက်ရောက်နေသည်။

    Ref: themalaysianinsider

  • ဆီးရီးယားတစ်နိုင်ငံလုံး အပစ်ရပ်ရေးဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများ သဘောတူညီ

    ဆီးရီးယားတစ်နိုင်ငံလုံး အပစ်ရပ်ရေးဆောင်ရွက်ရန် ကမ္ဘာ့နိုင်ငံများ သဘောတူညီ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    syria 3

    – ၅ နှစ်ကြာ ဆီးရီးယားစစ်ပွဲ အဆုံးသတ်ရေးအတွက် မြူးနစ်တွင် ပြလုပ်ခဲ့သည့် ဆွေးနွေးပွဲတွင် ရန်လိုမှုများကို ရပ်တန့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးအတွက် အစီအစဉ်တစ်ခုကို ကမ္ဘာ့နိုင်ငံများက ယနေ့တွင် သဘောတူညီလိုက်ပြီဟု သိရသည်။

    တစ်ပတ်တာကာလအတွင်း နိုင်ငံတစ်ဝှမ်း အပစ်ရပ်စဲရေး အကောင်အထည်ဖော်ရန် နိုင်ငံပေါင်း ၁၇ နိုင်ငံက သဘောတူညီခဲ့ခြင်းဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆွေးနွေးပွဲ ဆက်လုပ်ပြုလုပ်ရန် သဘောတူညီခဲ့ပြီးနောက် ပြောကြားခဲ့သည်။

    ဆီးရီးယားအတွက် နိုင်ငံတကာမှ ထောက်ပံ့ရေးအဖွဲ့ကမူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ချက်ချင်းလက်ငင်းပေးပို့ရေး အရှိန်မြှင့်ကာ တိုးချဲ့ဆောင်ရွက်ရန်လည်း သဘောတူညီခဲ့သည်။

    ထိုအစီအစဉ်အရ ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်နှင့် သူပုန်အဖွဲ့အကြား ဆွေးနွေးမှုကို တတ်နိုင်သမျှ အမြန်ဆုံးပြန်စမည်ဟု ဂျွန်ကယ်ရီက ပြောကြားခဲ့သသည်။ ထို့ပြင် မိမိတို့၏ လက်ရှိအစီအစဉ်မှာ စာရွက်ပေါ်တွင်သာ ဖြစ်သော်လည်း လာမည့်ရက်အနည်းငယ်အတွင်း လက်တွေ့ဆောင်ရွက်မှုကို တွေ့မြင်ရန် လိုအပ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဆော်ဒီအပါအ၀င် ပယ်လယ်ကွေ့နိုင်ငံများက ဆီးရီးယားရှိ IS တပ်ဖွဲ့များကို ချေမှုန်းရေးအတွက် မြေပြင်တပ်များ စေလွှတ်ရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့ပြီးနောက် ထိုသို့ဆောင်ရွက်ပါက တတိယကမ္ဘာစစ် ဖြစ်နိုင်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက သတိပေးခဲ့သည်။

    Ref: Channelnewsasia

  • “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    “ကျားမြီးဆွဲ ဘာနီဆန်းဒါးနဲ့ တဇောက်ကန်း ဒေါ်နယ်ထရန့်” (သို့မဟုတ်) “အမေရိကန် အနာဂတ်နေ့သစ်ဆီသို့ လမ်းသစ်ထွင်ကြမယ့် လူနှစ်ဦး”

    M-Media
    ဆောင်းပါးရှင် မောင်ရဲဝင်း (တောင်ကြီး)
    635837616810006486-576738601_kennysucks
    မနေ့က နယူးဟမ်ရှားပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီတွင်း ကိုယ်စားလှယ်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီဘက်က “ဒီမိုကရက်တစ် ဆိုရှယ်လစ်ဝါဒီ” ဘာနီဆန်းဒါး နဲ့ ရီပတ်ပလစ်ကန် ပါတီဘက်က “အရင်းရှင်ဝါဒီ” ဒေါ်နယ်ထရန့်တို့ အသီးသီး အနိုင်ရခဲ့တယ်။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာပါတီတွေကို ကိုယ်စားပြုပြီး သမ္မတလောင်းတွေအဖြစ် စင်မြင့်ပေါ် ရောက်လာနိုင်ဖွယ်ရှိသူတွေပါ။

    ထူးခြားချက်ကတော့ သူတို့နှစ်ဦးလုံးက အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်းကို ဆန့်ကျင်နေတဲ့ အယူဝါဒတွေကို ဟောပြောပြီး လူတွေရဲ့ ထောက်ခံမှုကို ရယူလာခဲ့ကြတာဖြစ်ပါတယ်။

    ဘာနီဆန်းဒါးက သူ့ရဲ့နိုင်ငံရေး အသက်မွေးဝမ်းကြောင်းတလျောက်မှာ အခြေခံလူတန်းစားဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့သူပါ။ လူချမ်းသာတွေရဲ့ ကြီးစိုးနေမှုတွေကို ရှေ့တန်းက ဝေဖန်တိုက်ခိုက်လာခဲ့သူပါ။ အရင်းရှင်ဝါဒကို အခြေခံတဲ့ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး စင်မြင့်ထက်ကို ဆိုရှယ်လစ် အရောင်သန်းသူတွေ တိုးမပေါက်နိုင်ပေမယ့် ဘာနီကတော့ ထူးထူးဆန်းဆန်း ထိပ်ဆုံးထိပ်ကို ရောက်ရှိ လာနေပြီဖြစ်ပါတယ်။

    ဘာနီဟာ နိုင်ငံရေးသမားတွေ အားကိုးနေရတဲ့ လူချမ်းသာတွေကို ကျောခိုင်းပြီး အခြေခံလူတန်းစားတွေဘက်က ဆက်လက် ရပ်တည်သွားမယ်ဆိုတဲ့ ကြွေးကြော်ချက်တွေနဲ့ ရှေ့ရောက်လာခဲ့တာပါ။ အမေရိကန်နိုင်ငံဟာ ချမ်းသာတယ်ဆိုပေမယ့် နိုင်ငံတဝှမ်းက ဓနဥစ္စာပေါင်း ၃ပုံ ၁ပုံဟာ အမေရိကန် လူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းသော လူချမ်းသာတွေရဲ့ လက်ထဲမှရှိနေတာပါ။ လူများစုဖြစ်တဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းက နိုင်ငံတဝှမ်းက ဓနဥစ္စာစုစုပေါင်းရဲ့ ၁၅% ကိုသာပိုင်ဆိုင်ကြပါတယ်။ ဓနဥစ္စာမဲ့ပြည်သူတွေ၊ ရရစားစား ဘဝနဲ့ ရုန်းကန်နေရသူတွေက ပိုများပါတယ်။ ပိုင်ဆိုင်မှုတွေက လူတစုလက်ထဲမှာသာရှိပြီး အများပြည်သူရဲ့ ရေရှည် တိုးတက်ဖို့အတွက် လုပ်ဆောင်ရာမှာ အားနည်းလာနေတဲ့ အမေရိကန်ပြည်ထောင်စုဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအကြားမှာ တဖြေးဖြေး နောက်ကျလာနေပါတယ်။ လူချမ်းသာတွေကလည်း ချမ်းသာ သထက်ချမ်းသာအောင် နိုင်ငံရေးသမားတွေရဲ့နောက်ကွယ်မှာ ကြိုးကိုင်ကြပါတယ်။ ဒီလို ထိန်းချုပ် မနိုင်ဖြစ်နေတဲ့ အရင်းရှင်ဝါဒအောက်က လူချမ်းသာတွေရဲ့ ချယ်လှယ်မှုကို စိန်ခေါ်တဲ့ ဘာနီဟာ အမေရိကန်ပြည်သူတွေအကြား သူရဲကောင်းကြီးဖြစ်လာပါတော့တယ်။

    ဘာနီနဲ့အပြိုင် ရီပတ်ပလစ်ကန်ပါတီဘက်က ပြည်သူတွေရဲ့ သူရဲကောင်းကြီးအဖြစ် တက်လာနေတာ ကတော့ မြေရှင် သူဌေးကြီး ဒေါ်နယ်ထရန့်ပါပဲ။ အမေရိကန်တွေရဲ့အခြေခံ ခံယူချက်မူဝါဒတွေဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတာတွေကို ကျောခိုင်းထားပေမယ့် “အမေရိကန်နိုင်ငံကို အောင်မြင်ကျော်ကြားအောင် ပြန်လုပ်မယ်”ဆိုတဲ့ ဒေါ်နယ် ရဲ့ ကြွေးကြော်သံဟာ အမေရိကန်တွေနားထဲ နာဝင်ချိုလှပါတယ်။ ဟောပြောရာမှာ ကျိုးကြောင်းဆီလျော်မှုမရှိ၊ ရှေ့နှောက်မညီနဲ့ ပါးစပ်ထဲတွေ့ရာ ဇွတ်ပြောတတ်တဲ့ ဒေါ်နယ်ထရန့်ရဲ့ သမ္မတဖြစ်ရေး အိမ်မက်ဟာ အချိန်တိုအတွင်း နိဂုံးချုပ်သွားမယ်လို့ ထင်ကြေးပေးသူတွေလည်း အခုအခါမှာတော့ အတော် အံအားသင့်နေရပါပြီ။ သူဟာ သမရိုးကျနိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေ၊ နည်းဗြူဟာတွေ၊ သံတမန်ရေးတွေကို အရေးမပေးဘဲ အမေရိကန်နိုင်ငံကြီး ဦးမော့ရင်ကောနိုင်ဖို့ အရေး တားသင့်တာတား၊ ပိတ်သင့်တာပိတ်၊ ခွဲခြားသင့်တာ ခွဲခြားမယ်လို့ ရဲရဲရင့်ရင့်ကြီး ဖွင့်ဟခဲ့ပါတယ်။

    နိုင်ငံရေးသမားတွေ ကိုယ့်သိက္ခာ ကိုယ်ငှဲ့လို့ပဲဖြစ်ဖြစ်၊ မပြောသင့် မပြောထိုက်လို့ပဲဖြစ်ဖြစ် ဒဲ့မပြောတဲ့ စကားတွေကိုလည်း သူက စကား အလှဆင်မနေပဲ ဒဲ့ဒိုး ပြောဆိုတက်လို့ လူအများက သဘောကျကြပါတယ်။ သူ့အနေနဲ့ လူတယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်ရင်တောင်မှ သူ့ကိုထောက်ခံသူတွေလျော့သွားမှာ မဟုတ်ဘူးလို့ ကိုယ့်ကို ကိုယ်ယုံကြည့်မှု အပြည့်နဲ့ ကြွေးကြော်ခဲ့ပါသေးတယ်။ အမေရိကန်နိုင်ငံ ဖယိုဖရဲဖြစ်လာနေလို့ လက်ညိုးထိုး အပြစ်ပုံချမယ့် သူရှာနေတဲ့ ပြည်သူတွေကို ဒေါ်နယ်ထရန့်က “အိမ်နီးချင်းနိုင်ငံက ခိုးဝင်လာတဲ့ သူခိုးဂျပိုး၊ လူဆိုးလူပေ မုဒိန်းကောင်ပေါတဲ့ မက္ကဆီကန် လူမျိုးတွေကြောင့်၊ ဘာသာရေးဘန်းပြပြီး အကြမ်းဖက်နေတဲ့ မွတ်စလင်တွေကြောင့်၊ စီးပွားရေးအရဝါးမျိုးနေတဲ့ တရုတ်တွေကြောင့်” လို့ လက်ညိုးထိုး အပြစ်တင်ဖို့ အမုန်းတရားတွေဆော်သြရင်း လူကြိုက်များလာခဲ့တာပါ။

    စီးပွားရေး၊ လူမှုရေး၊ ပညာရေးတွေ အပါအဝင် နိုင်ငံရဲ့အခန်းကဏ္ဍတိုင်းလိုလိုမှာ နောက်ကျနေတဲ့ အမေရိကန်နိုင်ငံကို ကယ်တင်ကြဖို့ ကယ်တင်ရှင် ရှာရင်း ဘာနီဆန်းဒါးနဲ့ ဒေါ်နယ်ထရန့် တို့ကို အမေရိကန်ပြည်သူတွေက မျက်စေ့ကျနေကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးထဲက တစ်ဦးဦးဟာ အမေရိကန်သမ္မတကြီးဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံကြီးဟာ တမူထူးခြားတဲ့ လမ်းခရီးသစ်ပေါ် လျောက်လှမ်းရမှာတော့ သေချာပါတယ်။ ဒါပေမယ့် သူတို့ပြိုင်ဘက်တွေဖြစ်တဲ့ ဟီလာရီ ကလင်တန်၊ တဒ်ခရူး၊ မာကိုရူဘီယို၊ ဂျောန်ကာဆလ်နဲ့ ဂျက်ဘွတ်ရှ် တို့ကလည်း သူတို့နည်းသူတို့ဟန်နဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်မယ်လို့ မဲဆွယ်စည်းရုံးရင်း အမှီလိုက်နေပါသေးတယ်။

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

  • နည်းပြသစ်အနေဖြင့် လူငယ်များကို ယုံကြည်ရမည်ဟု မန်ယူနည်းပြပြော

    နည်းပြသစ်အနေဖြင့် လူငယ်များကို ယုံကြည်ရမည်ဟု မန်ယူနည်းပြပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media

    van gal

    – မန်ယူအသင်းသို့ နောက်ထပ်ရောက်ရှိလာမည့် နည်းပြသစ်အနေဖြင့် လူငယ်ကစားသမားများအပေါ် ယုံကြည်မှု ရှိရမည်ဖြစ်ပြီး သို့မဟုတ်ပါက အလွန်ခက်ခဲသည့်အခြေအနေကို ရင်ဆိုင်ရမည်ဟု နည်းပြဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ဗန်ဂါးလ်မှာ ယခုရာသီတွင် လူငယ်ကစားသမားများကို ယုံယုံကြည်ကြည် သုံးစွဲခဲ့ပြီး ၎င်းတို့အထဲတွင် ကင်မရွန်း ဘော့သ်ဝစ်-ဂျက်ဆန်နှင့် ဂျက်ဆီ လင်ဂါ့တ်တို့မှာ ထင်ရှားသည့် လူငယ်ကစားသမားများဖြစ်သည်။ ဗန်ဂါးလ်၏ မန်ယူနှင့်စာချုပ်မှာ ၂၀၁၇ ခုနှစ်မှ ကုန်ဆုံးမည်ဖြစ်သော်လည်း ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ ၎င်း၏နေရာတွင် ရာသီကုန်၌ အစားဝင်မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

    ဗန်ဂါးလ်ကလည်း ၎င်းနေရာကို ဆက်ခံမည့်သူအနေဖြင့် လူငယ်များကို နေရာပေးရန်လိုသည်ဟု ဆိုသည်။

    “နောက်ရောက်လာမယ့် နည်းပြအနေနဲ့ လူငယ်ကစားသမားတွေအပေါ်မှာ ယုံကြည်မှုရှိကြောင်း ပြသရပါမယ်။ တကယ်လို့များ ကျွန်တော်အနားယူသွားပြီးတဲ့နောက် ယူနိုက်တက်က နည်းပြတစ်ယောက် ခန့်အပ်ပြီး အဲဒီနည်းပြက လူငယ်ကစားသမားတွေရဲ့ သက်ရောက်မှုအပေါ်မှာ သံသယရှိမယ်ဆိုရင် တော်တော်လေး ခက်ခဲမှာပါ။ ပြီးတော့ မန်နေဂျာအသစ်ရဲ့ အချက်အလက်တွေကို မန်ယူဘုတ်အဖွဲ့က ကြည့်ရှုဖို့လည်း တော်တော်လေး အရေးကြီးပါတယ်” ဟု ဗန်ဂါးလ်က The Independent သို့ ပြောကြားခဲ့သည်။

    မန်ယူနှင့် မော်ရင်ဟိုတို့အကြား သဘောတူညီချက်ရခဲ့ပြီဟူသော သတင်းများနှင့်ပတ်သက်၍ “အသင်းနဲ့ စကားပြောပြီးပြီလို့ ကျွန်တော့်ကို အသိမပေးသေးပါဘူး။ ဒါပေမယ့် သူ (မော်ရင်ဟိုက) က ကျွန်တော့်သူငယ်ချင်းပါ။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ မန်ယူက မော်ရင်ဟိုနဲ့ စကားပြောပြီးပြီလားဆိုတာကို ကျွန်တော် မသိပါဘူး” ဟု တုန့်ပြန်ပြောကြားခဲ့သည်။

    Ref: Goal