ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
M-Media
– ယခုနှစ် နွေရာသီအပြောင်းအရွှေ့တွင် မိမိအနေဖြင့် ကစားသမား ခေါ်ယူမည်ဖြစ်သော်လည်း ငွေကြေး အများအပြားသုံးစွဲသွားမည်မဟုတ်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။
လီဗာပူးလ်မှာ ဇန်န၀ါရီအပြောင်းအရွှေ့တွင် လှုပ်ရှားမှုမရှိခဲ့ဘဲ အသက် ၁၉ နှစ်အရွယ် မာကို ဂရူဂျစ်တစ်ဦးကိုသာ ၀ယ်ယူခဲ့သည်။ ပရိတ်သတ်များနှင့် ဝေဖန်ဆန်းစစ်သူများကမူ အသင်း၏ လူစာရင်း မတောင့်တင်းမှုကြောင့် ရလဒ်များဆိုးရွားခြင်းကို ထောက်ပြခဲ့သော်လည်း ကလော့ပ်ကမူ အသင်းမှာ လုံလောက်သည့်တောင့်တင်းမှုရှိသည်ဟု ပြောကြားခဲ့သည်။
“နွေရာသီအပြောင်းအရွှေ့ဈေးကွက်က အရေးကြီးပါတယ်။ တိုးတက်ဖို့အတွက် ကျွန်တော်တို့ အများကြီး လိုအပ်ပါတယ်။ တစ်ခုက အပြောင်းအရွှေ့ဖြစ်ပြီး အခြားတစ်ခုကတော့ အချိန်ပါပဲ။ ကျွန်တော်တို့မှာ ပိုက်ဆံရှိပေမယ့် ဇန်န၀ါရီ အပြောင်းအရွှေ့မှာ ကစားသမားတွေကို စာချုပ်ချုပ်ဖို့ မကြိုးစားခဲ့ပါဘူး။ ကျွန်တော်တို့ လူစာရင်းဟာ ကောင်းမွန်ပြီးဖြစ်တာကြောင့် ဈေးပြိုင်ပေးပြီး ခေါ်ယူဖို့လည်း လုပ်မှာမဟုတ်ပါဘူး” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.