News @ M-Media

Blog

  • လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    roger

    – လီဗာပူးလ်အသင်းပိုင်ရှင်များအနေဖြင့် ကစားသမားများကို ရောင်းချ၍ ငွေရှာမလားဆိုသည်နှင့် ၎င်းတို့အားထိန်းသိမ်းကာ အောင်ြမင်မှုရယူမလားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်နေသည်ဟု လီဗာပူးလ်အသင်းနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်နည်းပြအဖြစ် တာဝန်ယူစဉ်က အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ အသင်းမှ အပြောင်းအရွှေ့ကော်မတီ၏ ဆုံးဖြတ်ချက်အောက်တွင်သာ အလုပ်လုပ်ရသည့် ရော်ဂျာမှာ အသင်းအား ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက လီဗာပူးလ်အသင်းမှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

    ရော်ဂျာကမူ အသင်းအနေဖြင့် စီးပွားရေးပုံစံမျိုး မဆောင်ရွက်သင့်ဟု အကြံပြုခဲ့သည်။

    “စီးပွားရေးပုံစံသွားမှာလား ဒါမှမဟုတ် အသင်းအောင်မြင်ဖို့ သွားမှာလားဆိုတာကို ကလပ်က သူ့အခြေအနေ ပြန်ကြည့်ဖို့လိုပါတယ်။ အောင်မြင်ဖို့အတွက် သွားချင်တယ်ဆိုရင်တော့ တတ်နိုင်လောက် ကစားသမားတွေကို ခေါ်ရမယ် အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး။ အချို့အသင်းတွေက ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ စိတ်ထဲရှိပါတယ်။ အခြား အသင်းတွေကတော့ အောင်မြင်ဖို့ ၀ယ်မယ့်အစား ကစားသမားဝယ်ပြီး ပြုစုပျိုးထောင်ပေးကာ ဈေးများများနဲ့ပြန်ရောင်းဖို့ စဉ်းစားကြပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goal

  • မန္တလေးတိုင်း ဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်း

    မန္တလေးတိုင်း ဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်း

    Third Medel Prize in Weight lifting

    ရွှေမန်းမောင် ဦးဘသိန်းကို ၁၉၂၅ခု၊ ဒီဇင်ဘာလ(၂၆)ရက် (စနေ)နေ့တွင် မန္တလေးမြို့၊ စစ်ကိုင်းတန်းရပ်၊ ၈၃လမ်းတွင် ဖွားမြင်သည်။

    ၁၉၄၄-၄၅ခု၊ ဂျပန်ခေတ်တွင် အာရှလူငယ်အဖွဲ့၏ ကာယဗလမှူး အဖြစ် အမရပူရတိုက်နယ်၊ ဘုံးအိုးရွာ  တွင်တာဝန်ယူ ဆောင်ရွက် ခဲ့သည်။ ၁၉၄၆ခု၊ အထက်မြန်မာပြည် အလေးမပြိုင်ပွဲ (၁၄၈)ပေါင်တန်းတွင် ချန်ပီယံဆုရရှိခဲ့ပြီး ၁၉၄၇-၄၈ ခုနှစ်များတွင်လည်း ဆက်တိုက်ရရှိခဲ့သည်။

    ၁၉၄၇ခု၊ ‘ဓားတန်းအလေးမအသင်း’ စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၄၉ခုနှစ်တွင် ‘ရွှေမန်းမောင်’ ဘွဲ့ရခဲ့သည်။ ၁၉၅၀ မှ ၅၆ အထိ မြန်မာပြည်အလေးမပြိုင်ပွဲများ၌ ဗိုလ်စွဲခဲ့သည်။

    ၁၉၅၁-ခု၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပသော ပထမအကြိမ် အာရှအားကစားပြိုင်ပွဲ၊ (၁၆၅)ပေါင်တန်း အလေးမပြိုင်ပွဲ၌ တတိယရရှိခဲ့သည်။ အရပ် ၅-ပေ၊ ၉-လက်မ အထက် အာရှမောင် ပြိုင်ပွဲတွင် ဒုတိယ ရရှိခဲ့သည်။

    385320_10150565935443219_1121368430_n
    ၁၉၅၁ ခုနှစ် နယူးဒေလီမှာ ပြုလုပ်တဲ့ ပထမအကြိမ် အာရှအားကစားပြိုင်ပွဲ အာရှမောင်ပြိုင်ပွဲ ဒုတိယဆုရရှိခဲ့စဉ် ပြိုင်ပွဲဝင်ဟန် ဓါတ်ပုံ – ဦးသိန်းထွဋ် FB

    ၁၉၅၅-ခု မှ ၁၉၈၈ အထိ ဓားတန်းအလေးမအသင်းတွင် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆- ခုတွင် မြန်မာပြည် အိုလံပစ်အလေးမပြိုင်ပွဲ၌ ပထမရရှိပြီး ၁၉၃၆-ခုနှစ်က ဆရာဦးဇော်ဝိတ်၏အနှစ်(၂၀)ကြာ ထိန်းသိမ်းထားခဲ့သော အနှေးမစံချိန်ကို ပထမဆုံး တရားဝင် စံချိန်ချိုးနိုင်ခဲ့သည်။

    ၁၉၆၅-ခု အပြည်ပြည်ဆိုင်ရာ အလေးမဒိုင်လူကြီးအဆင့်(၂)အဖြစ်လည်းကောင်း၊ ၁၉၇၂-ခုတွင် အဆင့် (၁) အဖြစ် ဒိုင်လူကြီးလက်မှတ်ရရှိခဲ့ပြီး ၁၉၆၅-မှ-၇၅ခုအထိ ‘မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်’၊ အမှုဆောင်
    တာဝန်ထမ်းခဲ့သည်။

    ၁၉၆၉-ခု၊ ရန်ကုန်မြို့ (၅)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအလေးမအသင်း အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၅-ခု၊ ထိုင်းနိုင်ငံတွင် ကျင်းပသော(၈)ကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ၌ အလေးမ ဒိုင်ချုပ်အဖြစ်ဆောင်ရွက်ခဲ့သည်။

    ၁၉၆၇-မှ-၇၄ ထိ၊ မန္တလေး-ဗထူးအားကစားကွင်း အုပ်ချုပ်မှုကော်မတီ အကျိုးဆောင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၄-ခု မှ ကွယ်လွန်သည့် ၂၀၀၃-ခုနှစ်အထိ၊ မန္တလေးတိုင်း၊အား/ကာအဖွဲ့ဝင်၊ အလေးမ နှင့် ကာယဗလမောင်ဆပ်ကော်မတီများတွင် ဥက္ကဌ၊ ဘောလုံးဆပ်ကော်မတီတွင် အဖွဲ့ဝင် အသီးသီး ဆောင်ရွက်ခဲ့သည်။

    Dar Dan weight lifting association young members
    ဓားတန်းအလေးမအသင်း မှ လူငယ်များနှင့် အတူ ဓါတ်ပုံ ဦးသိန်းထွဋ် FB

    ၁၉၉၆ခု၊ ရန်ကုန်တွင်ကျင်းပသော ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကာယဗလပြိုင်ပွဲတွင် ပြုလုပ်သော Managers’ meeting and Judges’ meeting သို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သည်။

    ၁၉၅၅ခု၊ ဧပြီလ (၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံကာယဗလနှင့် ကာယအလှအဖွဲ့ချုပ်၏ အထက်မြန်မာနိုင်ငံကိုယ်စားပြု အမှုဆောင်အဖြစ် တာဝန်ပေးအပ်ခံရသည်။

    မန္တလေးတိုင်းဂုဏ်ဆောင်၊ မြန်မာ့အလေးမဂုဏ်ဆောင် ရွှေမန်းမောင် ဦးဘသိန်းသည် ၂၀၀၃ခု၊ ဇန်န၀ါရီ (၂၁)ရက် (ကြာသပတေး)နေ့ တွင် အရှင်မြတ်အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ခင်ခင်အေးနှင့် သားသုံးဦးကျန်ရစ်ခဲ့သည်။

    2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။

    ဓါတ်ပုံများကို ဦးဘသိန်း ၏ သားဖြစ်သူ ဦးသိန်းထွဋ်၏ FB စာမျက်နှာမှာ ရရှိ ဖော်ပြပါသည်။

     

    First Asian Olympic, 1951. Burma Contingent

    10923393_10153510785683219_592956831328825174_n A young body builder and weight lifter, Shwe Man Maung

  • အိုအိုင်စီအတွင်းရေးမှူး သြဇီအစိုးရနှင့်တွေ့ဆုံကာ မွတ်စလင်အရေး ဆွေးနွေး

    အိုအိုင်စီအတွင်းရေးမှူး သြဇီအစိုးရနှင့်တွေ့ဆုံကာ မွတ်စလင်အရေး ဆွေးနွေး

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media
    OiC 2
    – သြစတေးလျကို လေးရက်တာ အလည်အပတ်သွားရောက်ခဲ့တဲ့ အိုအိုင်စီအတွင်းရေးမှူးချုပ် အီယဒ် အေမင် မဒနီဟာ သြစတေးလျအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းအရေး ဆွေးနွေးခဲ့ကြပါတယ်။

    နောက်ဆုံးနေ့ဖြစ်တဲ့ ယမန်နေ့မှာ နယူးဆောက်သ်ဝေးပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်ဟာလီနဲ့ ဆစ်ဒနီ အစိုးရအိမ်တော်မှာ မဒနီက တွေ့ဆုံခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေ၊ ပြီးတော့ သူတို့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ ဆိုတာနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

    ဟာလီကတော့ လူ့အဖွဲ့အစည်းအားလုံးဟာ လေးစားခံရမှာဖြစ်ပြီး၊ ကိုယ်ပိုင်အမှတ်သညာကို ထိန်းသိမ်းပိုင်ခွင့်ရှိမှာဖြစ်ကာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ မိမိတို့လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မဒနီကလည်း ဘယ်လိုနိုင်ငံသားမဆို နိုင်ငံအတွက် မျိုးချစ်စိတ်ရှိရမည့်အကြောင်း၊ တစ်ချိန်တည်းမှာပဲ အခြားသူတွေရဲ့အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားရမည့်အကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

    အခြေကျဖို့ လိုအပ်နေတဲ့ ဒုက္ခသည် ၁၂,၀၀၀ ကိုလည်း လက်ခံသွားမှာဖြစ်တယ်လို့ သြစတေးလျက ကြေငြာခဲ့ပြီး မဒနီကတော့ အဲဒီအစီအစဉ်ကို ကြိုဆိုကာ အိုအိုင်စီအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    မဒနီက သြစတေးလျ နိုင်ငံတော်မွဖ်သီချုပ် ဒေါက်တာ အီဘရာဟင် အဘူ မိုဟာမက်၊ သြစတေးလျရှေ့ဆောင်အီမာမ်များဥက္ကဌ ရှိခ် ရှာဒီ အလ်ဆူလိုင်မန်၊ အခြားမွတ်စလင်ခေါင်းဆောင်များနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

    သြစတေးလျ မွတ်စလင်ခေါင်းဆောင်တွေကတော့ နိုင်ငံအတွင်းမှာ မွတ်စလင်တွေအတွက် အခြေအနေကောင်းတွေရှိတဲ့အကြောင်း သို့သော်လည်း လူမှုကွန်ရက်မှဖြစ်စေ တိုက်ရိုက်ဖြစ်စေ အစွန်းရောက်အတွေးအခေါ်တွေ လူငယ်တွေကြားမှာ လွှမ်းမိုးသွားမှာ စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    မဒနီကလည်း ထိုကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးအကြံပေးမှုတွေ ပြုလုပ်ခဲ့ပြီး အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုတွေအတွက် တန်ပြန်ချေပဖို့ OIC က တည်ထောင်ထားတဲ့ သတင်းအချက်အလက်ဌာနရှိတဲ့အကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ထိပ်ဆုံးက လက်စတာ ၅ မှတ်ဖြတ်၊ စပါး ဒုတိယနေရာရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅

    ထိပ်ဆုံးက လက်စတာ ၅ မှတ်ဖြတ်၊ စပါး ဒုတိယနေရာရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    epl 3

    – ဒီတစ်ပတ်ပရီးမီးယားလိဂ်က စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ လက်စတာဟာ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပြီး အာဆင်နယ်ကလည်း ဘုန်းမောက်ကို အနိုင်ရခဲ့ကာ ချယ်ဆီးနဲ့ မန်ယူတို့ပွဲကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

    ထိပ်ဆုံးကနှစ်သင်း တွေ့ဆုံမှုဖြစ်တဲ့ မန်စီးတီးနဲ့ လက်စတာတို့ပွဲမှာတော့ ဧည်သည့်အသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ၃ မိနစ်မှာတင် နောက်ခံလူ ရောဘတ်ဟုသ် ဦးဆောင်ဂိုးသွင်းနိုင်တာက လက်စတာအတွက် အားဖြစ်စေခဲ့တာပါ။ လက်စတာရဲ့ ခံစစ်ကစားပုံ ကျစ်လစ်ပြီး တန်ပြန်တိုက်စစ်အစွမ်းကို မန်စီးတီးတို့ ဘယ်လိုမှ မခုခံနိုင်ခဲ့ဘဲ ဂိုးသွင်းစက် ရီယဒ်မဟ်ရက်ဇ်က ၄၈ မိနစ်မှာ ဒုတိယဂိုး၊ မိနစ် ၆၀ မှာ ဟုသ်က တတိယဂိုး သွင်းယူကာ လက်စတာရဲ့ ထိပ်ဆုံရပ်တည်မှုကို ပြတ်သားစေခဲ့ပါတယ်။ မန်စီးတီးအတွက် နှစ်သိမ့်ဂိုးကိုတော့ ၈၇ မိနစ်ကျမှ အဂူရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    epl 1

    ပြီးခဲ့တဲ့လေးပွဲ နိုင်ပွဲပျောက်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ကတော့ ဘုန်းမောက်ကို တစ်ပွဲလုံး ထိန်းချုပ်နိုင်မှုနဲ့အတူ အိုဇေးလ်နဲ့ ချိန်ဘာလိန်တို့ရဲ့ ပထမပိုင်း ၁ မိနစ်ခြား ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက လက်စတာကို ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၀င်းဂါးကတော့ ဒီအနိုင် ၃ မှတ်ဟာ ခက်ခဲပြီး အရေးပါတဲ့ ၃ မှတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယနေရာက စပါးနဲ့ အမှတ်တူကာ ဂိုးကွာခြားချက်ကြောင့် တတိယနေရာရောက်နေတဲ့ အာဆင်နယ် ၅ မှတ်ကွာနေတဲ့ ထိပ်ဆုံးက လက်စတာနဲ့ လာမယ့်တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပါတယ်။

    epl 3

    အိမ်ကွင်းမှာ မန်ယူကိုဧည့်ခံကစားရတဲ့ ချယ်ဆီးတို့ ဒီယေဂိုကော်စတာရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ ဟစ်ဒင့်လက်ထက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၆၁ မိနစ်မှာ လင်ဂါ့တ်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကလိုက်ကစားရပေမယ့် ချယ်ဆီးတို့ ညံ့ဖျင်းခဲ့တာတော့ မဟုတ်ပါဘူး။ အိုင်ဗန်နိုဗစ်နဲ့ ဖာဘရီဂက်စ်တို့အပါအ၀င် တိုက်စစ်မှူးအချို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ် လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ ဟစ်ဒင့်ကတော့ ၁ မှတ်ရတာကိုပဲ ကျေနပ်တယ်လို့ ဆိုပါတယ်။

    စပါးအသင်းကလည်း အိမ်ကွင်းမှာ ၀က်ဖို့ဒ်ကို အသာစီးကစားကာ နောက်ခံလူ ထရစ်ပီယာရဲ့ ၁ လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယနေရာကို ရောက်လာခဲ့ပါepl 4တယ်။ လီဗာပူးလ်ကတော့ မိနစ် ၈၀ ကျော်အထိ ၂ ဂိုးပြတ်ဦးဆောင်နေရာကနေ နောက်ဆုံး ၈ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးလိုက်ရတာကြောင့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။

    ဇယားအောက်ခြေမှာ ကျောက်ချနေတဲ့ အက်စတွန်ဗီလာဟာ ဘ၀တူနော်ဝစ်ခ်ျကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၁-၃ လက်စတာ
    အက်စတွန်ဗီလာ ၂-၀ နော်ဝစ်ခ်ျ
    လီဗာပူးလ် ၂-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ ၀က်စ်ဘရွန်း
    စတုတ် ၀-၃ အဲဗာတန်
    ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
    စပါး ၁-၀ ၀က်ဖို့ဒ်
    ဆောက်သက်တမ် ၁-၀ ၀က်စ်ဟမ်း
    ဘုန်းမောက် ၀-၂ အာဆင်နယ်
    ချယ်ဆီး ၁-၁ မန်ယူ

  • လပွတ္တာ မီးဘေးသင့်သူများကို ရန်ကုန်မှ မွတ်စလင်မ်လူငယ် ပရဟိတ အဖွဲ့ သွားရောက်လှူဒါန်း

    လပွတ္တာ မီးဘေးသင့်သူများကို ရန်ကုန်မှ မွတ်စလင်မ်လူငယ် ပရဟိတ အဖွဲ့ သွားရောက်လှူဒါန်း

    ဖေဖော်ဝါရီ ၈ ၊ ၂၀၁၆
    M-Media
    သီဟ
    12670873_1712918072260361_3002003606844091148_n
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သော လပွတ္တာမြို့မှ မီးဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့ အခြေစိုက် မွတ်စလင်မ် ပရိဟိတ ကူညီမှု အသင်းတခုဖြစ်တဲ့  MIYF Myanmar Islamic Youth Foundation မှ ထောက်ပံ့ရေး ပစ္စည်းများကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ သွားရောက်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    မီးဘေးသင့် အိမ်ထောင်စု ၂၃၀ အတွက် စုစုပေါင်း တန်ဘိုးငွေ ၂၅ သိန်း ကျော်ရှိတဲ့ အိုး၊ခွက်၊ပန်းကန်၊ဇွန်း အစုံ၊စောင်၊အသင့်စား အစားအသောက်များကို လပွတ္တာမြိုရှိ ရွှေကျင်နိယာမ လေးထပ်ပရိယတ္ထိစာသင်တိုက်မှာ ဖွင့်လှစ်ထားတဲ့ ယာယီကယ်ဆယ်ရေး စခန်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပေးခဲ့ကြောင်း သိရပါတယ်။

    ဓါတ်ပုံနှင့် အချက်အလက်များကို  MIYF FB စာမျက်နှာမှ ရရှိပါသည်။

    1914498_1712659245619577_2383910129987072003_n 12651259_1712756218943213_9214255343458310917_n 12717177_1712917888927046_9001039736178045808_n