News @ M-Media

Blog

  • ကမ္ဘာကိုအာခံကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    ကမ္ဘာကိုအာခံကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    North 1

    – မြောက်ကိုရီးယားနိုင်ငံမှာ ကမ္ဘာမြေစောင့်ကြည့်ရေး ဂြိုဟ်တစ်ခုကို တားမြစ်ထားသည့် တာဝေးပစ်ဒုံးကျည်နှင့် ယနေ့မနက်ပိုင်းက လွှတ်တင်ခဲ့ပြီး ထိုလုပ်ရပ်က ကုလ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကာ နိုင်ငံတကာ၏ သတိပေးတားမြစ်မှုများကိုလည်း အာခံခဲ့ခြင်းဖြစ်သည်။

    နိုင်ငံပိုင် သတင်းဌာနက ဂြိုဟ်တုအား အာကာသထဲသို့ လွှတ်တင်မှုမှာ အောင်မြင်ခဲ့ပြီး အနာဂတ်တွင်လည်း ထိုကဲ့သို့ ဆက်လက်လွှတ်တင်သွားမည်ဟု ယနေ့တွင် ကြေငြာခဲ့သည်။ မြောက်ကိုရီးယားအစိုးရကမူ အဆိုပါ လွှတ်တင်မှုမှာ သိပ္ပံဆိုင်ရာ အာကာသစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းက တိုက်ချင်းပစ်ဒုံးကျည်ကို ပြသလိုခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ အဆိုပါဒုံးကျည်၏ လမ်းကြောင်းမှာ ပင်လယ်ဝါနှင့် တောင်ဘက်စွန်းစွန်း ဖိလစ်ပိုင်ပင်လယ်ပြင်အထိ ကန့်လန့်ဖြတ်ဖြစ်ပြီးး တောင်ကိုရီးယားနှင့် ဂျပန်တို့ကမူ မိမိတို့ပိုင်နက်ကို ထိုဒုံးကျည် ရောက်ရှိလာပါက ပစ်ချမည်ဟု ခြိမ်းခြောက်ထားသည်။

    ကုလသမဂ္ဂက မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ဒုံးကျည်များ ထုတ်လုပ်မှုကို တရားမ၀င်ဟု သတ်မှတ်ထားသော ဆုံးဖြတ်ချက်အများအပြားကို ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားက ထိုကဲ့သို့ ဒုံးကျည်ထုတ်လုပ်မှုမှာ ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဟု ပြောဆိုထားသော်လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ထိုနည်းပညာကို မြောက်ကိုရီးယားက အရပ်ဖက်နှင့် စစ်ဖက် နှစ်မျိုးစလုံးတွင် အသုံးပြုမည်ဟု ယူဆထားသည်။

    ယခုဂြိုဟ်တုလွှတ်တင်မှုနှင့်ပတ်သက်၍ ယနေ့နှောင်းပိုင်းတွင် ကုသမဂ္ဂ လုံခြုံရေးကောင်စီက အရေးအပေါ်အစည်းဝေးခေါ်ယူမည်ဖြစ်သည်။

    Ref: Aljazeera

  • လက်စတာမှာ တစ်နိုင်ငံလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဟု ၀င်းဂါးပြော

    လက်စတာမှာ တစ်နိုင်ငံလုံး၏ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီဟု ၀င်းဂါးပြော

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    leis 2

    – အံ့သြဖွယ် ခြေစွမ်းကောင်းများ ပြသကာ ပရီးမီးယားလိဂ်ကို ဦးဆောင်နေသည့် လက်စတာအသင်းမှာ အင်္ဂလန်ပြည်သူများ၏ နှလုံးသား ကို ဖမ်းစားနိုင်ခဲ့ပြီဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယမန်နေ့က မန်စီးတီးအသင်းအား အဝေးကွင်းတွင် ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ကစားနိုင်ခဲ့ပြီးနောက် လက်စတာမှာ ဒုတိယနေရာမှ စပါးကို ၅ မှတ်၊ တတိယနေရာမှ မန်စီးတီးကို ၆ မှတ် ဖြတ်ထားနိုင်သည်။ ၀င်းဂါးကမူ လက်စတာ၏ အနေအထား၊ ကစားပုံများက အင်္ဂလိပ်ဘောလုံးပရိတ်သတ်များ၏ နှလုံးသားနှင့် မျှော်လင့်ချက်များကို ဖမ်းစားနိုင်ခဲ့သည်ဟု ဆိုသည်။

    “ရာသီကုန်အထိ လက်စတာရရှိမယ့် အရာတစ်ခုကတော့ ကျွန်တော်တို့ ပရိတ်သတ်၊ မန်စီးတီးပရိတ်သတ်နဲ့ စပါး ပရိတ်သတ်တို့ကလွဲလို့ တစ်နိုင်ငံလုံး သူတို့အနောက်မှာ ရှိနေမယ်ဆိုတာပါပဲ။ နာမည်ကြီးကစားသမားတွေ မ၀ယ်လို့ ခင်ဗျားတို့က ကျွန်တော့်ကို ဝေဖန်တယ်။ ဒါပေမယ့် နာမည်ကြီးကစားသမားတစ်ယောက်မှမရှိတဲ့ အသင်းကို ခင်ဗျားတို့ အားပေးရပါလိမ့်မယ်။ လက်စတာဟာ လက်ဖျားခါလောက်အောင်ကောင်းတာကိုမြင်ရတာ ကျေနပ်စရာလို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • နယူးယောက်မြို့ရှိ နျူဓာတ်အားပေးစက်ရုံ ယိုစိမ့်မှုကြောင့် မြေအောက်ရေကို ထိခိုက်

    နယူးယောက်မြို့ရှိ နျူဓာတ်အားပေးစက်ရုံ ယိုစိမ့်မှုကြောင့် မြေအောက်ရေကို ထိခိုက်

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    – အမေရိကန်ပြည်ထောင်စု နယူးယောက်ရှိ Indian Point နျူကလီးယားဓာတ်အားပေးစက်ရုံမှ ယိုစိမ့်မှုကြောင့်ပတ်ဝန်းကျင်တစ်ဝိုက်ရှိ မြေအောက်ရေအား ရေဒီယိုသတ္တုကြွကာ ထိခိုက်စေခဲ့သည်ဟု မြို့တော် အုပ်ချုပ်ရေးမှူး အန်ဒရူး ကျူအိုမိုက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ ဓာတ်အားပေးစက်ရုံအောက်ရှိ မြေအောက်ရေမှာ နယူးယောက်မြို့မြောက်ပိုင်း ၂၅ မိုင်မှ ဟဒ်ဆန်မြစ်အတွင်း စီးဝင်သည့် ရေလမ်းကြောင်းဖြစ်ပြီး ရေဒီယိုသတ္ထုကြွမှု ရာခိုင်နှုန်း ၆၅၀၀၀ ခန့်ရှိနေသည်။ သို့သော်လည်း ထိုရေမှာ သောက်ရေ ဖြန့်ဖြူးပေးသည့် ရေအရင်းအမြစ်မဟုတ်ပေ။

    ဓာတ်အားပေးစက်ရုံအား တာဝန်ယူလည်ပတ်နေသော Entergy ကုမ္ပဏီကမူ အဆိုပါ ရေဒီယိုသတ္တုကြွမှုကို အတည်ပြုခဲ့သော်လည်း ပြည်သူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး နောက်ဆက်တွဲပြဿနာများ ရှိမည်မဟုတ်ဟု ဆိုသည်။

    ထို့ပြင် ရေသို့ပျော်ဝင်ပါက ရေဒီယိုသတ္တုကြွမှုကို အားပျော့စေမည်ဖြစ်သောကြောင့် ဟူစတန်မြစ်ကိုလည်း ထိခိုက်ပျက်စီးစေမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အုပ်ချုပ်ရေးမှူး ကျူအိုမိုကမူ ထိုကဲ့သို့ ယိုစိမ့်မှုအတွက် အလွန်အမင်း စိုးရိမ်မိပြီး၊ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနသို့ ညွှန်ကြားထားသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နျူကလီးယား ဓာတ်အားပေးစက်ရုံနှင့် ၁၀ မိုင်ပတ်ဝန်းကျင်ကို ကယ်ဆယ်ရေးဇုန်အဖြစ် သတ်မှတ်ထားပြီး ထိုနေရာတွင် လူဦးရေ ၃၁၇၀၀၀ ခန့် ရှိနေသည်။

    Ref: CNN

  • မကြာခင် ဘောလုံးလောကထဲ ပြန်လာမည်ဟု မော်ရင်ဟို အတည်ပြု

    မကြာခင် ဘောလုံးလောကထဲ ပြန်လာမည်ဟု မော်ရင်ဟို အတည်ပြု

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    morinho 3

    – အနာဂတ်နှင့်ပတ်သက်၍ ကောလဟာလအများအပြား ထွက်ပေါ်နေမှုများကို ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက ချေဖျက်လိုက်ပြီး မိမိအနေဖြင့် မကြာမီ ဘောလုံးလောကထဲသို့ ပြန်လည်ဝင်ရောက်လာမည်ဟု ပြောကြားလိုက်သည်။

    ယမန်နေ့က GQ နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် မော်ရင်ဟိုက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိ၏ ၀ါသနာပါရာ နယ်ပယ်တွင် ရှိမနေသောကြောင့် လက်ရှိအခြေအနေကို အပြည့်အ၀ မကျေနပ်ဟု ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါအင်တာဗျူးမှာ ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးပြုလုပ်သည့် အင်တာဗျူးလည်းဖြစ်သည်။

    အကျဘက်ရောက်နေသည့် လက်ရှိအခြေအနေကို နှစ်သက်သလားဟု မေးမြန်းရာ မော်ရင်ဟိုက “နိုး၊ ကျွန်တော် မနှစ်သက်ပါဘူး။ တစ်ချိန်တည်းမှာပဲ နေတတ်အောင်၊ ကျေနပ်အောင် နေရမှာပေါ့လေ။ ကျွန်တော့်မှာ မိသားစုရှိတယ်။ မိတ်ဆွေတွေရှိတယ်။ သာယာတဲ့ဘ၀လည်း ရှိပါတယ်။ အဲဒီဘ၀ကို ကျွန်တော်ကြိုက်တယ်။ ပြီးတော့ ကျွန်တော့်မှာ ဘောလုံးဘ၀လည်းရှိပါတယ်။ ကျွန်တော့်မှာ အားလုံးအတူရှိနေပြီး တစ်ခုမှ စွန့်လွှတ်စရာ မလိုပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    မော်ရင်ဟိုမှာ မန်ယူသို့ ရောက်ရှိတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြီး ထိုကိစ္စနှင့်ပတ်သက်၍ ၎င်းက မည်သည့်မှတ်ချက်မှ မပေးသော်လည်း ဘောလုံးလောကသို့ မကြာမီပြန်လာမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

    “အပြည့်အ၀ ပျော်ရွှင်ဖို့ဆိုရင်တော့ ကျွန်တော် အားလုံးလိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် ဘောလုံးလောကကို ပြန်သွားမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ ပင်ကိုအကျင့်ပါပဲ။ ကျွန်တော် လူမှန်းသိတတ်စကတည်းက ဘောလုံးလောကထဲ ၀င်တာပါ။ ၂၀၀၀ ခုနှစ်လောက်ကတည်းက နည်းပြလုပ်ခဲ့တယ်။ ၂၀၀၇ ခုနှစ် ချယ်ဆီးကနေထွက်ပြီးနောက်ပိုင်း လအနည်းငယ်နားခဲ့တယ်။ အခုအချိန်ကတော့ ၁၅ နှစ်၊ ၁၆ နှစ်လောက်အတွင်းမှာ ဒုတိယအကြိမ် အနားယူတာပါ။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော် မကြာခင်ပြန်လာမှာပါ”

    Ref: Goal

  • ဘာသာပေါင်းစုံ အဖွဲ့ ၁၀ ဖွဲ့ စုပေါင်းပြီး မေတ္တာစက်ဝိုင်း ကွန်ဆိုတီယမ် အဖွဲ့ ဖွဲ့စည်း

    ဘာသာပေါင်းစုံ အဖွဲ့ ၁၀ ဖွဲ့ စုပေါင်းပြီး မေတ္တာစက်ဝိုင်း ကွန်ဆိုတီယမ် အဖွဲ့ ဖွဲ့စည်း

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၆
    သတင်း ကိုထွေးပေးပို့သည်။
    ဓါတ်ပုံ-IYCA-Myanmar

    pyin 9

    မြန်မာပြည်တွင်းရှိ မတူညီကြသော ဘာသာတရားများ လူမျိုးစုများကြား ညီညွတ်မှုရရှိစေရန် ရည်သန် ၍ ဖွဲ့စည်းထားသော အင်အားစုကြီး တစ်ခုဖြစ်သည့် မေတ္တာစက်ဝိုင်း ကွန်ဆိုတီယမ်အဖွဲ့ကြီး၏ Launching Ceremony အခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် Park Royal Hotel မှာ ကျင်းပခဲ့ပါသည် ။

    အဆိုပါ အခမ်းနားသို့ မြန်မာပြည်က ဘာသာကြီး လေးခုတို့အပြင် ဂျူး၊ဘဟာအီ၊ ဆခ် နှင့် ဘာသာမဲ့ ပုဂ္ဂိုလ်ကျော်များလည်း တက် ရောက်ချီးမြင့်ခဲ့ကြပါသည် ။

    စတင်ဖွဲ့စည်းလိုက်သော အဖွဲ့များမှာ
    1. Smile Education Center
    2. ကလျာဏ မိတ္တဖောင်ဒေးရှင်း
    3. Judson Research Center
    4. Myitta Resource Foundation
    5.Shalom
    6. National Catholic Youth Commission
    7. YMCA
    8. မြန်မာနိုင်ငံ တက္ကသိုလ် ခရစ်ယာန်လုပ်ငန်း
    9. Interfaith Youth Coalition on Aid in Myanmar
    10. Swe Tha Har Social Service တို့ဖြစ်သည် ။

    Metta Setwaing Consortium Member တစ်ဦးဖြစ်သူ ဦးမျိုးဝင်း ( smile education) ကပြောကြားရာတွင်ယခုအဖွဲ့စည်းကို ဖွဲ့စည်းရခြင်းမှာ
    – မြန်မာပြည်တွင်းရှိ တစ်ဘာသာနှင့် တစ်ဘာသာ ကြားတင်းမာမှုများကို လျော့ချရန်
    – ငြိမ်းချမ်းရေးကို ဦးတည်သည့် positive ဆန်သော လူထုမီဒီယာများ အားကောင်းလာစေ ရန် ဖွဲ့စည်းခဲ့တာ ဖြစ်ကြောင်း

    မြန်မာနိုင်ငံရှိ ရပ်ရွာအကြမ်းဖက်မှုများဟာ အောက်ခြေရပ်ရွာ လူထုကြားမှာသာ ပေါက်ဖွားလေ့ ရှိသလို မတူညီသော လူမျိုးစုတွေကြား ဘာသာတရားတွေကြားမှာ ပဋိပက္ခအမြစ်တွယ်နေတာဟာ ဆယ်စုနှစ်များစွာကြာနေပြီဖြစ်ကြောင်း၊ ဒါကြောင့် ရှည်ကြာနေတဲ့ ပဋိပက္ခတွေကို ထိရောက် စွာဖြေရှင်းဖို့ အခြေခံရပ်ရွာမှစ၍ ပူးပေါင်း လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ပုဂံခေတ်က မြစေတီကျောက်စာရေးထိုးခဲ့တဲ့ ရာဇကုမာရ်ကို ကြည့်မယ်ဆိုရင် အဲဒီခေတ်က အရပ်ဘက်အဖွဲ့စည်းရဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့ကြောင်း၊ သူက အာဏာကိုမယူ အာဏာရဖို့မကြိုးပမ်း လူထု တိုးတက်ရာ တိုးတက်ကြောင်းသာ စဉ်းစားခဲ့ကြောင်း။ ဖခမည်းတော် ကျန်စစ်မင်းပေး သော ဆုလာဒ်တွေကို သူအတွက်မသုံးပဲ လူတွေ လှူတယ် ဘုရားတည်တယ် ကျွန်လှူတယ် အစားစာတွေကို လှူပြီး လူထုအကျိုးပြုခဲ့တာ ဖြစ်ကြောင်း၊ ဒါကြောင့်မြစေတီကျောက်စာဟာ အာဏာပါဝါအတွက်မဟုတ်ပဲ လူထု အခြေပြု ကျောက်စာဟုပင်ခေါ်နိုင်ကြောင်း ။ ဘာသာစကား လေးခုနဲ့ ရေးထိုးထားသည်ကို ကြည့်ခြင်းဖြင့် Multiculturalism – ဗဟုဝါဒကို အားပေးထား သည့်အတွက် ရှေးကတည်းကပင် မြန်မာတို့ Love & Tolerance ကိုအခြေခံသော လူယဉ်ကျေးမှု တစ်ရပ်ပေါ်ထွန်းခဲ့ပြီး ဖြစ်ကြောင်း၊ ကမ္ဘာမှာ ယခုကျင့်သုံးနေသော ကုလသမဂ္ဂမှ World Interfaith Harmony Week ဆိုပြီး ဂျော်ဒန်နိုင်ငံက အဆိုတင်သွင်းခဲ့တာဖြစ်ကြောင်း၊ နှစ်စဉ် ဖေဖေါ်ဝါရီလ ပထမအပတ်ကို စဉ်မြဲမပြတ် ကျင်းပခဲ့ကြောင်း ။ ယင်းတွင် hate speech နေရာ၌ love speech များကို အစားထိုး၍ အခြေခံလူတန်းစားတွေကြားထဲမှာ ရာဇကုမာရ် တည်ဆောက်ထားခဲ့သော ဒီဗဟုဝါဒကို အသစ်တစ်ဖန်ပြန်လည် ရှင်သန်လာစေရန် ပိုမိုနားလည်လာအောင် ကြိုးစားဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည် ။