ဖေဖော်ဝါရီ ၈၊ ၂၀၁၆
M-Media
– လီဗာပူးလ်အသင်းပိုင်ရှင်များအနေဖြင့် ကစားသမားများကို ရောင်းချ၍ ငွေရှာမလားဆိုသည်နှင့် ၎င်းတို့အားထိန်းသိမ်းကာ အောင်ြမင်မှုရယူမလားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်နေသည်ဟု လီဗာပူးလ်အသင်းနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။
လီဗာပူးလ်နည်းပြအဖြစ် တာဝန်ယူစဉ်က အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ အသင်းမှ အပြောင်းအရွှေ့ကော်မတီ၏ ဆုံးဖြတ်ချက်အောက်တွင်သာ အလုပ်လုပ်ရသည့် ရော်ဂျာမှာ အသင်းအား ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက လီဗာပူးလ်အသင်းမှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။
ရော်ဂျာကမူ အသင်းအနေဖြင့် စီးပွားရေးပုံစံမျိုး မဆောင်ရွက်သင့်ဟု အကြံပြုခဲ့သည်။
“စီးပွားရေးပုံစံသွားမှာလား ဒါမှမဟုတ် အသင်းအောင်မြင်ဖို့ သွားမှာလားဆိုတာကို ကလပ်က သူ့အခြေအနေ ပြန်ကြည့်ဖို့လိုပါတယ်။ အောင်မြင်ဖို့အတွက် သွားချင်တယ်ဆိုရင်တော့ တတ်နိုင်လောက် ကစားသမားတွေကို ခေါ်ရမယ် အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး။ အချို့အသင်းတွေက ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ စိတ်ထဲရှိပါတယ်။ အခြား အသင်းတွေကတော့ အောင်မြင်ဖို့ ၀ယ်မယ့်အစား ကစားသမားဝယ်ပြီး ပြုစုပျိုးထောင်ပေးကာ ဈေးများများနဲ့ပြန်ရောင်းဖို့ စဉ်းစားကြပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.