ထို့နောက် အဆိုပါဓာတ်ပုံကို AP သတင်းဌာန၏ ၀ဘ်ဆိုက်မှတစ်ဆင့် ရောင်းချခဲ့ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့ ၀ါရှင်တန်ပို့စ် သတင်းဌာနမှဖော်ပြသော As Muslim women, we actually ask you not to wear the hijab in the name of interfaith solidarity (ဘာသာပေါင်းစုံချစ်ကျည်ရေးခေါင်းစဉ်အောက်မှာ ဟီဂျဘ်မ၀တ်ဖို့ မွတ်စလင်အမျိုးသမီးတွေဖြစ်တဲ့ ကျွန်မတို့က လေးလေးနက်နက် တောင်းဆိုပါတယ်) ဟူသော ဆောင်းပါးတွင် ထည့်သွင်းအသုံးပြုခဲ့သည်။
ပုံ – ၁ မှာဖော်ပြထားတဲ့ Drinking Bull ကားချပ်ကိုကြည့်ပါ။ ပထမဆုံး ညာဖက်အပေါ်ထောင့်မှာရှိတဲ့ အပေါက်ကနေ အခန်း A (Compartment A) ထဲကို ရေဖြည့်ထားရပါတယ်။ နွားရဲ့ ပါးစပ်နားက ခွက်ကို ရေဖြည့်လိုက်တဲ့အခါမှာ ခွက်ထဲက ဖော့တုံးဟာ ရေမျက်နှာပြင်နဲ့အတူ မြင့်တက်လာတာကြောင့် ဖော့တုံးနဲ့ ဆက်သွယ်ထားတဲ့ ပလပ် A (Plug A) ကလည်း ပွင့်သွားပါတယ်။ ဒါ့ကြောင့် အခန်း A ထဲကရေတွေဟာ အခန်း B (Compartment B) ထဲကို ၀င်ရောက်လာခဲ့ပြီး အခန်း A မှာ လေဟာနယ်အဖြစ် ကျန်ရစ်ခဲ့ပါတယ်။ အဲဒီအခါ လေဟာနယ်ရဲ့ စုပ်အားကနေတစ်ဆင့် နွားပါးစပ်နားက ခွက်ထဲမှာရှိတဲ့ရေဟာ အခန်း A ထဲ ရောက်လာခဲ့ပြီး ရေကုန်သွားတဲ့အခါမှာတော့ လေကိုစုပ်ယူတာကြောင့် ရေငတ်ပြေသွားလို့ နွားအော်တဲ့အသံမျိုး ထွက်လာပါတော့တယ်။ အဲဒီလို ရေကုန်သွားတဲ့အတွက် ခွက်ထဲကဖော့တုံးဟာ အောက်ကိုကျသွားခဲ့ပြီး ပလပ် A ကလည်း ပြန်ပိတ်သွားခဲ့ပါတယ်။
အခန်း B ရေပြည့်သွားတဲ့အခါ အခန်း B ထဲမှာရှိတဲ့ ဖော့တုံးဟာ မြင့်တက်လာခဲ့ပြီး ပလပ် B (Plug B) ကို တွန်းဖွင့်သလိုဖြစ်တာကြောင့် အခန်း A ထဲကရေဟာ ပလပ် B အပေါက်ကနေတစ်ဆင့် အခန်း B ထဲကို ပြန်လည် ၀င်ရောက်ခဲ့ပြန်ပါတယ်။ အခန်း B ထဲကရေတွေကတော့ အပေါက်သေးသေးလေးကနေ အခန်း C (Compartment C) ထဲကို ရောက်သွားခဲ့ပြီး၊ အခန်း C ထဲမှာရှိနေတဲ့ လေက ဘယ်ဘက်မှာရှိနေတဲ့ အပေါက်လေးကနေတစ်ဆင့် အပြင်ကို ထွက်သွားကာ Drinking Bull ရဲ့ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးသွားပါတော့တယ်။
ယမန်နှစ်က ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က ဇင်ဗုဒ္ဓဘာသာဝင်ဆရာတော်အား ၀ါရှင်တန်ရှိ ကမ္ဘာ့ဘဏ်ဋ္ဌာနချုပ်သို့ ဖိတ်ကြားခဲ့ပြီး ၎င်းမေတ္တာပို့ဆောင်ရွက်ချက်များအပေါ် ချီးမွှမ်းဂုဏ်ပြုခဲ့သည်။ ဆရာတော်၏ The Miracle of Mindfulness စာအုပ်မှာ သူအနှစ်သက်ဆုံး စာအုပ်တစ်အုပ်လည်းဖြစ်သည်။
ကမ္ဘာ့သြဇာအကြီးမားဆုံး နည်းပညာကုမ္ပဏီ ၁၅ ခုအနက်အပါအ၀င်ဖြစ်သည့် Google မှလည်း ၎င်း၏စီအီးအိုများအတွက် သီးသန့်တစ်ရက် ဘာဝနာတရားပြပေးရန် ဆရာတော်အား Silicon Valley သို့ ၂၀၁၃ ခုနှစ်က ဖိတ်ကြားခဲ့သေးသည်။ Cloud computing giant Salesforce မှ CEO ဖြစ်သူ Marc Benioff ကလည်း ရောဂါဝေဒနာဖြစ်ပြီးသည့်နောက် ဆရာတော်၏ ပြန်လည်ထူထောင်မွမ်းမံရေးလုပ်ငန်းစဉ်များ၌ ရပ်တည်အားပေးခဲ့၏။
(Huffington Post ၏ ဆန်းသစ်မှုနှင့်သြဇာသက်ရောက်မှုကဏ္ဍ အမှုဆောင်အယ်ဒီတာ Jo Confino ရေးသားသော The Buddhist Monk Is An Unsung Hero in The World’s Climate Fight ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)