ဇန်န၀ါရီ ၂၉၊ ၂၀၁၆
M-Media
– မြောက်ကိုရီးယားမှ ရုတ်တရက် ဒုံးကျည်ဖြင့် တိုက်ခိုက်ဖွယ်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် မြောက်ကိုရီးယားမှ လာသည့် မည်သည့် ဒုံးကျည်ကိုမဆို ဖျက်ဆီးရေး အသင့်ဖြစ်နေရန် ဂျပန်နိုင်ငံက စစ်တပ်အား အမိန့်ပေးလိုက်သည်ဟု ဂျပန်မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။
ကာကွယ်ရေးဝန်ကြီး ဂျန် နာကာတာနီက ထိုကဲ့သို့ အမိန့်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုပြီး ဂျပန်ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကမူ ထိုသတင်းနှင့်ပတ်သက်၍ AFP မေးမြန်းမှုကို အတည်ပြုရန် ငြင်းဆိုခဲ့ကာ ထိုသို့ပြောဆိုခြင်းဖြင် မိမိတို့၏ မဟာဗျူဟာကို ထုတ်ဖော်လိုက်ခြင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ အဓိက ဂြိုဟ်တုဌာနတွင် သံသယဖြစ်ဖွယ် လှုပ်ရှားမှုများကို တွေ့ရှိရသောကြောင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများပြုလုပ်ရန် ပြင်ဆင်နေသည်ဟု ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။ အဆိုပါဒုံးကျည်ပစ်လွှတ်မှုမှာ အစောဆုံး လာမည့်တစ်ပတ်အတွင်း ဖြစ်နိုင်သည်ဟု ဖော်ပြမှုများလည်းရှိနေသည်။
မြောက်ကိုရီးယားမှ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်ကပင် ၎င်း၏ နောက်ဆုံး နျူလက်နက်စမ်းသပ်မှုကို ပြုလုပ်ခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ အသုံးပြုမှုကို ကုလလုံခြုံရေးကောင်စီက ပိတ်ပင်ထားပြီး၊ ဒုံးကျည်များပစ်လွှတ်ပါက ဒေသတွင်း တင်းမာမှုများ မြင့်တက်လာမည်ဖြစ်သည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.