News @ M-Media
Blog
  • မလေးရှားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံ လာရောက်ဆောက်လုပ်မည်
    မလေးရှားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံ လာရောက်ဆောက်လုပ်မည်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    IHH
    – မလေးရှားအခြေစိုက် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီဖြစ်သော IHH Healthcare Bhd မှာ မြန်မာနိုင်ငံတွင် ကုတင် ၂၅၀ ဆန့် ပုဂ္ဂလိက ဆေးရုံတစ်ရုံကို ဆောက်လုပ်တော့မည်ဟု ကုမ္ပဏီက ယမန်နေ့တွင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    ကန်ဒ်ါလာ သန်း ၇၀ ခန့် ကုန်ကျမည့် အဆိုပါ ဆေးရုံကို Parkway Yangon ဟု အမည်ပေးထားပြီး IHH Healthcare Bhd ၏ လက်ခွဲတစ်ခုဖြစ်သော Parkway Healthcare Indo-China Pte Ltd က ရှယ်ယာ ၅၂ ရာခိုင်နှုန်းပါဝင်ကာ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ ခုနှင့်၊ စင်ကာပူနိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း၍ တည်ဆောက်သွားမည်ဖြစ်သည်။
    ရန်ကုန်မြို့ရှိ ၁.၇၄ ဟက်တာ ကျယ်ဝန်းသော မြေနေရာတွင် တည်ဆာက်သွားမည်ဖြစ်ပြီး BOT ရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် နှစ် ၅၀ လုပ်ကိုင်ခွင့်ရမည်ဖြစ်ကာ၊ ၁၀ နှစ် သက်တမ်းထပ်တိုးနိုင်မည့် ချွင်းချက်တစ်ခုလည်း ပါဝင်သည်။
    အဆိုပါဆေးရုံကို ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး၊ နိုင်ငံ ၉ နိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော် ဆောင်ရွက်ခဲ့သည့် မိမိတို့၏ အတွေ့အကြုံများဖြင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်သွားမည်ဟု Parkway Pantai ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဒေါက်တာ တန်ဆီလင်းက ပြောကြားခဲ့သည်။
    Ref: The Star
  • ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော
    ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    vangaal
    – မန်ယူအသင်း၏ ကစားသမားများမှာ နည်းပြဗန်ဂါးလ်၏ ဒဿနနှင့် အစေးမကပ်ဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ကျဆင်းနေခြင်းဖြစ်သည်ဟု ဗလင်စီယာ ဂန္တ၀င်ကွင်းလယ်လူဟောင်း ဂိုက်ဇ်ကာ မင်ဒီယေတာက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့် သီတင်းပတ်များတွင် မန်ယူအသင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်နှင့်ပွဲတွင် မန်ယူမှာ အိမ်ကွင်း၌ပင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်ကိုလည်း ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ မင်ဒီယေတာကမူ မန်ယူ၏ နိမ့်ပါးနေမှုမှာ ကစားသမားများကြောင့်ဟု ပြောကြားခဲ့သည်။
    “အပြင်ကနေပြောရတာက ခက်တော့ခက်တယ်ဗျ။ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အသင်းက ဗန်ဂါလ်းရဲ့ပုံစံအတိုင်း အားထုတ်မှုမရှိဘူးဆိုတာကတော့ တော်တော်သိသာပါတယ်။ မန်ယူက ဘယ်လိုကစားရမလဲဆိုတဲ့ ဗန်ဂါးလ်ရဲ့ အယူအဆကို မမြင်ရပါဘူး။ သူ့ရဲ့ အတွေးအခေါ်တွေက ကစားသမားတွေဆီ မရောက်တဲ့ပုံပါပဲ” ဟု မင်ဒီယေတာက ပြောကြားခဲ့သည်။
    ထို့ပြင် အခြားသောလိဂ်များတွင် အောင်မြင်မှုသရဖူ အလီလီဆောင်းခဲ့သည့် ဗန်ဂါးလ် ပရီးမီးယားလိဂ်တွင် မအောင်မြင်ခြင်း၏ ပြဿနာများ နက်ရှိုင်းသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    Ref : Goal
  • အကြမ်းဖက်တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံကို မလေးရှားတွင်ပြုလုပ်
    အကြမ်းဖက်တိုက်ဖျက်ရေး နိုင်ငံတကာညီလာခံကို မလေးရှားတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    kualalumpur
    – အစွန်းရောက်မှုနှင့် အကြမ်းဖက်တိုက်ဖျက်ရေး နိုင်ငံတကာ ညီလာခံကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ယနေ့မှ စတင်ကာ ကျင်းပပြုလုပ်နေပြီး IS အကြမ်းဖက်အဖွဲ့ကဲ့သို့ လက်နက်ကိုင်အုပ်စုများ၏ ကြီးထွားလာသော ခြိမ်းခြောက်မှုများမှ မလေးရှားပြည်သူများအား ကာကွယ်ပေးရန် မိမိအနေဖြင့် အရာရာတိုင်းကို ဆောင်ရွက်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားလိုက်သည်။
    ညီလာခံအဖွင့်မိန့်ခွန်းတွင် နာဂျစ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများကို ပြဌာန်းထားသည်ဟုလည်း ၀န်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားအပြီး ၁၁ ရက်ကြာတွင် ပေါ်ထွက်လာခဲ့သည့် အဆိုပါ ညီလာခံမှာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး အာဆီယံနိုင်ငံမှ ၀န်ကြီးများ၊ မလေးရှား၏ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ ၉ နိုင်ငံဖြစ်သော သြစတေးလျ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ တရုတ်၊ ဆော်ဒီ၊ ယူအေအီး၊ ယူကေနှင့် အမေရိကန်တို့မှ ၀န်ကြီးများလည်း တက်ရောက်ကြမည်ဖြစ်သည်။
    ဂျကာတာတိုက်ခိုက်မှုက အရှေ့တောင်အာရှတွင် အကြမ်းဖက်အဖွဲ့၏ အယူအဆများ ပြန့်နှံ့မှု ကြီးထွားလာနေသည်ဟူသော စိုးရိမ်မှုများကို မြင့်တက်စေပြီး မလေးရှား အကြမ်းဖက်တိုက်ဖျက်ရေးဌာန အကြီးအကဲ အယွဘ်ခန်း မိုင်ဒင် ပစ်ချေးက မိမိတို့မှာ ဖြစ်လာနိုင်ဖွယ်ရှိသည့် တိုက်ခိုက်မှုတိုင်းကို တားဆီးနိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
    “ဘယ်ဥပဒေစိုးမိုးရေးအဖွဲ့ကမှ ဒီလိုတိုက်ခိုက်မှုတွ ဖြစ်မလာဘူးလို့ ရာနှုန်းပြည့် အာမ မခံနိုင်ပါဘူး” ဟု ပစ်ချေးက ဆိုသည်။
    ပြီးခဲ့သည့်ဖေဖော်ဝါရီလကတည်းက အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုပေါင်း ၇ ခုကို ရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံရပ်ခြားတွင် IS အဖွဲ့နှင့် သွားရောက်ပူးပေါင်းသူ မလေးရှား နိုင်ငံသားများမှာ ရာကျော်ရှိသည်ဟု ခန့်မှန်းထားပြီး ၇၂ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ကာ ၈ ဦးမှာ နိုင်ငံအတွင်းသို့ ပြန်လည် ၀င်ရောက်လာခဲ့ကြသည်။
    အစ္စလာမ်နှင့် မပတ်သက်
    “လူရာချီသေတယ်။ တော်တော်များများက ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိခဲ့တယ်။ ဒါက ဘာအတွက်လဲ။ အစ္စလာမ်အတွက်မဟုတ်ပါဘူ။ အကြမ်းဖက်ဝါဒနဲ့ပတ်သက်တာဆိုလို့ အစ္စလာမ်မှာ ဘာမှမရှိဘူး။ ဒီအုပ်စုတွေက ငြိမ်းချမ်းရေး၊ သည်းခံမှုနဲ့ အပြန်အလှည် နားလည်သဘောပေါက်ဖို့အတွက် သင်ကြားတဲ့ ဘာသာတရားကို စော်ကားနေတဲ့ အုပ်စုတွေပါ။ ‘ငါတို့နာမည်ကို အလွဲသုံးစားမလုပ်နဲ့’ လို့ ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြတဲ့ မွတ်စလင်အများစုကို အဲဒီ အဖွဲ့တွေက ကြောက်ရွံ့နေကြပါတယ်”
    ထို့ပြင် အကြမ်းဖက်အစွန်းရောက်ဝါဒကို တိုက်ဖျက်ရေး အရေးပါသည့် အစိတ်အပိုင်းမှာ ဘာသာတရားနှင့်ပတ်သက်၍ ရုပ်ဖျက်ပြောဆိုခြင်း၊ လိမ်ညာပြောဆိုခြင်းတို့ကို ရှင်းလင်းဖယ်ရှားခြင်းပင် ဖြစ်သည်ဟု နာဂျစ်က ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Channelnewsasia
  • မိမိတို့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု လက်စတာကွင်းလယ်လူပြော
    မိမိတို့မှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု လက်စတာကွင်းလယ်လူပြော
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    dirnk
    – မိမိတို့အသင်းမှာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု လက်စတာစီးတီးအသင်း ကွင်းလယ်လူ ဒန်နီ ဒရင့်ဝါးတားက ပြောကြားလိုက်သည်။
    ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် အာဆင်နယ်မှာ ချယ်ဆီးအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ မန်စီးတီးအသင်းမှာလည်း ၀က်စ်ဟမ်းကို သရေကျခဲ့သောကြောင့် စတုတ်စီးတီးအသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် လက်စတာမှာ ပရီးမီးယားလိဂ်ကို ၃ မှတ်ဖြတ်၍ ဦးဆာင်နိုင်ခဲ့သည်။ စတုတ်အသင်းအား အဖွင့်ဂိုးသွင်းယူခဲ့သူ ဒရင့်ဝါးတားကမူ မိမိတို့မှာ ထိပ်ဆုံးနေရာနှင့် ထိုက်တန်သည်ဟု ပြောကြားခဲ့သည်။
    “ပရီးမီးယားလိဂ်မှာ ခက်ခဲတဲ့တစ်ရာသီကို ကျွန်တော်တို့ ဖြတ်သန်းပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဇယားထိပ်ဆုံးရောက်နေပြီး အသင်းအတွက်တော့ တော်တော်ကြီးမားတဲ့ အောင်မြင်မှုပါပဲ။ ကျွန်တော်တို့ဟာ အဲဒီနေရာနဲ့ ထိုက်တန်တယ်ဆိုတာ အမှတ်တွေက ပြသနေပါတယ်။ တစ်ကယ်လို့ တစ်ယောက်ယောက်က ဒီအတွက် သံသယဖြစ်နေမယ်ဆိုရင်တော့ သူတို့မှားကြောင်း ကျွန်တော်တို့ သက်သေပြသွားမှာပါ။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေက လက်စတာအသင်းသမိုင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းပါပဲ။ ဒါပေမယ့် ပရိတ်သတ်တွေအတွက် စိတ်လှုပ်ရှားစရာတွေကို ချန်ထားပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ဒရင့်ဝါးတားက ပြောကြားခဲ့သည်။
    Ref : Goal
  • အီရန်သမ္မတ၏ သမိုင်းဝင် ဥရောပခရီး ယနေ့တွင်စတင်
    အီရန်သမ္မတ၏ သမိုင်းဝင် ဥရောပခရီး ယနေ့တွင်စတင်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    iran
    – အီရန်သမ္မတ ဟာဆန်ရူဟာနီ၏ ဥရောပသို့ သမိုင်းဝင်လည်ပတ်မှုကို ယနေ့တွင် စတင်လိုက်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုများမှ ကင်းလွတ်သွားသည့် အီရန်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အများအပြားကို ရရှိနိုင်မည့် လည်ပတ်မှုလည်း ဖြစ်သည်။
    ၄ ရက်တာကြာမည့် အဆိုပါခရီးစဉ်တွင် အီရန်သမ္မတမှာ အီတလီနှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်က နျူသဘောတူညီချက်ကြောင့် အီရန်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေးနွေးထွေးလာပြီးနောက်ပိုင်း ပထမဆုံး သွားရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။
    ထိုသဘောတူညီချက်တွင်ပါရှိသည့် ကတိက၀တ်များကို အီရန်က အပြည့်အ၀ အကောင်အထယ်ဖော်သည့်ရလဒ်အဖြစ် ပြီးခဲ့သည့်တစ်ပတ်က စီးပွားရေးပိတ်ဆို့မှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖယ်ရှားပေးလိုက်ပြီးနောက် အီရန်မှာ စီပွားရေး လမ်းစများရှာဖွေနေပြီး ယခုခရီးစဉ်တွင် အီရန် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း ပါဝင်သည်။
    အီတလီသို့ယနေ့တွင်ရောက်ရှိမည့် ရူဟာနီမှာ အီတလီသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။
    Ref : Aljazeera